Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 11, 2015

ဇရာအိုနဲ့ ကညာပျိုတို့ရဲ့ လက်ထပ်ပွဲ

အသက်(၈၄)နှစ် ရှိပြီဖြစ်တဲ့ အဘိုးအို တစ်ဦးဟာ သူ့ထက် အသက်(၆၀) ငယ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အချစ်မှာ ဟောင်းနွမ်းခြင်း၊ အိုမင်းခြင်း မရှိကြောင်း ဒီဖြစ်ရပ်က သက်သေ ပြသွားခဲ့ပါတယ်။ ရုရှားနိုင်ငံမှာရှိတဲ့ ရုပ်ရှင်မင်းသားကြီး အီဗန်ခရက်စကိုဟာ သူ့မြေးအရွယ်လောက်ကို လက်ထပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ခရက်စကိုဟာ ဆိုဗီယက်ခေတ်အပြင် ရုရှားနိုင်ငံအဖြစ် ရပ်တည်ခဲ့ချိန်တွေမှာ စုစုပေါင်းရုပ်ရှင်ကား (၁၄၀) ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ ခရက်စကိုဟာ သူ့တပည့် ဖြစ်ခဲ့ဖူးသူ အသက် (၂၄)နှစ် အရွယ် နာတာလီရှီဗာနဲ့ စိန့်ပီတာစဘတ်မြို့မှာ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လက်ထပ်ပွဲကို ဆွေးမျိုးသားချင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ အချို့သာ တက်ရောက်ခဲ့ပါတယ်။ ဒီလက်ထပ်ပွဲကို ဝေဖန်သူ အများအပြား ရှိခဲ့ပေမယ့် ရုရှားမီဒီယာတွေက ကောင်းကင်ဘုံက လက်ထပ်ပွဲ အဖြစ် တင်စားခဲ့ပါတယ်။

ခရက်စကိုဟာ ကလေးခြောက်ယောက် ဖခင်ဖြစ်ပြီး စိန့်ပီတာစဘတ်မြို့က အနုပညာကျောင်းမှာ သင်ကြားမှုတွေ ပြုလုပ်ပေးနေသူလည်း ဖြစ်ပါတယ်။ ရှီဗာဟာ ဒီကျောင်းကိုတက်ရင်း ခရက်စကိုနဲ့ ချစ်ကြိုက်ဖို့ အကြောင်း ဖန်လာတာ ဖြစ်ပါတယ်။ ခရက်စကိုဟာ အိမ်ထောင်သုံးဆက် ကျထားဖူးသူလည်း ဖြစ်ပါတယ်။

အစောပိုင်းက မော်စကိုမြို့ရှိ ခရက်စကိုပိုင်တဲ့ တိုက်ခန်းမှာ အတူနေ ချစ်သူတွေအဖြစ် နေခဲ့ပေမယ့် နောက်ပိုင်းမှာ လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မြေးသုံးဦး ရနေပြီဖြစ်တဲ့ ခရက်စကိုက ရှီဗာဟာ သူ့အနာဂတ်အတွက် စိုးရိမ်နိုင်ကြောင်း၊ မိမိအတွက်မှာမူ ဘ၀သစ်စလိုက်ခြင်း ဖြစ်ကြောင်း၊ မိမိ၏ မိသားစုနှင့် မိတ်မဆက် ပေးရသေးကြောင်း ဟြေကြားခဲ့ပါတယ်။ ခရက်စကိုဟာ အသက်ကြီးနေပေမယ့် ရှီဗာထံကနေ လက်ထပ်ခွင့်ကို ဒူးထောက်ပြီး လက်ထပ် လက်စွပ်နဲ့ တောင်းဆိုခဲ့တာပါ။ လက်ထပ်ခွင့် တောင်းပြီးနောက် တစ်ရက်မှာ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။
messenger news journal

No comments:

Post a Comment