Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 11, 2015

ဥရောပတိုက်ရဲ့အရှည်ဆုံးဒေသနာမည်ကို အထစ်အငေါ့မရှိဘဲ ကြေငြာခဲ့တဲ့ မိုးလေ၀သတင်းကြေငြာသူ

ဒီနာမည်ကို လူအများစု အသံမထွက်တတ်ကြပေမယ့် Liam Dutton ဆိုတဲ့ မိုးလေ၀သသတင်းကြေငြာသူ 
ကတော့ ဥရောပရဲ့အရှည်ဆုံးနေရာနာမည်ကို လွယ်လွယ်ကူကူပဲ အသံထွက်ကြေငြာပေးခဲ့ပါတယ်။

Wales နိုင်ငံ၊ Anglesey ကျွန်းစုက Llanfairpwllgwyngyllgogerychwyrndrobwlllantysiliogogogoch 
ရွာနဲ့ မလှမ်းမကမ်းက RAF Mona လေတပ်စခန်းဟာ စက်တင်ဘာလ ၈ရက်နေ့ က Wales နိုင်ငံရဲ့ 
အပူနွေးဆုံးဒေသဖြစ်ခဲ့ပြီး မိုးလေ၀သတင်းကြေငြာသူ Mr Dutton ဟာ အဆိုပါ စာလုံး ၅၈ လုံးရှိတဲ့
 ရွာနာမည်ကို အသံထွက်ကြေငြာခဲ့ရပါတယ်။

 UK မိုးလေ၀သ မြေပုံမှာတောင် ရွာနာမည်က အပြည့်နေရာယူခဲ့ပြီး မြေပုံထဲမှာ Wales ကိုကျော်လွန်ကာ 
Netherlands နိုင်ငံအထိတောင် ရောက်နေတာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၄ နှစ်အရွယ်၊ လုပ်ငန်းအတွေ့ အကြုံ ဆယ်စုနှစ်တစ်ခုကျော် ရှိနေပြီဖြစ်တဲ့ Mr.Dutton 
ကတော့ ကိုးရိုးကားရားမဖြစ်ဘဲ ပိုင်နိုင်စွာ အသံထွက်ရွတ်ပြသွားခဲ့ပါတယ်။

Welsh ဘာသာစကား ကို ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ အစီအစဉ်တင်ဆက်သူဟာ အပြုံးသဲ့သဲ့နဲ့ 
“ Wales အနောက်မြောက်ပိုင်းမှာတော့ နေသာပြီး၊ 
Lianfairpwllgwyngyllgogoerychwyrndrobwllllantysilgogogch ရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ 
RAF Mona လေတပ်အခြေစိုက်စခန်းမှာ အပူချိန်က ၂၁ ဒီဂရီဆဲစီးယပ်စ် ရှိနေပါတယ်။
ဖာရင်ဟိုက်နဲ့ ဆို ၇၀ ဖြစ်ပါတယ်” လို့ အထစ်အငေါ့မရှိကြေငြာခဲ့ပါတယ်။

လုပ်ငန်းအတွေ့ အကြုံဆယ်နှစ်ကျော်ရှိတဲ့ Mr.Dutton က ရုပ်သံထုတ်လွှင့်ရာမှာ ရွာနာမည်ကို ပြောဖို့ 
တစ်ခါမှ မလိုအပ်ခဲ့ပါဘူး လို့ ပြောပြပါတယ်။

အဆိုပါ ရုပ်သံလွှင့်မှုဟာ ကြိုတင်ရိုက်ကူးထားတာဖြစ်ပေမယ့် ဥရောပတိုက်ရဲ့အရှည်ဆုံးနာမည်ကို 
ပထမတစ်ကြိမ်မှာပဲ တစ်ခါတည်း အသံထွက်ရွတ်နိုင်ခဲ့တာဖြစ်ကြောင်း Mr Dutton က ၀န်ခံပြောကြားခဲ့ပါတယ်။

(Ye Wint)
#သစ်ထူးလွင်(ဗဟုသုတ)
#knowledge.thithtoolwin.com
Ref: Dailymail

No comments:

Post a Comment