Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, September 20, 2015

အေမရိကန္မွာ ဒုကၡသည္ ၁ သိန္းအထိ တိုးလက္ခံမည္

ဂ်ာမနီကိုေရာက္ေနတဲ့ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး ဂၽြန္ကယ္ရီက ဆီးရီးယား စစ္ေဘးဒုကၡသည္ေတြနဲ႔ ေတြ႔ဆံုစဥ္။ (စက္တင္ဘာ ၂၀၊ ၂၀၁၅)
 ဥေရာပမွာ ဒုတိယကမၻာစစ္ႀကီး ၿပီးကတည္းက အႀကီးမားဆံုးျဖစ္တဲ့ ေရႊ႕ေျပာင္း ဒုကၡသည္ အစုလိုက္အၿပံဳလိုက္ ေရာက္လာေနတဲ့ ျပႆနာကို ရင္ဆိုင္ ေျဖရွင္းေနခ်ိန္မွာ သမၼတအိုဘားမား အစိုးရအေနနဲ႔ အေမရိကန္ျပည္ေထာင္စုမွာ လာေရာက္အေျခခ်မယ့္ ဒုကၡသည္ဦးေရကို လာမယ့္ ၂၀၁၇ ခုနွစ္မွာ တႏွစ္ကို တသိန္းအထိ တိုးျမႇင့္ခြင့္ျပဳမယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး ဂၽြန္ကယ္ရီက ေျပာၾကားလိုက္ပါတယ္။

ဒါ့အျပင္ ဆီးရီးယားျပည္တြင္းစစ္ကေန ထြက္ေျပးလာတဲ့ဒုကၡသည္အမ်ားစုျဖစ္တဲ့ ေနာက္ထပ္ ဒုကၡသည္ဦးေရ ၇,၀၀၀ ဟာ တနဂၤေႏြေန႔မွာ ဗီယက္နာ ၿမိဳ႕ေတာ္အေရွ႕ဘက္က အဓိကနယ္စပ္လမ္းကေန ေရာက္လာဖို႔ရွိတယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း Austria အာဏာပိုင္ေတြက ေျပာပါတယ္။

အေမရိကန္အစိုးရရဲ႕အခုလိုဆံုးျဖတ္ခ်က္ဟာ “ဒုတိယေျမာက္အခြင့္အေရးနဲ႔ ေမွ်ာ္လင့္ခ်က္အျပည့္ရွိေနတဲ့ တိုင္းျပည္” ဆိုတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ အေကာင္းဆံုးအစဥ္အလာအရျဖစ္တယ္လို႔ ဂ်ာမနီႏိုင္ငံ၊ ဘာလင္ၿမိဳ႕ေတာ္ကိုေရာက္ေနတဲ့ ႏိုင္ငံျခားေရး၀န္ႀကီး ဂြ်န္ကယ္ရီက တနဂၤေႏြေန႔က ေျပာခဲ့ပါတယ္။

အေမရိကန္ျပည္ေထာင္စုရဲ႕ ဒုကၡသည္ဆိုင္ရာျပည္ဝင္ခြင့္ဗီဇာအေပၚကန္႔သတ္ခ်က္အရ တႏွစ္ကို ၇၀,၀၀၀ ထိသတ္မွတ္ထားေပမဲ့ အစီအစဥ္သစ္အရ ၂၀၁၆ ခုနွစ္မွာ ၈၅,၀၀၀ ဦးေရ ထိတိုးျမႇင့္သြားမွာျဖစ္သလို ၂၀၁၇ ခုနွစ္မွာေတာ့ ဒုကၡသည္ဦးေရ တသိန္းအထိ လက္ခံမွာျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္အစိုးရအေနနဲ႔ လာမယ့္ႏွစ္ေတြမွာလည္း တသိန္းထက္ပိုၿပီး သတ္မွတ္လက္ခံဖို႔ အားေပးတဲ့နည္းလမ္းေတြကို ရွာေဖြေနတယ္လို႔ ဝန္ႀကီးကယ္ရီက ေျပာပါတယ္။

တနဂၤေႏြအေစာပိုင္းမွာေတာ့ ဟန္ေဂရီႏိုင္ငံကေန ၾသစႀတီးယားႏိုင္ငံထဲ ၂၄ နာရီအတြင္း နယ္စပ္ေက်ာ္ျဖတ္ ဝင္ေရာက္လာတဲ့ ေရႊ႕ေျပာင္းဒုကၡသည္ဦးေရ (၁၁,၀၀၀) ရွိတယ္လို႔ ၾသစႀတီးယားအစိုးရကေျပာပါတယ္။ ဒါ့အျပင္ ဆီးရီးယားျပည္တြင္းစစ္ကေန ထြက္ေျပးလာတဲ့ဒုကၡသည္အမ်ားစုထဲက ေနာက္ထပ္ ဒုကၡသည္ဦးေရ (၇,၀၀၀) ဟာ တနဂၤေႏြေန႔မွာ ဗီယက္နာၿမိဳ႕ေတာ္အေရွ႕ဘက္ကို ျဖတ္ေက်ာ္ ဝင္ေရာက္လာဖို႔ရွိတယ္လို႔လည္း ၾသစႀတီးယား အာဏာပိုင္ေတြက ေျပာပါတယ္။

