Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

မဲစာရင္းမွာပါသူေတြကို မဲဆႏၵရွင္ သက္ေသခံလက္မွတ္ ထုတ္ေပးမည္


 လာမယ့္ေရြးေကာက္ပြဲမွာ မဲဆႏၵရွင္ သက္ေသခံလက္မွတ္ ရရွိထားသူအားလံုး မဲေပးခြင့္ရမွာျဖစ္သလုိ တၿပိဳင္နက္မွာ တျခားသူကိုယ္စား လိမ္လည္မဲေပးမယ့္သူေတြကို ဥပေဒအရ အေရးယူသြားမွာျဖစ္တယ္လို႔ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ က RFA ကို ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။

ေရြးေကာက္ပြဲေကာက္မရွင္က အခုေနာက္ဆံုးထုတ္ျပန္ထားတဲ့ မဲစာရင္းမွာပါတဲ့သူေတြကို မဲဆႏၵရွင္ သက္ေသခံလက္မွတ္ေတြ ထုတ္ေပးသြားမွာျဖစ္တယ္လို႔ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ရံုး ညႊန္ၾကားေရးမွဴး ဦးေသာင္းလိႈင္က ေျပာပါတယ္။

"အဓိကက ဘာလဲဆိုလို႔ရွိရင္ ေရေဘးျဖစ္သြားတဲ့အခါက်ေတာ့ ေတာ္ေတာ္မ်ားမ်ားမွာ မွတ္ပံုတင္ကဒ္ျပားေတြ ပ်က္သြားတာတို႔ ေပ်ာက္သြားတာတို႔၊ အိမ္ေထာင္စုစာရင္းေတြ ပ်က္သြားတာတို႔ရွိတယ္၊ အဲဒီအခါက်ေတာ့ ဒီပုဂိဳၢလ္ေတြ မဲလာေပးမယ္ဆိုရင္ မွတ္ပံုတင္ကဒ္ေတြ မရွိေတာ့တဲ့အတြက္ သူတို႔ အခြင့္အေရးဆံုးရံႈးမွာကို စိုးရိမ္တယ္၊ အဲဒါေၾကာင့္မို႔ မစိုးရိမ္ပါနဲ႔ ဒီအတြက္ကို မဲဆႏၵရွင္ သက္ေသခံလက္မွတ္ေတြ ထုတ္ေပးပါ့မယ္၊ အဲ့လိုေပးတဲ့ေနရာမွာ သူတို႔တင္မကဘူး၊ မဲဆႏၵရွင္အားလံုးေပါ့ မဲဆႏၵရွင္အားလုံးဆိုတာ အခုေနာက္ဆံုးအတည္ျပဳၿပီးရင္ မဲစာရင္းမွာပါတဲ့ မဲဆႏၵရွင္အားလံုးကိုလည္း ထုတ္ေပးပါမယ္"

ဒါ့အျပင္ ေရြးေကာက္ပြဲေန႔မွာ ဆႏၵမဲေပးၿပီးသြားသူေတြရဲ႕ ထင္ရွားတဲ့ေနရာမွာ မွင္နဲ႔ရိုက္ႏွိပ္အမွတ္အသားျပဳလုပ္ သြားမွာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

မဲစာရင္းမွားယြင္းမွဳေတြကို စက္တင္ဘာလ ၂၇ ရက္ေန႔အထိ ျပင္ဆင္တင္ျပခြင့္ျပဳထားၿပီး ေရးေဘးသင့္ေဒသေတြက ျပည္သူေတြအတြက္ အမွားျပင္ဆင္ႏိုင္တဲ့ရက္ကို တိုးေပးထားတယ္လို႔လည္း သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
............................................

 လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် သက်သေခံလက်မှတ် ရရှိထားသူအားလုံး မဲပေးခွင့်ရမှာဖြစ်သလို တပြိုင်နက်မှာ တခြားသူကိုယ်စား လိမ်လည်မဲပေးမယ့်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က RFA ကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ရွေးကောက်ပွဲကောက်မရှင်က အခုနောက်ဆုံးထုတ်ပြန်ထားတဲ့ မဲစာရင်းမှာပါတဲ့သူတွေကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

"အဓိကက ဘာလဲဆိုလို့ရှိရင် ရေဘေးဖြစ်သွားတဲ့အခါကျတော့ တော်တော်များများမှာ မှတ်ပုံတင်ကဒ်ပြားတွေ ပျက်သွားတာတို့ ပျောက်သွားတာတို့၊ အိမ်ထောင်စုစာရင်းတွေ ပျက်သွားတာတို့ရှိတယ်၊ အဲဒီအခါကျတော့ ဒီပုဂို္ဂလ်တွေ မဲလာပေးမယ်ဆိုရင် မှတ်ပုံတင်ကဒ်တွေ မရှိတော့တဲ့အတွက် သူတို့ အခွင့်အရေးဆုံးရှုံးမှာကို စိုးရိမ်တယ်၊ အဲဒါကြောင့်မို့ မစိုးရိမ်ပါနဲ့ ဒီအတွက်ကို မဲဆန္ဒရှင် သက်သေခံလက်မှတ်တွေ ထုတ်ပေးပါ့မယ်၊ အဲ့လိုပေးတဲ့နေရာမှာ သူတို့တင်မကဘူး၊ မဲဆန္ဒရှင်အားလုံးပေါ့ မဲဆန္ဒရှင်အားလုံးဆိုတာ အခုနောက်ဆုံးအတည်ပြုပြီးရင် မဲစာရင်းမှာပါတဲ့ မဲဆန္ဒရှင်အားလုံးကိုလည်း ထုတ်ပေးပါမယ်"

ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ ဆန္ဒမဲပေးပြီးသွားသူတွေရဲ့ ထင်ရှားတဲ့နေရာမှာ မှင်နဲ့ရိုက်နှိပ်အမှတ်အသားပြုလုပ် သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မဲစာရင်းမှားယွင်းမှုတွေကို စက်တင်ဘာလ ၂၇ ရက်နေ့အထိ ပြင်ဆင်တင်ပြခွင့်ပြုထားပြီး ရေးဘေးသင့်ဒေသတွေက ပြည်သူတွေအတွက် အမှားပြင်ဆင်နိုင်တဲ့ရက်ကို တိုးပေးထားတယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment