Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 28, 2015

ႏိုင္ငံျခားသြားအလုပ္လုပ္ရင္ နဝရတ္ ကားကိုၾကည့္ သူမ်ားတုိင္းျပည္ကို အထင္ႀကီးၿပီး သြားမေနၾကနဲ႔လို႔ေျပာေပးရင္ ေက်နပ္ပါတယ္’’

ျပည္ပသို႔ သြားေရာက္အလုပ္လုပ္ ကိုင္ၾကသည့္ ျမန္မာႏိုင္ငံသားမ်ား ႀကံဳေတြ႕ရသည့္ အျဖစ္အပ်က္ မ်ားကို အေျခခံ႐ိုက္ကူးထားသည့္ ‘မဟာဆန္တဲ့ မာယာမ်က္ႏွာဖံုး’ ႐ုပ္ရွင္ဇာတ္ကားကို ေနျပည္ ေတာ္တြင္ စတင္႐ံုတင္ျပသေနၿပီး ေအာက္တိုဘာအတြင္း၌ ရန္ကုန္ ႏွင့္မႏၲေလးၿမိဳ႕မ်ားတြင္ ႐ံုတင္ျပ သေတာ့မည္ျဖစ္သည္။ ထုိ႔ ေၾကာင့္ ယင္းဇာတ္ကားကို ကိုယ္ တုိင္ထုတ္လုပ္႐ိုက္ကူးပါဝင္ သ႐ုပ္ေဆာင္ထားသည့္ နဝရတ္ ကို ယင္းဇာတ္ကားအေၾကာင္းအ ရာမ်ားအပါအဝင္ အႏုပညာလႈပ္ ရွားမႈမ်ားမလုပ္ျဖစ္ေတာ့သည့္
အ ေၾကာင္းတို႔ကို ေတြ႕ဆံုေမးျမန္းခဲ့ ပါသည္။

‘‘မဟာဆန္တဲ့ မာယာမ်က္ႏွာဖံုး’’ ႐ိုက္တဲ့အခ်ိန္က မင္းသားအ ေျပာင္းအလဲလည္းရွိခဲ့တယ္။ အဲ ဒီအခ်ိန္ မေလးရွားမွာလည္း အ လုပ္သမားျပႆနာေတြလည္း ရွိ ခဲ့တာဆိုေတာ့ ႐ိုက္ကူးေရးမွာ ဘယ္လိုအခက္အခဲေတြ ရွိခဲ့လဲ။

အခက္အခဲ ဘာမွ မရွိခဲ့ဘူး။ အရမ္းအံ့ၾသဖို႔ ေကာင္းတယ္။ ျဖစ္လိမ့္မယ္လို႔ထင္တာ၊ ကိုယ္ ကိုယ္တုိင္က ယံုၾကည္ထားေတာ့ ဘာမွမျဖစ္ခဲ့ဘူး။ ပိုၿပီးေတာင္ အ ဆင္ေျပၿပီး မုဒ္လည္းဝင္တယ္။ ပါတဲ့သူေတြအကုန္လံုးကလည္း တစ္သားတည္းက်တယ္။ ၿပီး ေတာ့ ဒါ႐ိုက္တာကိုယ္တုိင္အပါ အဝင္ မေလးတစ္ဖြဲ႕လံုးက ျမန္ မာေတြကို ေစာင့္ၾကည့္ေနတာ။ ေနာက္ေတာ့ အလုပ္အေပၚ တကယ္ စိတ္ပါဝင္စားတာ သိ သြားေတာ့ ဆက္ဆံတာေတြ ေျပာင္းသြားတယ္။ သိသာတယ္။ ေရာက္ေရာက္ခ်င္းနဲ႔ မတူဘဲ အ ကုန္လံုးက ေလးေလးစားစားနဲ႔ ဆက္ဆံတယ္။

ျပည္ပဒါ႐ိုက္တာနဲ႔ ျပည္ပမွာ သြား႐ိုက္ရတာဆိုေတာ့ ဒီက႐ိုက္ ကူးေရးေတြနဲ႔ ယွဥ္ရင္ ဘယ္လို ကြာျခားမႈေတြ ရွိလဲ။

ဒီမွာက ဘာသံပါပါလႊတ္ လိုက္တယ္။ ဟိုမွာက မရဘူး။ ဆယ္ခါဆိုဆယ္ခါ။ အျပင္ Noise (ဆူညံသံ)ေတြ မရဘူး။ အသံနဲ႔ ဆိုင္ရင္ အရမ္း Serious ျဖစ္ တယ္။ ေနာက္ၿပီး ႐ိုက္ၿပီးရင္ သြားၾကည့္လုိက္ ဆက္ၿပီးၿပီ။ အဲဒီ လို အလုပ္ကို အလုပ္နဲ႔တူေအာင္ လုပ္တယ္။

ဒီ႐ုပ္ရွင္မွာ မေလးရွားက အလုပ္ ရွင္က အလုပ္သမားေတြအေပၚ ေကာင္းတဲ့ပံုစံ႐ိုက္ထားတာက ေကာ ဇာတ္ၫႊန္းအတုိင္းပဲ ႐ိုက္ ျဖစ္တာလား။ အလုပ္ရွင္လည္း မေကာင္းတာရွိႏုိင္တာဆိုေတာ့ ဇာတ္ကို ေျဖတဲ့အေနနဲ႔႐ိုက္ထား တာလား။

အဲဒီလိုပဲ ျဖစ္မယ္ထင္ တယ္။ ဒါ႐ိုက္တာကလည္း အင္ တာဗ်ဴးမွာေျဖထားတယ္။ ေတာ္ ေတာ္ဆိုးတဲ့သူေတြလည္း ရွိ တယ္။ မဆိုးတဲ့လူေတြလည္း ရွိ တယ္။ သူက ၾကားကို႐ိုက္သြား တာေပါ့။ အလုပ္ရွင္က ဆုိးခ်င္မွ ဆုိးမယ္။ မန္ေနဂ်ာက ဆိုးတယ္။ သူလည္း သူ႔တိုင္းျပည္ကို ကာ ကြယ္ၿပီး ႐ိုက္သြားတာေပါ့။ ကိုယ္ကလည္း ကိုယ့္တုိင္းျပည္အ တြက္ သြား႐ိုက္တာေလ။ ဒါက ကိုယ့္လူမ်ိဳးကို ကာကြယ္ၾကတာ ပဲ။

ဒီ႐ုပ္ရွင္က အစ္မရဲ႕အႏုပညာ သက္တမ္းမွာ မ႐ိုက္ဖူးေသးတဲ့ ပံုစံ၊ ေနာက္ဆံုး႐ိုက္ထားတဲ့ကား လည္း ျဖစ္ေတာ့ ဘယ္လိုအမွတ္ တရေတြ ရွိမလဲ။

ဒါက သင္ခန္းစာေလ။ မတူ ဘူး။ တျခားကားေတြကေတာ့ ‘‘ခ်စ္၊ ႀကိဳက္၊ ကြဲ၊ ညား’’။ ပညာ ေပးမဟုတ္ဘူး။ ဒါကေတာ့ အခု လက္ရွိျဖစ္ေနတဲ့အေပၚ ပညာ ေပးတဲ့ကား။ အခုေခတ္မွာ ျဖစ္ ေနတာနဲ႔ ကြက္တိျဖစ္တာေပါ့။ အလုပ္သမားေတြ ကိုယ့္ႏိုင္ငံက ေန သြားတာကို သင္ခန္းစာေပး တဲ့ကား။ သင္ခန္းစာကလည္း အခုလက္ရွိျဖစ္ေနတာဆိုေတာ့ ကြက္တိျဖစ္သြားတာေပါ့။

အစ္မရဲ႕ဇာတ္ကားေတြ ႐ံုမတင္ တာလည္း ၾကာၿပီဆိုေတာ့ ဒီဇာတ္ကားနဲ႔ ပတ္သက္ၿပီး ပရိသတ္ဆီ က ဘာေတြ ေမွ်ာ္လင့္ထားလဲ။

ဒီကားကို နယ္ကလူေတြ ႏိုင္ ငံျခားသြားအလုပ္လုပ္ရင္ နဝရတ္ ကားကိုၾကည့္၊ သူမ်ားတိုင္းျပည္ ကို အထင္ႀကီးၿပီး သြားမေနၾကနဲ႔ လို႔ ေျပာေပးရင္ ေက်နပ္ပါတယ္။ ကိုယ့္ႏိုင္ငံက လူေတြ တျခားႏိုင္ငံ မွာ ဒုကၡမေရာက္ေအာင္ေပါ့။ အခုက ျမန္မာေလးေထာင္ရွိရင္ ႏွစ္ေထာင္ေလာက္က ဒုကၡ ေရာက္ေနတာ။ ဒီမွာလည္း ထ မင္းတစ္နပ္ေတာ့ ဘယ္မွာစားစား ရတယ္ေလ။ ဟိုမွာက ေျခက်ိဳး လက္က်ိဳးဆိုရင္ လံုးဝကို လွည့္မ ၾကည့္ဘူး။ ေနမေကာင္းရင္ ဘာ မွ လုပ္လို႔မရဘူး။ ဒီမွာက ေနမ ေကာင္းရင္ ထမင္းေကြၽးမယ့္လူ ရွိေသးတယ္။ ဟိုမွာက ေျခလက္ ေကာင္းေနရင္ေတာ့ ေကာင္းတာ ေပါ့။ ေျခလက္မေကာင္းေတာ့ဘူး ဆိုင္ရင္ လမ္းေဘးလဲေနလည္း လွည့္ကို မၾကည့္ဘူး။ အဲဒီလိုျဖစ္ တယ္ဆိုတာ သိေစခ်င္တာ။

ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ျမန္မာ ႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ ‘တိမ္ မင္းသမီးရဲ႕ဒ႑ာရီ’ဇာတ္ကားနဲ႔ ‘ေမြခံထုိက္သူျဖစ္ပါေစ’ဇာတ္ ကားေတြမွာ အကယ္ဒမီရမယ္လို႔ ထင္ေၾကးေပးခံခဲ့ရေပမယ့္ လြဲ ေခ်ာ္ခဲ့တယ္။ အဲဒီေနာက္ပိုင္းမွာ အႏုပညာအလုပ္ေတြ ဆက္မလုပ္ေတာ့တာဆိုေတာ့ ဘာ ေၾကာင့္ ဆက္မလုပ္ျဖစ္ေတာ့တာလဲ။

ဒီကားေတြကို ႐ိုက္ေပးတာ ကလည္း အေမ့ရဲ႕ဝါသနာ။ သူရဲ႕ ျဖစ္ေစခ်င္တာေလးကို လုပ္ေပး ေနတာ။ ကိုယ္ကေတာ့ ဒီေလာက္ ႀကီးဝါသနာပါတာ မဟုတ္ဘူး။ ဒါ ေပမဲ့ ကိုယ့္ရဲ႕မ်ိဳး႐ိုးဗီဇက ေသြး သားထဲမွာရွိေနေတာ့ လုပ္ရင္ လုပ္သလို သိတယ္။ နဝရတ္က အိုက္တင္ဆိုလည္း တစ္ခါပဲ လုပ္ တယ္။ မ်ိဳး႐ိုးထဲမွာ အဘြားေဒၚေမ သစ္တို႔လည္း ရွိေနေတာ့ အေမ က က်ေတာ့ ဆုတစ္ခုရေစခ်င္ တယ္။ အဲဒီေနာက္ပိုင္းေတာ့ ကိုယ့္သေဘာကို လိုက္တယ္။ မ႐ိုက္ခ်င္ေတာ့လည္း ေန နင့္သ ေဘာဆိုေတာ့ အရင္ကတည္းက အမ်ားႀကီးမ႐ိုက္ခ်င္ဘူး။ ပင္ပန္း တယ္။ စိတ္ေရာ လူေရာေလ။ ကိုယ္က မုဒ္ကို အရမ္းထည့္ေတာ့ တာဝန္ႀကီးတယ္။ ေပါ့ေပါ့ပါးပါး ႐ိုက္ခဲ့တာ တစ္ခုမွ မရွိဘူး။ တစ္ ကား႐ိုက္ၿပီးၿပီဆို ေမာေနေရာ။ သူမ်ား သံုးကားေလာက္နဲ႔ ညီ တယ္။ အဲဒါမ်ိဳးဆိုေတာ့ ကိုယ္ ပင္ပန္းတာ ကိုယ္ပဲသိတယ္ေလ။ ပရိသတ္ကိုလည္း မညာခ်င္ဘူး။ အဲဒါေၾကာင့္ အေမက နားေတာ့ ဆိုေတာ့ ေပ်ာ္လိုက္တာအရမ္းပဲ။

အႏုပညာကေန အနားယူတဲ့ အ ခ်ိန္မွာေကာ အျပင္စီးပြားေရးအ ေနနဲ႔ဘာေတြလုပ္ျဖစ္လဲ။ ေနာက္ ၿပီး အႏုပညာေလာကမွာ ႏွစ္အ ေတာ္ၾကာ က်င္လည္ခဲ့တာဆို ေတာ့ ျပန္လုပ္ခ်င္စိတ္ေကာမျဖစ္ ဘူးလား။

T8 Beauty Salon နဲ႔ Spa လုပ္ေနတယ္။ အေမကလည္း ေမၿမိဳ႕မွာဆိုေတာ့ အေမ့ကို အိမ္ ေဆာက္ေပးတယ္။ ေနာက္ၿပီး Spa ကို ဦးစီးတယ္။ အႏုပညာျပန္ လုပ္ခ်င္စိတ္ေတာ့ မျဖစ္ဘူး။ နဝရတ္က စိတ္ပါရင္ လုပ္တယ္။ စိတ္မပါလို႔ မလုပ္တာ။

အစ္မရဲ႕အေမကလည္း အႏုပ ညာနဲ႔ပတ္သက္ၿပီး ဆုတစ္ဆုရေစခ်င္တယ္ဆိုေတာ့ အဲဒီအတြက္ ဇာတ္ကား႐ိုက္မယ္ဆိုရင္ ဘယ္လိုဇာတ္ကားမ်ိဳး႐ိုက္ဖို႔ ဆႏၵရွိလဲ။

နဝရတ္က မလုပ္ဖူးတာ လည္း မရွိ။ မ႐ိုက္ဖူးတာလည္း မရွိေတာ့ အေမဆုလိုခ်င္တယ္ဆို ရင္ ဆုကို အျပင္က ဝယ္ၿပီး ေပး လိုက္ေတာ့မယ္။ အဲဒါက ပိုတန္ တယ္။ အေမ့ကို ရၿပီဆိုၿပီး လိမ္ ၿပီး ေပးလိုက္မယ္။

ၿပီးခဲ့တဲ့ႏွစ္ကေတာ့ အကယ္ဒမီ ပြဲတက္တာမေတြ႕ဘူး။ ဒါေပမဲ့ ဒီႏွစ္က ၂ ႏွစ္ေပါင္းၿပီး အကယ္ ဒမီေပးမယ္။ အစ္မရဲ႕ကားလည္း အကယ္ဒမီစာရင္းဝင္မွာဆိုေတာ့ ပြဲတက္ျဖစ္မွာလား။

ၿပီးခဲ့တဲ့ ႏွစ္ကေတာ့ စင္ကာ ပူကို ေရာက္ေနလို႔ပါ။ ျပန္လာ မယ္ဆိုၿပီး ဝိုင္းဆြဲထားၾကလို႔ တူမ ေတြနဲ႔ စင္ကာပူေရာက္ေနတာ။ ဒီႏွစ္ကေတာ့ ခရီးမသြားျဖစ္ရင္ တက္မွာပါ။

အႏုပညာအလုပ္ေတြ မလုပ္ ေတာ့ေပမယ့္ အစ္မကို အားေပး ေနတဲ့ ပရိသတ္ေတြ ရွိေသးတာ ဆိုေတာ့ သူတို႔အတြက္ စကား လက္ေဆာင္ေလး ေျပာေပးပါဦး။

၂ ႏွစ္ေလာက္ၾကာၿပီးမွ ၾကည့္ခ်င္တယ္ဆိုတဲ့ ပရိသတ္ အတြက္ ထိုက္ထိုက္တန္တန္နဲ႔ ၾကည့္ခြင့္ရေအာင္ ဒီကားေလးကို ေပးၾကည့္လိုက္တယ္။ အဲဒီအ တြက္ နဝရတ္ကားေလးၾကည့္ရ တာ ေစာင့္ရက်ိဳးနပ္တယ္ဆိုရင္ ေက်နပ္ပါတယ္။ ကိုယ္တာဝန္ ေက်ေက်နဲ႔ ပရိသတ္အတြက္ ႐ိုက္ခဲ့တယ္။ ပရိသတ္ကလည္း လာၾကည့္ၿပီး နဝရတ္ေပးခ်င္တဲ့ မက္ေဆ့ခ်္ရသြားရင္ ေက်နပ္ တယ္။ ။

7day daily
..................................................
င်ငံခြားသွားအလုပ်လုပ်ရင် နဝရတ် ကားကိုကြည့် သူများတိုင်းပြည်ကို အထင်ကြီးပြီး သွားမနေကြနဲ့လို့ပြောပေးရင် ကျေနပ်ပါတယ်’’



ပြည်ပသို့ သွားရောက်အလုပ်လုပ် ကိုင်ကြသည့် မြန်မာနိုင်ငံသားများ ကြုံတွေ့ရသည့် အဖြစ်အပျက် များကို အခြေခံရိုက်ကူးထားသည့် ‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’ ရုပ်ရှင်ဇာတ်ကားကို နေပြည် တော်တွင် စတင်ရုံတင်ပြသနေပြီး အောက်တိုဘာအတွင်း၌ ရန်ကုန် နှင့်မန္တလေးမြို့များတွင် ရုံတင်ပြ သတော့မည်ဖြစ်သည်။ ထို့ ကြောင့် ယင်းဇာတ်ကားကို ကိုယ် တိုင်ထုတ်လုပ်ရိုက်ကူးပါဝင် သရုပ်ဆောင်ထားသည့် နဝရတ် ကို ယင်းဇာတ်ကားအကြောင်းအ ရာများအပါအဝင် အနုပညာလှုပ် ရှားမှုများမလုပ်ဖြစ်တော့သည့်အ ကြောင်းတို့ကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။

‘‘မဟာဆန်တဲ့ မာယာမျက်နှာဖုံး’’ ရိုက်တဲ့အချိန်က မင်းသားအ ပြောင်းအလဲလည်းရှိခဲ့တယ်။ အဲ ဒီအချိန် မလေးရှားမှာလည်း အ လုပ်သမားပြဿနာတွေလည်း ရှိ ခဲ့တာဆိုတော့ ရိုက်ကူးရေးမှာ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

အခက်အခဲ ဘာမှ မရှိခဲ့ဘူး။ အရမ်းအံ့သြဖို့ ကောင်းတယ်။ ဖြစ်လိမ့်မယ်လို့ထင်တာ၊ ကိုယ် ကိုယ်တိုင်က ယုံကြည်ထားတော့ ဘာမှမဖြစ်ခဲ့ဘူး။ ပိုပြီးတောင် အ ဆင်ပြေပြီး မုဒ်လည်းဝင်တယ်။ ပါတဲ့သူတွေအကုန်လုံးကလည်း တစ်သားတည်းကျတယ်။ ပြီး တော့ ဒါရိုက်တာကိုယ်တိုင်အပါ အဝင် မလေးတစ်ဖွဲ့လုံးက မြန် မာတွေကို စောင့်ကြည့်နေတာ။ နောက်တော့ အလုပ်အပေါ် တကယ် စိတ်ပါဝင်စားတာ သိ သွားတော့ ဆက်ဆံတာတွေ ပြောင်းသွားတယ်။ သိသာတယ်။ ရောက်ရောက်ချင်းနဲ့ မတူဘဲ အ ကုန်လုံးက လေးလေးစားစားနဲ့ ဆက်ဆံတယ်။

ပြည်ပဒါရိုက်တာနဲ့ ပြည်ပမှာ သွားရိုက်ရတာဆိုတော့ ဒီကရိုက် ကူးရေးတွေနဲ့ ယှဉ်ရင် ဘယ်လို ကွာခြားမှုတွေ ရှိလဲ။

ဒီမှာက ဘာသံပါပါလွှတ် လိုက်တယ်။ ဟိုမှာက မရဘူး။ ဆယ်ခါဆိုဆယ်ခါ။ အပြင် Noise (ဆူညံသံ)တွေ မရဘူး။ အသံနဲ့ ဆိုင်ရင် အရမ်း Serious ဖြစ် တယ်။ နောက်ပြီး ရိုက်ပြီးရင် သွားကြည့်လိုက် ဆက်ပြီးပြီ။ အဲဒီ လို အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တယ်။

ဒီရုပ်ရှင်မှာ မလေးရှားက အလုပ် ရှင်က အလုပ်သမားတွေအပေါ် ကောင်းတဲ့ပုံစံရိုက်ထားတာက ကော ဇာတ်ညွှန်းအတိုင်းပဲ ရိုက် ဖြစ်တာလား။ အလုပ်ရှင်လည်း မကောင်းတာရှိနိုင်တာဆိုတော့ ဇာတ်ကို ဖြေတဲ့အနေနဲ့ရိုက်ထား တာလား။

အဲဒီလိုပဲ ဖြစ်မယ်ထင် တယ်။ ဒါရိုက်တာကလည်း အင် တာဗျူးမှာဖြေထားတယ်။ တော် တော်ဆိုးတဲ့သူတွေလည်း ရှိ တယ်။ မဆိုးတဲ့လူတွေလည်း ရှိ တယ်။ သူက ကြားကိုရိုက်သွား တာပေါ့။ အလုပ်ရှင်က ဆိုးချင်မှ ဆိုးမယ်။ မန်နေဂျာက ဆိုးတယ်။ သူလည်း သူ့တိုင်းပြည်ကို ကာ ကွယ်ပြီး ရိုက်သွားတာပေါ့။ ကိုယ်ကလည်း ကိုယ့်တိုင်းပြည်အ တွက် သွားရိုက်တာလေ။ ဒါက ကိုယ့်လူမျိုးကို ကာကွယ်ကြတာ ပဲ။

ဒီရုပ်ရှင်က အစ်မရဲ့အနုပညာ သက်တမ်းမှာ မရိုက်ဖူးသေးတဲ့ ပုံစံ၊ နောက်ဆုံးရိုက်ထားတဲ့ကား လည်း ဖြစ်တော့ ဘယ်လိုအမှတ် တရတွေ ရှိမလဲ။

ဒါက သင်ခန်းစာလေ။ မတူ ဘူး။ တခြားကားတွေကတော့ ‘‘ချစ်၊ ကြိုက်၊ ကွဲ၊ ညား’’။ ပညာ ပေးမဟုတ်ဘူး။ ဒါကတော့ အခု လက်ရှိဖြစ်နေတဲ့အပေါ် ပညာ ပေးတဲ့ကား။ အခုခေတ်မှာ ဖြစ် နေတာနဲ့ ကွက်တိဖြစ်တာပေါ့။ အလုပ်သမားတွေ ကိုယ့်နိုင်ငံက နေ သွားတာကို သင်ခန်းစာပေး တဲ့ကား။ သင်ခန်းစာကလည်း အခုလက်ရှိဖြစ်နေတာဆိုတော့ ကွက်တိဖြစ်သွားတာပေါ့။

အစ်မရဲ့ဇာတ်ကားတွေ ရုံမတင် တာလည်း ကြာပြီဆိုတော့ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်ဆီ က ဘာတွေ မျှော်လင့်ထားလဲ။

ဒီကားကို နယ်ကလူတွေ နိုင် ငံခြားသွားအလုပ်လုပ်ရင် နဝရတ် ကားကိုကြည့်၊ သူများတိုင်းပြည် ကို အထင်ကြီးပြီး သွားမနေကြနဲ့ လို့ ပြောပေးရင် ကျေနပ်ပါတယ်။ ကိုယ့်နိုင်ငံက လူတွေ တခြားနိုင်ငံ မှာ ဒုက္ခမရောက်အောင်ပေါ့။ အခုက မြန်မာလေးထောင်ရှိရင် နှစ်ထောင်လောက်က ဒုက္ခ ရောက်နေတာ။ ဒီမှာလည်း ထ မင်းတစ်နပ်တော့ ဘယ်မှာစားစား ရတယ်လေ။ ဟိုမှာက ခြေကျိုး လက်ကျိုးဆိုရင် လုံးဝကို လှည့်မ ကြည့်ဘူး။ နေမကောင်းရင် ဘာ မှ လုပ်လို့မရဘူး။ ဒီမှာက နေမ ကောင်းရင် ထမင်းကျွေးမယ့်လူ ရှိသေးတယ်။ ဟိုမှာက ခြေလက် ကောင်းနေရင်တော့ ကောင်းတာ ပေါ့။ ခြေလက်မကောင်းတော့ဘူး ဆိုင်ရင် လမ်းဘေးလဲနေလည်း လှည့်ကို မကြည့်ဘူး။ အဲဒီလိုဖြစ် တယ်ဆိုတာ သိစေချင်တာ။

ပြီးခဲ့တဲ့ တစ်နှစ်ကျော်က မြန်မာ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ‘တိမ် မင်းသမီးရဲ့ဒဏ္ဍာရီ’ဇာတ်ကားနဲ့ ‘မွေခံထိုက်သူဖြစ်ပါစေ’ဇာတ် ကားတွေမှာ အကယ်ဒမီရမယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် လွဲ ချော်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်မလုပ်တော့တာဆိုတော့ ဘာ ကြောင့် ဆက်မလုပ်ဖြစ်တော့တာလဲ။

ဒီကားတွေကို ရိုက်ပေးတာ ကလည်း အမေ့ရဲ့ဝါသနာ။ သူရဲ့ ဖြစ်စေချင်တာလေးကို လုပ်ပေး နေတာ။ ကိုယ်ကတော့ ဒီလောက် ကြီးဝါသနာပါတာ မဟုတ်ဘူး။ ဒါ ပေမဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇက သွေး သားထဲမှာရှိနေတော့ လုပ်ရင် လုပ်သလို သိတယ်။ နဝရတ်က အိုက်တင်ဆိုလည်း တစ်ခါပဲ လုပ် တယ်။ မျိုးရိုးထဲမှာ အဘွားဒေါ်မေ သစ်တို့လည်း ရှိနေတော့ အမေ က ကျတော့ ဆုတစ်ခုရစေချင် တယ်။ အဲဒီနောက်ပိုင်းတော့ ကိုယ့်သဘောကို လိုက်တယ်။ မရိုက်ချင်တော့လည်း နေ နင့်သ ဘောဆိုတော့ အရင်ကတည်းက အများကြီးမရိုက်ချင်ဘူး။ ပင်ပန်း တယ်။ စိတ်ရော လူရောလေ။ ကိုယ်က မုဒ်ကို အရမ်းထည့်တော့ တာဝန်ကြီးတယ်။ ပေါ့ပေါ့ပါးပါး ရိုက်ခဲ့တာ တစ်ခုမှ မရှိဘူး။ တစ် ကားရိုက်ပြီးပြီဆို မောနေရော။ သူများ သုံးကားလောက်နဲ့ ညီ တယ်။ အဲဒါမျိုးဆိုတော့ ကိုယ် ပင်ပန်းတာ ကိုယ်ပဲသိတယ်လေ။ ပရိသတ်ကိုလည်း မညာချင်ဘူး။ အဲဒါကြောင့် အမေက နားတော့ ဆိုတော့ ပျော်လိုက်တာအရမ်းပဲ။

အနုပညာကနေ အနားယူတဲ့ အ ချိန်မှာကော အပြင်စီးပွားရေးအ နေနဲ့ဘာတွေလုပ်ဖြစ်လဲ။ နောက် ပြီး အနုပညာလောကမှာ နှစ်အ တော်ကြာ ကျင်လည်ခဲ့တာဆို တော့ ပြန်လုပ်ချင်စိတ်ကောမဖြစ် ဘူးလား။

T8 Beauty Salon နဲ့ Spa လုပ်နေတယ်။ အမေကလည်း မေမြို့မှာဆိုတော့ အမေ့ကို အိမ် ဆောက်ပေးတယ်။ နောက်ပြီး Spa ကို ဦးစီးတယ်။ အနုပညာပြန် လုပ်ချင်စိတ်တော့ မဖြစ်ဘူး။ နဝရတ်က စိတ်ပါရင် လုပ်တယ်။ စိတ်မပါလို့ မလုပ်တာ။

အစ်မရဲ့အမေကလည်း အနုပ ညာနဲ့ပတ်သက်ပြီး ဆုတစ်ဆုရစေချင်တယ်ဆိုတော့ အဲဒီအတွက် ဇာတ်ကားရိုက်မယ်ဆိုရင် ဘယ်လိုဇာတ်ကားမျိုးရိုက်ဖို့ ဆန္ဒရှိလဲ။

နဝရတ်က မလုပ်ဖူးတာ လည်း မရှိ။ မရိုက်ဖူးတာလည်း မရှိတော့ အမေဆုလိုချင်တယ်ဆို ရင် ဆုကို အပြင်က ဝယ်ပြီး ပေး လိုက်တော့မယ်။ အဲဒါက ပိုတန် တယ်။ အမေ့ကို ရပြီဆိုပြီး လိမ် ပြီး ပေးလိုက်မယ်။

ပြီးခဲ့တဲ့နှစ်ကတော့ အကယ်ဒမီ ပွဲတက်တာမတွေ့ဘူး။ ဒါပေမဲ့ ဒီနှစ်က ၂ နှစ်ပေါင်းပြီး အကယ် ဒမီပေးမယ်။ အစ်မရဲ့ကားလည်း အကယ်ဒမီစာရင်းဝင်မှာဆိုတော့ ပွဲတက်ဖြစ်မှာလား။

ပြီးခဲ့တဲ့ နှစ်ကတော့ စင်ကာ ပူကို ရောက်နေလို့ပါ။ ပြန်လာ မယ်ဆိုပြီး ဝိုင်းဆွဲထားကြလို့ တူမ တွေနဲ့ စင်ကာပူရောက်နေတာ။ ဒီနှစ်ကတော့ ခရီးမသွားဖြစ်ရင် တက်မှာပါ။

အနုပညာအလုပ်တွေ မလုပ် တော့ပေမယ့် အစ်မကို အားပေး နေတဲ့ ပရိသတ်တွေ ရှိသေးတာ ဆိုတော့ သူတို့အတွက် စကား လက်ဆောင်လေး ပြောပေးပါဦး။

၂ နှစ်လောက်ကြာပြီးမှ ကြည့်ချင်တယ်ဆိုတဲ့ ပရိသတ် အတွက် ထိုက်ထိုက်တန်တန်နဲ့ ကြည့်ခွင့်ရအောင် ဒီကားလေးကို ပေးကြည့်လိုက်တယ်။ အဲဒီအ တွက် နဝရတ်ကားလေးကြည့်ရ တာ စောင့်ရကျိုးနပ်တယ်ဆိုရင် ကျေနပ်ပါတယ်။ ကိုယ်တာဝန် ကျေကျေနဲ့ ပရိသတ်အတွက် ရိုက်ခဲ့တယ်။ ပရိသတ်ကလည်း လာကြည့်ပြီး နဝရတ်ပေးချင်တဲ့ မက်ဆေ့ချ်ရသွားရင် ကျေနပ် တယ်။ ။

7day daily

No comments:

Post a Comment