Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ရွှေထင်ပြီး လိုက်ကောက်လို့ လမ်းပိတ်

တရုတ်နိုင်ငံမှာ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီတစ်ခုက ကားဟာ ပစ္စည်းတွေ သယ်ဆောင်လာရင်း ဖိတ်စင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖိတ်စင်ခဲ့တဲ့ အရာဟာ တောက်ပြောင်တဲ့ အရာဖြစ်ခဲ့တာကြောင့် ပတ်ဝန်းကျင် အနီးတစ်ဝိုက်မှာ နေထိုင်သူတွေဟာ ရွှေအမှိုက်စတွေအဖြစ် ထင်မှတ်ပြီး လိုက်လံ ကောက်ယူခဲ့
တာကြောင့် တစ်မြို့လုံး အနှေင့်အယှက် ဖြစ်သွားခဲ့ပါတယ်။ လမ်းပေါ်ကို လူရာပေါင်းများစွာ ထွက်လာပြီး
 ကောက်ယူခဲ့တာကြောင့် လမ်းပိတ်ဆို့ သွားခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံ အလယ်ပိုင်း Main အရပ်ဒေသမှာ ဖြစ်ခဲ့တာပါ။ ဒီဒေသဟာ သေးငယ်တဲ့
 မြို့ဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ကုမ္ပဏီဟာ ကန့် (Sulphur) သယ်ဆောင်လာတာ ဖြစ်ပါတယ်။
ဒီလို သယ်ယူရာမှာ ဖိတ်စင်ခဲ့တာကြောင့် အထင်မှားမှုတွေ ဖြစ်ခဲ့တာပါ။ ဒေသခံတစ်ဦးက ဒီဖြစ်စဉ်ကို
 နံနက် (၆း၀၀) နာရီလောက်မှာ စတွေ့ခဲ့ရကြောင်း၊ နံနက် ( ၁၀း၀၀) ရောက်တဲ့အခါ မြို့လမ်းမတွေမှာ လူတွေ ပြည့်သွားကြောင်း ပြောကြားခဲ့ပါတယ်။ တကယ်တော့ ကန့်ဟာ အဖိုးတန်ခြင်း မရှိပါဘူး။ ဒါပေမဲ့
 ဒေသခံတွေဟာ ဗဟုသုတ နည်းပါးပြီး ရွှေအမှိုက်စတွေ အထင်နဲ့ လိုက်လံကောက်ယူ သိမ်းဆည်းခဲ့
တာ ဖြစ်ပါတယ်။ ဒီလိုသိမ်းဆည်းမူကြောင့် မြို့တွင်းမှာရှိတဲ့ ကန့်တွေကို သိမ်းဆည်း လှဲကျင်းစရာ
မလိုတော့ကြောင်း နောက်ပြောင် နေကြပါတယ်။ တရုတ် လူမှုကွန်ရက် တွေမှာလည်း ဒီအကြောင်းအရာကို ဝေဖန် ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ လောဘစိတ်ကြောင့် ကန့်တွေကို ရွှေအဖြစ်
ထင်မှတ်ပြီး တစ်မြို့လုံး ထွက်ကောက်ခဲ့တဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်မှာ အများအပြား ပေါ်ထွက်ခဲ့ပါတယ်။
messenger news journal

No comments:

Post a Comment