Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 24, 2015




အမျိုးသမီးအဖော်က တခြားယောင်္ကျားတစ်ယောက်ရဲ့နာမည်ကို ငိုယိုဟစ်အော်ခဲ့မှုကြောင့် ဒေါသအပြင်း






( Ye Wint )


Ref: Mirror
.....................................
လိင်ဆက်ဆံနေရင်း အဆက်ဟောင်းနာမည်အော်မိတဲ့ရည်းစားရဲ့ အူတွေကို လက်နဲ ့ဆွဲထုတ် 
သတ်ဖြတ်ခဲ့မှု ဖြစ်ပွား

အမျိုးသားတစ်ယောက်ဟာ ရည်းစားဖြစ်သူနဲ ့လိင်ဆက်ဆံနေရင်း အမျိုးသမီးဖြစ်သူက အဆက်ဟောင်းနာမည်ကို နှစ်ကြိမ်တိုင်တိုင် ဟစ်အော်ခဲ့တာကြောင့် ကောင်မလေးရဲ့ အူတွေကို လက်နဲ ့ဆွဲထုတ်သတ်ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရဲအစီရင်ခံစာတစ်စောင်အရ အပြစ်ရှိကြောင်းမိမိဘာသာဝန်ခံခဲ့တဲ့ Fidel Lopez ဆိုသူဟာ သူတို ့နေထိုင်ရာ ဖလော်ရီဒါပြည်နယ်၊ Sunrise တိုက်ခန်းရဲ့ မတ်ရပ်ဗီရိုထဲမှာ ကြမ်းတမ်းတဲ့လိင်ဆက်ဆံမှု ပြုနေစဉ်အတွင်း အမျိုးသမီးအဖော်က တခြားယောကျင်္ားတစ်ယောက်ရဲ့နာမည်ကို ငိုယိုဟစ်အော်ခဲ့မှုကြောင့် ဒေါသအပြင်းအထန်ထွက်ခဲ့တယ်လို ့ထွက်ဆိုခဲ့ကြောင်း သိရပါတယ်။ 

အသက် ၂၄ နှစ်အရွယ် Lopez ဟာ ဖန်ဆွဲတံခါးကိုလည်း ရိုက်ခွဲခဲ့ပြီး၊ နံရံမှာအပေါက်တွေဖြစ်အောင် ထိုးခဲ့ကာ၊ ဗီရိုတံခါးကိုလည်း ပတ္တာပြုတ်အောင် ဆွဲဖြုတ်ခဲ့တယ်လို ့ဝန်ခံပြောကြားခဲ့ပါတယ်။ ထို ့နောက် သူဟာ ကြမ်းပြင်ပေါ်သတိလစ်မေ့မြောနေတဲ့ အသက် ၃၁ နှစ်အရွယ် ချစ်သူဖြစ်သူ Maria Nemeth ရဲ့ ခန္ဓာကိုယ်ကို ကိရိယာတန်ဆာပလာမျိုးစုံနဲ ့ကိုယ်လက်တွေဖြတ်တောက်ခဲ့ပြီး နောက်ဆုံးမှာ သူ ့လက်နဲ ့ အူသိမ်အူမတွေကို ဆွဲထုတ်ပစ်ခဲ့တယ်လို ့ဆိုပါတယ်။

Lopez ဟာ အခင်းဖြစ်ပွားပြီး တနင်္ဂနွေမနက် ၃နာရီခွဲမှာ ရဲတွေကို မိမိဘာသာအကြောင်းမကြားခင် သူမရဲ့ ခန္ဓာကိုယ်ကို ရေချိုးခန်းထဲသယ်ပြီး သတိပြန်လည်လာအောင်လို ့ရေနဲ ့ပက်ပြီး ကြိုးစားခဲ့သေးတယ်လို ့ရဲတွေကို ဖြောင့်ချက်ပေးခဲ့ပါတယ်။ ထို ့နောက်မှာတော့ Lopez ဟာ လက်ဆေး၊ အပြင်မှာ ဆေးလိပ်ထွက်သောက်ပြီးမှာ သူ ့ချစ်သူ အသက်မရှူတော့ကြောင်း ရဲတွေကို အကြောင်းကြား ခဲ့တာ ဖြစ်ပါတယ်။

ဆေးဘက်အကူဝန်ထမ်းတွေအခင်းဖြစ်ပွားရာကို ရောက်ချိန်မှာ Lopez ဟာ သွေးအိုင်ထဲလဲနေတဲ့ အမျိုးသမီးဖြစ်သူရဲ့ ကိုယ်လုံးတီးအလောင်းပေါ်မှာ ရှိုက်ကြီးတငင်ငိုကြွေးနေတာကို တွေ ့ရှိခဲ့ရကြောင်း ရဲအစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ရဲစစ်ဆေးမှုမှာတော့ Lopez ဟာ Ms Nemeth နဲ ့တက်ခီလာအရက်အတူသောက်နေခဲ့ပြီး လိင်ဆက်ဆံမှုပြုလုပ်ခဲ့ကောင်း၊ နောက်ပိုင်းမှာ Ms Nemeth ဟာ ခင်ပွန်းဟောင်းနာမည်ကို အော်ဟစ်ခဲ့တာကြောင့် ဒေါသထွက်ကာ တိုက်ခိုက်ခဲ့ကြောင်း ဖြေကြားခဲ့ပါတယ်။

Lopez ကို အကြံအစည်ရှိရှိလုပ်ကြံသတ်ဖြတ်မှု အပြင်းထန်ဆုံးစွဲချက်နဲ ့တနင်္ဂနွေနေ ့မှာ ဖမ်းဆီးခဲ့ပြီး အချုပ်ထဲမှာ ထိန်းသိမ်းထားလျက်ရှိပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref: Mirror

No comments:

Post a Comment