7daydaily

........................................................................................
ရွေးကောက်ပွဲမသမာမှုများကို အွန်လိုင်းမှတစ်ဆင့် ပြည်သူထံတင်ပြရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား
ရွေးကောက်ပွဲသတင်း များနှင့် ရွေးကောက်ပွဲမသမာမှု များကို NLD အောင်နိုင်ရေးအွန် လိုင်းလှုပ်ရှားမှုမှတစ်ဆင့် ပြည်သူ ထံသို့တင်ပြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားကြောင်း သတင်းရရှိသည်။
‘‘ကျွန်တော်တို့ကို အစည်း အဝေးတွေမှာ သေသေချာချာမှာ တာပါ’’ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုသုတေသနလမ်း ညွှန်အဖွဲ့အတွင်းရေးမှူး ကိုမျိုး ရန်နောင်သိန်းက ပြောသည်။
သို့ဖြစ်ရာ ပြည်သူများအနေ နှင့် ရွေးကောက်ပွဲဆိုင်ရာအချက် အလက်များနှင့် မသမာမှုများကို NLD အောင်နိုင်ရေး အွန်လိုင်းလှုပ် ရှားမှု၊ Myo Yan Naung Thein နှင့် Nay Moe Aung လူမှုကွန်ရက်စာမျက်နှာ (Facebook) များသို့ စာရိုက် (Message) ပေးပို့နိုင် ကြောင်း ၎င်းက ပြောသည်။
ပြည်သူလူထုအား မက်လုံး ပေးမဲဆွယ်မှုများနှင့် ခြိမ်းခြောက် ပြီး မဲဆွယ်မှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်က ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဆယ်ဆိပ် ကျေးရွာတွင် ပြုလုပ်သော မဲဆွယ် စည်းရုံးမှုဟောပြောပွဲသို့ တက် ရောက်လာသည့် ဒေသခံပြည်သူ များအား ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
‘‘စည်းမျဉ်းစည်းကမ်းနဲ့မညီ တဲ့ မဲဆွယ်မှုတွေကိုတော့ ကျွန်မ တို့ဟာ ငုံ့ပြီးတော့ ခံနေမှာမဟုတ် ဘူး။ ပြည်သူတွေကလည်း ငုံ့ပြီး မခံပါနဲ့။ ခြိမ်းခြောက်တာတို့၊ မက်လုံးပေးတာတို့၊ သူများကို အပုပ် ချပြီး စည်းရုံးတာတို့ ဒီဟာတွေ ဟာ ဥပဒေနဲ့မကိုက်ညီပါဘူးဆိုတာ ကျွန်မပြောပါရစေ’’ဟု ဒေါ် အောင်ဆန်းစုကြည်က ပြောကြား ခဲ့သည်။
NLD အောင်နိုင်ရေးအွန် လိုင်းလှုပ်ရှားမှုလူမှုကွန်ရက်စာ မျက်နှာသည် ပြည်တွင်းပြည်ပမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးလှုပ်ရှားမှုများကို ပုံ မှန်ဖော်ပြပေးနေသော အွန်လိုင်း စာမျက်နှာ ဖြစ်သည်။
7daydaily
No comments:
Post a Comment