Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 15, 2015

အမေရိကန်လေကြောင်း ကုမ္ပဏီတစ်ခုက ခရီးရှည် ပျံသန်းခွင့်မရှိသည့် လေယာဉ်တစ်စင်းကို ဟာဝိုင်အီကျွန်း သို့ မှားယွင်းပို့ဆောင်

American Airlines accidentally sends uncertified Airbus A321S to Hawaii

ဝါရှင်တန် ၊ ၁၅-၉-၂၀၁၅

အမေရိကန်ေ လကြောင်းလိုင်း တစ်ခုဖြစ်သည့် Ameracan Airlines ကုမ္ပဏီသည် ခရီးရှည် ပျံသန်းခွင့် မရှိသည့် လေယာဉ် တစ်စင်းကို ကာလီဖိုးနီးယား ပြည်နယ် ၊ လော့စ်အိန်ဂျလိစ် မြို့မှ ဟာဝိုင်အီ ကျွန်းသို့ မှားယွင်းစွာ ပို့ဆောင် ခဲ့ကြောင်း အဆိုပါ လေကြောင်း ကုမ္ပဏီမှ ပြောရေးဆိုခွင့် ရှိသူ ကေဆီနော်တန် က စက်တင်ဘာ ၁၃ ရက်တွင် ပြောကြား ခဲ့ကြောင်း ABC သတင်းတစ်ရပ် အရ သိရသည်။

Airbus A321S အမျိုးအစား အဆိုပါ လေယာဉ်သည် သမုဒ္ဒရာ ဖြတ်ပျံသန်း မောင်းနှင်ရသည့် ခရီးစဉ်ကို မောင်းနှင်ခွင့် မရှိသည့် လေယာဉ်တစ်စင်း ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါ လေယာဉ်၏ အင်ဂျင်၊ လောင်စာဆီကန် နှင့် အသွင်သဏ္ဍန် တို့မှာ အခြားလေယာဉ် တစ်စင်း ဖြစ်သည့် Airbus A321H နှင့် တူညီ နေသောကြောင့် ယခုကဲ့သို့ မှားယွင်းစွာ စေလွှတ်ခဲ့မိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။

သို့သော် မှားယွင်းစေလွှတ် ခဲ့သည့် အဆိုပါ လေယာဉ်မှာ ဟိုနိုလူလူလေဆိပ် သို့ အန္တရာယ် ကင်းစွာဖြင့် ဆင်းသက် နိုင်ခဲ့ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment