ဗံုးခြဲမႈေတြက ပထမတန္း လူစီးတြဲေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့ပံုရ။ |
ျပစ္မႈ ထင္ရွားေၾကာင္း ဆံုးျဖတ္ ခံထားသူ ၁၂ ဦး အနက္ က်န္တဲ့ လူ ၇ ဦးကိုေတာ့ ေထာင္ဒဏ္ တစ္သက္ ျပစ္ဒဏ္ေတြ ခ်မွတ္ ခဲ့ပါတယ္။
၂၀၀၆ ဇူလိုင္ ၁၁ ရက္ေန႔ ညေနပိုင္း လူစည္ကားခ်ိန္ အတြင္း မြမ္ဘိုင္းၿမိဳ႕ ၿမိဳ႕ပတ္ ရထားလမ္းေတြမွာ ၇ ႀကိမ္ ဆက္တိုက္ ဗံုးခြဲ တိုက္ခိုက္မႈေတြေၾကာင့္ ၁၈၉ ေယာက္ ေသဆံုးခဲ့ၿပီး ၈၀၀ ေက်ာ္ ဒဏ္ရာ ရခဲ့ပါတယ္။
အဲဒီ တိုက္ခိုက္မႈေတြဟာ ပါကစၥတန္က ေထာက္ပံ့ ထားတဲ့ အစၥလာမၼစ္ စစ္ေသြးကႊေတြရဲ့ လက္ခ်က္လို႔ စြပ္စြဲ ခဲ့ၾကေပမယ့္ ပါကစၥတန္ ကေတာ့ ျငင္းဆန္ ခဲ့ပါတယ္။
တရားခံ ေရွ႕ေနက သတင္းေထာက္ေတြကို ေျပာရာမွာေတာ့ သူတို႔ေတြဟာ အကြက္ဆင္ ခံခဲ့ရတဲ့ အျပစ္မဲ့သူေတြ ျဖစ္ၿပီး၊ ဗုဒၶဟူးေန႔မွာ တရားရံုးခ်ဳပ္က အမိန္႔ခ်တဲ့ အခါ ထပ္မံ ခုခံ ေလ်ွာက္လဲ သြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
လူသတ္မႈ၊ တိုက္ခိုက္ဖို႔ လ်ွိဳ႕ဝွက္ႀကံစည္မႈ၊ ႏိုင္ငံေတာ္ ပုန္ကန္မႈေတြနဲ႔ အဲဒီလူ ၁၂ ဦးကို အခုလ အေစာပိုင္းက ျပစ္မႈ ထင္ရွားေၾကာင္း ဆံုးျဖတ္ ခဲ့တာပါ။
BBC Burmese
http://www.bbc.com/burmese
............................................................................................
ဗုံးခွဲမှုတွေက ပထမတန်း လူစီးတွဲတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပုံရ။
အိန္ဒိယ နိုင်ငံ မွမ်ဘိုင်းမြို့မှာ ၂၀၀၆ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံထားရသူတွေထဲက လူ ၅ ဦးကို မွမ်ဘိုင်းမြို့ တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။
ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခံထားသူ ၁၂ ဦး အနက် ကျန်တဲ့ လူ ရ ဦးကိုတော့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်တွေ ချမှတ် ခဲ့ပါတယ်။
၂၀၀၆ ဇူလိုင် ၁၁ ရက်နေ့ ညနေပိုင်း လူစည်ကားချိန် အတွင်း မွမ်ဘိုင်းမြို့ မြို့ပတ် ရထားလမ်းတွေမှာ ရ ကြိမ် ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှုတွေကြောင့် ၁၈၉ ယောက် သေဆုံးခဲ့ပြီး ၈၀၀ ကျော် ဒဏ်ရာ ရခဲ့ပါတယ်။
အဲဒီ တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်က ထောက်ပံ့ ထားတဲ့ အစ္စလာမ္မစ် စစ်သွေးကွှတွေရဲ့ လက်ချက်လို့ စွပ်စွဲ ခဲ့ကြပေမယ့် ပါကစ္စတန် ကတော့ ငြင်းဆန် ခဲ့ပါတယ်။
တရားခံ ရှေ့နေက သတင်းထောက်တွေကို ပြောရာမှာတော့ သူတို့တွေဟာ အကွက်ဆင် ခံခဲ့ရတဲ့ အပြစ်မဲ့သူတွေ ဖြစ်ပြီး၊ ဗုဒ္ဓဟူးနေ့မှာ တရားရုံးချုပ်က အမိန့်ချတဲ့ အခါ ထပ်မံ ခုခံ လျှောက်လဲ သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူသတ်မှု၊ တိုက်ခိုက်ဖို့ လျှို့ဝှက်ကြံစည်မှု၊ နိုင်ငံတော် ပုန်ကန်မှုတွေနဲ့ အဲဒီလူ ၁၂ ဦးကို အခုလ အစောပိုင်းက ပြစ်မှု ထင်ရှားကြောင်း ဆုံးဖြတ် ခဲ့တာပါ။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment