Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

ေမာ္ေတာ္ယာဥ္ဥပေဒသစ္အတိုင္းယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ယာဥ္မ်ားကိုဒဏ္ေၾကးသံုးေသာင္းစတင္မေကာက္ခံေသးဘဲပညာေပးကာလသတ္မွတ္

ေမာ္ေတာ္ယာဥ္ဥပေဒသစ္အတိုင္းယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္မ်ားကိုဒဏ္ေၾကးသံုးေသာင္းစတင္မေကာက္ခံေသးဘဲပညာေပးကာလအားစက္တင္ဘာ ၁၇ ရက္မွစ၍ သတ္မွတ္ထားေၾကာင္းရန္ကုန္တိုင္းေဒသႀကီးအမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ံုး၊ တာ၀န္ရွိသူတစ္ဦးထံမွ သိရွိရသည္။

ယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ ေမာ္ေတာ္ယာဥ္မ်ားကိုဒဏ္႐ုိက္အေရးယူရာ၌ ေငြက်ပ္ သံုးေသာင္းထက္မပိုေသာပမာဏျဖင့္ အေရးယူေဆာင္ရြက္ရန္ ေမာ္ေတာ္ယာဥ္ဥပေဒသစ္တြင္ ျပ႒ာန္းထားျခင္းေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္းေျပးဆြဲေနသည့္ ခရီးသည္တင္ဘတ္စ္ကားအမ်ားစုမွာယာဥ္လိုင္းမထြက္ရွိဘဲ ဆႏၵျပေတာင္းဆိုမႈမ်ားရွိလာခဲ့သည္။ သို႔ျဖစ္၍ ယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ ယာဥ္မ်ားအားေမာ္ေတာ္ယာဥ္ ဥပေဒသစ္အတိုင္းအေရးယူရာတြင္ ျပည္သူလူထုစိတ္အေႏွာက္ အယွက္ျဖစ္ေစႏိုင္သည့္ ယာဥ္စည္းကမ္းေဖာက္ဖ်က္မႈႏွင့္ ႀကီးမားေသာျပစ္မႈမ်ား က်ဴးလြန္ျခင္းတုိ႔ကိုသာသတ္မွတ္ဒဏ္ေၾကးအတိုင္းဒဏ္႐ိုက္အေရးယူသြားမည္ျဖစ္ၿပီး ျပစ္မႈငယ္မ်ားကိုပညာေပးကာလအေနျဖင့္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

“ယာဥ္စည္းကမ္းေဖာက္ဖ်က္တဲ့ယာဥ္ေတြကိုေလာေလာဆယ္ပညာေပးကာလအျဖစ္ သတ္မွတ္ထားပါတယ္၊ ပညာေပးကာလဆိုေပမဲ့ ျပစ္မႈငယ္ေတြကလြဲၿပီး ျပည္သူလူထုကိုစိတ္ အေႏွာက္အယွက္ျဖစ္ေစတဲ့ ႀကီးေလးတဲ့ျပစ္မႈေတြကို က်ဴးလြန္ရင္ေတာ့ ေမာ္ေတာ္ယာဥ္ဥပေဒသစ္မွာျပ႒ာန္းထားတဲ့အတိုင္းဒဏ္႐ိုက္အေရးယူသြားမွာပါ၊ သာမန္အမႈငယ္ေတြဆိုရင္ေတာ့ ပညာေပးကာလအေနနဲ႔ အသိပညာေပးရွင္းလင္းေျပာျပေပးဖို႔ ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္ေတြကို ညႊန္ၾကားထားပါတယ္”ဟုရန္ကုန္တိုင္းေဒသႀကီးအမွတ္ ၂ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွဴး႐ံုး၊ဒုတိယရဲမွဴးႀကီးေအာင္ကိုဦးကေျပာၾကားခဲ့သည္။

