Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

ချိုင်းမည်းခြင်းကနေ ကင်းဝေးစေမယ့် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးများ




ချိုင်းကြား မည်းနေတာဟာ အကျီင်္အတိုအပြတ်တွေ ဝတ်ဆင်ဖို့ အဟန့်အတားတစ်ခုဖြစ်သလို စိတ်အနှောင့်အယှက်ဖြစ်စရာလည်း ကောင်းပါတယ်။ ချိုင်းကြား ပိုမိုဖြူဝင်းလာစေမယ့် လွယ်ကူတဲ့ နည်းလမ်းတချို့ ဖော်ပြပေးလိုက်ပါတယ်။
နနွင်း
 နူးညံ့တဲ့ လိမ်းဆေး ထမင်းစားဇွန်း (၂) ဇွန်းထဲ နနွင်း လက်တစ်ဆစ်စာ ရောထည့်ပါ။ သေချာစွာရောသမမွှေပြီး ချိုင်းကြားကို လိမ်းပါ။ အသားရေ ဝင်းပစေရုံတင်မက အနံ့အသက်ဆိုးကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။
ပန်းသီး
ကြိတ်ခြေထားတဲ့ ပန်းသီးနဲ့ ချိုင်းကြားကို နေ့စဉ် ပွတ်ပေးပါက အမည်းစက်များနဲ့ အနံ့ဆိုးနဲ့  ကင်းဝေးစေနိုင်ပါတယ်။ ပန်းသီးမှာ ချိုင်းကိုမည်းစေတဲ့ ရောဂါပိုးတွေနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
အုန်းဆီ
အုန်းဆီဆိုတာ အလှအပအတွက် ဘက်စုံသုံး ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီဆေးနည်းမှာ တဖြည်းဖြည်း ဝင်းပလာစေမယ့် ဖြစ်စဉ်တစ်ခုပါဝင်နေတယ်။ ရေမချိုးခင်လေး ချိုင်းအောက်ကို အုန်းဆီနဲ့ ၁၀ မိနစ် ကနေ ၁၅ မိနစ်ခန့် နှိပ်နယ်ပေးရမှာဖြစ်ပါတယ်။
သံပုယိုသီး
သံပုယိုသီးကို သဘာဝ အသားအရေဖြူစေတဲ့ဆေးနည်းအဖြစ် လူသိများပါတယ်။  ချိုင်းကြားကို သံပုယိုသီးနဲ့ ပွတ်သပ်ပေးပါက အသားအရေကို ဖြူသွားစေပါတယ်။ ချိုင်းကို ရေဖြင့်ဆေးပြီးလို့ရှိရင် အလှဆီလိမ်းပေးဖို့ မမေ့ပါနဲ့။ သံပုရာသီးဟာ ချိုင်းကြား အနံ့ဆိုးဖယ်ရှားပေးမယ့် ပိုးမွှားကင်းရှင်းစေတဲ့ဆေးကောင်းလည်း ဖြစ်တယ်။
နို့
နို့ကို အသားအရေဝင်းပခြင်းအတွက် အလွန်ထိရောက်ပါတယ်။ နို့မှာ အသားအရေ တောက်ပကျန်းမာစေတဲ့ ဗီတာမင်နဲ့ အဆီအက်ဆစ် တချို့ပါဝင်တယ်။ ချိုင်းကြားကို တစ်နေ့တစ်ခါ နို့အနည်းငယ် လိမ်းသုတ်ပြီး ၁၅ မိနစ်ခန့် ထားပေးပါ။
သခွားသီး
အချပ်လိုက် လှီးထားတဲ့ သခွားသီးတွေနဲ့ ပွတ်ပေးခြင်းဖြင့် ချိုင်းကြားကို ဖြူဝင်းစေပါတယ်။ သင့်အသားရေကို ဖြူဝင်းလို့ စိုပြေလာမှာဖြစ်ပါတယ်။ 
Ref: TOI
http://www.trend.com.mm/2015/09/15/beauty-7657

No comments:

Post a Comment