Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 24, 2015

ေရနစ္သူကို သတို႔သမီး၀တ္စံု၀တ္လ်က္နဲ႔ ကူညီခဲ့ၿပီးေနာက္ တ႐ုတ္ရဲ႕အလွဆံုးသတို႔သမီးျဖစ္သြားသူ

စက္တင္ဘာ ၂၁ ရက္ေန႔က ေရနစ္တဲ့အမ်ိဳးသားတစ္ဦးကိုကူညီခဲ့တဲ့ တ႐ုတ္သူနာျပဳမိန္းကေလးတစ္ဦးကို တ႐ုတ္မီဒီယာေတြက အလွဆံုးသတို႔သမီးလို႔ ကင္ပြန္းတပ္ခဲ့ၾကပါတယ္။ အသက္ ၂၅ ႏွစ္အရြယ္ ဒီမိန္းကေလးဟာ ဒါလီယန္ကမ္းေျခမွာ မဂၤလာပြဲအတြက္ဓာတ္ပံု႐ိုက္ေနတာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ေရနစ္သူရဲ႕အကူအညီေတာင္းသံကို ၾကားလိုက္ရတာပါ။ သူဟာ အခင္းျဖစ္ေနရာကို ခ်က္ခ်င္းသြားၿပီး အဲဒီအမ်ိဳးသားသတိျပန္လည္လာဖုိ႔ကူညီခဲ့ေပမယ့္ ကံေတာ့မေကာင္းခဲ့ပါဘူး။

မ်က္ျမင္သက္ေသေတြရဲ႕ေျပာစကားအရေတာ့ ဘယ္သူဘယ္၀ါမွန္းမသိရေသးတဲ့အဲဒီအမ်ိဳးသားဟာ မနက္ ၁၀ နာရီေလာက္မွာ ပင္လယ္ထဲကေန လက္ေ၀ွ႔ယမ္းၿပီး အကူအညီေတာင္းေနတာကိုေတြ႕တယ္လို႔ သိရပါတယ္။ ကမ္းေျခမွာရွိေနတဲ့ ေရကူးသမားအခ်ိဳ႕က ဒီလူကို ပင္လယ္ထဲကေန ဆယ္တင္ႏိုင္ခဲ့ေပမယ့္ သူကေတာ့ ေရမြန္းလို႔ေမ့ေမ်ာေနပါၿပီ။ ကမ္းေပၚေရာက္တဲ့အခ်ိန္မွာ ႏႈတ္ခမ္းနဲ႔ မ်က္ႏွာ ျပာႏွမ္းေနတဲ့ အဲဒီလူကို အေရးေပၚအသက္ကယ္နည္းနဲ႔ ကူညီေပးႏိုင္မယ့္သူေတာ့ တစ္ေယာက္မွမရွိခဲ့ပါဘူး။

အဲဒီေနရာနဲ႔ ေပ ၁၀၀ ေလာက္အကြာမွာေတာ့ ေဒသခံေဆး႐ံုက သူနာျပဳသတို႔သမီးေလးက ဓာတ္ပံု႐ိုက္ေနတာျဖစ္ပါတယ္။ အကူအညီေတာင္းသံကိုၾကားလိုက္ရၿပီးေနာက္မွာ သူနာျပဳမေလးက ဘာမွမစဥ္းစားေတာ့ဘဲ မဂၤလာ၀တ္စံု၀တ္လ်က္ႀကီးနဲ႔ အခင္းျဖစ္ေနရာကို အေျပးအလႊားေရာက္သြားခဲ့ပါတယ္။ သူဟာ အဲဒီလူကို အေရးေပၚအသက္ကယ္နည္းနဲ႔ မိနစ္ ၂၀ ေက်ာ္ ျပဳစုခဲ့ေပမယ့္ အသက္ကေတာ့ ျပန္မလည္လာခဲ့ပါဘူး။ အဲဒီအခ်ိန္အတြင္းမွာ သူ႔ရဲ႕မဂၤလာဂါ၀န္လည္းပ်က္စီးသြားၿပီး မိတ္ကပ္ေတြလည္းပ်က္သြားကာ လက္သည္းေတြလည္း က်ိဳးသြားခဲ့ပါတယ္။ အသက္ျပန္မလည္ႏိုင္ေတာ့ဘူးလို႔ သူေၾကညာလိုက္ေပမယ့္ ေဘးနားမွာ ရွိသူေတြကေတာ့ သူ႔ရဲ႕ကူညီလိုစိတ္ကို လက္ခုပ္တီးၿပီး ၾသဘာေပးခဲ့ၾကပါတယ္။

သူနာျပဳမေလးရဲ႕ခင္ပြန္းေလာင္းကေတာ့ "သူက လူေတြကိုကူညီခ်င္တယ္။ သူ႔ကို ကၽြန္ေတာ္အဲဒါေၾကာင့္ခ်စ္တာပါ" လို႔ ဆိုပါတယ္။ ဒါ့အျပင္ အခင္းျဖစ္ေနရာကိုေျပးလာတုန္းကလည္း သူ႔ဇနီးေလာင္းက သူ႔ထက္ပိုျမန္ေၾကာင္း ေျပာခဲ့ပါတယ္။ သူနာျပဳမေလးက ေရနစ္သူကိုျပဳစုေနခ်ိန္အတြင္း ႐ိုက္ကူးထားတဲ့ဓာတ္ပံုေတြဟာ တ႐ုတ္လူမႈကြန္ရက္ေတြေပၚေရာက္သြားခဲ့ၿပီး အားလံုးကသူ႔ကို အလွဆံုးသတို႔သမီးလို႔ ခ်ီးက်ဴးေထာပနာျပဳေနၾကပါတယ္။ သူနာျပဳမေလးကေတာ့ "အဲဒီအခ်ိန္တုန္းက ကၽြန္မဟာ သူနာျပဳဆိုတာပဲ အမွတ္ရပါတယ္။ ကၽြန္မအလုပ္ရဲ႕တာ၀န္ရွိမႈက သတို႔သမီးတစ္ေယာက္ျဖစ္တာထက္ ပိုျမင့္မားပါတယ္" လို႔ ဆုိခဲ့ပါတယ္။

ညီမင္းဟန္(ဆႏၵကူး)
............................................
ရေနစ်သူကို သတို့သမီးဝတ်စုံဝတ်လျက်နဲ့ ကူညီခဲ့ပြီးနောက် တရုတ်ရဲ့အလှဆုံးသတို့သမီးဖြစ်သွားသူ

စက်တင်ဘာ ၂၁ ရက်နေ့က ရေနစ်တဲ့အမျိုးသားတစ်ဦးကိုကူညီခဲ့တဲ့ တရုတ်သူနာပြုမိန်းကလေးတစ်ဦးကို တရုတ်မီဒီယာတွေက အလှဆုံးသတို့သမီးလို့ ကင်ပွန်းတပ်ခဲ့ကြပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒီမိန်းကလေးဟာ ဒါလီယန်ကမ်းခြေမှာ မင်္ဂလာပွဲအတွက်ဓာတ်ပုံရိုက်နေတာဖြစ်ပြီး အဲဒီအချိန်မှာ ရေနစ်သူရဲ့အကူအညီတောင်းသံကို ကြားလိုက်ရတာပါ။ သူဟာ အခင်းဖြစ်နေရာကို ချက်ချင်းသွားပြီး အဲဒီအမျိုးသားသတိပြန်လည်လာဖို့ကူညီခဲ့ပေမယ့် ကံတော့မကောင်းခဲ့ပါဘူး။

မျက်မြင်သက်သေတွေရဲ့ပြောစကားအရတော့ ဘယ်သူဘယ်ဝါမှန်းမသိရသေးတဲ့အဲဒီအမျိုးသားဟာ မနက် ၁၀ နာရီလောက်မှာ ပင်လယ်ထဲကနေ လက်ဝှေ့ယမ်းပြီး အကူအညီတောင်းနေတာကိုတွေ့တယ်လို့ သိရပါတယ်။ ကမ်းခြေမှာရှိနေတဲ့ ရေကူးသမားအချို့က ဒီလူကို ပင်လယ်ထဲကနေ ဆယ်တင်နိုင်ခဲ့ပေမယ့် သူကတော့ ရေမွန်းလို့မေ့မျောနေပါပြီ။ ကမ်းပေါ်ရောက်တဲ့အချိန်မှာ နှုတ်ခမ်းနဲ့ မျက်နှာ ပြာနှမ်းနေတဲ့ အဲဒီလူကို အရေးပေါ်အသက်ကယ်နည်းနဲ့ ကူညီပေးနိုင်မယ့်သူတော့ တစ်ယောက်မှမရှိခဲ့ပါဘူး။

အဲဒီနေရာနဲ့ ပေ ၁၀၀ လောက်အကွာမှာတော့ ဒေသခံဆေးရုံက သူနာပြုသတို့သမီးလေးက ဓာတ်ပုံရိုက်နေတာဖြစ်ပါတယ်။ အကူအညီတောင်းသံကိုကြားလိုက်ရပြီးနောက်မှာ သူနာပြုမလေးက ဘာမှမစဉ်းစားတော့ဘဲ မင်္ဂလာဝတ်စုံဝတ်လျက်ကြီးနဲ့ အခင်းဖြစ်နေရာကို အပြေးအလွှားရောက်သွားခဲ့ပါတယ်။ သူဟာ အဲဒီလူကို အရေးပေါ်အသက်ကယ်နည်းနဲ့ မိနစ် ၂၀ ကျော် ပြုစုခဲ့ပေမယ့် အသက်ကတော့ ပြန်မလည်လာခဲ့ပါဘူး။ အဲဒီအချိန်အတွင်းမှာ သူ့ရဲ့မင်္ဂလာဂါ၀န်လည်းပျက်စီးသွားပြီး မိတ်ကပ်တွေလည်းပျက်သွားကာ လက်သည်းတွေလည်း ကျိုးသွားခဲ့ပါတယ်။ အသက်ပြန်မလည်နိုင်တော့ဘူးလို့ သူကြေညာလိုက်ပေမယ့် ဘေးနားမှာ ရှိသူတွေကတော့ သူ့ရဲ့ကူညီလိုစိတ်ကို လက်ခုပ်တီးပြီး သြဘာပေးခဲ့ကြပါတယ်။

သူနာပြုမလေးရဲ့ခင်ပွန်းလောင်းကတော့ "သူက လူတွေကိုကူညီချင်တယ်။ သူ့ကို ကျွန်တော်အဲဒါကြောင့်ချစ်တာပါ" လို့ ဆိုပါတယ်။ ဒါ့အပြင် အခင်းဖြစ်နေရာကိုပြေးလာတုန်းကလည်း သူ့ဇနီးလောင်းက သူ့ထက်ပိုမြန်ကြောင်း ပြောခဲ့ပါတယ်။ သူနာပြုမလေးက ရေနစ်သူကိုပြုစုနေချိန်အတွင်း ရိုက်ကူးထားတဲ့ဓာတ်ပုံတွေဟာ တရုတ်လူမှုကွန်ရက်တွေပေါ်ရောက်သွားခဲ့ပြီး အားလုံးကသူ့ကို အလှဆုံးသတို့သမီးလို့ ချီးကျူးထောပနာပြုနေကြပါတယ်။ သူနာပြုမလေးကတော့ "အဲဒီအချိန်တုန်းက ကျွန်မဟာ သူနာပြုဆိုတာပဲ အမှတ်ရပါတယ်။ ကျွန်မအလုပ်ရဲ့တာဝန်ရှိမှုက သတို့သမီးတစ်ယောက်ဖြစ်တာထက် ပိုမြင့်မားပါတယ်" လို့ ဆိုခဲ့ပါတယ်။

ညီမင်းဟန်(ဆန္ဒကူး)

No comments:

Post a Comment