Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

အစိုးရရဲ ႔ ေၾကြးၿမီသံသရာ


 စစ္တပ္ႀကီးစိုးတဲ့ အႏွစ္ (၅၀) ေက်ာ္ကာလမွာ ဗမာအစိုးရဟာ နည္းမ်ဳိးစံုနဲ႔ ႏုိင္ငံျခားက ေငြေခ်းခဲ့ပါတယ္။ ဒါေပမဲ့ တခါမွ ျပန္ဆပ္ႏိုင္တာ မဟုတ္ပါဘူး။ ၁၉၈၈ လူထုအံုၾကြမႈကို ႏိွမ္နင္းတဲ့ေနာက္ပိုင္းမွာ တရုတ္ကလြဲၿပီး ေငြေခ်းမယ့္သူ မရွိေတာ့ပါဘူး။ အခုမွ ဦးသိန္းစိန္အစိုးရရဲ ႔ ျပဳျပင္ေရးကို ေထာက္ခံအားေပးတဲ့အေနနဲ႔ ၿမီရွင္ႏိုင္ငံေတြက ေၾကြးေဟာင္းေတြကို ျပန္လည္စီစဥ္ၿပီး ေငြထုတ္ေခ်းေနၾကတဲ့အတြက္ ျမန္မာအစိုးရမွာ ေၾကြးထူလာျပန္ပါတယ္။ ဦးသိန္းစိန္ တက္လာၿပီး မၾကာမီမွာ ႏိုင္ငံျခားအေၾကြး ေဒၚလာသန္း (၁၁၀၀၀) ရွိၿပီး၊ (၈) ေထာင္ေက်ာ္ဟာ မဆလေခတ္ကက်န္တဲ့ အေၾကြးျဖစ္ေၾကာင္း ေၾကညာပါတယ္။

ၿမီးစားျဖစ္သူ ျမန္မာက သူယူထားတာ ေဒၚလာသန္း (၁၁၀၀၀) ရွိတယ္ဆိုေပမယ့္ အႏွစ္ငါးဆယ္ မဆပ္ဘဲထားတဲ့ အေၾကြးျဖစ္လို႔ ေပးရမယ့္အတိုးနဲ႔ ေဆာင္ရမယ့္ဒဏ္ေငြပါထည့္တြက္ရင္ ေဒၚလာသန္း (၁၅၀၀၀) ဆပ္စရာရွိတယ္လို႔ ၿမီရွင္ေတြက ဆိုပါတယ္။ ဒါနဲ႔ ၿမီရွင္ (၁၉) ႏုိင္ငံ၊ ပဲရစ္ၿမိဳ ႔မွာ ေတြ႔ဆံုတဲ့အခါ ေနာ္ေဝ နဲ႔ ဂ်ပန္က အေၾကြးေလွ်ာ္ပစ္ၿပီး ျပန္လည္စီစဥ္တဲ့အခါ ျမန္မာအစိုးရ ျပန္ဆပ္ရမယ့္ အေၾကြးဟာ ေဒၚလာသန္း (၉) ေထာင္ေက်ာ္အထိ ေလ်ာ့သြားပါတယ္။ ေဒၚလာသန္း (၆) ေထာင္ကို ေလွ်ာ္ပစ္လိုက္တဲ့ သေဘာျဖစ္ပါတယ္။ ဗမာအစိုးရကို ေငြျပန္ေခ်းႏိုင္ေအာင္ စီစဥ္ေပးၾကတာ ျဖစ္ပါတယ္။

ဂ်ပန္ဝန္ႀကီးခ်ဳပ္ (၂၀၀၄) မတ္လမွာ ေနျပည္ေတာ္ကိုလာတုန္း ေဒၚလာသန္း (၅) ရာေက်ာ္ေခ်းဖို႔ သေဘာတူလိုက္ပါတယ္။ အေျခခံအေဆာက္အအံုနဲ႔ လွ်ပ္စစ္စြမ္းအင္ ျမွင့္တင္ဖို႔ ျဖစ္ပါတယ္။ ႏိုဝင္ဘာလေရာက္ေတာ့ သီလဝါ အေျခခံအေဆာက္အအံု၊ ရန္ကုန္လွ်ပ္စစ္နဲ႔ အေသးစား၊ အလတ္စား လုပ္ငန္းျမွင့္တင္ေရးအတြက္ ေဒၚလာသန္း (၂၅၀) ေက်ာ္ ဂ်ပန္အစိုးရက ထုတ္ေခ်းျပန္ပါတယ္။ ေနာက္ၿပီးေတာ့ အတိုးနည္းနည္းနဲ႔ ေဒၚလာသန္း (၈၀၀) ေက်ာ္ ျမန္မာအစိုးရကို ေခ်းငွားဖို႔လည္း မၾကာမီက သေဘာတူျပန္ပါတယ္။ ဒီေငြကို လွ်ပ္စစ္လိုင္း တည္ေဆာက္မႈ၊ ဗိယက္နမ္-ျမန္မာ ကားလမ္းနဲ႔ ရန္ကုန္ၿမိဳ ႔ပတ္ရထားလမ္း တည္ေဆာက္ေရးအတြက္ အသံုးျပဳရမယ္လို႔ ဆုိပါတယ္။ ဒါေၾကာင့္ ဒီႏွစ္ထဲမွာ ေဒၚလာသန္း (၁၅၀၀) ေက်ာ္ ျမန္မာအစိုးရကိုေခ်းဖို႔ ဂ်ပန္အစိုးရက သေဘာတူလိုက္ပါတယ္။

ျမန္မာအစိုးရဆီက ရစရာရွိတဲ့ ေၾကြးၿမီကို ေဒၚလာသန္းေထာင္ခ်ီၿပီး ဂ်ပန္အစိုးရ ေလ််ာ္ပစ္လိုက္ေပမယ့္ ေဒၚလာသန္း (၂) ေထာင္ေက်ာ္ ဆပ္စရာ က်န္ေနပါေသးတယ္။ လက္က်န္ေၾကြးၿမီနဲ႔ အေၾကြးသစ္ကို ေပါင္းလိုက္ရင္ ဂ်ပန္ကို ဆပ္ရမယ့္ ေၾကြးၿမီဟာ ေဒၚလာသန္း (၄) ေထာင္နီးပါး ရွိလာပါတယ္။ ဂ်ပန္အစိုးရေခ်းတဲ့ေငြကို ဂ်ပန္ကုမၸဏီေတြကတဆင့္ သံုးရတဲ့အတြက္ ဂ်ပန္ကုမၸဏီေတြရဲ ႔ အက်ဳိးစီးပြားကို ျမွင့္တင္ရာ ေရာက္ပါတယ္။ ၂၀၁၂ က ျမန္မာျပည္မွာ ရင္းႏီွးျမဳပ္ႏံွတဲ့ ဂ်ပန္ကုမၸဏီ (၅၆) ခုသာ ရွိပါတယ္။ ေၾကြးၿမီျပန္လည္ စီစဥ္ၿပီး ေငြထပ္ေခ်းတဲ့အခါ (၂၀၁၄) မွာ ဂ်ပန္ကုမၸဏီ (၁၆၈) ခုအထိ တိုးလာပါတယ္။ ဒါေၾကာင့္ ေၾကြးမဆပ္ႏိုင္ေပမယ့္ ဗမာအစိုးရကို ဂ်ပန္အစိုးရက အၿမဲတမ္း ေငြထုတ္ေခ်းေနတာ ျဖစ္ပါတယ္။

ဦးသိန္းစိန္အစိုးရ ေၾကညာထားတဲ့ ႏိုင္ငံျခားေၾကြးၿမီထဲမွာ (၁၉၈၈) ေနာက္ပိုင္း တရုတ္ဆီက ေခ်းထားတဲ့ ေဒၚလာသန္း (၂) ေထာင္ေက်ာ္ ပါဝင္ပါတယ္။ ဒါေပမဲ့ ေၾကြးျပန္လည္စီစဥ္တဲ့ ပဲရစ္အစည္းအေဝးမွာေတာ့ တရုတ္မပါပါဘူး။ ၂၀၁၀ မွာ ဗိုလ္ခ်ဳပ္မွဳးႀကီးသန္းေရႊ က တရုတ္ျပည္သြားေတာ့ ေဒၚလာသန္း (၄) ေထာင္ေက်ာ္ကို အတိုးမယူဘဲ ဗမာအစိုးရကိုေခ်းဖို႔ သေဘာတူခဲ့ပါတယ္။ ဒါေပမဲ့ ျမစ္ဆံုဆည္ မရပ္ဆုိငး္မီ ရယူတဲ့ သေဘာတူညီခ်က္မို႔ လက္ေတြ႔အေကာင္အထည္ေပၚပံု မရပါဘူး။ (၂၀၁၃) ေခ်းယူတဲ့ ေဒၚလာသန္းတရာနဲ႔ ဒီႏွစ္ေခ်းတဲ့ သန္း (၃၀၀) ကို ႏွစ္စဥ္တိုး (၄.၅) ရာခိုင္ႏႈန္း ေပးရပါတယ္။ ေဒၚလာသန္းေပါင္း (၇၈၀၀) အထိေခ်းဖို႔ (၂၀၁၄) မွာ တရုတ္က သေဘာတူထားပါတယ္။ အျခားႏိုင္ငံေတြက အတိုး (၂) ရာခိုင္ႏႈန္းယူၿပီး တရုတ္ရဲ ႔ အတိုးက (၄) ရာခိုင္ႏႈန္းေက်ာ္ေနတာကို လႊတ္ေတာ္မွာ ေဝဖန္ၾကပါတယ္။

ႏိုင္ငံျခားအေၾကြးဆပ္တဲ့ အစဥ္အလာမရွိတဲ့ ဗမာအစိုးရကို ေငြထပ္ေခ်းႏိုင္ဖို႔အတြက္ အႀကံအဖန္ လုပ္ေပးေနၾကေပမယ့္ ဗမာအစိုးရဟာ ေၾကြးဒုကၡ Debt Distress ျဖစ္ဖို႔ အလားအလာ မရွိဘူးလို႔ IMF အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပံုေငြအဖြဲ႔ရဲ ႔ (၂၀၁၄) ေၾကြးၿမီ စီစစ္ခ်က္မွာ ေဖာ္ျပပါတယ္။ ဒါေပမဲ့ အေၾကြးပမာဏဟာ ေၾကြးဒုကၡအျဖစ္ သတ္မွတ္တဲ့အဆင့္နားကို ေရာက္လာတဲ့အတြက္ အနီးကပ္ေစာင့္ၾကည့္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။ အတိုးမေပးရတဲ့ ေၾကြးၿမီကိုသာ သံုးစြဲသင့္ၿပီး အတိုးေပးရတဲ့ေၾကြးၿမီကို အတတ္ႏိုင္ဆံုး ေရွာင္သင့္တယ္လို႔ ဆိုပါတယ္။ ဗမာအစိုးရဟာ တရုတ္အေၾကြးကို အတိုးေပးေနရပါတယ္။

ဗမာအစိုးရမွာ ျပန္ဆပ္ႏိုင္စြမ္း မရွိေပမယ့္ တရုတ္ကေတာ့ ေရနံဓါတ္ေငြမွာ ပူးတြဲလုပ္ကိုင္ေနတာမို႔ ျမန္မာကို ေပးစရာရွိတဲ့အထဲက အတိုးကို ႏုတ္ယူႏုိင္ပါတယ္။ ႏိုင္ငံျခားက ေခ်းတဲ့ေငြကို ဖြံ႔ၿဖိဳးတိုးတက္ေအာင္ အသံုးျပဳတတ္ဖို႔ လုိပါတယ္။ ဒါေပမဲ့ စစ္အစိုးရေခတ္မွာ ေၾကြးရွင္နဲ႔ စစ္အုပ္စုသာ အက်ဳိးအျမတ္ ခံစားၾကရပါတယ္။ အခုေတာ့ ေၾကြးထူတဲ့ ဗမာအစိုးရကို ေငြထပ္ေခ်းဖို႔ လမ္းခင္းေပးၾကတဲ့အတြက္ အေၾကြးသံသရာ ပိုၿပီးနက္ရိႈင္းသြားပါတယ္။ ေလာေလာဆယ္ေတာ့ ဖြံၿဖိဳးတိုးတက္တာကို မျမင္ရေသးဘဲ အေနာက္တိုင္းရဲ ႔ အေၾကြးနဲ႔ တရုတ္၊ ဂ်ပန္ အေၾကြးေတြ တိုးပြားလာတာသာ ေတြ႔ရပါတယ္။

