Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 17, 2015

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို သတ်ဖြတ်ရန် ကြံစည်ခဲ့သူ ဆယ်ကျော်သက် တစ်ဦးကို အမေရိကန်အစိုးရ ဖမ်းဆီးနိုင်ခဲ့

ဝါရှင်တန် ၊ ၁၇-၉-၂၀၁၅

အမေရိကန် ပြည်ထောင်စုသို့ လာရောက်မည့် အလည်အပတ် ခရီးစဉ် အတွင်း ISIS စစ်သွေးကြွ များကို အတုယူ၍ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် ကို တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အသက် ၁၅ နှစ်အရွယ် လူငယ် တစ်ဦးကို အမေရိကန် အစိုးရက ဖမ်းဆီးနိုင် ခဲ့ကြောင်း ဒေသတွင်း သတင်းဌာန တစ်ခုက စက်တင်ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ပုပ်ရဟန်း မင်းကြီးကို လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်ခဲ့သည့် အဆိုပါ အမျိုးသားငယ်ကို အာဏာပိုင် များက သြဂုတ် ၁၉ ရက်တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး ၄င်းသည် ISIS အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်မှု များကို အတုယူ၍ လုပ်ဆောင်ရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းသည် ISIS စစ်သွေးကြွ များနှင့် အဆက်အသွယ် ရှိကြောင်း အမေရိကန် အာဏာပိုင် များက ပြောကြားခဲ့သည်။

ISIS အဖွဲ့သည် အမည်ဖော်ပြ ထားခြင်း မရှိသည့် အဆိုပါ ဆယ်ကျော်သက် အရွယ်လူငယ်ကို လူမှုရေး ဝက်ဘ်ဆိုက်မှ တစ်ဆင့် အကြမ်းဖက် တိုက်ခိုက်နည်း လမ်းများကို ညွှန်ကြား ခဲ့ခြင်းပြီး ၄င်းကို အမေရိကန် အစိုးရက ဖီလာဒဲလ်ဖီးယား မြို့ အနီးတွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်သည်။

ပုပ်ရဟန်း မင်းကြီးသည် အမေရိကန် ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် အဖြစ် စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ လာရောက် လည်ပတ်ရန် စီစဉ်ထားပြီး ယင်း ခရီးစဉ်အတွင်း ပုပ်ရဟန်း မင်းကြီးသည် ဖီလာဒဲလ်ဖီးယား သို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com/2015/09/blog-post_19.html

No comments:

Post a Comment