Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

အိမ္မွာမရွိသည့္တုိင္ ဖုန္းကေနတဆင့္ လွမ္းခို္င္းေစႏိုင္မယ့္ စက္ရုပ္ဖုန္စုပ္စက္


‘Neato BotVac Connected’ ဆုိတာဟာ အင္တာနက္နဲ ့ခ်ိတ္ဆက္ထားတဲ့ ပထမဆုံး စက္ရုပ္ဖုန္စုပ္စက္ ျဖစ္ျပီး Google ရဲ့ ေမာင္းသူမဲ့ကားေတြမွာ အသုံးျပဳထားတဲ့နည္းပညာနဲ ့တူညီတဲ့နည္းပညာကို အသုံးျပဳထားတာျဖစ္ပါတယ္။

အင္တာနက္ခ်ိတ္ဆက္ထားတာေၾကာင့္ စမတ္ဖုန္း app ကေန တဆင့္ သင္အိမ္မွာ မရွိသည့္တိုင္ ေကာ္ေဇာ္ေတြကို သန္ ့ရွင္းေရးလုပ္ေပးဖုိ ့အတြက္ စက္ရုပ္ကို လွမ္းခုိင္းေစ ႏိုင္မွာျဖစ္ပါတယ္။ ဒီစက္ရုပ္ဖုန္စုပ္စက္ဟာ အိမ္ရဲ့ ေျမပုံကို အေသးစိတ္ေရးဆြဲမွတ္သားႏိုင္ျပီး အရာ၀တၳဳပစၥည္းေတြကို ေလဆာနဲ ့စကန္ဖတ္ကာ ေရွာင္ကြင္းသြားလာႏိုင္ပါတယ္။

အခန္းတစ္ခန္းကို သန္ ့ရွင္းေရးလုပ္ျပီးတာနဲ ့ေနာက္တစ္ခန္းကို ကူးေျပာင္းလုပ္ေဆာင္ေပးမွာျဖစ္ျပီး ေသးငယ္၊ ျပားခ်ပ္တဲ့ကိုယ္ထည္ေၾကာင့္ အိပ္ရာေအာက္ေတြပါ ၀င္ေရာက္သန္ ့ရွင္းေပးႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္ ဒီစက္ရုပ္ဟာ ေလွကားအတက္အဆင္းေတာ့မျပဳလုပ္ႏိုင္တဲ့အတြက္ တစ္ထပ္ ထက္ပုိတဲ့အိမ္ေတြကေတာ့ ဒီ ၅၄၉ စတာလင္ေပါင္တန္ စက္ရုပ္ကို၀ယ္ဖုိ ့စဥ္းစားရမွာျဖစ္ပါတယ္။

စတုရန္းေပေပါင္း ၅၀၀၀ အထိ အလိုအေလ်ာက္သန္ ့ရွင္းေရးလုပ္ေပးႏိုင္ျပီး ႏွစ္နာရီၾကာ တာ၀န္ထမ္းေဆာင္ႏိုင္ကာ အားကုန္သြားရင္ အားသြင္းစက္ဆီ အလုိအေလ်ာက္ ျပန္သြားမွာျဖစ္ပါတယ္။

စမတ္ဖုန္း app ကေန manual ထိန္းခ်ဳပ္လုပ္ေဆာင္မယ္ဆုိရင္ေတာ့ ဖုန္စုပ္စက္နဲ ့wi-fi network တစ္ခုတည္းခ်ိတ္ဆက္ထားရမွာျဖစ္ပါတယ္။ ဒီ စမတ္ဖုန္းခ်ိတ္ဆက္ Neato BotVac Connected စက္ရုပ္ဖုန္စုပ္စက္ကို လန္ဒန္မွာ လြန္ခဲ့တဲ့အပတ္က က်င္းပခဲ့တဲ့ နည္းပညာမိတ္ဆက္ျပပြဲမွာ စတင္မိတ္ဆက္ေပးခဲ့တာ ျဖစ္ပါတယ္။ ေနာက္လကေနစျပီး အြန္လုိင္းစတုိင္း Amazon အပါအ၀င္ တျခားစတုိးေတြကေန ၀ယ္ယူရရွိႏိုင္ျပီ ျဖစ္ပါတယ္။

