Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, September 21, 2015

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္၏ ေရဒီယို/တီဗြီ မိန္႔ခြန္း


 ပထမဦးစြာ တိုင္းသူျပည္သားအားလံုး က်န္းမာရႊင္လန္းၾကပါေစလို႔ ဆုေတာင္း လိုက္ပါတယ္။

 ႏုိ၀င္ဘာလ (၈) ရက္ေန႔က်ေရာက္မယ့္ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ႏိုင္ငံတစ္၀ွမ္း ၀င္ေရာက္ယွဥ္ျပိဳင္မွာျဖစ္ပါတယ္။ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ ယွဥ္ျပိဳင္တယ္ဆိုတာ ျပည္သူလူထုရဲ႕ ေထာက္ခံမဲေတြကို ေတာင္းခံတာ ျဖစ္တာေၾကာင့္ ျပည္သူကို ကြ်န္မတို႔အဖြဲ႕ခ်ဳပ္ရဲ႕ မူ၀ါဒသေဘာတရားမ်ား၊ ႏုိုင္ငံ့အတြက္ ေမွ်ာ္မွန္းခ်က္မ်ားနဲ႔ သမိုင္းျဖစ္စဥ္အခ်ိဳ႕ကို တင္ျပခ်င္ပါတယ္။

ဒီမုိကေရစီစနစ္ထူေထာင္ရာမွာ ျပည္သူလူထုရဲ႕က႑ဟာ အဓိကပါပဲ။ ျပည္သူလူထုရဲ႕ ဆႏၵ၊ ၾသဇာ၊ အာဏာအေပၚအေျခခံတဲ့စနစ္ျဖစ္တာေၾကာင့္ ျပည္သူေတြ တက္တက္ၾကြၾကြ ပါ၀င္ၾကမွ ေအာင္ျမင္ႏုိင္မွာပါ။ ျပည္သူေတြရဲ႕ပါ၀င္ပတ္သက္မႈလိုအပ္သလို၊ ျပည္သူေတြရဲ႕ ဆံုးျဖတ္ခ်က္ဟာ အင္မတန္အေရးၾကီးပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ ပြင့္လင္း ထင္ရွားတဲ့၊ လြတ္လပ္ျပီး တရားမွ်တတဲ့ ေရြးေကာက္ပြဲမွတဆင့္ ေဖၚထုတ္လိုက္တဲ့ ျပည္သူ႔ ဆႏၵကို ေလးစားလိုက္နာပါ့မယ္လိုု႔ အာမခံပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို (၁၉၈၈) ခုႏွစ္မွာ၊ လူ႔အခြင့္အေရးမ်ားကို ကာကြယ္ ထိန္းသိမ္းမယ့္ စစ္မွန္တဲ့ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စုတည္ေဆာက္ဖို႔ ရည္မွန္းခ်က္မ်ားနဲ႔ ထူေထာင္ခဲ့တာျဖစ္ပါတယ္။ ကြ်န္မတို႔ရဲ႕ ပန္းတိုင္ေရာက္ေအာင္ ၾကိဳးပမ္းရာမွာ အၾကမ္းမဖက္ေရး၊ အမ်ိဳးသားရင္ၾကားေစ့ေရး၊ သဟဇာတျဖစ္ေရး၊ အာဃာတကင္းစင္ေရး စတဲ့ သေဘာတရားမ်ားကို ခိုင္ခုိင္မာမာစြဲကိုင္ခဲ့ပါတယ္။ (၂၇) ႏွစ္အတြင္း အခက္အခဲေပါင္းစံုကို အဖြဲ႕ခ်ဳပ္နဲ႔ အဖြဲ႕ခ်ဳပ္၀င္မ်ား ျပင္းျပင္းထန္ထန္ခံခဲ့ရေပမယ့္ ဒီမူ၀ါဒ သေဘာတရားေတြကို လံုး၀လက္မလႊတ္ခဲ့ပါဘူး။ အခုလည္း ကြ်န္မတို႔ႏိုင္ငံတည္ျငိမ္ေအးခ်မ္းစြာ ေျပာင္းလဲႏိုင္ေရး အတြက္ ဒီမူ၀ါဒသေဘာတရားေတြအရ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္ပါတယ္။ တိုင္းျပည္မထိ၊ ျပည္သူမနာတဲ့ နည္းလမ္းေတြနဲ႔သာ ဒီမိုကေရစီဖယ္ဒရယ္ ျပည္ေထာင္စုၾကီးကို ျပည္ေထာင္စုသားအားလံုးနဲ႔အတူ ပူးေပါင္းလက္တြဲ အေကာင္အထည္ ေဖာ္လိုတဲ့ဆႏၵနဲ႔အညီ၊ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဟာ (၁၉၉၀) ခုႏွစ္ ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့ပါတယ္။ လူထုရဲ႕ တစ္ခဲနက္ေထာက္ခံမႈကို ရရိွခဲ့ေပမယ့္ တုိင္းျပည္ တာ၀န္ကို ထမ္းေဆာင္ခြင့္မရခဲ့ဘူး ဆိုတာ အမ်ားသိျပီး ျဖစ္ပါတယ္။ ဒါေပမဲ့လည္း (၁၉၉၀) ခုႏွစ္ ေရြးေကာက္ပြဲဟာ ျမန္မာႏိုင္ငံသူ ႏုိင္ငံသားမ်ားရဲ႕ ျပင္းျပတဲ့ ဒီမိုကေရစီရရိွေရးဆႏၵကို ေဖၚထုတ္ လိုက္တာေၾကာင့္ ကြ်န္မတို႔ႏိုင္ငံ ဒီမိုကေရစီအေရးနဲ႔အတူ အဖြဲ႕ခ်ဳပ္ပါ ဆက္လက္ ရွင္သန္ႏိုင္ခဲ့ ပါတယ္။ မဲဆႏၵရွင္ျပည္သူေတြရဲ႕ ေက်းဇူးကို မေမ့မေလ်ာ့ တန္ဖိုးထားလ်က္ပါ။

(၂၀၁၂) ခုႏွစ္ ၾကားျဖတ္ေရြးေကာက္ပြဲမွာ ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့တာကလည္း၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ႏုိင္ငံအတြက္ ေမွ်ာ္မွန္းခ်က္ေတြကို တတ္အားသေရြ႕ ေအးခ်မ္းစြာ ဥပေဒေဘာင္ အတြင္းက ေဖာ္ေဆာင္ဖို႔ရာ ၾကိဳးပမ္းခ်က္ျဖစ္ပါတယ္။ တရားဥပေဒ စိုးမိုးေရး၊ ျပည္တြင္းျငိ္မ္းခ်မ္းေရး၊ ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရးတို႔ကို၊ အဖြဲ႕ခ်ဳပ္ရဲ႕ ဦးတည္ခ်က္မ်ားအျဖစ္ သတ္မွတ္ခဲ့ ပါတယ္။ ျပည္သူရဲ႕ ယံုၾကည္ေထာက္ခံမႈ ေက်းဇူးေၾကာင့္ ၀င္ေရာက္ယွဥ္ျပိဳင္ခဲ့တဲ့ မဲဆႏၵနယ္ (၄၄) ေနရာ အနက္ (၄၃) ေနရာမွာ အႏိုင္ရရိွ ခဲ့ပါတယ္။ ကုိယ္စားလွယ္ (၆၀၀) ေက်ာ္ပါ၀င္တဲ့ ျပည္ေထာင္စု လႊတ္ေတာ္မွာ (၄၀) ေက်ာ္မွ်ေသာ ကိုယ္စားလွယ္မ်ားရဲ႕ စြမ္းေဆာင္ႏုိင္အားဟာ အကန္႔အသတ္နဲ႔သာ ရိွႏုိင္မယ္ဆိုတာ ျပည္သူမ်ား နားလည္ႏိုင္လိမ့္မယ္လို႔ ယူဆပါတယ္။ ဒီမိုကေရစီအက်ိဳး၊ ျပည္ေထာင္စု အက်ိဳးအတြက္ လႊတ္ေတာ္အတြင္း သာမက၊ လႊတ္ေတာ္ျပင္ပမွာပါ အဖြဲ႕ခ်ဳပ္ရဲ႕ ၾကိဳးပမ္းခဲ့မႈ မ်ားေၾကာင့္ ျပည္သူျပည္သားမ်ား ဖြဲ႕စည္းပံု အေျခခံဥပေဒ ျပဳျပင္ေျပာင္းလဲေရး ဘာေၾကာင့္ လိုအပ္တယ္ ဆိုတာကို ပိုမိုက်ယ္က်ယ္ျပန္႔ျပန္႔ သိရိွနားလည္ ခဲ့ၾကတယ္လို႔ ယံုၾကည္ပါတယ္။ ဒါေပမဲ့ (၂၀၁၂) ၾကားျဖတ္ ေရြးေကာက္ပြဲရဲ႕ ဦးတည္ခ်က္မ်ားကို ထိထိ ေရာက္ေရာက္ အေကာင္ အထည္ေဖာ္ႏိုုင္ဖိုု႔ကေတာ့ အစိုးရ တာ၀န္ေတြ ထမ္းေဆာင္ပိုင္ခြင့္ လိုအပ္ပါတယ္။ ဒီတာ၀န္ကို ျပည္သူလူထုက အပ္ႏွင္းေပးေစ လိုတာေၾကာင့္ ယခု (၂၀၁၅) ခုႏွစ္ ႏုိ၀င္ဘာလ (၈) ရက္ေန႔ ေရြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ပါ၀င္ယွဥ္ျပိဳင္မွာပါ။
တရားဥပေဒစိုးမိုးေရးနဲ႔ တည္ျငိမ္ေအးခ်မ္းေရးဟာ ဆက္ႏြယ္ေနပါတယ္။ ဥပေဒမ်ားဟာ တရားျပီး အမ်ားျပည္သူေတြရဲ႕ဘ၀ လံုျခံဳေရးအတြက္ျဖစ္ရပါမယ္။ ဒါေၾကာင့္ ဖ်က္တန္ရာဖ်က္၊ ျပင္တန္ရာျပင္၊ အသစ္ျပဌာန္းတန္ရာ ျပဌာန္းဖို႔လုိပါတယ္။ တရားဥပေဒမ်ား ထိေရာက္မႈ ရိွေစေရးအတြက္ လုပ္ေဆာင္ပိုင္ခြင့္အာဏာကေတာ့ အုပ္ခ်ဳပ္ေရးဆိုင္ရာနဲ႔ တရားစီရင္ေရး ဆိုင္ရာ တုိ႔မွာသာရိွတာ ျဖစ္ပါတယ္။ တရားဥပေဒစိုးမိုးေရး ထိေရာက္စြာ အေကာင္အထည္ ေဖာ္ႏိုင္တာက အစိုးရသာျဖစ္ပါတယ္။ ဒါေၾကာင့္ အစိုးရဖြဲ႕ႏိုင္ေရးဟာ တရားဥပေဒစိုးမိုးေရး ဦးတည္ခ်က္ ေအာင္ျမင္ဖို႔အတြက္ အဓိကက် ပါတယ္။

(၂၀၁၂) ၾကားျဖတ္ေရြးေကာက္ပြဲ အၾကိဳကာလမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ျပည္တြင္း ျငိမ္းခ်မ္းေရးဦးတည္ခ်က္မ်ားကိုတင္ျပ ခဲ့ပါတယ္။ ျပည္တြင္း စစ္ရပ္စဲသြားဖို႔ အတြက္ အဆင့္ (၃) ဆင့္နဲ႔ ေဆာင္ရြက္သြားရန္လိုေၾကာင္း၊ ပထမအဆင့္မွာ တစ္ႏိုင္ငံလံုးအတိုင္းအတာနဲ႔ အပစ္အခတ္ရပ္စဲေရး၊ ဒုတိယအဆင့္မွာ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ က်င္းပျပီး ညိႈႏိႈင္းအေျဖရွာေရး၊ တတိယအဆင့္မွာေတာ့ ပင္လံုအေျခခံမူျဖစ္တဲ့ တန္းတူညီမွ်မႈ၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ စသည္မ်ားကို ဖြဲ႕စည္းပံု အေျခခံဥပေဒက အာမခံေရးပဲျဖစ္ပါတယ္။ အခုအခ်ိန္မွာ တစ္ႏိုင္ငံလံုး အပစ္အခတ္ ရပ္စဲေရး ျဖစ္ေျမာက္ေစရန္အတြက္ သေဘာတူညီစာခ်ဳပ္ကို သက္ဆုိင္ရာအဖြဲ႕ အစည္းမ်ား မၾကာမီကာလအတြင္း လက္မွတ္ေရးထိုးႏိုင္မဲ့ အလားအလာရိွေနတာေၾကာင့္ ျပည္သူျပည္သားေတြ ၀မ္းသာစြာ ေစာင့္ေမွ်ာ္ေနၾကပါတယ္။ ဒီအပစ္အခတ္ ရပ္စဲေရးစာခ်ဳပ္ဟာ အျပန္အလွန္နားလည္မႈ၊ အျပန္အလွန္ေလးစားယံုၾကည္မႈ တို႔ေပၚမွာ အေျခခံတဲ့၊ တည္တံ့ခိုင္ျမဲမဲ့ သေဘာတူညီခ်က္ျဖစ္ဖို႔ရာက အဓိကျဖစ္ပါတယ္။
အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ ေအာင္ျမင္စြာသေဘာတူ လက္မွတ္ေရးထုိးျပီးတဲ့အခါမွာ၊ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စု ေပၚထြန္းေစဖို႔ မျဖစ္မေနလိုအပ္ေနတဲ့ ထာ၀ရ ျငိမ္းခ်မ္းေရးရဲ႕ အေျခခံအုတ္ျမစ္ ခ်ျခင္းျဖစ္တဲ့ ဒုတိယအဆင့္နဲ႔ တတိယအဆင့္တို႔ကို အေကာင္အထည္ေဖာ္ရပါမယ္။ တကယ္ေတာ့ ဒီအဆင့္ႏွစ္ဆင့္ကို တစ္ျပိဳင္တည္းလုပ္သြားဖို႔ လိုပါတယ္။ ဒုတိယအဆင့္ျဖစ္တဲ့ ျငိမ္းခ်မ္းေရး ေဆြးေႏြးပြဲကို တာ၀န္ယူေဆာင္ရြက္ရမွာကေတာ့ ႏုိ၀င္ဘာလ အေထြေထြေရြးေကာက္ပြဲမွ ထြက္ေပၚလာမဲ့ အစိုးရပဲ ျဖစ္ပါတယ္။ ျပည္သူကလိုလား ေထာက္ခံခဲ့ရင္ ဒီတာ၀န္ကို အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္က ထမ္းေဆာင္ဖို႔ အသင့္ျဖစ္ပါတယ္။

ဒီမိုကေရစီဖယ္ဒရယ္ျပည္ေထာင္စုထူေထာင္ေရး ရည္မွန္းခ်က္ကို လြန္ခဲ့တဲ့ (၂၇) ႏွစ္ အတြင္း အႏၱရာယ္အခက္အခဲမ်ိဳးစံုနဲ႔ ၾကံဳေတြ႕ရေပမယ့္ လံုး၀လက္မလႊတ္ခဲ့ပါ။ (၂၀၁၀) က စျပီး ကြ်န္မတို႔ အဖြဲ႕ခ်ဳပ္က ဒုတိယပင္လံု ညီလာခံက်င္းပေရးကို ဦးတည္ခဲ့တာျဖစ္ပါတယ္။ `ဒုတိယပင္လံု´ ဆိုတာ ကေတာ့ ပင္လံုစိတ္ဓါတ္ရဲ႕ အႏွစ္သာရျဖစ္တဲ့၊ တိုင္းရင္းသားမ်ား ဗမာမ်ားအပါအ၀င္ အားလံုး ပူးေပါင္း ေဆာင္ရြက္ျခင္းျဖင့္သာ ဘံုေမွ်ာ္မွန္းခ်က္မ်ားကို ေအာင္ျမင္ ေအးခ်မ္းစြာ အေကာင္အထည္ေဖာ္ႏိုင္မယ္ ဆိုတဲ့ ယံုၾကည္ခ်က္အေပၚ အေျခခံတဲ့ ျငိမ္းခ်မ္းေရး၊ ျပည္ေထာင္စုေရး ေဆြးေႏြးပြဲကို ဆိုလိုတာပါ။
ယခုတစ္ႏိုင္ငံလံုး၊ တိုင္းနဲ႔ျပည္နယ္အားလံုးမက်န္၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ ေလာင္းမ်ား ၀င္ေရာက္အေရြးခံတာဟာ စစ္မွန္တဲ့ ျပည္ေထာင္စုျဖစ္ေပၚလာေရး အတြက္၊ ျပည္ေထာင္စု စိတ္ဓါတ္နဲ႔ ျပည္ေထာင္စုညီညြတ္မႈကို ကိုယ္စားျပဳႏုိင္မယ့္ ဗဟိုအစိုးရ ဖြဲ႕စည္းႏုိင္ဖို႔ျဖစ္ပါတယ္။ ဗဟိုအစိုးရဟာ အမွန္တကယ္ ဒီမိုကေရစီစံႏႈန္းစံထားမ်ားနဲ႔ ကိုက္ညီမႈရိွျပီး၊ တိုင္း၊ ျပည္နယ္အစိုးရမ်ားနဲ႔ ဟန္ခ်က္ညီညီ ၾကိဳးပမ္းေဆာင္ရြက္ႏိုင္မွသာ စစ္မွန္တဲ့ ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စုကို တည္ေထာင္ႏို္င္မွာပါ။ မတူကြဲျပားမႈကို အင္အားျဖစ္ေအာင္လုပ္ျပီး၊ ညီညြတ္မႈ ၾကိဳးစားေဖာ္ေဆာင္ ႏုိင္ခြင့္ကို အဖြဲ႕ခ်ဳပ္က ျပည္ေထာင္စုသား အားလံုးထံက ေတာင္းခံျခင္းျဖစ္ပါတယ္။
ျငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြဟာ အခ်ိန္ၾကာႏိုင္ပါတယ္။ ႏိုင္ငံ့ရဲ႕ အနာဂတ္တစ္ခုလံုး အတြက္ ရည္ရြယ္တဲ့ သေဘာတူညီမႈမ်ားကို အေဆာတလ်င္ မရယူပဲ၊ အေသအခ်ာတုိင္ပင္ ေဆြးေႏြး အေျဖရွာတာဟာ မွန္ကန္တဲ့လုပ္ရပ္ပါ။ သို႔ေသာ္လည္း အကန္႔အသတ္မရိွ အခ်ိန္ဆြဲႏုိင္တဲ့ အေနအထားမျဖစ္ဖို႔လည္း အင္မတန္ အေရးၾကီးပါတယ္။ ေဆြးေႏြးပြဲေတြက ထြက္ေပၚလာတဲ့ သေဘာတူညီမႈေတြကို အျမန္ဆံုး အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ကလည္း အေရးၾကီးပါတယ္။ ဒါေၾကာင့္ ဒုတိယအဆင့္လို႔ သတ္မွတ္တဲ့ ေဆြးေႏြးပြဲမ်ားနဲ႔ တစ္ျပိဳင္နက္ တတိယအဆင့္လို႔ သတ္မွတ္တဲ့ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ ေျပာင္းလဲေရးကိုလည္း လုပ္ကို္င္ေဆာင္ရြက္သြားရမွာ ျဖစ္ပါတယ္။

ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ေျပာင္းလဲရာမွာ တပ္မေတာ္ရဲ႕က႑က အဓိကျဖစ္တယ္ ဆိုတာ ကြ်န္မတို႔ ျပည္သူျပည္သားမ်ား အသိျဖစ္ပါတယ္။ ျပင္ဆင္ေျပာင္းလဲေရးနဲ႔ပတ္သက္လို႔ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ အျမင္နဲ႔ တပ္မေတာ္ရဲ႕အျမင္ဟာ တစ္ထပ္တည္း မဟုတ္ဖူးဆိုုတာလည္း ျပည္သူ ျပည္သားမ်ား အသိျဖစ္ပါတယ္။ သို႔ေသာ္လည္း ဒီမိုကေရစီ ဖယ္ဒရယ္ျပည္ေထာင္စုၾကီးရဲ႕ အနာဂတ္ တည္ျငိမ္ေတာက္ပေရးကို လိုလားတဲ့ ေနရာမွာ တပ္မေတာ္နဲ႔ ကြ်န္မတို႔အၾကား လံုး၀ကြဲျပားမႈ မရိွဘူးလို႔ ယံုၾကည္ပါတယ္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ျပည္သူေတြနဲ႕ ထူေထာင္ခဲ့တဲ့ ျပည္သူ႔ တပ္မေတာ္ကို ျပည္သူ႕ အက်ိဳးကိုသာ ဦးတည္ ေဆာင္ရြက္တဲ့ ျပည္သူခ်စ္ အဖြဲ႕အစည္းအျဖစ္ ျပည္သူျပည္သားမ်ားက ျပင္းျပစြာ ျမင္လို ေနၾကပါတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ လာမယ့္ ေရြးေကာက္ပြဲေတြမွာ ထြက္ေပၚ လာမယ့္ ျပည္သူ႔ဆႏၵကို ေလးစားကာကြယ္ေရးမ်ား အပါအ၀င္ ႏိုင္ငံရဲ႕ကံၾကမၼာ ဖန္တီးေရးနဲ႕ ပတ္သက္တဲ့ ကိစၥအဝဝမွာ ျပည္သူနဲ႔ တပ္မေတာ္ တစ္သားတည္းရိွဖို႔ကို ေလးေလးနက္နက္ လိုလား ေနၾကပါတယ္။

အဖြဲ႕ခ်ဳပ္ဟာ ျမန္မာ့တပ္မေတာ္ကို ဒီမိုကေရစီစံႏႈန္း စံထားမ်ားနဲ႔ အညီ၊ တိုးတက္ေခတ္မီ ျပည့္စံုစြာ ျပည္သူေတြေလးစားခ်စ္ခင္မႈေၾကာင့္ ကမၻာ့အလယ္ တင့္တယ္တဲ့၊ ႏိုင္ငံနဲ႔ျပည္သူ လြတ္လပ္၊ လံုျခံဳ၊ ေအးခ်မ္းေရးတို႔ကို အခိုင္အမာ ကာကြယ္ေပးမယ့္၊ ႏိုင္ငံက အားကိုးရတဲ့ အဖြဲ႕အစည္း ျဖစ္ေစလိုပါတယ္။ အဖြဲ႕ခ်ဳပ္နဲ႔ တပ္မေတာ္အၾကား သံသယေတြ ဖယ္ရွားျပီး ျပည္ေထာင္စုအေရး၊ ဒီမိုကေရစီအေရးအတြက္ အျပန္အလွန္ ယံုၾကည္ေလးစားစြာ ပူးေပါင္း ေဆာင္ရြက္ခ်င္ပါတယ္။ ဖြဲ႕စည္းပံုအေျခခံဥပေဒ ျပင္ဆင္ ေျပာင္းလဲေရးမွာလည္း ႏိုင္ငံရဲ႕ တည္ျငိမ္မႈ၊ ျပည္သူေတြရဲ႕ ႏွလံုးစိတ္၀မ္း ေအးခ်မ္းမႈတိုု႔ကို မထိခိုက္ေစပဲ ျပည္သူ႔ဆႏၵနဲ႔ ကိုက္ညီစြာ အတူလုပ္ေဆာင္ခ်င္ပါတယ္။

