ေရြးေကာက္ပြဲ အတြက္ ရွမ္းျပည္နယ္ မွာမဲဆြယ္ ေဟာေျပာ |
ရွမ္းျပည္နယ္ အတြင္း ေရြးေကာက္ပြဲ ဝင္ၾကမယ့္ ပါတီေတြၾကားမွာ လက္ရွိအာဏာရ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရး ပါတီ၊ အန္အယ္လ္ဒီ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ၊ SNDP က်ားျဖဴ ပါတီနဲ႔ SNLD က်ားေခါင္း ပါတီေခၚ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ပါတီ ႀကီး ၄ ခု အားေကာင္းတာ ေတြ႕ရတယ္လို႔ ရွမ္းျပည္နယ္မွာ ေရြးေကာက္ပြဲ မဲဆြယ္မႈ နဲ႔ အေျခအေန အရပ္ရပ္ကို ေစာင့္ၾကည့္ ေလ့လာေနတဲ့ ရွမ္းသံေတာ္ဆင့္ သတင္းအယ္ဒီတာခ်ဳပ္ ကိုစိုင္းမိဏ္းက ေျပာပါတယ္။
အခု ရက္ပိုင္းအတြင္း က်ားျဖဴပါတီက ရွမ္းျပည္ေျမာက္ပိုင္း၊ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီက ဒုတိယ သမၼတ စိုင္းေမာက္ခမ္း ကိုယ္တိုင္ လားရွိုး အနီး တဝိုက္မွာ မဲဆြယ္ စည္းရံုး ေနတာ ေတြ႕ရတယ္လို႔ သူက ေျပာပါတယ္။
အေျခ အေနကို ၿခံဳၾကည့္ရင္ ၁၉၉၀ ခုႏွစ္က အႏိုင္ရခဲ့တဲ့ သမိုင္း အစဥ္အလာေကာင္းၿပီး မူဝါဒ အားေကာင္းတဲ့ SNLD ပါတီ ကိုေထာက္ခံသူေတြကို ပိုၿပီး တက္တက္ကႊကႊ ေတြ႕လာသလို NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ကိုလည္း ၿမိဳ႕ေတြ အတြင္းက ျမန္မာ စကား တတ္တဲ့ အသိုင္း အဝိုင္းက ပိုမိုအားေပးလာတာ ေတြ႕ရတယ္လို႔ ကိုစိုင္းမိဏ္းက ေျပာပါတယ္။
၂၀၁၀ ေရြးေကာက္ပြဲ တုန္းက ႏိုင္ခဲ့တဲ့ က်ားျဖဴပါတီ အေနနဲ႔ ဆိုရင္လည္း ရွမ္းျပည္နယ္ အစိုးရ ဖြဲ႕ႏိုင္ေရး၊ သိမ္းဆည္းခံ လယ္ယာေျမေတြ ျပန္ရေရး တို႔ လုပ္ေဆာင္မယ္လို႔ ေျပာေနတာေၾကာင့္ သူတို႔ကို ေထာက္ခံမႈေတြလည္း ရွိၾကတယ္လို႔ ဆိုပါတယ္။
ဒီလို ေထာက္ခံသူေတြ အသီးသီး ရွိေနၾကေပမဲ့ ရွမ္းပါတီေတြ ၾကားမွာ အႀကိတ္အနယ္ ၿပိဳင္ရဖို႔ မ်ားတယ္လို႔လည္း သူက ေျပာပါတယ္။
လက္ရွိ ျဖစ္ေနတဲ့ တိုက္ပြဲေတြေၾကာင့္ မဲဆြယ္ စည္းရံုးမႈေတြကို ထိခိုက္ႏိုင္သလို ေရြးေကာက္ပြဲ အတြက္လည္း အလားအလာေတာ့ သိပ္မေကာင္းဘူးလို႔ ရွမ္းသံေတာ္ဆင့္ သတင္းအယ္ဒီတာခ်ဳပ္ ကိုစိုင္းမိဏ္းက ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
.......................................
ရွေးကောက်ပွဲ အတွက် ရှမ်းပြည်နယ် မှာမဲဆွယ် ဟောပြော
မြန်မာ နိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပဖို့ နီးကပ်လာတဲ့ အချိန်မှာ ရွေးကောက်ပွဲ မှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတွေကလည်း အကြီးအကျယ် မဲဆွယ် စည်းရုံး နေကြပါတယ်။
ရှမ်းပြည်နယ် အတွင်း ရွေးကောက်ပွဲ ဝင်ကြမယ့် ပါတီတွေကြားမှာ လက်ရှိအာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၊ SNDP ကျားဖြူ ပါတီနဲ့ SNLD ကျားခေါင်း ပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ကြီး ၄ ခု အားကောင်းတာ တွေ့ရတယ်လို့ ရှမ်းပြည်နယ်မှာ ရွေးကောက်ပွဲ မဲဆွယ်မှု နဲ့ အခြေအနေ အရပ်ရပ်ကို စောင့်ကြည့် လေ့လာနေတဲ့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောပါတယ်။
အခု ရက်ပိုင်းအတွင်း ကျားဖြူပါတီက ရှမ်းပြည်မြောက်ပိုင်း၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ဒုတိယ သမ္မတ စိုင်းမောက်ခမ်း ကိုယ်တိုင် လားရှိုး အနီး တဝိုက်မှာ မဲဆွယ် စည်းရုံး နေတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
အခြေ အနေကို ခြုံကြည့်ရင် ၁၉၉၀ ခုနှစ်က အနိုင်ရခဲ့တဲ့ သမိုင်း အစဉ်အလာကောင်းပြီး မူဝါဒ အားကောင်းတဲ့ SNLD ပါတီ ကိုထောက်ခံသူတွေကို ပိုပြီး တက်တက်ကွှကွှ တွေ့လာသလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကိုလည်း မြို့တွေ အတွင်းက မြန်မာ စကား တတ်တဲ့ အသိုင်း အဝိုင်းက ပိုမိုအားပေးလာတာ တွေ့ရတယ်လို့ ကိုစိုင်းမိဏ်းက ပြောပါတယ်။
၂၀၁၀ ရွေးကောက်ပွဲ တုန်းက နိုင်ခဲ့တဲ့ ကျားဖြူပါတီ အနေနဲ့ ဆိုရင်လည်း ရှမ်းပြည်နယ် အစိုးရ ဖွဲ့နိုင်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်ရရေး တို့ လုပ်ဆောင်မယ်လို့ ပြောနေတာကြောင့် သူတို့ကို ထောက်ခံမှုတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။
ဒီလို ထောက်ခံသူတွေ အသီးသီး ရှိနေကြပေမဲ့ ရှမ်းပါတီတွေ ကြားမှာ အကြိတ်အနယ် ပြိုင်ရဖို့ များတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မဲဆွယ် စည်းရုံးမှုတွေကို ထိခိုက်နိုင်သလို ရွေးကောက်ပွဲ အတွက်လည်း အလားအလာတော့ သိပ်မကောင်းဘူးလို့ ရှမ်းသံတော်ဆင့် သတင်းအယ်ဒီတာချုပ် ကိုစိုင်းမိဏ်းက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment