Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

ဒေါ်လှနုထွန်းနှင့် ပြဿ နာကို ခင်မေခရှင်းပြီ

စင်ကာပူနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Miss Jewel Princess 2015 ပြိုင်ပွဲတွင် First Winner Up ဆုကို ရရှိခဲ့သည့် Miss ခင်မေခက သူနှင့် ဒေါ်လှနုထွန်းကြားက ပြဿ      နာကို တိတိပပ ရှင်းလင်း ပြောပြလိုက်သည်။

“မေခက ပြိုင်ပွဲမှာ First Winner Up ဆုကို ရရှိခဲ့ပါတယ်။ ပြီးတော့လည်း မေခ ဒေါ်လှနုထွန်းနဲ့ ပြဿနာလေးတွေ ဖြစ်ခဲ့ပါတယ်။ ပထမတုန်းကတော့ မေခရလာတဲ့ ငွေကြေးတွေနဲ့ စာနယ်ဇင်း ရှင်းလင်းပွဲလေး လုပ်မလို့ပါ။ ဒါပေမဲ့ မေခ မရှင်းတော့ပါဘူး။ မေခအဲဒီငွေကို မေတ္တာသင်္ဂဟအဖွဲ့ကို လှူပါမယ်။ မေခ မသွားခင်ကလည်း စာနယ်ဇင်းကို ကြေညာခဲ့ပါတယ်။ လက်ရှိ မေခလက်ထဲမှာ ဒေါ်လာတစ်ထောင် ရှိပါတယ်။ အမှန်ဆို မေခက ဆုကြေးငွေ ဒေါ်လာ လေးထောင်ရတာပါ။ လောလောဆယ်တော့ ဒေါ်လာနှစ်ထောင်ကို ပေးလိုက်တယ်။ နောက်နှစ်ထောင်ကတော့ အမေရိကန် ခရီးစဉ်သွားမှရမယ်လို့ ပြောပါတယ်။ ပြဿနာက မေခ Facebook မှာ ရေးထားသလို မေခက ဒေါ်လှနုထွန်းကို (၄၀)ရာခိုင်နှုန်း ပေးရမယ် ဆိုတာကို မပေးချင်လို့ဆိုပြီး ဖြစ်လာပါတယ်။ အမှန်တော့ မေခ မသွားခင်ကတည်းက ဒီပြိုင်ပွဲအတွက် ဒေါ်လာတစ်ထောင် ပေးထားပြီးသားပါ။ ဘာစာချုပ်စာတမ်းမှလည်း မရှိပါဘူး။ သူနဲ့လည်း မဆိုင်ပါဘူး။ ပြီးတော့ ဒီပြိုင်ပွဲမှာ သူလည်း ၀င်ပြိုင်ပါတယ်။ သူပြိုင်တာက အိမ်ထောင်သည်ပြိုင်ပွဲ Misss Jewel Queen ပါ။ မေခပြိုင်တာက အပျိုတွေ ပြိုင်ရတဲ့ Miss Jewel Princess ပါ။ သူအလျှော့ပေးလို့ ဒီဆုကို ရသွားတာ မဟုတ်ပါဘူး။ ဘာမှလည်း မသက်ဆိုင်ပါဘူး။ ဟိုမှာရောက်နေတဲ့ ကာလတွေမှာလည်း မေခအကုန်လုံး အကုန်ခံ ပေးခဲ့တာပါ။ သူ့မိတ်ကပ်ဆရာ၊ သူ့ယောကျာ်းပါ ပါတယ်။ ပြီးတော့ ဒေါ်လှနုထွန်းက မေခရဲ့ National Director လုံးဝ မဟုတ်ပါဘူး။ ပြိုင်ပွဲအတွက် အတူတူ သွားကြတာပါ။ သူတို့လုပ်ရပ်တွေကို မခံနိုင်လို့ မေခက ပြောရတာပါ။ ဒါပေမဲ့ Facebook ပေါ်မှာ လှနုထွန်းလို့ သုံးလိုက်တဲ့ အတွက် မေခ ရိုင်းသွားပါတယ်။ ဟိုနိုင်ငံမှာ ရှိနေစဉ် မေခတင်လိုက်တာပါ။ နောက်တစ်ခုက မေခရဲ့ ဆုကြေးငွေထဲက ဒေါ်လာ တစ်ထောင်ကိုလည်း ယူသွားတယ်။ ပြီးတော့ စင်ကာပူ နိုင်ငံကနေ ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းလိုက်တဲ့ ဒေါ်လာရှစ်ရာကိုလည်း သူပဲ ယူသွားတာပါ။ လက်ရှိ မေခမှာ ဒေါ်လာ တစ်ထောင်ပဲ ရှိပါတယ်။ သူပေးပေး မပေးပေးပါ။ မေခမှာရှိတဲ့ ပိုက်ဆံနဲ့ပဲ ပရဟိတ လုပ်ပါမယ်။ မေခ ပြန်မတောင်းပါဘူး။သူကလည်း သရဖူလည်း သိမ်းလို့မရပါဘူး။ မေခချည်းပဲ မှန်တယ်လို့ မပြောပါဘူး။ တစ်ဖက်ကလည်း ထောက်ပြမယ့် ဟာကွက်တွေလည်း ရှိမှာပဲ၊ မေခ လက်ခံပါတယ်။ မေခ သစ္စာဆိုရဲတယ်။ မေခ မှန်မှန်ကန်ကန် လုပ်ခဲ့လို့ မကြောက်ပါဘူး။ သူ့ ဘက်က လုပ်ပိုင်ခွင့်ရှိသလို မေခဘက်ကလည်း လုပ်ပိုင်ခွင့်ရှိပါတယ်။ မေခ ဆုရခဲ့လို့ နိုဝင်ဘာလမှာ အမေရိကကို သွားရမှာပါ။ မသွားခင်တော့ ထိုင်းမှာ ထရိန်နင် ယူရဦးမှာ။ အမေရိကန်ကတော့ ကျောက်မျက်ရတနာ တွေကိုလည်း ထပ်ပြီးတော့ လေ့လာရမှာပါ”ဟု ခင်မေခက ပြောသည်။

ခင်မေခသည် Miss Jewel Princess 2015 ပြိုင်ပွဲဝင်ရန် အတွက် စင်ကာပူ နိုင်ငံသို့ မသွားမီ မြန်မာနိုင်ငံတွင်လည်း မီဒီယာများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ပြိုင်ပွဲဝင်ခွင့် ရရှိစေရန်အတွက် ဒေါ်လှနုထွန်းအား ဒေါ်လာတစ်ထောင် ပေးထားပြီး ဖြစ်သည့်အတွက် ယခုပြိုင်ပွဲနှင့်အတူ ရရှိလာသော ဆုများသည်လည်း ဒေါ်လှနုထွန်းနှင့် မသက်ဆိုင်ကြောင်း ပြိုင်ပွဲဝင် Organization မှလည်း Miss ခင်မေခထံမှ သရဖူကိုလည်း ပြန်သိမ်းပိုင်ခွင့် မရှိကြောင်း၊ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဗီဒီယိုဖိုင်များဖြင့် ရှင်းလင်း ပြောကြားခဲ့သည်။
messenger news journal

No comments:

Post a Comment