Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

စြန္႔သူႏွင့္ စားသူမ်ား

ဗိုလ္ခ်ဳပ္ႏွစ္ ၁၀၀ ျပည့္အတြက္ စာေတြလိုက္ဖတ္ေတာ့ ႐ိုးသားတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ ပိုက္ဆံအိတ္ထဲမွာ တစ္ျပားမွ မရွိဘဲ ေနထိုင္သြားတာကို ေတြ႔ရတယ္။

တစ္ေန႔ ဗိုလ္ခ်ဳပ္က ဗိုက္ဆာေတာ့ သူ႔နားမွာ အၿမဲရွိေနတဲ့ ဗိုလ္ထြန္းလွကို ဗိုက္ဆာလိုက္တာကြာ လို႔ေျပာ သတဲ့။ ဗိုလ္ထြန္းလွကလည္း ဗိုလ္ခ်ဳပ္ဘာစားခ်င္သလဲဆိုေတာ့ ဗိုလ္ခ်ဳပ္က "ငါ ပလာတာ စားခ်င္တယ္ကြာ" လို႔ ေျပာသတဲ့။

ဒီေတာ့ ဗိုလ္ထြန္းလွလည္း ဗိုလ္ခ်ဳပ္ကို မဂိုလမ္း (ယခု ေရႊဘံုသာလမ္း) ကိုေခၚလာၿပီး သူတို႔ ေက်ာင္းသား ဘဝက စားေနက် ပလာတာဆိုင္မွာ ပလာတာ မွာေကၽြးတယ္။ ဗိုလ္ခ်ဳပ္က ဆာေနတာနဲ႔ ဆိတ္သားခပတ္ပါ စားခ်င္တယ္ေျပာေတာ့ ဗိုလ္ထြန္းလွလည္း ဆိတ္သားခပတ္ပါ မွာေပးလိုက္ရတယ္။

အိတ္ထဲမွာ ပိုက္ဆံပါတာကနည္းနည္း။ ဗိုလ္ခ်ဳပ္ကို တစ္ေယာက္ထဲစာ မွာေပးၿပီး သူမစားဘဲထုိင္ေနရင္ ဗိုလ္ခ်ဳပ္က စားမွာ မဟုတ္ဘူးဆိုတာကို ဗိုလ္ထြန္းလွသိတယ္။ ဒါေၾကာင့္ မေယာင္မလည္နဲ႔ ထသြားၿပီး ဆိုင္ရွင္ ကုလားဆီကို ဟိုမွာထိုင္ေနတဲ့သူကို သိလားလို႔ ေမးလိုက္ေတာ့ ကုလားက သိတယ္လို႔ ျပန္ေျပာတယ္။ ဗိုလ္ထြန္းလွကလည္း သူ႔မွာ ပိုက္ဆံမပါလို႔ မနက္ျဖန္မွ လာေပးပါ့မယ္ဆိုတဲ့ အေၾကာင္း၊ ဗိုလ္ခ်ဳပ္ေမးရင္ ရွင္းၿပီးၿပီဆိုတဲ့ အေၾကာင္း ကုလားကိုေျပာခိုင္းၿပီး ပလာတာနဲ႔ ဆိတ္သားခပတ္ထိုင္စားေနတယ္။

ဗိုလ္ခ်ဳပ္ ဆာဆာနဲ႔ အားရပါးရ စားေနတာကို ဗိုလ္ထြန္းလွကၾကည့္ေနမိတယ္။ အားလံုး စားၿပီးေတာ့ ဗိုလ္ခ်ဳပ္က ဗိုလ္ထြန္းလွကို ပိုက္ဆံရွင္းလိုက္ေလကြာလို႔ ေျပာပါတယ္။ ဆိုင္ရွင္ကုလားကလာၿပီး ခုနက ရွင္းသြားၿပီၿပီလို႔ ေျပာပါတယ္။ ဗိုလ္ထြန္းလွလည္း ေနာက္တစ္ေန႔မွ ပလာတာဆိုင္ကို ပိုက္ဆံသြားရွင္းေပးရ တယ္ဆိုတဲ့ စာကိုဖတ္ၿပီး ကၽြန္ေတာ္ အရမ္းစိတ္မေကာင္းျဖစ္မိတယ္။

သူ အသက္ရွင္ေနသမွ် ကာလပတ္လံုး ပိုက္ဆံဆိုတာ ဘာမွန္းမသိဘဲ ဒီအတိုင္းျဖစ္သလိုေနၿပီး တိုင္းျပည္နဲ႔ လူမ်ိဳးအတြက္ အသက္စြန္႔သြားရတဲ့ ဗိုလ္ခ်ဳပ္။ ပလာတာဖိုးေတာင္ မရွင္းႏိုင္တဲ့ ဗိုလ္ခ်ဳပ္။ ဗိုက္ဆာတာကို အာဏာနဲ႔ သြားဝယ္မခိုင္းတာေတြ၊ ငါဗိုလ္ခ်ဳပ္ဆိုၿပီး ႏိုင့္ထက္စီးနင္း မလုပ္တာေတြကို ဖတ္ရေလ တစ္ခ်ိန္က ဗိုလ္ခ်ဳပ္ကိုေတြးၿပီး ဝမ္းနည္းေလျဖစ္မိတယ္။

ေခတ္သစ္ဗိုလ္ခ်ဳပ္ေတြကေတာ့ ပလာတာ မေျပာနဲ႔ ပလာဇာႀကီးတစ္ခုလံုးကိုေတာင္ ဝယ္ႏိုင္တဲ့ အေနအထား။ တိုက္ေကာင္းေကာင္း၊ ၿခံေကာင္းေကာင္း၊ ကားေကာင္းေကာင္းေတြစီးၿပီး ေမာက္မာစြာ ေနထိုင္ႏိုင္ၾကတဲ့ အေနအထား။

မစားဘဲစြန္႔သြားသူေတြကို အားမနာ၊ မ်က္ႏွာမေထာက္၊ မစြန္႔ဘဲ စားေနၾကတဲ့ သူေတြ ျမန္မာျပည္မွာ ဂုဏ္ေမာက္ေနၾကတာကိုၾကည့္ၿပီးေတာ့ ဗိုလ္ခ်ဳပ္ (ေအာင္ဆန္း) အတြက္ စိတ္မေကာင္းျဖစ္မိတယ္။

၄.၁.၂၀၁၅
Credit: Sayar U Tin Nyunt
........................................................
စွန့်သူနှင့် စားသူများ


ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်အတွက် စာတွေလိုက်ဖတ်တော့ ရိုးသားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ပိုက်ဆံအိတ်ထဲမှာ တစ်ပြားမှ မရှိဘဲ နေထိုင်သွားတာကို တွေ့ရတယ်။

တစ်နေ့ ဗိုလ်ချုပ်က ဗိုက်ဆာတော့ သူ့နားမှာ အမြဲရှိနေတဲ့ ဗိုလ်ထွန်းလှကို ဗိုက်ဆာလိုက်တာကွာ လို့ပြော သတဲ့။ ဗိုလ်ထွန်းလှကလည်း ဗိုလ်ချုပ်ဘာစားချင်သလဲဆိုတော့ ဗိုလ်ချုပ်က "ငါ ပလာတာ စားချင်တယ်ကွာ" လို့ ပြောသတဲ့။

ဒီတော့ ဗိုလ်ထွန်းလှလည်း ဗိုလ်ချုပ်ကို မဂိုလမ်း (ယခု ရွှေဘုံသာလမ်း) ကိုခေါ်လာပြီး သူတို့ ကျောင်းသား ဘဝက စားနေကျ ပလာတာဆိုင်မှာ ပလာတာ မှာကျွေးတယ်။ ဗိုလ်ချုပ်က ဆာနေတာနဲ့ ဆိတ်သားခပတ်ပါ စားချင်တယ်ပြောတော့ ဗိုလ်ထွန်းလှလည်း ဆိတ်သားခပတ်ပါ မှာပေးလိုက်ရတယ်။

အိတ်ထဲမှာ ပိုက်ဆံပါတာကနည်းနည်း။ ဗိုလ်ချုပ်ကို တစ်ယောက်ထဲစာ မှာပေးပြီး သူမစားဘဲထိုင်နေရင် ဗိုလ်ချုပ်က စားမှာ မဟုတ်ဘူးဆိုတာကို ဗိုလ်ထွန်းလှသိတယ်။ ဒါကြောင့် မယောင်မလည်နဲ့ ထသွားပြီး ဆိုင်ရှင် ကုလားဆီကို ဟိုမှာထိုင်နေတဲ့သူကို သိလားလို့ မေးလိုက်တော့ ကုလားက သိတယ်လို့ ပြန်ပြောတယ်။ ဗိုလ်ထွန်းလှကလည်း သူ့မှာ ပိုက်ဆံမပါလို့ မနက်ဖြန်မှ လာပေးပါ့မယ်ဆိုတဲ့ အကြောင်း၊ ဗိုလ်ချုပ်မေးရင် ရှင်းပြီးပြီဆိုတဲ့ အကြောင်း ကုလားကိုပြောခိုင်းပြီး ပလာတာနဲ့ ဆိတ်သားခပတ်ထိုင်စားနေတယ်။

ဗိုလ်ချုပ် ဆာဆာနဲ့ အားရပါးရ စားနေတာကို ဗိုလ်ထွန်းလှကကြည့်နေမိတယ်။ အားလုံး စားပြီးတော့ ဗိုလ်ချုပ်က ဗိုလ်ထွန်းလှကို ပိုက်ဆံရှင်းလိုက်လေကွာလို့ ပြောပါတယ်။ ဆိုင်ရှင်ကုလားကလာပြီး ခုနက ရှင်းသွားပြီပြီလို့ ပြောပါတယ်။ ဗိုလ်ထွန်းလှလည်း နောက်တစ်နေ့မှ ပလာတာဆိုင်ကို ပိုက်ဆံသွားရှင်းပေးရ တယ်ဆိုတဲ့ စာကိုဖတ်ပြီး ကျွန်တော် အရမ်းစိတ်မကောင်းဖြစ်မိတယ်။

သူ အသက်ရှင်နေသမျှ ကာလပတ်လုံး ပိုက်ဆံဆိုတာ ဘာမှန်းမသိဘဲ ဒီအတိုင်းဖြစ်သလိုနေပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်သွားရတဲ့ ဗိုလ်ချုပ်။ ပလာတာဖိုးတောင် မရှင်းနိုင်တဲ့ ဗိုလ်ချုပ်။ ဗိုက်ဆာတာကို အာဏာနဲ့ သွားဝယ်မခိုင်းတာတွေ၊ ငါဗိုလ်ချုပ်ဆိုပြီး နိုင့်ထက်စီးနင်း မလုပ်တာတွေကို ဖတ်ရလေ တစ်ချိန်က ဗိုလ်ချုပ်ကိုတွေးပြီး ဝမ်းနည်းလေဖြစ်မိတယ်။

ခေတ်သစ်ဗိုလ်ချုပ်တွေကတော့ ပလာတာ မပြောနဲ့ ပလာဇာကြီးတစ်ခုလုံးကိုတောင် ဝယ်နိုင်တဲ့ အနေအထား။ တိုက်ကောင်းကောင်း၊ ခြံကောင်းကောင်း၊ ကားကောင်းကောင်းတွေစီးပြီး မောက်မာစွာ နေထိုင်နိုင်ကြတဲ့ အနေအထား။

မစားဘဲစွန့်သွားသူတွေကို အားမနာ၊ မျက်နှာမထောက်၊ မစွန့်ဘဲ စားနေကြတဲ့ သူတွေ မြန်မာပြည်မှာ ဂုဏ်မောက်နေကြတာကိုကြည့်ပြီးတော့ ဗိုလ်ချုပ် (အောင်ဆန်း) အတွက် စိတ်မကောင်းဖြစ်မိတယ်။

၄.၁.၂၀၁၅
Credit: Sayar U Tin Nyunt

No comments:

Post a Comment