Ye Wint - သစ္ထူးလြင္
.................................
အိမ်မှာမရှိသည့်တိုင် ဖုန်းကနေတဆင့် လှမ်းခို်င်းစေနိုင်မယ့် စက်ရုပ်ဖုန်စုပ်စက်

‘Neato BotVac Connected’ ဆိုတာဟာ အင်တာနက်နဲ ့ချိတ်ဆက်ထားတဲ့ ပထမဆုံး စက်ရုပ်ဖုန်စုပ်စက် ဖြစ်ပြီး Google ရဲ့ မောင်းသူမဲ့ကားတွေမှာ အသုံးပြုထားတဲ့နည်းပညာနဲ ့တူညီတဲ့နည်းပညာကို အသုံးပြုထားတာဖြစ်ပါတယ်။

အင်တာနက်ချိတ်ဆက်ထားတာကြောင့် စမတ်ဖုန်း app ကနေ တဆင့် သင်အိမ်မှာ မရှိသည့်တိုင် ကော်ဇော်တွေကို သန် ့ရှင်းရေးလုပ်ပေးဖို ့အတွက် စက်ရုပ်ကို လှမ်းခိုင်းစေ နိုင်မှာဖြစ်ပါတယ်။ ဒီစက်ရုပ်ဖုန်စုပ်စက်ဟာ အိမ်ရဲ့ မြေပုံကို အသေးစိတ်ရေးဆွဲမှတ်သားနိုင်ပြီး အရာဝတ္ထုပစ္စည်းတွေကို လေဆာနဲ ့စကန်ဖတ်ကာ ရှောင်ကွင်းသွားလာနိုင်ပါတယ်။

အခန်းတစ်ခန်းကို သန် ့ရှင်းရေးလုပ်ပြီးတာနဲ ့နောက်တစ်ခန်းကို ကူးပြောင်းလုပ်ဆောင်ပေးမှာဖြစ်ပြီး သေးငယ်၊ ပြားချပ်တဲ့ကိုယ်ထည်ကြောင့် အိပ်ရာအောက်တွေပါ ၀င်ရောက်သန် ့ရှင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစက်ရုပ်ဟာ လှေကားအတက်အဆင်းတော့မပြုလုပ်နိုင်တဲ့အတွက် တစ်ထပ် ထက်ပိုတဲ့အိမ်တွေကတော့ ဒီ ၅၄၉ စတာလင်ပေါင်တန် စက်ရုပ်ကိုဝယ်ဖို ့စဉ်းစားရမှာဖြစ်ပါတယ်။

စတုရန်းပေပေါင်း ၅၀၀၀ အထိ အလိုအလျောက်သန် ့ရှင်းရေးလုပ်ပေးနိုင်ပြီး နှစ်နာရီကြာ တာဝန်ထမ်းဆောင်နိုင်ကာ အားကုန်သွားရင် အားသွင်းစက်ဆီ အလိုအလျောက် ပြန်သွားမှာဖြစ်ပါတယ်။

စမတ်ဖုန်း app ကနေ manual ထိန်းချုပ်လုပ်ဆောင်မယ်ဆိုရင်တော့ ဖုန်စုပ်စက်နဲ ့wi-fi network တစ်ခုတည်းချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ ဒီ စမတ်ဖုန်းချိတ်ဆက် Neato BotVac Connected စက်ရုပ်ဖုန်စုပ်စက်ကို လန်ဒန်မှာ လွန်ခဲ့တဲ့အပတ်က ကျင်းပခဲ့တဲ့ နည်းပညာမိတ်ဆက်ပြပွဲမှာ စတင်မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်လကနေစပြီး အွန်လိုင်းစတိုင်း Amazon အပါအဝင် တခြားစတိုးတွေကနေ ၀ယ်ယူရရှိနိုင်ပြီ ဖြစ်ပါတယ်။

Ye Wint - သစ်ထူးလွင်

No comments:

Post a Comment