Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 9, 2015

လူဦးရေ ၃၀၀ ခန့်ကို အစာအဆိပ်သင့်စေခဲ့တဲ့ မက္ကဆီကိုဖွား ကေလာသခွား



"ကေလာ သခွားသီး" လို့ အမည်ရတဲ့ မက္ကဆီကို နိုင်ငံမှာ ပေါက်ရောက်သော သခွားသီးတွေဟာ အမေရိက မှာရှိတဲ့ လူ ရာပေါင်းများစွာကို အစာအဆိပ်သင့်စေခဲ့တယ်လို့ သိရပါတယ်။

ထို သခွားသီး ကို စားသုံးပြီးတဲ့နောက်မှာ အမျိုးသမီး တစ်ယောက် သေဆုံးခဲ့ရပြီး လူဦးရေ ၂၈၅ ယောက်ဟာ ဖျားနာခဲ့ရပါတယ်။ San Diego မှာရှိတဲ့ Andrew & Williamson ဆိုတဲ့ သစ်သီးဝလံ ထုတ်လုပ်တဲ့ ကုမ္မဏီက မက္ကဆီကို မှာ ပေါက်ရောက်တဲ့ ထို ကေလာ သခွားသီးကို အရေအတွက် ကန့်သတ် ပြီး ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။

ကျန်းမာရေး တာဝန်ရှိသူတွေကတော့ ထို သခွားသီးတွေဟာ ဒီနှစ်နွေရာသီ မှာ အမေရိကန် လူမျိုး ရာပေါင်းများစွာ ဖျားနာခဲ့ရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသလို အသက် ၉၉ နှစ်အရွယ် အမျိုးသမီး တစ်ယောက် အစာအဆိပ် သင့်ပြီး သေဆုံးခဲ့မှုမှာလည်း တရားခံ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ထို သခွားသီးကြောင့် အစာအဆိပ်သင့်ကာ ရောဂါဝေဒနာ ခံစားခဲ့ရသူ လူဦးရေ ရဲ့ ထက်ဝက်ခန့်ဟာ အသက် ၁၈ နှစ်
 အောက် လူငယ်တွေဖြစ်ကြတယ်လို့ လည်း သိရပါတယ်။

ထို သခွားသီးတွေ ထုတ်လုပ်တဲ့ ကုမ္မဏီက Metro သတင်းဌာန ကို ပြောပြခဲ့တာကတော့ "ကျွန်တော်တို့ ကုန်ပစ္စည်းတွေကို ၀ယ်ယူ စားသုံးသူတွေရဲ့ လုံခြုံရေး နဲ့ ကျန်းမာရေးဟာ ကျွန်တော်တို့အတွက် အရေးအကြီးဆုံးပါ" လို့ဆိုပါတယ်။

"ကျွန်တော် ဟာ ကျွန်တော်တို့ ထုတ်ကုန်တွေကို ကျွန်တော့် မိသားစု အတွက်လည်း ယူလာပါတယ်။ ဒါဟာ ကျွန်တော်တို့ ၀ယ်
ယူ ဖြန့်ဖြူး တင်ပို့ ရောင်းချ နေတဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာ ဘယ်လောက်ထိ ယုံကြည်တယ်ဆိုတာကို ပြသပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အစားအစာတွေ ရဲ့ လုံခြုံရေးစနစ် တွေထိရောက်မှု ရှိဖို့နဲ့ အချိန်နဲ့ တစ်ပြေးညီဖြစ်စေဖို့အတွက် ငွေကြေး 
သန်းပေါင်းများစွာ ရင်းနှီးမြှပ်နှံထားပါတယ်" လို့လည်း ပြောပြခဲ့ပါသေးတယ်။

ထို သခွားသီးတွေဟာ အမေရိကန် ပြည်ထောင်စု မှာရှိတဲ့ ပြည်နယ် ၂၂ ခုကို ဖြန့်ဖြူးရောင်းချပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Telegraph

No comments:

Post a Comment