ေရႊ႕ေျပာင္းဒုကၡသည္အမ်ားစုဟာ Balkans ေဒသကေန အေနာက္ဥေရာပႏိုင္ငံေတြစီကို ခက္ခဲပင္ပန္းတဲ့ခရီးကို ျဖတ္ေက်ာ္ခဲ့ရတာပါ။ ၿပီးခဲ့တဲ့ ေလးရက္အတြင္း သူ႔ႏိုင္ငံပိုင္နက္ထဲကို ဝင္ေရာက္လာတဲ့ ဒုကၡသည္ (၂၁,၀၀၀) ရွိတယ္လို႔ Croatia ႏိုင္ငံကေျပာပါတယ္။

ဗီြအိုေအ (ျမန္မာဌာန)
http://burmese.voanews.com
........................................

ဂျာမနီကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးရီးယား စစ်ဘေးဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၀၊ ၂၀၁၅)
 ဥရောပမှာ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက အကြီးမားဆုံးဖြစ်တဲ့ ရွှေ့ပြောင်း ဒုက္ခသည် အစုလိုက်အပြုံလိုက် ရောက်လာနေတဲ့ ပြဿနာကို ရင်ဆိုင် ဖြေရှင်းနေချိန်မှာ သမ္မတအိုဘားမား အစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ လာရောက်အခြေချမယ့် ဒုက္ခသည်ဦးရေကို လာမယ့် ၂၀၁၇ ခုနှစ်မှာ တနှစ်ကို တသိန်းအထိ တိုးမြှင့်ခွင့်ပြုမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်အများစုဖြစ်တဲ့ နောက်ထပ် ဒုက္ခသည်ဦးရေ ရ,၀၀၀ ဟာ တနင်္ဂနွေနေ့မှာ ဗီယက်နာ မြို့တော်အရှေ့ဘက်က အဓိကနယ်စပ်လမ်းကနေ ရောက်လာဖို့ရှိတယ်လို့ မျှော်လင့်ထားကြောင်း Austria အာဏာပိုင်တွေက ပြောပါတယ်။

အမေရိကန်အစိုးရရဲ့အခုလိုဆုံးဖြတ်ချက်ဟာ “ဒုတိယမြောက်အခွင့်အရေးနဲ့ မျှော်လင့်ချက်အပြည့်ရှိနေတဲ့ တိုင်းပြည်” ဆိုတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အကောင်းဆုံးအစဉ်အလာအရဖြစ်တယ်လို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တော်ကိုရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ဒုက္ခသည်ဆိုင်ရာပြည်ဝင်ခွင့်ဗီဇာအပေါ်ကန့်သတ်ချက်အရ တနှစ်ကို ရ၀,၀၀၀ ထိသတ်မှတ်ထားပေမဲ့ အစီအစဉ်သစ်အရ ၂၀၁၆ ခုနှစ်မှာ ၈၅,၀၀၀ ဦးရေ ထိတိုးမြှင့်သွားမှာဖြစ်သလို ၂၀၁၇ ခုနှစ်မှာတော့ ဒုက္ခသည်ဦးရေ တသိန်းအထိ လက်ခံမှာဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်အစိုးရအနေနဲ့ လာမယ့်နှစ်တွေမှာလည်း တသိန်းထက်ပိုပြီး သတ်မှတ်လက်ခံဖို့ အားပေးတဲ့နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ဝန်ကြီးကယ်ရီက ပြောပါတယ်။

တနင်္ဂနွေအစောပိုင်းမှာတော့ ဟန်ဂေရီနိုင်ငံကနေ သြစတြီးယားနိုင်ငံထဲ ၂၄ နာရီအတွင်း နယ်စပ်ကျော်ဖြတ် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းဒုက္ခသည်ဦးရေ (၁၁,၀၀၀) ရှိတယ်လို့ သြစတြီးယားအစိုးရကပြောပါတယ်။ ဒါ့အပြင် ဆီးရီးယားပြည်တွင်းစစ်ကနေ ထွက်ပြေးလာတဲ့ဒုက္ခသည်အများစုထဲက နောက်ထပ် ဒုက္ခသည်ဦးရေ (၇,၀၀၀) ဟာ တနင်္ဂနွေနေ့မှာ ဗီယက်နာမြို့တော်အရှေ့ဘက်ကို ဖြတ်ကျော် ဝင်ရောက်လာဖို့ရှိတယ်လို့လည်း သြစတြီးယား အာဏာပိုင်တွေက ပြောပါတယ်။

ရွှေ့ပြောင်းဒုက္ခသည်အများစုဟာ Balkans ဒေသကနေ အနောက်ဥရောပနိုင်ငံတွေစီကို ခက်ခဲပင်ပန်းတဲ့ခရီးကို ဖြတ်ကျော်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ လေးရက်အတွင်း သူ့နိုင်ငံပိုင်နက်ထဲကို ဝင်ရောက်လာတဲ့ ဒုက္ခသည် (၂၁,၀၀၀) ရှိတယ်လို့ Croatia နိုင်ငံကပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
http://burmese.voanews.com

No comments:

Post a Comment