Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 9, 2015

ပေကျင်းမြို့လယ်ကောင်တွင် လမ်းသွား လမ်းလာများကို ဓားဖြင့် တိုက်ခိုက်ခဲ့သူကို ရဲတပ်ဖွဲ့ ပစ်ခတ်ဖမ်းဆီး


ပေကျင်း ၊ ၉-၉-၂၀၁၅

တရုတ်နိုင်ငံ ပေကျင်း မြို့လယ်ကောင်၌ ယမန်နေ့တွင် လမ်းသွား လမ်းလာများကို ဓားဖြင့်တိုက်ခိုက် ခဲ့သူတစ်ဦးကို ပစ်ခတ်ဖမ်းဆီး ခဲ့ရကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက ဖော်ပြခဲ့သည်။

ပစ်ခတ်ဖမ်းဆီးခံ ရသည့် အမျိုးသားမှာ နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်း ပြည်နယ်မှ အသက် ၂၉ နှစ်ရှိပြီး ၄င်း၏ တိုက်ခိုက်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိ ခဲ့သည်ဟု သိရသည်။

သို့သော် ဒဏ်ရာရရှိသူ အရေအတွက် အတိအကျကို အာဏာပိုင် များက ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း၊ အဆိုပါ တိုက်ခိုက်မှု သည် မြို့တော်ရှိ ချောင်ယန်ခရိုင် တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ တိုက်ခိုက်ခဲ့ ရသည့် ရည်ရွယ်ချက်ကို ရဲတပ်ဖွဲ့က စုံစမ်း ဖော်ထုတ်လျက် ရှိသည်။

ယင်းနောက်တွင် အာဏာပိုင် များသည် အဆိုပါ အမျိုးသားနှင့် ဒဏ်ရာရရှိသူ များကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ရဲတပ်ဖွဲ့ ၏ ပြောကြားချက် အရ ယင်းအမျိုးသား၏ ဒဏ်ရာမှာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ တွင် မရှိ ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment