CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, September 27, 2015
နောက်ဆုံးအကြိမ် ထုတ်ပြန်လိုက်သည့် မဲစာရင်းမှားယွင်းမှု သံသယဖြစ်ဖွယ်ကောင်း
မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ မြို့နယ်နှင့် ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်လိုက်သည့် မဲဆန္ဒရှင် စာရင်းမှားယွင်းမှုမှာ သံသယဖြစ်ဖွယ် ကောင်းနေကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟို အလုပ်မှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားလိုက်သည် ။
နေပြည်တော်တွင် စက်တင်ဘာလ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိသည့် Election and Ethnic Conference တွင် ဦးဝင်းထိန်က မဲဆန္ဒရှင် မှားယွင်းမှုနှင့် ပတ်သက်ပြီး ပြောဆိုလိုက်ခြင်း ဖြစ်သည် ။
“မဲစာရင်းဆိုတာ ရိုးရိုးရှင်းရှင်း ဖြစ်ရမှာပါ ။ လွယ်လွယ်ကူကူလည်း ကြည့်ခွင့်ရမှပါ ။ အခုအချိန်ထိ ဘာကြောင့် မှားယွင်းနေသေးတာလဲ ။ နားမလည်ဘူး ။ အမှားတွေ လုပ်နေတယ်လို့ပဲ သံသယ ဝင်စရာဖြစ်နေပါတယ်” ဟု ဦးဝင်းထိန်က ပြောသည် ။
နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြုလုပ်မည့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် နောက်ဆုံးစာရင်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၇ ရက်အထိ ရပ်ကွက်နှင့် ကော်မရှင်ရုံးများတွင် ကြေညာထားပြီး အဆိုပါ စာရင်းများတွင် လည်း အမှားများ များပြားနေကြောင်း မဲဆန္ဒရှင် အသိုင်းအ၀ိုင်းမှ သိရသည် ။
“ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲ တရားမျှတဖို့အတွက် သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု ဦးဝင်းထိန်က ပြောသည် ။
မဲဆန္ဒရှင် နောက်ဆုံးစာရင်း မှားယွင်းမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မဲမပေးရသူ မရှိစေရေး သက်သေခံ လက်မှတ်များကို မကြာမီအချိန်အတွင်း ထုတ်ပေးသွားမည်ဟု ဆိုသည် ။
“မဲစာရင်းမှာ ပြည်သူတွေက သွားကြည့် စရာတောင်မလိုဘူး ။ မဲဆန္ဒရှင်စာရင်းတွေကို စီဒီကူးပေးပြီး ပါတီတွေကို ပို့ပေးပြီးပါပြီ ။ သူတို့က တစ်အိမ်တက်ဆင်း လုပ်ပေးရမှာ ။ အဲ့ဒီလို လုပ်ဆောင်ပြီးရင် မဲမပေးရ မရှိစေရအောင် သက်သေခံလက်မှတ်တွေ ထုတ်ပေးသွားပါ့မယ်” ဟု ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည် ။
ထို့အပြင် အွန်လိုင်းပေါ်တွင် မဲစာရင်း ကြည့်ရှုနိုင်ရေးအတွက် ယခင်ဝက်ဘ်ဆိုက်အစား အသစ်ပြန်လည် ပြင်ဆင်ရန်ရှိကြောင်း ၊ ရေဘေးသင့်ခဲ့သည့် ဒေသအချို့ကိုလည်း မဲစာရင်း ကပ်ထားသည့်ရက်ကို ထပ်မံတိုးမြှင့်လိုက်ပြီ ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
.....................................................................................................
ျမန္မာနိုင်ငံ တစ်ဝန်းလုံးရွိ မြို့နယ်နွင့် ကေ်းရြာမ်ားတြင် နောက္ဆုံးအကြိမ်အျဖစ် ထုတ်ျပန္လိုက်သည့် မဲဆန္ဒရွင် စာရင်းမွားယြင်းမှုမွာ သံသယျဖစ္ဖြယ် ကောင်းနေကြာင်း အမိုးသား ဒီမိုကေရစီအဖြဲ့ခ်ုပ္မွ ဗဟို အလုပ္မှုဆောင်အဖြဲ့ဝင် ဦးဝင်းထိန္ကျေပာကြားလိုက်သည် ။
နျေပည်တော်တြင် စက္တင္ဘာလ ၂၅ ရက္မွ ၂၆ ရက်အထိ က်င်းပလ်က်ရွိသည့် Election and Ethnic Conference တြင် ဦးဝင်းထိန္က မဲဆန္ဒရွင် မွားယြင်းမှုနွင့် ပတ်သက်ျပီးျေပာဆိုလိုက်ျခင်ျးဖစ်သည် ။
“မဲစာရင်းဆိုတာ ရိုးရိုးရွင်းရွင်ျးဖစ်ရမွာပါ ။ လြယ္လြယ္ကူကူလည်း ကြည့်ခြင့်ရမွပါ ။ အခုအခိန္ထိ ဘာကြောင့် မွားယြင်းနေသးတာလဲ ။ နားမလည္ဘူး ။ အမွားတြေ လုပ်နေတယ္လို့ပဲ သံသယ ဝင္စရျာဖစ်နေပါတယ်” ဟု ဦးဝင်းထိန္ကျေပာသည် ။
နိုဝင္ဘာလ ၈ ရက္တြင် က်င်းပျပုလုပ္မည့် ၂၀၁၅ ခုနွစ် အေထြေထြ ရြေးကောက္ပြဲအတြက် မဲဆန္ဒရွင် နောက္ဆုံးစာရင်းကို စက္တင္ဘာ ၁၄ ရက္မွ ၂၇ ရက်အထိ ရပ္ကြက်နွင့် က္မောရွင်ရုံးမ်ားတြင် ကြေညာထားပြီး အဆိုပါ စာရင်းမ်ားတြင် လည်း အမွားမ်ား မ်ာျးပားနေကြာင်း မဲဆန္ဒရွင် အသိုင်းအ၀ိုင်းမွ သိရသည် ။
“က်ြန်တ္တောို့ကေတာ့ ရြေးကောက္ပြဲ တရားမ်ွတဖို့အတြက် သက္ဆိုင်ရာ အာဏာပိုင်တြေနဲ့အတူ ပူးပေါင်း ဆောင်ြရက်ြသားမွာပါ” ဟု ဦးဝင်းထိန္ကျေပာသည် ။
မဲဆန္ဒရွင် နောက္ဆုံးစာရင်း မွားယြင်းမှုနွင့် ပတ်သက်ပြီျးပည်ထောင္စု ရြေးကောက္ပြဲ က္မောရွင္က မဲမေပးရသူ မရွိစေရး သက်သေခံ လက္မွတ္မ်ားကို မကြာမီအခိန်အတြင်း ထုတ်ပေးသြားမည်ဟု ဆိုသည် ။
“မဲစာရင်းမျွာပည်သူတြေက သြားကြည့် စရာတောင္မလိုဘူး ။ မဲဆန္ဒရွင္စာရင်းတြေကို စီဒီကူးပေးပြီး ပါတီတြေကို ပို့ပေးပြီးပါပြီ ။ သူတို့က တစ်အိမ္တက္ဆင်း လုပ်ပေးရမွာ ။ အဲ့ဒီလို လုပ်ဆောင်ပြီးရင် မဲမေပးရ မရွိစေရေအာင် သက်သေခံလက္မွတ်တြေ ထုတ်ပေးသြားပါ့မယ်” ဟု က္မောရွင်ဥက္ကဋ္ဌ ဦးတင်အေးကျေပာသည် ။
ထို့အျပင် အြန္လိုင်းပေါ်တြင် မဲစာရင်း ကြည့်ရှုနိုင်ရေးအတြက် ယခင်ဝက္ဘ္ဆိုက်အစား အသစ်ျပန္လည်ျပင္ဆင်ရန်ရွိကြောင်း ၊ ရေဘးသင့်ခဲ့သည့် ဒေသအခို့ကိုလည်း မဲစာရင်း ကပ္ထားသည့်ရက္ကို ထပ္မံတိုျးမွင့်လိုက်ပျြီဖစ်ကြောင်း ရြေးကောက္ပြဲ က္မောရွင္ထံမွ သိရသည်။
MMK
The Ladies News Journal
https://www.facebook.com/News.TheLadies
နောက်ဆုံးအကြိမ် ထုတ်ပြန်လိုက်သည့် မဲစာရင်းမှားယွင်းမှု သံသယဖြစ်ဖွယ်ကောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
September 27, 2015
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment