Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 22, 2015

အမေရိကန်တွင် လက်နက် အဖြစ် ထုတ်လုပ်နိုင် သည့်ပလူတိုနီယံ တန်ချိန် ပေါင်းများစွာ ကျန်ရှိဟုဆို


 
 
ဝါရှင်တန် စက်တင်ဘာ ၂၁

အမေရိကန် ပြည်ထောင်စု အတွင်း၌ လက်နက် ထုတ်လုပ်နိုင် သည့် ပလူတိုနီယံ သတ္တုတန်ချိန် ပေါင်း များစွာ ကျန်ရှိနေ သေးကြောင်း နိုင်ငံ အတွင်းရှိ အရာရှိ ဟောင်းတစ်ဦးက ပြောကြား လိုက်သည်။
နိုင်ငံအတွင်း ကျန်ရှိနေ သည့် အဆိုပါ ပလတူ နို ယီ သံ တ္တုများစွာ မည်သို့ လုပ်ဆောင်ရ မည့်ကိစ္စရပ် အပေါ် အငြင်းပွား လျက်ရှိကြောင်း အမေရိကန် စွမ်းအင်ဝန်ကြီး ဟောင်း ဘေးလ် ရစ်ချက်တာ က အထက် လွှတ်တော်သို့ ပေးပို့ခဲ့သည့် စာတစ်စောင်တွင် ဖော်ပြထား ကြောင်း သိရသည်။
နိုင်ငံအတွင်းရှိ အဆိုပါ ပလူတိုနီယံ များကို နျူကလီးယား လောင်စာအဖြစ် အသုံးပြု နိုင်ရန်အတွက် ပြောင်းလဲပစ်ရန် အထက် လွှတ်တော်ရှိ အမတ် တစ်ဦးဖြစ်သူ ဟာရီရစ်ဒ်ထံ သို့ ပေးပို့ခဲ့သော စာတွင် တောင်းဆိုထားသည်။ သို့သော် အဆိုပါ တောင်းဆိုချက် ကိုအမေရိကန် အစိုးရက ပယ်ချခဲ့ပြီး ၄င်းပစ္စည်းများကို ဖျက်ဆီး ပစ်မည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။
အမေရိကန်အစိုးရသည် တောင်ကာရို လိုင်းနား ပြည်နယ်၌ ပလူတိုနီယံ များကို ပြောင်းလဲပစ် ရန်အတွက် စက်ရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ခဲ့ သော်လည်း ယင်းစက်ရုံ တည်ဆောက်မှု သည် ဒေါ်လာ၃ဝ ဘီလီယံခန့် ကုန်ကျမည် ဖြစ်သောကြောင့် အဆိုပါ အစီအစဉ်ကို အစိုးရက ပယ်ချခဲ့ခြင်း ဖြစ်ပြီး အခြား နည်းလမ်းတစ်ခု ကို အသုံးပြု သွားရန် စီစဉ်ထား ကြောင်းသိရသည်။ အမေရိကန် ပြည်ထောင်စု အတွင်း ရှိနေသည့် ပလူတိုနီယံ ပမာဏမှာ ၅ဝ မက်ထရစ် တန်ချိန်ရှိ ကြောင်းသိရသည်။

#PyiChitThar

No comments:

Post a Comment