Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ဆဲလ်ဖီရိုက်နေတုန်း တာ့ခ်ျမဟာပေါ်က ပြုတ်ကျသေဆုံး


 အိန္ဒိယနိုင်ငံတာ့ခ်ျမဟာ အဆောက်အဦးပေါ်မှာ ဆဲလ်ဖီ ဓါတ်ပုံ ရိုက်ယူနေစဉ် ဂျပန်ခရီးသွား တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။ တာ့ခ်ျမဟာရဲ့ ရွိုင်ရယ်ဂိတ်ပေါ် ဆဲလ်ဖီရိုက်နေတုန်း တာ့ခ်ျမဟာရဲ့ ရွိုင်ရယ်ဂိတ်ပေါ်ကနေ ပြုတ်ကျခဲ့တာလို့ မျက်မြင်သက်သေ တစ်ဦးက ဘီဘီစီ ဟင်ဒူသတင်းဌာနကို အတည်ပြု ပြောကြားခဲ့ပါတယ်။ ပြုတ်ကျတဲ့အရိုန်နဲ့ ခေါင်းကိုရိုက်မိလို့ သတိလစ်သွားပြီး ဆေးရုံပေါ်မှာ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဘက်က လဲအတည်ပြုခဲ့ပါတယ်။

၁၇ရာစုခေတ် အဆောက်အဦး တာ့ခ်ျမဟာကို ခရီးသွား တစ်သောင်း နှစ်ထောင်ေ ကျာ်နေ့  စဉ်လာရောက်လည်ပတ်လျက်ရှိပါတယ်။ လတ်တလောနှစ်များအတွင်း ဆဲလ်ဖီပုံရိုက်တာနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုအချို့ ဆက်တိုက်လို ဖြစ်ပွားခဲ့ပါတယ်။ အန္တာရာယ်များတဲ့ အခြေနေတွေမှာ ဆဲလ်ဖီရိုက်တာတွေ သတိထားလုပ်ကြဖို့ ရုရှားအစိုးရကိုယ်တိုင်က ယခုနှစ်အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ရ ပါ တယ် ။

 မေလတုန်းက ရုရှားနိုင်ငံမော်စကိုမြို့ တော်မှာ အသက်၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ခေါင်းကိုသေနတ်ချိန်ပြိးဆဲလ်ဖီရိုက်တုန်းမတော်တဆကျည်ဆံထွက်သွားတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ဖူးပါတယ်။ကံကောင်းလို့ အမျိုးသမီးအသက်မသေခဲ့တာပါ။ သြဂုတ်လတုန်းကလည်း စပိန်နိုင်ငံ ဗာလက်စကာမြို့ နွားရိုင်းပြေးပွဲ တစ်ခုမှာလည်းဆဲလ်ဖီရိုက်နေ တုန်း နွားရိုင်း နောက်ကနေခွေ့ ခံရပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

BBC Burmese
https://www.facebook.com/bbcburmese

No comments:

Post a Comment