ဦးေအာင္ခင္, ကိုေဇာ္ဝင္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
................................................................................................................
 


 စစ်တပ်ကြီးစိုးတဲ့ အနှစ် (၅၀) ကျော်ကာလမှာ ဗမာအစိုးရဟာ နည်းမျိုးစုံနဲ့ နိုင်ငံခြားက ငွေချေးခဲ့ပါတယ်။ ဒါပေမဲ့ တခါမှ ပြန်ဆပ်နိုင်တာ မဟုတ်ပါဘူး။ ၁၉၈၈ လူထုအုံကြွမှုကို နှိမ်နင်းတဲ့နောက်ပိုင်းမှာ တရုတ်ကလွဲပြီး ငွေချေးမယ့်သူ မရှိတော့ပါဘူး။ အခုမှ ဦးသိန်းစိန်အစိုးရရဲ ့ ပြုပြင်ရေးကို ထောက်ခံအားပေးတဲ့အနေနဲ့ မြီရှင်နိုင်ငံတွေက ကြွေးဟောင်းတွေကို ပြန်လည်စီစဉ်ပြီး ငွေထုတ်ချေးနေကြတဲ့အတွက် မြန်မာအစိုးရမှာ ကြွေးထူလာပြန်ပါတယ်။ ဦးသိန်းစိန် တက်လာပြီး မကြာမီမှာ နိုင်ငံခြားအကြွေး ဒေါ်လာသန်း (၁၁၀၀၀) ရှိပြီး၊ (၈) ထောင်ကျော်ဟာ မဆလခေတ်ကကျန်တဲ့ အကြွေးဖြစ်ကြောင်း ကြေညာပါတယ်။

မြီးစားဖြစ်သူ မြန်မာက သူယူထားတာ ဒေါ်လာသန်း (၁၁၀၀၀) ရှိတယ်ဆိုပေမယ့် အနှစ်ငါးဆယ် မဆပ်ဘဲထားတဲ့ အကြွေးဖြစ်လို့ ပေးရမယ့်အတိုးနဲ့ ဆောင်ရမယ့်ဒဏ်ငွေပါထည့်တွက်ရင် ဒေါ်လာသန်း (၁၅၀၀၀) ဆပ်စရာရှိတယ်လို့ မြီရှင်တွေက ဆိုပါတယ်။ ဒါနဲ့ မြီရှင် (၁၉) နိုင်ငံ၊ ပဲရစ်မြို ့မှာ တွေ့ဆုံတဲ့အခါ နော်ဝေ နဲ့ ဂျပန်က အကြွေးလျှော်ပစ်ပြီး ပြန်လည်စီစဉ်တဲ့အခါ မြန်မာအစိုးရ ပြန်ဆပ်ရမယ့် အကြွေးဟာ ဒေါ်လာသန်း (၉) ထောင်ကျော်အထိ လျော့သွားပါတယ်။ ဒေါ်လာသန်း (၆) ထောင်ကို လျှော်ပစ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ ဗမာအစိုးရကို ငွေပြန်ချေးနိုင်အောင် စီစဉ်ပေးကြတာ ဖြစ်ပါတယ်။

ဂျပန်ဝန်ကြီးချုပ် (၂၀၀၄) မတ်လမှာ နေပြည်တော်ကိုလာတုန်း ဒေါ်လာသန်း (၅) ရာကျော်ချေးဖို့ သဘောတူလိုက်ပါတယ်။ အခြေခံအဆောက်အအုံနဲ့ လျှပ်စစ်စွမ်းအင် မြှင့်တင်ဖို့ ဖြစ်ပါတယ်။ နိုဝင်ဘာလရောက်တော့ သီလဝါ အခြေခံအဆောက်အအုံ၊ ရန်ကုန်လျှပ်စစ်နဲ့ အသေးစား၊ အလတ်စား လုပ်ငန်းမြှင့်တင်ရေးအတွက် ဒေါ်လာသန်း (၂၅၀) ကျော် ဂျပန်အစိုးရက ထုတ်ချေးပြန်ပါတယ်။ နောက်ပြီးတော့ အတိုးနည်းနည်းနဲ့ ဒေါ်လာသန်း (၈၀၀) ကျော် မြန်မာအစိုးရကို ချေးငှားဖို့လည်း မကြာမီက သဘောတူပြန်ပါတယ်။ ဒီငွေကို လျှပ်စစ်လိုင်း တည်ဆောက်မှု၊ ဗိယက်နမ်-မြန်မာ ကားလမ်းနဲ့ ရန်ကုန်မြို ့ပတ်ရထားလမ်း တည်ဆောက်ရေးအတွက် အသုံးပြုရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ ဒေါ်လာသန်း (၁၅၀၀) ကျော် မြန်မာအစိုးရကိုချေးဖို့ ဂျပန်အစိုးရက သဘောတူလိုက်ပါတယ်။

မြန်မာအစိုးရဆီက ရစရာရှိတဲ့ ကြွေးမြီကို ဒေါ်လာသန်းထောင်ချီပြီး ဂျပန်အစိုးရ လျျော်ပစ်လိုက်ပေမယ့် ဒေါ်လာသန်း (၂) ထောင်ကျော် ဆပ်စရာ ကျန်နေပါသေးတယ်။ လက်ကျန်ကြွေးမြီနဲ့ အကြွေးသစ်ကို ပေါင်းလိုက်ရင် ဂျပန်ကို ဆပ်ရမယ့် ကြွေးမြီဟာ ဒေါ်လာသန်း (၄) ထောင်နီးပါး ရှိလာပါတယ်။ ဂျပန်အစိုးရချေးတဲ့ငွေကို ဂျပန်ကုမ္ပဏီတွေကတဆင့် သုံးရတဲ့အတွက် ဂျပန်ကုမ္ပဏီတွေရဲ ့ အကျိုးစီးပွားကို မြှင့်တင်ရာ ရောက်ပါတယ်။ ၂၀၁၂ က မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံတဲ့ ဂျပန်ကုမ္ပဏီ (၅၆) ခုသာ ရှိပါတယ်။ ကြွေးမြီပြန်လည် စီစဉ်ပြီး ငွေထပ်ချေးတဲ့အခါ (၂၀၁၄) မှာ ဂျပန်ကုမ္ပဏီ (၁၆၈) ခုအထိ တိုးလာပါတယ်။ ဒါကြောင့် ကြွေးမဆပ်နိုင်ပေမယ့် ဗမာအစိုးရကို ဂျပန်အစိုးရက အမြဲတမ်း ငွေထုတ်ချေးနေတာ ဖြစ်ပါတယ်။