ယာဥ္စည္းကမ္းေဖာက္ဖ်က္သည့္ သာမန္အမႈငယ္မ်ားကိုပညာေပးကာလသတ္မွတ္ရာ၌ စက္တင္ဘာဒုတိယပတ္မွစ၍ ေအာက္တိုဘာလအထိသတ္မွတ္ထားသည္။ ပညာေပးကာလအား တရား၀င္ထုတ္ျပန္သြားမည္ မဟုတ္ေသာ္လည္းေမာ္ေတာ္ယာဥ္ဥပေဒသစ္အားယာဥ္အသံုးျပဳသူႏွင့္လမ္းအသံုးျပဳသူမ်ားလိုက္နာေစရန္ ရွင္းလင္းေျပာျပေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
ေက်ာ္သိန္းေဆြ
Automobile Journal
................................................
မော်တော်ယာဉ်ဥပဒေသစ်အတိုင်းယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကိုဒဏ်ကြေးသုံးသောင်းစတင်မကောက်ခံသေးဘဲပညာပေးကာလအားစက်တင်ဘာ ၁၇ ရက်မှစ၍ သတ်မှတ်ထားကြောင်းရန်ကုန်တိုင်းဒေသကြီးအမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့် မော်တော်ယာဉ်များကိုဒဏ်ရိုက်အရေးယူရာ၌ ငွေကျပ် သုံးသောင်းထက်မပိုသောပမာဏဖြင့် အရေးယူဆောင်ရွက်ရန် မော်တော်ယာဉ်ဥပဒေသစ်တွင် ပြဋ္ဌာန်းထားခြင်းကြောင့် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် ခရီးသည်တင်ဘတ်စ်ကားအများစုမှာယာဉ်လိုင်းမထွက်ရှိဘဲ ဆန္ဒပြတောင်းဆိုမှုများရှိလာခဲ့သည်။ သို့ဖြစ်၍ ယာဉ်စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များအားမော်တော်ယာဉ် ဥပဒေသစ်အတိုင်းအရေးယူရာတွင် ပြည်သူလူထုစိတ်အနှောက် အယှက်ဖြစ်စေနိုင်သည့် ယာဉ်စည်းကမ်းဖောက်ဖျက်မှုနှင့် ကြီးမားသောပြစ်မှုများ ကျူးလွန်ခြင်းတို့ကိုသာသတ်မှတ်ဒဏ်ကြေးအတိုင်းဒဏ်ရိုက်အရေးယူသွားမည်ဖြစ်ပြီး ပြစ်မှုငယ်များကိုပညာပေးကာလအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

“ယာဉ်စည်းကမ်းဖောက်ဖျက်တဲ့ယာဉ်တွေကိုလောလောဆယ်ပညာပေးကာလအဖြစ် သတ်မှတ်ထားပါတယ်၊ ပညာပေးကာလဆိုပေမဲ့ ပြစ်မှုငယ်တွေကလွဲပြီး ပြည်သူလူထုကိုစိတ် အနှောက်အယှက်ဖြစ်စေတဲ့ ကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ရင်တော့ မော်တော်ယာဉ်ဥပဒေသစ်မှာပြဋ္ဌာန်းထားတဲ့အတိုင်းဒဏ်ရိုက်အရေးယူသွားမှာပါ၊ သာမန်အမှုငယ်တွေဆိုရင်တော့ ပညာပေးကာလအနေနဲ့ အသိပညာပေးရှင်းလင်းပြောပြပေးဖို့ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားထားပါတယ်”ဟုရန်ကုန်တိုင်းဒေသကြီးအမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး၊ဒုတိယရဲမှူးကြီးအောင်ကိုဦးကပြောကြားခဲ့သည်။

ယာဉ်စည်းကမ်းဖောက်ဖျက်သည့် သာမန်အမှုငယ်များကိုပညာပေးကာလသတ်မှတ်ရာ၌ စက်တင်ဘာဒုတိယပတ်မှစ၍ အောက်တိုဘာလအထိသတ်မှတ်ထားသည်။ ပညာပေးကာလအား တရားဝင်ထုတ်ပြန်သွားမည် မဟုတ်သော်လည်းမော်တော်ယာဉ်ဥပဒေသစ်အားယာဉ်အသုံးပြုသူနှင့်လမ်းအသုံးပြုသူများလိုက်နာစေရန် ရှင်းလင်းပြောပြပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်သိန်းဆွေ
Automobile Journal

No comments:

Post a Comment