Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, September 19, 2015

သပိတ္ေမွာက္ဘတ္စ္ကား အမ်ားစု စက္တင္ဘာ ၁၉ ရက္တြင္ ျပန္လည္ေျပးဆဲြ

Byမိုးညိဳ
ရန္ကုန္ၿမိဳ႕တြင္း ခရီး သည္တင္ဘတ္စ္ကားမ်ား မေျပး ဆဲြဘဲ သပိတ္ေမွာက္ရပ္နားျခင္း မွာ စက္တင္ဘာ ၁၉ ရက္တြင္ ၿပီးဆုံးသြားၿပီး ဘတ္စ္ကားအမ်ားစုျပန္လည္ေျပးဆဲြေနၿပီျဖစ္ ေၾကာင္းခရီးသြားျပည္သူမ်ားက ေျပာသည္။

ဒဏ္ေၾကးတုိးျမႇင့္သည့္အ တြက္ သပိတ္ေမွာက္ကာ ကား ေျပးဆဲြမႈေလးရက္ ရပ္နားထား သည့္ ကားအမ်ားစုသည္ စက္တင္ဘာ ၁၉ ရက္တြင္ ျပန္လည္ေျပး ဆဲြေနၿပီး မထြက္ဘဲက်န္ရွိသည့္ ကားအနည္းငယ္သာ က်န္ရွိ ေၾကာင္း ခရီးသည္တင္ဘတ္စ္ ကားလုိင္းအခ်ဳိ႕မွ ဂိတ္ပုိင္ရွင္မ်ား က ေျပာသည္။

‘‘မထြက္ဘဲ က်န္တဲ့ကားက တစ္စီးတေလပါ။ တခ်ဳိ႕က လမ္းေပၚထြက္ရင္ ယာဥ္အေထာက္အထား စာရြက္စာတမ္းမျပည့္စုံလို႔၊ တခ်ဳိ႕က ယာဥ္ေမာင္းနဲ႔ ယာဥ္ေနာက္လုိက္ လုိင္စင္ေတြ မျပည့္စံုေသးလို႔ မထြက္ရဲေသးၾကဘူး’’ဟု (၂၂၆)ယာဥ္ လုိင္းမွ ယာဥ္ပိုင္ရွင္ဦးျမတ္ေလးက ေျပာသည္။

ထုိ႔ေၾကာင့္ ကားတစ္စီးခ်င္း စီအလုိက္ စာရြက္စာတမ္းလုိင္ စင္မ်ား ျပန္လည္ျပည့္စုံရန္ ႐ုံးဖြင့္ရက္မ်ားတြင္  ကညနႏွင့္ ယာဥ္ထိန္း႐ုံးမ်ားသို႔ သြားေရာက္လုပ္ေဆာင္ရမည္ျဖစ္ေသာေၾကာင့္ အခ်ဳိ႕ကားမ်ားမထြက္ႏုိင္ေသးဘဲအနည္းငယ္သာျဖစ္ေၾကာင္း (၁၅၇)ယာဥ္လုိင္းမွ ယာဥ္ေမာင္းကို ကတုံးေလးက ေျပာသည္။


ငါးရက္ေျမာက္ေန႔တြင္ ခရီး သည္တင္ဘတ္စ္ကား ထြက္ရွိ သည့္ အေရအတြက္ကိုမူ မထသႏွင့္ ယာဥ္ထိန္းတပ္ဖဲြ႕က တရား၀င္ထုတ္ျပန္ျခင္း မရွိေပ။

ဘတ္စ္ကားသုံး ခရီးသည္ မ်ားကမူ ေရရွည္တြင္ ယာဥ္ ေနာက္လုိက္ႏွင့္ ယာဥ္ေမာင္းမ်ား အေနျဖင့္ ၾကာရွည္စြာ သပိတ္ ေမွာက္ျခင္း မျပဳႏုိင္ဘဲ ၎တို႔၏ စား၀တ္ေနေရးအတြက္ ယာဥ္ လုိင္းထြက္ရျခင္းသာျဖစ္ေၾကာင္း ေျပာသည္။

အစုိးရဘက္မွ ယာဥ္စည္းကမ္း ခ်ဳိးေဖာက္ပါက ဒဏ္ေၾကး တုိးျမႇင့္လုိက္ျခင္းမ်ားေၾကာင့္ ယာဥ္ေမာင္းႏွင့္  ယာဥ္ေနာက္လုိက္အခ်ဳိ႕က  ဆက္လက္လုပ္ကိုင္ရန္  အခက္အခဲျဖစ္ေနၿပီး အခ်ဳိ႕က လုပ္ငန္းေျပာင္းရန္ပင္ စီစဥ္မႈအခ်ဳိ႕ရွိေနေၾကာင္း ယာဥ္ ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္အ ခ်ဳိ႕က ေျပာသည္။

လက္ရွိတြင္ ဘတ္စ္ကားေလာကအတြင္း ယာဥ္ပိုင္ရွင္မ်ားက ယာဥ္ေၾကာက်ပ္တည္းမႈ ေၾကာင့္ သတ္မွတ္ေခါက္ေရ ေလ်ာ့က်ျခင္း၊ ၀င္ေငြေလ်ာ့က်ျခင္းမ်ားေၾကာင့္ ၎တုိ႔၏ကားမ်ားကို ေရာင္း၍ လုပ္ငန္းေျပာင္း ရန္ စီစဥ္ေနသည္မွာ ၾကာျမင့္ေနၿပီ ပင္ျဖစ္ေၾကာင္း (၄၈)ယာဥ္လုိင္း မွ ကားပိုင္ရွင္ကိုတ႐ုတ္ေလးက ေျပာသည္။

‘‘ခရီးသည္ေတြ ေတာ္ေတာ္ မ်ားမ်ားကို ကြၽန္ေတာ္တို႔ယာဥ္ လုိင္းပိုင္ရွင္ေတြဘက္က ၀န္ ေဆာင္မႈနဲ႔ပတ္သက္ၿပီး ေလ်ာ့ရဲ ခဲ့တာ ႏွစ္ေပါင္းမနည္းပါဘူး။ ဒါ ေတြကို ကြၽန္ေတာ္က ယာဥ္ပိုင္ ရွင္ေတြ ကိုယ္စားေတာင္းပန္ပါ တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ လုပ္ငန္းေတြဘက္မွာလည္း ေခတ္ပ်က္ေနတာၾကာပါၿပီ’’ဟု ကိုတ႐ုတ္ေလးက ဆုိသည္။

ရန္ကုန္ၿမိဳ႕တြင္ ဘတ္စ္ကား အစီးေရ ၆,၀၀၀ ေက်ာ္ရွိၿပီး ေန႔ စဥ္လမ္းေပၚ၌ ပုံမွန္ေျပးဆဲြေပး ေနသည့္ ကားအစီးေရ ၃,၅၀၀ေက်ာ္ရွိကာ ရန္ကုန္ရိွ လူဦးေရႏွစ္ သန္းအား ေန႔စဥ္ ပို႔ေဆာင္ေပးေနေၾကာင္း မထသစာရင္းမ်ားတြင္ ေဖာ္ျပထားသည္။
http://7daydaily.com/story/46781
...............................................................................
သပိတ်မှောက်ဘတ်စ်ကား အများစု စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်ပြေးဆွဲ

ByမိုးညိုOn  Sun, 2015-09-20 06:30Location ရန်ကုန်Issue No.No.862 Sunday, September 20, 2015
ရန်ကုန်မြို့တွင်း ခရီး သည်တင်ဘတ်စ်ကားများ မပြေး ဆွဲဘဲ သပိတ်မှောက်ရပ်နားခြင်း မှာ စက်တင်ဘာ ၁၉ ရက်တွင် ပြီးဆုံးသွားပြီး ဘတ်စ်ကားအများစုပြန်လည်ပြေးဆွဲနေပြီဖြစ် ကြောင်းခရီးသွားပြည်သူများက ပြောသည်။

ဒဏ်ကြေးတိုးမြှင့်သည့်အ တွက် သပိတ်မှောက်ကာ ကား ပြေးဆွဲမှုလေးရက် ရပ်နားထား သည့် ကားအများစုသည် စက်တင်ဘာ ၁၉ ရက်တွင် ပြန်လည်ပြေး ဆွဲနေပြီး မထွက်ဘဲကျန်ရှိသည့် ကားအနည်းငယ်သာ ကျန်ရှိ ကြောင်း ခရီးသည်တင်ဘတ်စ် ကားလိုင်းအချို့မှ ဂိတ်ပိုင်ရှင်များ က ပြောသည်။

‘‘မထွက်ဘဲ ကျန်တဲ့ကားက တစ်စီးတလေပါ။ တချို့က လမ်းပေါ်ထွက်ရင် ယာဉ်အထောက်အထား စာရွက်စာတမ်းမပြည့်စုံလို့၊ တချို့က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် လိုင်စင်တွေ မပြည့်စုံသေးလို့ မထွက်ရဲသေးကြဘူး’’ဟု (၂၂၆)ယာဉ် လိုင်းမှ ယာဉ်ပိုင်ရှင်ဦးမြတ်လေးက ပြောသည်။

ထို့ကြောင့် ကားတစ်စီးချင်း စီအလိုက် စာရွက်စာတမ်းလိုင် စင်များ ပြန်လည်ပြည့်စုံရန် ရုံးဖွင့်ရက်များတွင်  ကညနနှင့် ယာဉ်ထိန်းရုံးများသို့ သွားရောက်လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အချို့ကားများမထွက်နိုင်သေးဘဲအနည်းငယ်သာဖြစ်ကြောင်း (၁၅၇)ယာဉ်လိုင်းမှ ယာဉ်မောင်းကို ကတုံးလေးက ပြောသည်။


ငါးရက်မြောက်နေ့တွင် ခရီး သည်တင်ဘတ်စ်ကား ထွက်ရှိ သည့် အရေအတွက်ကိုမူ မထသနှင့် ယာဉ်ထိန်းတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ခြင်း မရှိပေ။

ဘတ်စ်ကားသုံး ခရီးသည် များကမူ ရေရှည်တွင် ယာဉ် နောက်လိုက်နှင့် ယာဉ်မောင်းများ အနေဖြင့် ကြာရှည်စွာ သပိတ် မှောက်ခြင်း မပြုနိုင်ဘဲ ၎င်းတို့၏ စားဝတ်နေရေးအတွက် ယာဉ် လိုင်းထွက်ရခြင်းသာဖြစ်ကြောင်း ပြောသည်။

အစိုးရဘက်မှ ယာဉ်စည်းကမ်း ချိုးဖောက်ပါက ဒဏ်ကြေး တိုးမြှင့်လိုက်ခြင်းများကြောင့် ယာဉ်မောင်းနှင့်  ယာဉ်နောက်လိုက်အချို့က  ဆက်လက်လုပ်ကိုင်ရန်  အခက်အခဲဖြစ်နေပြီး အချို့က လုပ်ငန်းပြောင်းရန်ပင် စီစဉ်မှုအချို့ရှိနေကြောင်း ယာဉ် မောင်းနှင့် ယာဉ်နောက်လိုက်အ ချို့က ပြောသည်။

လက်ရှိတွင် ဘတ်စ်ကားလောကအတွင်း ယာဉ်ပိုင်ရှင်များက ယာဉ်ကြောကျပ်တည်းမှု ကြောင့် သတ်မှတ်ခေါက်ရေ လျော့ကျခြင်း၊ ၀င်ငွေလျော့ကျခြင်းများကြောင့် ၎င်းတို့၏ကားများကို ရောင်း၍ လုပ်ငန်းပြောင်း ရန် စီစဉ်နေသည်မှာ ကြာမြင့်နေပြီ ပင်ဖြစ်ကြောင်း (၄၈)ယာဉ်လိုင်း မှ ကားပိုင်ရှင်ကိုတရုတ်လေးက ပြောသည်။

‘‘ခရီးသည်တွေ တော်တော် များများကို ကျွန်တော်တို့ယာဉ် လိုင်းပိုင်ရှင်တွေဘက်က ၀န် ဆောင်မှုနဲ့ပတ်သက်ပြီး လျော့ရဲ ခဲ့တာ နှစ်ပေါင်းမနည်းပါဘူး။ ဒါ တွေကို ကျွန်တော်က ယာဉ်ပိုင် ရှင်တွေ ကိုယ်စားတောင်းပန်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ငန်းတွေဘက်မှာလည်း ခေတ်ပျက်နေတာကြာပါပြီ’’ဟု ကိုတရုတ်လေးက ဆိုသည်။

ရန်ကုန်မြို့တွင် ဘတ်စ်ကား အစီးရေ ၆,၀၀၀ ကျော်ရှိပြီး နေ့ စဉ်လမ်းပေါ်၌ ပုံမှန်ပြေးဆွဲပေး နေသည့် ကားအစီးရေ ၃,၅၀၀ကျော်ရှိကာ ရန်ကုန်ရှိ လူဦးရေနှစ် သန်းအား နေ့စဉ် ပို့ဆောင်ပေးနေကြောင်း မထသစာရင်းများတွင် ဖော်ပြထားသည်။

No comments:

Post a Comment