Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 14, 2015

စတော့အိတ်ချိန်းပြင်ပ တရားမ၀င် ရောင်းဝယ်ပါက ထောင်ဒဏ်ငါးနှစ် ချမှတ်နိုင်

စတော့အိတ်ချိန်းဖွင့်လှစ်မည့် ဆူးလေဘုရားလမ်းရှိ အဆောက်အအုံကို တွေ့ရစဉ်
Byပြည်သိမ်း
 စတော့အိတ်ချိန်းတည် ထောင်ပြီးနောက် တရားမ၀င်ရှယ် ယာရောင်းဝယ်မှုများ ပြင်ပတွင်လုပ်ကိုင်ပါက ထောင်ဒဏ်ငါးနှစ်ချမှတ်အရေးယူနိုင်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာမောင်မောင်သိမ်းကပြောသည်။

‘‘အရောင်းအ၀ယ်လုပ်တာနဲ့ ထောင်ငါးနှစ်ချတယ်ဆိုတော့ များတယ်လို့ပြောတယ်။ ဒါပေမဲ့ အများပြည်သူတွေရဲ့ ငွေကြေးလုံ ခြုံရေးကြောင့် ဒီလိုဥပဒေမှာ ထည့်သွင်းရေးဆွဲထားတာ’’ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။ ငွေချေးသက်သေခံလက် မှတ်များလဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် စတော့အိတ်ချိန်း၌ မှတ်ပုံမတင်ထားဘဲ ပြင်ပတွင်ငွေ ချေးသက်သေခံလက်မှတ်ကို အ ရောင်းအ၀ယ်ပြုလုပ်ပါကထောင် ဒဏ် ငါးနှစ်ဖြစ်စေ၊ ငွေဒဏ်ကျပ် သိန်း၅၀ ဖြစ်စေ ဒဏ်နှစ်ခုစလုံးဖြစ်စေ ပြစ်ဒဏ်ပေးနိုင်ကြောင်းထည့်သွင်းရေးဆွဲထားသည်။

မြန်မာနိုင်ငံတွင် ငွေကြေး လိမ်လည်မှုသည်နှစ်စဉ်တစ်ကြိမ် (သို့မဟုတ်)နှစ်ကြိမ်ခန့်ဖြစ်လေ့ရှိ သည်။ ယင်းကဲ့သို့ လိမ်လည်မှု များဖြစ်ပွားပါက ပြည်သူများသာ ခံရသဖြင့် ကာကွယ်ပေးရန်လို အပ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌဒေါက် တာစိုးထွန်းကပြောသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံ ၌ တရုတ်နိုင်ငံသားနှစ်ဦးကဒေါ် လာ ၁ဒသမ၄၉သန်းယူဆောင် သွားချိန်တွင် ပြည်တွင်းမှကုမ္ပဏီ ၌ လည်ပတ်နေသည့်ငွေကြေးများ ကို ပြန်လည်ထုတ်ပေးနိုင်ခြင်းမရှိ ဘဲ ကုမ္ပဏီရှယ်ယာဝင်များကို လည်းလာရောက်ရှင်းလင်းမှုမရှိ သောကြောင့် ကျောက်တံတားမြို့ နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့ရသည်ထိ ပြဿနာများဖြစ်ပေါ်ခဲ့သည်။

ယင်းကုမ္ပဏီကိစ္စသည် စ တော့အိတ်ချိန်းနှင့်သက်ဆိုင်မှုမ ရှိဘဲ ပြည်ပနိုင်ငံများမှ ရွှေဈေး ကွက်ကို ကစားသော ပုံစံမျိုးဖြစ် ကြောင်းဒုတိယ၀န်ကြီးကအများ နှင့်သက်ဆိုင်သောကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ်ချက်ပုံစံ များနှင့် ရှင်းလင်းပွဲတွင်ပြောကြား သည်။

No comments:

Post a Comment