ဦးသိန်းစိန်အစိုးရ ကြေညာထားတဲ့ နိုင်ငံခြားကြွေးမြီထဲမှာ (၁၉၈၈) နောက်ပိုင်း တရုတ်ဆီက ချေးထားတဲ့ ဒေါ်လာသန်း (၂) ထောင်ကျော် ပါဝင်ပါတယ်။ ဒါပေမဲ့ ကြွေးပြန်လည်စီစဉ်တဲ့ ပဲရစ်အစည်းအဝေးမှာတော့ တရုတ်မပါပါဘူး။ ၂၀၁၀ မှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က တရုတ်ပြည်သွားတော့ ဒေါ်လာသန်း (၄) ထောင်ကျော်ကို အတိုးမယူဘဲ ဗမာအစိုးရကိုချေးဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ မြစ်ဆုံဆည် မရပ်ဆိုငး်မီ ရယူတဲ့ သဘောတူညီချက်မို့ လက်တွေ့အကောင်အထည်ပေါ်ပုံ မရပါဘူး။ (၂၀၁၃) ချေးယူတဲ့ ဒေါ်လာသန်းတရာနဲ့ ဒီနှစ်ချေးတဲ့ သန်း (၃၀၀) ကို နှစ်စဉ်တိုး (၄.၅) ရာခိုင်နှုန်း ပေးရပါတယ်။ ဒေါ်လာသန်းပေါင်း (၇၈၀၀) အထိချေးဖို့ (၂၀၁၄) မှာ တရုတ်က သဘောတူထားပါတယ်။ အခြားနိုင်ငံတွေက အတိုး (၂) ရာခိုင်နှုန်းယူပြီး တရုတ်ရဲ ့ အတိုးက (၄) ရာခိုင်နှုန်းကျော်နေတာကို လွှတ်တော်မှာ ဝေဖန်ကြပါတယ်။

နိုင်ငံခြားအကြွေးဆပ်တဲ့ အစဉ်အလာမရှိတဲ့ ဗမာအစိုးရကို ငွေထပ်ချေးနိုင်ဖို့အတွက် အကြံအဖန် လုပ်ပေးနေကြပေမယ့် ဗမာအစိုးရဟာ ကြွေးဒုက္ခ Debt Distress ဖြစ်ဖို့ အလားအလာ မရှိဘူးလို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ ့ (၂၀၁၄) ကြွေးမြီ စီစစ်ချက်မှာ ဖော်ပြပါတယ်။ ဒါပေမဲ့ အကြွေးပမာဏဟာ ကြွေးဒုက္ခအဖြစ် သတ်မှတ်တဲ့အဆင့်နားကို ရောက်လာတဲ့အတွက် အနီးကပ်စောင့်ကြည့်ဖို့ လိုတယ်လို့ ဆိုပါတယ်။ အတိုးမပေးရတဲ့ ကြွေးမြီကိုသာ သုံးစွဲသင့်ပြီး အတိုးပေးရတဲ့ကြွေးမြီကို အတတ်နိုင်ဆုံး ရှောင်သင့်တယ်လို့ ဆိုပါတယ်။ ဗမာအစိုးရဟာ တရုတ်အကြွေးကို အတိုးပေးနေရပါတယ်။

ဗမာအစိုးရမှာ ပြန်ဆပ်နိုင်စွမ်း မရှိပေမယ့် တရုတ်ကတော့ ရေနံဓါတ်ငွေမှာ ပူးတွဲလုပ်ကိုင်နေတာမို့ မြန်မာကို ပေးစရာရှိတဲ့အထဲက အတိုးကို နုတ်ယူနိုင်ပါတယ်။ နိုင်ငံခြားက ချေးတဲ့ငွေကို ဖွံ့ဖြိုးတိုးတက်အောင် အသုံးပြုတတ်ဖို့ လိုပါတယ်။ ဒါပေမဲ့ စစ်အစိုးရခေတ်မှာ ကြွေးရှင်နဲ့ စစ်အုပ်စုသာ အကျိုးအမြတ် ခံစားကြရပါတယ်။ အခုတော့ ကြွေးထူတဲ့ ဗမာအစိုးရကို ငွေထပ်ချေးဖို့ လမ်းခင်းပေးကြတဲ့အတွက် အကြွေးသံသရာ ပိုပြီးနက်ရှိုင်းသွားပါတယ်။ လောလောဆယ်တော့ ဖွံဖြိုးတိုးတက်တာကို မမြင်ရသေးဘဲ အနောက်တိုင်းရဲ ့ အကြွေးနဲ့ တရုတ်၊ ဂျပန် အကြွေးတွေ တိုးပွားလာတာသာ တွေ့ရပါတယ်။

ဦးအောင်ခင်, ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment