Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

မဲစာရင္း ၃၀ ရာခိုင္ႏႈန္းပဲ မွန္မယ္ဆုိရင္ ေရြးေကာက္ပြဲ လုပ္မေနနဲ႔ေတာ့လို႔ ေက်ာ္သူေျပာ

မဲစာရင္း မွားယြင္းမႈမ်ားအတြက္ ေဝဖန္မႈမ်ား ထြက္ေပၚေနရာ မဲစာရင္း သြားေရာက္ ၾကည့္႐ႈ႕ၾကရန္ အႏုပညာရွင္မ်ားကပါ တိုက္တိုက္တြန္းတြန္း လႈံ႕ေဆာ္ေနရသည့္ အေျခအေနျဖစ္ေပၚေနသည္။ ထိုအထဲတြင္ ေရြးေကာက္ပြဲ ေကာ္မရွင္ကလည္း မဲစာရင္း ၃၀ ရာခိုင္ႏႈန္းသာ မွန္ႏုိင္မည္ဟု ေျပာဆုိထားရာ ထိုစကားသည္ သံသယမ်ားကို ျဖစ္ေပၚေစၿပီး မဲစာရင္း ၃၀ ရာခိုင္ႏႈန္းသာ မွန္မည္ဆိုပါက ေရြးေကာက္ပြဲ လုပ္ရန္မသင့္ဟု ေက်ာ္သူကဆိုသည္။

ေရြးေကာက္ပြဲ မဲစာရင္းမွားယြင္းမႈမ်ားအေပၚ အျမင္၊ မဲစာရင္း မွားယြင္းမႈမ်ားမွ ထြက္ေပၚလာမည့္ ရလဒ္အေျခအေန၊ ေရြးေကာက္ပြဲဝင္မည့္ ကိုယ္စားလွယ္ေလာင္းမ်ားအေပၚ တိုက္တြန္းခ်က္၊ မဲေပးၾကမည့္ မဲဆႏၵရွင္မ်ားအေပၚ အႀကံျပဳခ်က္မ်ား စသည္တို႔ကို မဇၩိမက ေမးျမန္းခဲ့သည္။

ပါတီေတြကလဲ မဲဆြယ္စည္း႐ံုးေနၾကၿပီ ေနာက္မဲဆႏၵရွင္စာရင္းေတြလည္း ထုတ္ျပန္ထားတာ ေတြ႕ၿပီရရွိၿပီ။ မဲဆႏၵရွင္ စာရင္းေတြကိုၾကည့္တဲ့အခါမွာ ေတာ္ေတာ္မ်ားမ်ား လြဲေနတာေတြ႕တယ္။ ဦးေက်ာ္သူတို႔လို အနုပညာရွင္ေတြ အေနနဲ႔လည္း မဲစာရင္းေတြကို သြားၾကည့္ၾကပါ မဲစာရင္း မွန္လား လာတိုက္ၾကပါ။ ဒီလုိမ်ိဳး တိုက္တိုက္တြန္းတြန္း လုပ္ေနရတဲ့့ အေနထားရွိၿပီးေတာ့ မဲစာရင္းကလည္း ေတာ္ေတာ္ မွားယြင္းေနတယ္ဆိုေတာ့ လာမယ့္ ၂၀၁၅ ေရြးေကာက္ပြဲကို မဲစာရင္းမွား ယြင္းမႈေတြက ဆိုးက်ိဳး ျဖစ္ေစမလဲ ခင္ဗ်။

မွားယြင္းတယ္ ဆိုကတည္းဆိုက လြဲေနၿပီေပါ့။ ေရြးေကာက္ပြဲအတြက္ ႏိုင္ငံတကာက ခ်မွတ္ေပးထားတဲ့ ဘတ္ဂ်က္ကလည္း အမ်ားႀကီးပဲ အဲေတာ့ ဒီဘတ္ဂ်က္ေတြက ဘယ္ေနရာမွာ ဘယ္လိုသံုးလဲ။ ဒါလည္း ပြင့္ပြင့္လင္းလင္း ခ်ျပဖို႔သင့္တယ္။ ဒီႏိုင္ငံတကာက ေထာက္ပ့ံတဲ့ ေငြေတြကိုလည္း ေသခ်ာ စာရင္းအင္းနဲ႔ ေသခ်ာ တင္ျပသင့္တယ္။ ေထာက္ပ့ံလိုက္တဲ့ ႏိုင္ငံေတြကလဲ ဒါေတြကို ေတာင္းဆို သင့္တယ္။ ဒါမွလဲ ဒီလို မွန္မွန္ကန္ကန္ သံုးထားလ်က္နဲ႔ ဘာျဖစ္လို႔ လြဲမွားမႈေတြ ျဖစ္ေနတာလဲ။

ေရြးေကာက္ပြဲဆိုတာ အရင္ေခတ္ေတြကတည္းက လုပ္ခဲ့တာပဲ မဆလ ေခတ္တုန္းကလဲ လုပ္ခဲ့တာပဲ။ မဲ႐ံုကိုသြားၾကစို႔ ဆိုတာ ကၽြန္ေတာ္တို႔ ငယ္္ငယ္ေလးကတည္းက ဒီသီခ်င္းေတြနဲ႔ လုပ္ခဲ့တာပဲ။ ဒါဟာ အေတြ႕ႀကံဳရွိၿပီးသား ကိစၥကို မွားတယ္ဆိုတာေတာ့ သိပ္ၿပီးအဓိပၸာယ္မရွိတဲ့ ကိစၥေတြ။

အဲေတာ့ ဒီအရာဟာ အမွား သံသရာထဲမွာလည္ေနတဲ့ အတြက္ ျပည္သူလူထုေတြကလဲ ဒါေတြက ကိုယ္ေတြန႔ဲ မဆိုင္ဘူးလို႔ ဒီလိုခံယူခ်က္ေတြ ျဖစ္သြားတဲ့အတြက္ ဒါဟာ ခုလို အႏုပညာရွင္ေတြကပါ အားလံုးက ၀ိုင္းၿပီးေတာ့ ဒီလံႈေဆာ္ေရးေတြ လုပ္ေနရတဲ့ အပိုင္းျဖစ္တယ္။

အမွန္မွာေတာ့ ဒါဟာေရြးေကာက္ပြဲ လုပ္တယ္ဆိုတာ ဒီမိုကေရစီ ႏိုင္ငံတိုင္းမွာကေတာ့ ႐ိုးေနၿပီ။ ငါးႏွစ္ တစ္ႀကိမ္လုပ္တယ္ လုပ္တဲ့အခ်ိန္မွာ ဘယ္သူကို မဲေပးရမယ္ ဆိုတာ ျပည္သူျပည္သားေတြက ဘယ္သူေတြက ငါတို႔ႏိုင္ငံအတြက္ ပိုၿပီးေတာ့ အသံုးက်တယ္။ ဘယ္သူကပုိၿပီးေတာ့ လုပ္ေပးႏိုင္တယ္ ဒါကို သူတို႔က ကိုယ္ပိုင္ဆံုးျဖတ္ခ်က္နဲ႔ လုပ္ေပးေနရတဲ့ပြဲ။ သူတို႔တြက္ကေတာ့ အထူးဆန္း မဟုတ္ေတာ့ဘူး။

ျမန္မာႏိုင္ငံမွာက ဒီလိုလြဲမွားမႈေတြကေတာ့ မျဖစ္သင့္ေတာ့ဘူး။ ဒါ အမွန္မွာကေတာ့ မုသာ၀ါဒဆိုတာ ဒါဘုရားလည္း ႀကိဳက္တာ မဟုတ္ဘူး။ ဗုဒၶဘာသာ ျမန္မာႏိုင္ငံမွာ ဒီလိုလြဲမွားမႈေတြ လိမ္လည္မႈေတြ ေပၚေပါက္တာေတြကေတာ့ ဒါမေကာင္းတဲ့ အလားလာပဲ။

ေရြးေကာက္ပြဲ ေကာ္မရွင္ကလဲ ေျပာထားတယ္ ၃၀% ပဲ မွန္ႏိုင္မယ္။ ၃၀% ပဲ မွန္ႏိုင္မယ္ဆိုတာ ဒီထက္လည္း မွားတဲ့ ရာခိုင္ႏႈန္းက ျမင့္ေကာင္း ျမင့္မယ္။ ဆိုတဲ့ခါက်ေတာ့ တာ၀န္ခံမႈ တာ၀န္ယူမႈ အေနနဲ႔က်ေတာ့ ဦးေက်ာ္သူ ဘယ္လိုေျပာခ်င္လဲ ခင္ဗ်။

အဲဒါကေတာ့ ေျပာတဲ့သူက ကိုယ့္ကိုကိုယ္ အသိဆံုးေပါ့ေလ။ သူအမွန္အတိုင္း သတၱိရွိရွိနဲ႔ ၀န္ခံရဲတယ္လို႔ ဒါေျပာရင္လည္း ေျပာရမယ္။ ဒီဟာ မမွန္မကန္နဲ႔ တကယ့္ကို လိမ္လည္ၿပီးေတာ့ လုပ္တယ္ဆိုတာသူတို႔ ေျပာရင္လည္း ေျပာလို႔ရတယ္။ မင္းတုိ႔ လုပ္ခ်င္တာလုပ္ ငါတို႔ကေတာ့ ၃၀% ဘဲမွန္တယ္ အဲဒါကို ေရွ႕ဆက္မွားအံုးမယ္ဆုိတဲ့ အေနထားမ်ိဳး ေျပာတာလဲ ျဖစ္ရင္လည္းျဖစ္မွာပဲ။

အဲေတာ့ ဒါကိုယ့္ကိုကိုယ္ အသိဆံုးပါ အမွန္မွာေတာ့ ဘာပဲျဖစ္ျဖစ္ ေကာ္မတီအဖြဲ႕ဆိုတာ တကယ္ မွန္မွန္ကန္ကန္လုပ္မွ မွန္မွန္ကန္ကန္ အေျဖထြက္မွာ။ အမွန္မကန္ လုပ္ေနရင္ေတာ့ ဒါခုကတည္းက ၃၀% ဘဲ မွန္ကန္မႈ ရွိတယ္ဆိုကတည္းက ဒီေရြးေကာက္ပြဲ ဘာလို႔ လုပ္ေနလဲ လုပ္မေနနဲ႔ေတာ့ေပါ့။ ေရြးေကာက္ပြဲ လုပ္မယ္ဆိုလဲ မွန္ကန္မႈ ၇၅% ေလာက္ပဲ အာမခံခ်က္ရွိတယ္ဆိုရင္ ဒါဆို ေတာ္ေသးတာေပါ့ ၃၀% ဘဲ မွန္တယ္လို႔ အာမခံခ်က္ ေျပာလိုက္တာကေတာ့ ဒါကိုယ့္ေပါင္ကို လွန္ေထာင္းတာပဲ။

ကၽြန္ေတာ္တို႔ ေလ့လာမိသေလာက္ကေတာ့ ဒါထက္မ်ားႏိုင္မယ္ အဲဒီေတာ့ ဒီမွားယြင္းမႈေတြက ေရြးေကာက္ပြဲကို ဘယ္လို အေႏွာက္ယွက္ ျဖစ္ႏိုင္မလဲ။

ႏိုင္ငံေရးနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္က ေသခ်ာသိတာ မဟုတ္ဘူး။ ေရြးေကာက္ပြဲကို ေစာင့္ၾကည့္ေနတဲ့ ဒီႏိုင္ငံတကာ အဖြဲ႕စည္းေတြနဲ႔ အေျခေနကိုု သံုးသပ္လို႔ရၿပီေပါ့။ ဒီအရာ မွန္ကန္တဲ့ ေရြးေကာက္ပြဲ ျဖစ္မွာလား မျဖစ္ဘူးလားဆိုတာ ခုကတည္းက အေျဖကေတာ့ ထြက္ေနၿပီ။ ထြက္ေနၿပီဆိုေတာ့ ဒါကေတာ့ ကၽြန္ေတာ္တို႔က သိပ္လည္း ေျပာလည္း မေျပာတတ္ဘူး။

ဥပေဒဆိုတာလဲ ကၽြန္ေတာ္တို႔ ႏိုင္ငံအေနနဲ႔ တစ္သတ္မွတ္တည္း ခ်ထားတာ မဟုတ္တဲ့အတြက္ ကၽြန္ေတာ္ခုက ဘာမွ မေျပာတတ္ဘူး။ မွန္ကန္မႈျဖစ္ေအာင္ ေစာင့္ၾကည့္ေရး အဖြဲ႕စည္းေတြ ဒါကို ေထာက္ျပဖို႔ပဲ အေရးႀကီးတယ္။ ဒါဟာ ႏိုင္ငံတကာ ဒီမိုကေရစီ ႏိုင္ငံေတြကေနၿပီးေတာ့ ဒီလို ဒီမိုကေရစီႏိုင္ငံ အျဖစ္ကူးေျပာင္းတဲ့ ျမန္မာႏိုင္ငံအေနထားကို ဘယ္လိုျဖစ္ေနတယ္ဆိုတာာ သူတို႔လဲ မွန္မွန္ကန္ကန္သိမယ္ မမွန္ကန္မႈေတြကို မွန္မွန္ကန္ကန္နဲ႔ သိဖို႔ အေရးႀကီးတာပဲ။ မမွန္ကန္တာကို ေစာင့္ၾကည့္ေရးအဖြဲ႔ကလည္း မမွန္မကန္ ၾကည့္ရင္ေတာ့ ဒါဟာ ပိုဆိုးကုန္မွာပဲ။

မဲစာရင္းကို ထုတ္ျပန္တဲ့ အခါမွာ ဒီ ၁၈ႀကိမ္ေတာင္ျပင္ၿပီးၿပီ ဒါေပမယ့္ ခုခ်ိန္ထိ မွားေနတုန္းပဲလို႔ သိရတယ္။ ဦးေက်ာ္သူတို႔ မိသားစုအေနႏွင့္ ဒီလိုမ်ိဳး မွားယြင္းတာ ႀကံဳခဲ့ဖူးလာ အခုေရာ မွားေနေသးလား။

ကၽြန္ေတာ္တို႔ ပထမတစ္ႀကိမ္ လုပ္တုန္းက သြားေမးတယ္။ ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္ မရမ္းကုန္းၿမိဳ႕နယ္ ေက်ာ္သူ ဦးေက်ာ္သူတို႔ မပါဘူးတဲ့။ မပါဘူးဆို သူက ေပါ့ေပါ့ေလး ေျပာလိုက္တာ ဒီ႐ံုး၀န္ထမ္းက ေက်ာ္သူဆိုတဲ့ နာမည္မပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ့္နာမည္ မွတ္ပံုတင္ နာမည္က ေက်ာ္၀င္း အဲဆိုပါတယ္ဆိုၿပီး ၾကည့္ေတာ့ လိပ္စာက မွားေနတယ္။ လိပ္စာမွားေနတဲ့ အတြက္ ကၽြန္ေတာ္တို႔က ျပန္ေျပာရတယ္။ ႏို႔မိုဆို ေနရပ္လိပ္စာ မရွိတဲ့ လူလိုျဖစ္ေနၿပီ။

အဲေတာ့ ျမန္မာႏိုင္ငံမွာေနၿပီးေတာ့ ကိုယ္လိပ္စာကိုယ္ မွန္မွန္ကန္ကန္မရွိတဲ့ အတြက္ ဒါမ်ိဳးေတြေတာ့ ခံစားရတာေပါ့။ ခုလို တစ္ခ်ိဳ႕ မဲေပးခြင့္မရတာေတြ တစ္ရြာလံုး အသက္ေတြ ရြယ္တူေတြ ျဖစ္ေနတာမ်ိဳးေတြက အင္မတန္ထူးဆန္းတဲ့ ကိစၥႀကီး။ လြဲမွားမႈဆိုတာ အဲေလာက္ႀကီးလြဲစရာ အေၾကာင္းအရာေတာ့ မရွိဘူး သိပ္အဓိပၸာယ္ ေတာ့ မရွိတဲ့ ကိစၥေတြပဲ။

ပါတီေတြလည္း မဲဆြယ္ေနၾကၿပီ တစ္ခ်ိဳ႕ပါတီ ေတြလည္းဆြယ္ေနၾကတယ္ တစ္ခ်ိဳ႕ပါတီေတြလည္း လံုးပန္းတုန္းရွိေသးတယ္ေပါ့။ ကၽြန္ေတာ္ အဓိက ေမးခ်င္တဲ့ေမးခြန္းက ဦးေက်ာ္သူ ဘယ္ပါတီကို မဲထည့္မယ္လို႔ စိတ္ကူးရွိပါလဲ။

ကၽြန္ေတာ္ကေတာ့ ပရဟိတ သမားဆိုတာ လူသားခ်င္း စာနာစိတ္ဆိုတာ တကယ့္ကို တိုင္းျပည္အတြက္ ျပည္သူျပည္သားအတြက္ လုပ္ေပးမယ့္သူမ်ိဳး ဒါမ်ိဳးပဲ ထည့္ရမွာပဲ။ ထည့္ရမယ္ဆိုတဲ့ အပိုင္းမွာ တစ္ခ်ိဳ႕ ေနရာေတြကေတာ့ ပါတီအဖြဲ႕စည္းေတြ အေနနဲ႔ အခ်င္းခ်င္း ညွိႏိႈင္းဖို႔ လိုတာေလးေတြလည္းျမင္တယ္။ တိုင္းျပည္အတြက္ ဘယ္သူက တကယ္ လုပ္မွာလဲ။ လုပ္တဲ့သူပါတဲ့ နယ္ေျမမ်ိဳး ဒါမ်ိဳးကို နည္းနည္းေလး ကိုယ္ေတြက ေရွာင္ေပးသင့္ရင္ ေရွာင္ေပးေစခ်င္တယ္။ ဒါကလဲ ကၽြန္ေတာ္တို႔က ပရဟိတ သမားဆိုေတာ့ စာနာစိတ္နဲ႔ ေျပာတာ။

