နေပြည်တော် - မန္တလေးလမ်းမ (Credit: ABC) |
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ လမ်းအန္တရာယ်နဲ့ ပတ်သက်ပြီး အစီရင်ခံစာ ပြုစုရာမှာ ကနဦးတွေ့ရှိချက်အရ အရှေ့တောင်အာရှမှာ မြန်မာက ဒုတိယ အဆိုးဝါးဆုံး ဖြစ်နေတာကို တွေ့ရတာ ဖြစ်ပါတယ်။
တစ်ရက်မှာ ဘယ်နှစ်ယောက်နှုန်းသေဆုံးနေရသလဲ ဆိုတာကို ကနဦးတွေ့ရှိချက်ထဲမှာ မဖော်ပြထားသေးပါဘူး။
ဒါပေမဲ့ ထိုင်းနိုင်ငံပြီးရင်တော့ မြန်မာနိုင်ငံဟာ လမ်းမှာ သေဆုံးရသူ ဒုတိယ အများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပြီး အစီရင်ခံစာ အပြည့်အစုံကို ဒီနှစ်ကုန်လောက်မှာ ဖော်ပြဖို့ ရှိပါတယ်။
အရင်တစ်ခေါက်က ပြုလုပ်တဲ့ အစီရင်ခံစာတုန်းက မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှ ၁၁ နိုင်ငံထဲမှာ နံပတ်ခြောက် နေရာ ရှိခဲ့ပေမယ့် အခုတော့ ဒုတိယအဆိုးဆုံးနေရာ ရောက်လာနေတာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်တုန်းကတော့ လူတစ်သိန်းမှာ ၁၅ ယောက်လောက်က လမ်းမှာ မတော်တဆ ဖြစ်ရတယ်လို့ ဖော်ပြထားပြီး နံပတ်ခြောက် အဆိုးဝါးဆုံးမှာ ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘာကြောင့် သေဆုံးမှုတွေ ပိုများလာရသလဲ ဆိုတာ မသိရသေးပေမယ့် ၂၀၁၁ နောက်ပိုင်း ကားတွေ ပိုများလာတာတွေ၊ ကားဟောင်းများပြားတာတွေ၊ ကားမောင်းမကျွမ်းကျင်တာတွေနဲ့ လမ်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီကိစ္စကို ကိုယ်တွယ်ဖြေရှင်းသင့်တယ်လို့ ယူဆတာကြောင့် မြန်မာအာဏာပိုင်တွေနဲ့ စကားပြောဆိုတာတွေ၊ ဘယ်နေရာမှာ မတော်တဆမှု အများဆုံး ဖြစ်ရသလဲ ဆိုတာတွေကို လေ့လာရမယ်လို့ ပြောပါတယ်။
ကလေးငယ်တွေကိုလည်း လမ်းဖြတ်ကူးတဲ့ ပညာပေးလုပ်ငန်းတွေ လုပ်ရမှာ ဖြစ်ပြီး အထူးသဖြင့် ရန်ကုန် မန္တလေး ကားလမ်းမ တလျှောက်မှာ နေထိုင်တဲ့ ကလေးတွေကို ပညာပေးရမယ်လို့ ပြောပါတယ်။
လွန်ခဲ့တဲ့ သုံးပါတ်အတွင်း လမ်းမတော်တဆမှုကြောင့် သေဆုံးတဲ့ ဦးရေဟာ ရေကြီးမှုကြောင့် သေဆုံးတဲ့ ဦးရေထက် များပြားပေမယ့် ဒီကိစ္စကို နိုင်ငံရေး သမားတွေက ဖြေရှင်းဖို့ သိပ်စိတ်မဝင်စားဘူးလို့လည်း မြန်မာနိုင်ငံက လမ်းအန္တရာယ်ကင်းရှင်းရေး လှုပ်ရှားသမားတစ်ဦးက Frontier သတင်းကို ပြောသွားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
No comments:
Post a Comment