Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

အရပ်ရှည်စေမယ့် အစားအစာ ( ၆ ) မျိုး



အရပ်ရှည်မှုဆိုတာ မျိုးရိုးဗီဇအပေါ် တစ်စိတ်တစ်ပိုင်း မူတည်ပါတယ်။ သင့်ရဲ့မိဘတွေက အရပ်ပုတယ်ဆိုရင်၊ သင်ဟာ အရပ်ရှည်တဲ့လူတစ်ယောက်ဖြစ်ဖို့ နည်းပါးပါတယ်။ ဒါပေမယ့် သင့်ရဲ့ သာမန်အရပ်ထက် ရှည်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဆယ်ကျော်သက်အရွယ် ကုန်ဆုံး သွားရင် အရပ်ရှည်မှုကလည်း ရပ်တန့် သွားကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အစားအသောက်နဲ့  လေ့ကျင့်ခန်းတွေ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သင့်ရဲ့သာမန်အရပ်မှာ လက်မနည်းနည်းလောက် ထပ်တိုးလာဖို့ မျှော်လင့်ချက်ရှိပါတယ်။
အရပ်ရှည်ချင်သူတွေ အဓိက မှတ်ထားရမှာက ကယ်လ်ဆီယမ်ပေါကြွယ်ဝတဲ့ (ဥပမာ - ချိစ်) အစားအစာ တွေက ကြီးထွားမှုကို အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် သတိပြုရမှာက ကယ်လ်ဆီယမ်ဓာတ် တစ်ခုတည်းကို ခန္ဓာကိုယ်က မစုပ်ယူနိုင်ဘဲ ၊ ဗီတာမင် ဒီ ဓာတ်ပါ ပါရှိမှာသာ ခန္ဓာကိုယ်က အပြည့်အ၀ စုပ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ကော၊ ဗီတာမင်ဒီပါ ပေါကြွယ်ဝတဲ့ အစားအသောက်မျိုးကို နေ့ စဉ်စားပေးတာက အရပ်ရှည်စေဖို့ အတွက် အထောက်အကြူုဖစ်ပါတယ်။
၁။ ဥ များ
တစ်နေ့ ကို ကြက်ဥ ဒါမှမဟုတ် ဘဲဥ သုံးလုံး ပုံမှန်စားပေးပါ။ ဥတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝပြီး ဆံပင်ကိုလည်း သန်စွမ်းစေပါတယ်။ ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ပါဝင်တာကြောင့် အရပ်ရှည်ချင်သူ တွေအတွက် ပုံမှန်စားသင့်တဲ့ အစားအစာဖြစ်ပါတယ်။
၂။ နွားနို့ 
တစ်နေ့ ကို နွားနို့ နှစ်ခွက် မှန်မှန်သောက်ပေးပါ။ နွားနို့ ဟာ အရိုးအဆစ်တွေအပြင် ခန္ဓာကိုယ် ဆဲလ် တွေကိုပါ သန်စွမ်းစေနိုင်ပါတယ်။ အရည်ရှည်မှုကို အထောက်အကူပေးတဲ့ ကယ်လ်ဆီယမ် ပေါကြွယ်ဝရုံသာမက ပရိုတိန်း၊ ဗီတာမင် B-12 နဲ့ ဗီတာမင် D တို့ ပါဝင်တာမို့ အရပ်ရှည်ချင်သူတွေ အတွက် အကောင်းဆုံးပါပဲ။
၃။ ဒိန်ချဉ်
ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီ ပေါကြွယ်ဝတဲ့ ဒိန်ချဉ်က သင့်ကို ပိန်သွယ်စေရုံမက အသားအရေကိုပါ လှပစေပါတယ်။
၎။ Turnip (တရုတ်မုန်လာ)
တရုတ်မုန်လာက ကြီးထွားမှုဟော်မုန်းတွေကို တိုးပွားစေပြီး အရပ်ရှည်မှုကို ကူညီစွမ်းဆောင်ပေးနိုင်ပါတယ်။ တစ်နေ့ အစားအသောက်ထဲမှာ တရုတ်မုန်လာကို ပုံမှန် ထည့်စားပေးရင် သင့်အရပ်ကို လက်မနည်းနည်းလောက် ထပ်ရှည်စေနိုင်မှာပါ။ ဖျော်ရည်အနေနဲ့ လည်း အစားထိုးသောက်သုံးပေးနိုင်ပါတယ်။
၅။ ပဲအမျိုးမျိုး
မြေပဲ၊စားတော်ပဲ၊ပဲကြီး စတဲ့ပဲအမျိုးမျိုးဟာ ပရိုတိန်း၊ဗီတာမင်နဲ့ သတ္တုဓာတ် ပေါကြွယ်ဝပါတယ်။ ပဲ အမျိုးမျိုး မှာပါဝင်တဲ့ အာဟာရဓာတ်တွေက ကြီးထွားမှုဟော်မုန်းတွေကို နှိုးဆွပေးပြီး ကြီးထွားမှုကို မြန်ဆန်စေပါတယ်။
၆။ Oatmeal ( မြင်းစားဂျုံ၊အုတ်ဂျုံမှုန့် )
အုတ်ဂျုံမှုန့် က နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ပုံမှန်သောက်သုံးပေးရင် ကြွက်သား တွေ ပိုမိုဖြစ်ထွန်းပြီး ခန္ဓာကိုယ်က အဆီတွေကို ကျစေပါတယ်။ ပရိုတိန်းဓာတ်ပေါကြွယ်ဝတာမျို့ အရပ်ရှည်မှုကို အထောက်အကူပေးပါတယ်။
Ref: healthynbodytips
http://www.trend.com.mm/2015/09/01/lifestyle-7552

No comments:

Post a Comment