တသီးပုဂၢလဘဲ ျဖစ္ျဖစ္ ပါတီႀကီးကဘဲ ျဖစ္ျဖစ္ တသီးပုဂၢလကလဲ တကယ္ကို မွန္မွန္ကန္ကန္ တိုင္းျပည္အတြက္ ျပည္သူ ျပည္သားအတြက္ တကယ္ လုပ္ေပးမယ့္သူရွိတယ္ဆိုရင္ ဒါပါတီႀကီး အေနနဲ႔ ေရွာင္ေပးသင့္တဲ့ အတိုင္းတာမ်ိဳးျမင္တယ္။ ထိပ္တိုက္ေတြ ျဖစ္ကုန္ရင္ အကုန္လံုး ဆံုး႐ံႈးမႈက ႏွစ္ဦးႏွစ္ဘက္ ျဖစ္မွာပဲ။

တစ္ခ်ိဳ႕ ကၽြန္ေတာ္ကို မႏၱေလးဘက္မွာ ေရးေဘး ကိစၥ အလွဴခံတာေတြ ဘာေတြ ၀ိုင္းလုပ္ေပးတဲ့ ပံုေတြနဲ႔ တသီးပုဂၢလ ပါတီတစ္ခုကေန ဒီပံုေတြကို ျပၿပီးေတာ့ အလွဴခံတယ္ဆိုၿပီးၾကားတယ္။ ဒါေဖ့ဘုတ္မွာ ကၽြန္ေတာ့္ကို ႏိုင္ငံေရးထဲမွာေတာ့ လာၿပီး အသံုးမခ်ပါနဲ႔။ ကၽြန္ေတာ္ ေစတနာသန္႕သန္႕နဲ႔ ျပည္သူလူထုကို ကူညီေနတာ။ ႏိုင္ငံေရးလုပ္ခ်င္လို႔ ပါတီေထာင္ခ်င္လို႔ လုပ္ေနတာ မဟုတ္ပါဘူး။ ဒီအရာကို ကၽြန္ေတာ္ပံုနဲ႔ ဒါမ်ိဳးေတြ မလုပ္ပါနဲ႔လို႔ ကၽြန္ေတာ္ေဖ့ဘုတ္မွာ တရား၀င္ေၾကျငာလိုက္ရတဲ့ အပိုင္းေတာ့ ရွိတယ္။

ကိုယ္ေတြက တကယ့္ကို မွန္မွန္ကန္ကန္ လုပ္ခ်င္္သား ခုေရြးေကာက္ပြဲဲနားနီးေတာ့မွ ဟိုဟာလုပ္ေပးလိုက္ ဒီဟာလုပ္ေပးလိုက္။ ေရစုပ္စက္ေတြခ်ေပးလိုက္ လမ္းေတြခင္းေပးလိုက္ ဒါမ်ိဳးလုပ္တာကေတာ့ ဒါေတြကေတာ့ ကၽြန္ေတာ္တို႔အတြက္ ႐ိုးေနၿပီ အဲေတာ့ ဒီ႐ိုးအီေနတဲ့ ကိစၥမ်ိဳးေတြကို ဟန္ျပ မလုပ္ျပၾကပါနဲ႔။ လုပ္မယ့္လုပ္ အစကတည္းက လုပ္ၾကပါ။

ကၽြန္ေတာ့္ ပြင့္ပြင့္လင္းလင္း ေမးပါရေစ ဦးေက်ာ္သူ ေျဖခ်င္မွလဲေျဖပါ။ ဒီႏို၀င္ဘာ ၈ ရက္ေရြးေကာက္ပြဲမွာ ဘယ္ပါတီကို မဲေပးမလဲ ခင္ဗ်။

ကၽြန္ေတာ္ကေတာ့ NLD ပဲ ေပးမွာပါ။ ေနတာကလဲ မရမ္းကုန္းမွာပဲေနတယ္ မရမ္းကုန္းမွာလဲ NLD ရွိတာကိုး NLD ပဲေပးမွာေပါ့။

ေရြးေကာက္ပြဲမွာ မဲဆြယ္ေနတဲ့ ႏုိင္ငံေရး ပါတီေတြကိုေကာ ဘာမ်ား ေျပာခ်င္ပါသလဲ။

ခုနက ကၽြန္ေတာ္ေျပာတဲ့အတိုင္းပဲေပါ့ေလ ဟန္ျပ မလုပ္ၾကပါနဲ႔။ ႏွလံုးသားထဲကေန တကယ့္ကုိ ထဲထဲ၀င္၀င္၀င္ လုပ္ၾကပါ။ ၿပီးေတာ့ ဒီေရြးေကာက္ပြဲ နီးေတာ့မွ ၀ုန္းးဒိုင္းနဲ႔ ကယ္ဆယ္ေရး လုပ္ရတာမ်ိဳးေတြ ႀကံဳတယ္။ ၀ုန္းဒိုင္းနဲ႔ တစ္သက္လံုး လုပ္ျပၾကပါ။ ဒီငါးႏွစ္သက္တမ္းဆို ငါးႏွစ္စလံုး ကိုယ္ ဒီေနရာတစ္ခုရၿပီဆို ရတဲ့ေန႔ကစၿပီး ဒီအရာကို အလုပ္ေကၽြးျပဳၾကပါ။ ျပည္သူက အားကိုးတစ္ႀကီးနဲ႔ မဲေပးၾကတာ ကိုယ့္ကိုယ့္မဲ ေပးၾကတာ ဒီေက်းဇူးတရားကို ျပန္ၿပီးဆပ္ဖို႔ ကိုယ့္မွာတာ၀န္ရွိတယ္။ ကိုယ္ေနရာရၿပီ ဆိုၿပီးေတာ့ ငါးႏွစ္ ထိုင္စားေတာ့မယ္ဆိုတဲ့ အခ်ိဳးမ်ိဳး လာမလုပ္ပါနဲ႔ေတာ့။ အဲတာမ်ိဳးဆိုရင္ေတာ့ ျမန္ျမန္ ျပဳတ္မွာပဲ လို႔ ကၽြန္ေတာ္ေျပာခ်င္တယ္။

ေနာက္ဆံုး ေမးခြန္းပါပဲ မဲေပးၾကမယ့္ မဲဆႏၵရွင္ေတြကို ဦးေက်ာ္သူ ဘာမ်ားအႀကံေပးခ်င္ပါေသးလဲ။

မဲဆႏၵရွင္ေတြကလဲ ဘယ္သူေတြက ဘယ္လိုပဲ စည္း႐ံုး စည္း႐ံုး ကိုယ့္ရဲ႕စိတ္အရ ဒီမဲ႐ံုထဲ၀င္သြားတဲ့ အခ်ိန္မွာ ျဖစ္ေပၚတဲ့ အတိုင္း ကိုယ့္ရဲ႕အနာဂတ္ကို ဖန္တီးၾကဖို႔ အေရးႀကီးတယ္။ ဒီမဲ႐ံုထဲမွာ ၀င္သြားတဲ့ အခ်ိန္မွာ ကိုယ့္ရဲ႕ မဲကဒ္ျပားတစ္ကဒ္ဟာ ကိုယ့္ရဲ႕တစ္သက္လံုး ကိုယ့္ရဲ႕ အနာဂတ္ဟာ ေကာင္းျခင္းျဖစ္လာမလား ဆိုးခ်င္ျဖစ္လာမလား ဆိုတာ ဒါကို ေသခ်ာစဥ္စားၿပီးမွ ထည့္ပါ။ လြယ္လြယ္ေပါ့ေပါ့ေလး ထည့္လိုက္ရင္ ကိုယ့္ရဲ႕ အနာဂတ္ေတြ အကုန္လံုး ပ်က္စီးကုန္ပါလိမ့္မယ္ အဲဒါပဲ ေျပာခ်င္တယ္။

mizzima burmese
...........................................................................
မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်ဆိုရင် ရွေးကောက်ပွဲ လုပ်မနေနဲ့တော့လို့ ကျော်သူပြော

မဲစာရင်း မှားယွင်းမှုများအတွက် ဝေဖန်မှုများ ထွက်ပေါ်နေရာ မဲစာရင်း သွားရောက် ကြည့်ရှု့ကြရန် အနုပညာရှင်များကပါ တိုက်တိုက်တွန်းတွန်း လှုံ့ဆော်နေရသည့် အခြေအနေဖြစ်ပေါ်နေသည်။ ထိုအထဲတွင် ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ မှန်နိုင်မည်ဟု ပြောဆိုထားရာ ထိုစကားသည် သံသယများကို ဖြစ်ပေါ်စေပြီး မဲစာရင်း ၃၀ ရာခိုင်နှုန်းသာ မှန်မည်ဆိုပါက ရွေးကောက်ပွဲ လုပ်ရန်မသင့်ဟု ကျော်သူကဆိုသည်။

ရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုများအပေါ် အမြင်၊ မဲစာရင်း မှားယွင်းမှုများမှ ထွက်ပေါ်လာမည့် ရလဒ်အခြေအနေ၊ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအပေါ် တိုက်တွန်းချက်၊ မဲပေးကြမည့် မဲဆန္ဒရှင်များအပေါ် အကြံပြုချက်များ စသည်တို့ကို မဇ္ဈိမက မေးမြန်းခဲ့သည်။

ပါတီတွေကလဲ မဲဆွယ်စည်းရုံးနေကြပြီ နောက်မဲဆန္ဒရှင်စာရင်းတွေလည်း ထုတ်ပြန်ထားတာ တွေ့ပြီရရှိပြီ။ မဲဆန္ဒရှင် စာရင်းတွေကိုကြည့်တဲ့အခါမှာ တော်တော်များများ လွဲနေတာတွေ့တယ်။ ဦးကျော်သူတို့လို အနုပညာရှင်တွေ အနေနဲ့လည်း မဲစာရင်းတွေကို သွားကြည့်ကြပါ မဲစာရင်း မှန်လား လာတိုက်ကြပါ။ ဒီလိုမျိုး တိုက်တိုက်တွန်းတွန်း လုပ်နေရတဲ့့ အနေထားရှိပြီးတော့ မဲစာရင်းကလည်း တော်တော် မှားယွင်းနေတယ်ဆိုတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို မဲစာရင်းမှား ယွင်းမှုတွေက ဆိုးကျိုး ဖြစ်စေမလဲ ခင်ဗျ။

မှားယွင်းတယ် ဆိုကတည်းဆိုက လွဲနေပြီပေါ့။ ရွေးကောက်ပွဲအတွက် နိုင်ငံတကာက ချမှတ်ပေးထားတဲ့ ဘတ်ဂျက်ကလည်း အများကြီးပဲ အဲတော့ ဒီဘတ်ဂျက်တွေက ဘယ်နေရာမှာ ဘယ်လိုသုံးလဲ။ ဒါလည်း ပွင့်ပွင့်လင်းလင်း ချပြဖို့သင့်တယ်။ ဒီနိုင်ငံတကာက ထောက်ပ့ံတဲ့ ငွေတွေကိုလည်း သေချာ စာရင်းအင်းနဲ့ သေချာ တင်ပြသင့်တယ်။ ထောက်ပ့ံလိုက်တဲ့ နိုင်ငံတွေကလဲ ဒါတွေကို တောင်းဆို သင့်တယ်။ ဒါမှလဲ ဒီလို မှန်မှန်ကန်ကန် သုံးထားလျက်နဲ့ ဘာဖြစ်လို့ လွဲမှားမှုတွေ ဖြစ်နေတာလဲ။

ရွေးကောက်ပွဲဆိုတာ အရင်ခေတ်တွေကတည်းက လုပ်ခဲ့တာပဲ မဆလ ခေတ်တုန်းကလဲ လုပ်ခဲ့တာပဲ။ မဲရုံကိုသွားကြစို့ ဆိုတာ ကျွန်တော်တို့ ငယ််ငယ်လေးကတည်းက ဒီသီချင်းတွေနဲ့ လုပ်ခဲ့တာပဲ။ ဒါဟာ အတွေ့ကြုံရှိပြီးသား ကိစ္စကို မှားတယ်ဆိုတာတော့ သိပ်ပြီးအဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေ။

အဲတော့ ဒီအရာဟာ အမှား သံသရာထဲမှာလည်နေတဲ့ အတွက် ပြည်သူလူထုတွေကလဲ ဒါတွေက ကိုယ်တွေနဲ့ မဆိုင်ဘူးလို့ ဒီလိုခံယူချက်တွေ ဖြစ်သွားတဲ့အတွက် ဒါဟာ ခုလို အနုပညာရှင်တွေကပါ အားလုံးက ၀ိုင်းပြီးတော့ ဒီလှုံဆော်ရေးတွေ လုပ်နေရတဲ့ အပိုင်းဖြစ်တယ်။

အမှန်မှာတော့ ဒါဟာရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဒီမိုကရေစီ နိုင်ငံတိုင်းမှာကတော့ ရိုးနေပြီ။ ငါးနှစ် တစ်ကြိမ်လုပ်တယ် လုပ်တဲ့အချိန်မှာ ဘယ်သူကို မဲပေးရမယ် ဆိုတာ ပြည်သူပြည်သားတွေက ဘယ်သူတွေက ငါတို့နိုင်ငံအတွက် ပိုပြီးတော့ အသုံးကျတယ်။ ဘယ်သူကပိုပြီးတော့ လုပ်ပေးနိုင်တယ် ဒါကို သူတို့က ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ပေးနေရတဲ့ပွဲ။ သူတို့တွက်ကတော့ အထူးဆန်း မဟုတ်တော့ဘူး။

မြန်မာနိုင်ငံမှာက ဒီလိုလွဲမှားမှုတွေကတော့ မဖြစ်သင့်တော့ဘူး။ ဒါ အမှန်မှာကတော့ မုသာဝါဒဆိုတာ ဒါဘုရားလည်း ကြိုက်တာ မဟုတ်ဘူး။ ဗုဒ္ဓဘာသာ မြန်မာနိုင်ငံမှာ ဒီလိုလွဲမှားမှုတွေ လိမ်လည်မှုတွေ ပေါ်ပေါက်တာတွေကတော့ ဒါမကောင်းတဲ့ အလားလာပဲ။

ရွေးကောက်ပွဲ ကော်မရှင်ကလဲ ပြောထားတယ် ၃၀% ပဲ မှန်နိုင်မယ်။ ၃၀% ပဲ မှန်နိုင်မယ်ဆိုတာ ဒီထက်လည်း မှားတဲ့ ရာခိုင်နှုန်းက မြင့်ကောင်း မြင့်မယ်။ ဆိုတဲ့ခါကျတော့ တာဝန်ခံမှု တာဝန်ယူမှု အနေနဲ့ကျတော့ ဦးကျော်သူ ဘယ်လိုပြောချင်လဲ ခင်ဗျ။

အဲဒါကတော့ ပြောတဲ့သူက ကိုယ့်ကိုကိုယ် အသိဆုံးပေါ့လေ။ သူအမှန်အတိုင်း သတ္တိရှိရှိနဲ့ ၀န်ခံရဲတယ်လို့ ဒါပြောရင်လည်း ပြောရမယ်။ ဒီဟာ မမှန်မကန်နဲ့ တကယ့်ကို လိမ်လည်ပြီးတော့ လုပ်တယ်ဆိုတာသူတို့ ပြောရင်လည်း ပြောလို့ရတယ်။ မင်းတို့ လုပ်ချင်တာလုပ် ငါတို့ကတော့ ၃၀% ဘဲမှန်တယ် အဲဒါကို ရှေ့ဆက်မှားအုံးမယ်ဆိုတဲ့ အနေထားမျိုး ပြောတာလဲ ဖြစ်ရင်လည်းဖြစ်မှာပဲ။

အဲတော့ ဒါကိုယ့်ကိုကိုယ် အသိဆုံးပါ အမှန်မှာတော့ ဘာပဲဖြစ်ဖြစ် ကော်မတီအဖွဲ့ဆိုတာ တကယ် မှန်မှန်ကန်ကန်လုပ်မှ မှန်မှန်ကန်ကန် အဖြေထွက်မှာ။ အမှန်မကန် လုပ်နေရင်တော့ ဒါခုကတည်းက ၃၀% ဘဲ မှန်ကန်မှု ရှိတယ်ဆိုကတည်းက ဒီရွေးကောက်ပွဲ ဘာလို့ လုပ်နေလဲ လုပ်မနေနဲ့တော့ပေါ့။ ရွေးကောက်ပွဲ လုပ်မယ်ဆိုလဲ မှန်ကန်မှု ရ၅% လောက်ပဲ အာမခံချက်ရှိတယ်ဆိုရင် ဒါဆို တော်သေးတာပေါ့ ၃၀% ဘဲ မှန်တယ်လို့ အာမခံချက် ပြောလိုက်တာကတော့ ဒါကိုယ့်ပေါင်ကို လှန်ထောင်းတာပဲ။

ကျွန်တော်တို့ လေ့လာမိသလောက်ကတော့ ဒါထက်များနိုင်မယ် အဲဒီတော့ ဒီမှားယွင်းမှုတွေက ရွေးကောက်ပွဲကို ဘယ်လို အနှောက်ယှက် ဖြစ်နိုင်မလဲ။

နိုင်ငံရေးနဲ့ ပတ်သက်ပြီး ကျွန်တော်က သေချာသိတာ မဟုတ်ဘူး။ ရွေးကောက်ပွဲကို စောင့်ကြည့်နေတဲ့ ဒီနိုင်ငံတကာ အဖွဲ့စည်းတွေနဲ့ အခြေနေကိုု သုံးသပ်လို့ရပြီပေါ့။ ဒီအရာ မှန်ကန်တဲ့ ရွေးကောက်ပွဲ ဖြစ်မှာလား မဖြစ်ဘူးလားဆိုတာ ခုကတည်းက အဖြေကတော့ ထွက်နေပြီ။ ထွက်နေပြီဆိုတော့ ဒါကတော့ ကျွန်တော်တို့က သိပ်လည်း ပြောလည်း မပြောတတ်ဘူး။

ဥပဒေဆိုတာလဲ ကျွန်တော်တို့ နိုင်ငံအနေနဲ့ တစ်သတ်မှတ်တည်း ချထားတာ မဟုတ်တဲ့အတွက် ကျွန်တော်ခုက ဘာမှ မပြောတတ်ဘူး။ မှန်ကန်မှုဖြစ်အောင် စောင့်ကြည့်ရေး အဖွဲ့စည်းတွေ ဒါကို ထောက်ပြဖို့ပဲ အရေးကြီးတယ်။ ဒါဟာ နိုင်ငံတကာ ဒီမိုကရေစီ နိုင်ငံတွေကနေပြီးတော့ ဒီလို ဒီမိုကရေစီနိုင်ငံ အဖြစ်ကူးပြောင်းတဲ့ မြန်မာနိုင်ငံအနေထားကို ဘယ်လိုဖြစ်နေတယ်ဆိုတာာ သူတို့လဲ မှန်မှန်ကန်ကန်သိမယ် မမှန်ကန်မှုတွေကို မှန်မှန်ကန်ကန်နဲ့ သိဖို့ အရေးကြီးတာပဲ။ မမှန်ကန်တာကို စောင့်ကြည့်ရေးအဖွဲ့ကလည်း မမှန်မကန် ကြည့်ရင်တော့ ဒါဟာ ပိုဆိုးကုန်မှာပဲ။

မဲစာရင်းကို ထုတ်ပြန်တဲ့ အခါမှာ ဒီ ၁၈ကြိမ်တောင်ပြင်ပြီးပြီ ဒါပေမယ့် ခုချိန်ထိ မှားနေတုန်းပဲလို့ သိရတယ်။ ဦးကျော်သူတို့ မိသားစုအနေနှင့် ဒီလိုမျိုး မှားယွင်းတာ ကြံုခဲ့ဖူးလာ အခုရော မှားနေသေးလား။

ကျွန်တော်တို့ ပထမတစ်ကြိမ် လုပ်တုန်းက သွားမေးတယ်။ ကျွန်တော်တို့ မြို့နယ် မရမ်းကုန်းမြို့နယ် ကျော်သူ ဦးကျော်သူတို့ မပါဘူးတဲ့။ မပါဘူးဆို သူက ပေါ့ပေါ့လေး ပြောလိုက်တာ ဒီရုံးဝန်ထမ်းက ကျော်သူဆိုတဲ့ နာမည်မပါဘူး။ ဒါပေမယ့် ကျွန်တော့်နာမည် မှတ်ပုံတင် နာမည်က ကျော်ဝင်း အဲဆိုပါတယ်ဆိုပြီး ကြည့်တော့ လိပ်စာက မှားနေတယ်။ လိပ်စာမှားနေတဲ့ အတွက် ကျွန်တော်တို့က ပြန်ပြောရတယ်။ နို့မိုဆို နေရပ်လိပ်စာ မရှိတဲ့ လူလိုဖြစ်နေပြီ။

အဲတော့ မြန်မာနိုင်ငံမှာနေပြီးတော့ ကိုယ်လိပ်စာကိုယ် မှန်မှန်ကန်ကန်မရှိတဲ့ အတွက် ဒါမျိုးတွေတော့ ခံစားရတာပေါ့။ ခုလို တစ်ချို့ မဲပေးခွင့်မရတာတွေ တစ်ရွာလုံး အသက်တွေ ရွယ်တူတွေ ဖြစ်နေတာမျိုးတွေက အင်မတန်ထူးဆန်းတဲ့ ကိစ္စကြီး။ လွဲမှားမှုဆိုတာ အဲလောက်ကြီးလွဲစရာ အကြောင်းအရာတော့ မရှိဘူး သိပ်အဓိပ္ပာယ် တော့ မရှိတဲ့ ကိစ္စတွေပဲ။

ပါတီတွေလည်း မဲဆွယ်နေကြပြီ တစ်ချို့ပါတီ တွေလည်းဆွယ်နေကြတယ် တစ်ချို့ပါတီတွေလည်း လုံးပန်းတုန်းရှိသေးတယ်ပေါ့။ ကျွန်တော် အဓိက မေးချင်တဲ့မေးခွန်းက ဦးကျော်သူ ဘယ်ပါတီကို မဲထည့်မယ်လို့ စိတ်ကူးရှိပါလဲ။

ကျွန်တော်ကတော့ ပရဟိတ သမားဆိုတာ လူသားချင်း စာနာစိတ်ဆိုတာ တကယ့်ကို တိုင်းပြည်အတွက် ပြည်သူပြည်သားအတွက် လုပ်ပေးမယ့်သူမျိုး ဒါမျိုးပဲ ထည့်ရမှာပဲ။ ထည့်ရမယ်ဆိုတဲ့ အပိုင်းမှာ တစ်ချို့ နေရာတွေကတော့ ပါတီအဖွဲ့စည်းတွေ အနေနဲ့ အချင်းချင်း ညှိနှိုင်းဖို့ လိုတာလေးတွေလည်းမြင်တယ်။ တိုင်းပြည်အတွက် ဘယ်သူက တကယ် လုပ်မှာလဲ။ လုပ်တဲ့သူပါတဲ့ နယ်မြေမျိုး ဒါမျိုးကို နည်းနည်းလေး ကိုယ်တွေက ရှောင်ပေးသင့်ရင် ရှောင်ပေးစေချင်တယ်။ ဒါကလဲ ကျွန်တော်တို့က ပရဟိတ သမားဆိုတော့ စာနာစိတ်နဲ့ ပြောတာ။

တသီးပုဂ္ဂလဘဲ ဖြစ်ဖြစ် ပါတီကြီးကဘဲ ဖြစ်ဖြစ် တသီးပုဂ္ဂလကလဲ တကယ်ကို မှန်မှန်ကန်ကန် တိုင်းပြည်အတွက် ပြည်သူ ပြည်သားအတွက် တကယ် လုပ်ပေးမယ့်သူရှိတယ်ဆိုရင် ဒါပါတီကြီး အနေနဲ့ ရှောင်ပေးသင့်တဲ့ အတိုင်းတာမျိုးမြင်တယ်။ ထိပ်တိုက်တွေ ဖြစ်ကုန်ရင် အကုန်လုံး ဆုံးရှုံးမှုက နှစ်ဦးနှစ်ဘက် ဖြစ်မှာပဲ။

တစ်ချို့ ကျွန်တော်ကို မန္တလေးဘက်မှာ ရေးဘေး ကိစ္စ အလှူခံတာတွေ ဘာတွေ ၀ိုင်းလုပ်ပေးတဲ့ ပုံတွေနဲ့ တသီးပုဂ္ဂလ ပါတီတစ်ခုကနေ ဒီပုံတွေကို ပြပြီးတော့ အလှူခံတယ်ဆိုပြီးကြားတယ်။ ဒါဖေ့ဘုတ်မှာ ကျွန်တော့်ကို နိုင်ငံရေးထဲမှာတော့ လာပြီး အသုံးမချပါနဲ့။ ကျွန်တော် စေတနာသန့်သန့်နဲ့ ပြည်သူလူထုကို ကူညီနေတာ။ နိုင်ငံရေးလုပ်ချင်လို့ ပါတီထောင်ချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ ဒီအရာကို ကျွန်တော်ပုံနဲ့ ဒါမျိုးတွေ မလုပ်ပါနဲ့လို့ ကျွန်တော်ဖေ့ဘုတ်မှာ တရားဝင်ကြေငြာလိုက်ရတဲ့ အပိုင်းတော့ ရှိတယ်။

ကိုယ်တွေက တကယ့်ကို မှန်မှန်ကန်ကန် လုပ်ချင််သား ခုရွေးကောက်ပွဲဲနားနီးတော့မှ ဟိုဟာလုပ်ပေးလိုက် ဒီဟာလုပ်ပေးလိုက်။ ရေစုပ်စက်တွေချပေးလိုက် လမ်းတွေခင်းပေးလိုက် ဒါမျိုးလုပ်တာကတော့ ဒါတွေကတော့ ကျွန်တော်တို့အတွက် ရိုးနေပြီ အဲတော့ ဒီရိုးအီနေတဲ့ ကိစ္စမျိုးတွေကို ဟန်ပြ မလုပ်ပြကြပါနဲ့။ လုပ်မယ့်လုပ် အစကတည်းက လုပ်ကြပါ။

ကျွန်တော့် ပွင့်ပွင့်လင်းလင်း မေးပါရစေ ဦးကျော်သူ ဖြေချင်မှလဲဖြေပါ။ ဒီနိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးမလဲ ခင်ဗျ။

ကျွန်တော်ကတော့ NLD ပဲ ပေးမှာပါ။ နေတာကလဲ မရမ်းကုန်းမှာပဲနေတယ် မရမ်းကုန်းမှာလဲ NLD ရှိတာကိုး NLD ပဲပေးမှာပေါ့။

ရွေးကောက်ပွဲမှာ မဲဆွယ်နေတဲ့ နိုင်ငံရေး ပါတီတွေကိုကော ဘာများ ပြောချင်ပါသလဲ။

ခုနက ကျွန်တော်ပြောတဲ့အတိုင်းပဲပေါ့လေ ဟန်ပြ မလုပ်ကြပါနဲ့။ နှလုံးသားထဲကနေ တကယ့်ကို ထဲထဲဝင်ဝင်ဝင် လုပ်ကြပါ။ ပြီးတော့ ဒီရွေးကောက်ပွဲ နီးတော့မှ ၀ုန်းးဒိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ရတာမျိုးတွေ ကြံုတယ်။ ၀ုန်းဒိုင်းနဲ့ တစ်သက်လုံး လုပ်ပြကြပါ။ ဒီငါးနှစ်သက်တမ်းဆို ငါးနှစ်စလုံး ကိုယ် ဒီနေရာတစ်ခုရပြီဆို ရတဲ့နေ့ကစပြီး ဒီအရာကို အလုပ်ကျွေးပြုကြပါ။ ပြည်သူက အားကိုးတစ်ကြီးနဲ့ မဲပေးကြတာ ကိုယ့်ကိုယ့်မဲ ပေးကြတာ ဒီကျေးဇူးတရားကို ပြန်ပြီးဆပ်ဖို့ ကိုယ့်မှာတာဝန်ရှိတယ်။ ကိုယ်နေရာရပြီ ဆိုပြီးတော့ ငါးနှစ် ထိုင်စားတော့မယ်ဆိုတဲ့ အချိုးမျိုး လာမလုပ်ပါနဲ့တော့။ အဲတာမျိုးဆိုရင်တော့ မြန်မြန် ပြုတ်မှာပဲ လို့ ကျွန်တော်ပြောချင်တယ်။

နောက်ဆုံး မေးခွန်းပါပဲ မဲပေးကြမယ့် မဲဆန္ဒရှင်တွေကို ဦးကျော်သူ ဘာများအကြံပေးချင်ပါသေးလဲ။

မဲဆန္ဒရှင်တွေကလဲ ဘယ်သူတွေက ဘယ်လိုပဲ စည်းရုံး စည်းရုံး ကိုယ့်ရဲ့စိတ်အရ ဒီမဲရုံထဲဝင်သွားတဲ့ အချိန်မှာ ဖြစ်ပေါ်တဲ့ အတိုင်း ကိုယ့်ရဲ့အနာဂတ်ကို ဖန်တီးကြဖို့ အရေးကြီးတယ်။ ဒီမဲရုံထဲမှာ ၀င်သွားတဲ့ အချိန်မှာ ကိုယ့်ရဲ့ မဲကဒ်ပြားတစ်ကဒ်ဟာ ကိုယ့်ရဲ့တစ်သက်လုံး ကိုယ့်ရဲ့ အနာဂတ်ဟာ ကောင်းခြင်းဖြစ်လာမလား ဆိုးချင်ဖြစ်လာမလား ဆိုတာ ဒါကို သေချာစဉ်စားပြီးမှ ထည့်ပါ။ လွယ်လွယ်ပေါ့ပေါ့လေး ထည့်လိုက်ရင် ကိုယ့်ရဲ့ အနာဂတ်တွေ အကုန်လုံး ပျက်စီးကုန်ပါလိမ့်မယ် အဲဒါပဲ ပြောချင်တယ်။

mizzima burmese

No comments:

Post a Comment