အဖြဲ႕ခ်ဳပ္ဟာ ျပည္သူျပည္သားအားလံုး ေအးခ်မ္းတည္ျငိမ္စြာ ရွင္သန္ျပီး၊ လြတ္လပ္ လံုျခံဳစြာ ဖြံ႕ျဖိဳးတိုးတက္ႏိုင္မယ့္ လူ႕အဖြဲ႕အစည္းကို ထူေထာင္ခ်င္ပါတယ္။ (၂၇) ႏွစ္ေက်ာ္ အတိုက္အခံ အဖြဲ႕အစည္းတစ္ခုအေနနဲ႔ ရုန္းကန္ခဲ့ရတဲ့ပါတီဟာ၊ ႏိုင္ငံ့ အစိုးရတာ၀န္ေတြကို ထမ္းေဆာင္ႏိုင္တဲ့ အရည္အခ်င္းရိွႏိုင္ပါ့မလားလို႔ အခ်ိဳ႕က ေစာဒက တက္ပါတယ္။ ရိွႏိုင္ရံုမက၊ ရိွကိုရိွပါတယ္လုိ႔ ကြ်န္မ ရဲရဲၾကီးေျပာဝံ့ပါတယ္။ တာဝန္တစ္ရပ္ကို ေက်ျပြန္စြာ ထမ္းေဆာင္ႏိုင္ဖို႔ အတြက္ အသိႏွစ္ရပ္လိုအပ္ ပါတယ္။ ဘာကိုမလုပ္သင့္၊ ဘာကိုလုပ္သင့္ဆိုတဲ့ အသိႏွစ္ရပ္ပါပဲ။ ဘာကိုမလုပ္သင့္နဲ႔ ပတ္သက္လို႔ေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၅၀) အတြင္း ျမန္မာႏိုင္ငံကို အေရွ႕ေတာင္အာရွရဲ႕ အေတာက္ပဆံုး ၾကယ္အဆင့္မွ ေမွးမွိန္ ေသးသိမ္တဲ့ မထင္မရွား ျဂိဳလ္ေလးအျဖစ္ ေရာက္ရိွသြားေစတဲ့ ျဖစ္ရပ္ေတြကိုေလ့လာျပီး သင္ခန္းစာေတြ အမ်ားၾကီးရေနပါျပီ။ ဘာေတြလုပ္သင့္တယ္ဆိုတာကေတာ့ ျပည္သူေတြက သင္ၾကား ေပးလို႔ သိေနရတာ ျဖစ္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ (၂၀၁၅) ခုႏွစ္ေရြးေကာက္ပြဲ ေၾကညာစာတမ္းမွာ ျပည္သူလူထုရဲ႕ ဘဝေတြ ေကာင္းမြန္မွန္ကန္စြာ ေျပာင္းလဲႏိုင္ဖို႔အတြက္ လုပ္ေဆာင္ရန္ ရည္မွန္းခ်က္မ်ားကို က႑ေလးရပ္ ခြဲျပီးတင္ျပထားပါတယ္။
(၁) တုိင္းရင္းသားအေရးႏွင့္ ျပည္တြင္းျငိမ္းခ်မ္းေရး
(၂) တုိင္းရင္းသားျပည္သူတစ္ရပ္လံုး ေအးခ်မ္းလံုျခံဳစြာ လက္တြဲေနထိုင္ေရးကို အာမခံခ်က္ေပးႏိုင္မည့္ ဖြဲ႕စည္းပံုအေျခခံဥပေဒတစ္ရပ္ ေပၚထြန္းေရး
(၃) ျပည္သူလူထုအား တရားမွ်တစြာ အကာအကြယ္ေပးမည့္ အုပ္ခ်ဳပ္မႈစနစ္ တစ္ရပ္ေပၚေပါက္လာေရး
(၄) လြတ္လပ္လံုျခံဳစြာ ဖြံ႕ျဖိဳးတိုးတက္ေရး
တို႔ျဖစ္ပါတယ္။

ဒီရည္မွန္းခ်က္အားလံုးကို သတ္မွတ္ရာမွာ ျပည္သူေတြရဲ႕ အသံေတြနားေထာင္၊ ျပည္သူေတြရဲ႕ မ်က္ႏွာေတြၾကည့္ျပီး၊ ျပည္သူေတြရဲ႕ ဆႏၵေတြအေပၚ အေျခခံထားတာ ျဖစ္ပါတယ္။ ႏိုင္ငံတစ္၀ွမ္း ျပည္သူေတြနဲ႔ ေဆြးေႏြးခြင့္ ရခဲ့ရာမွ ျပည္သူေတြရဲ႕ စိုးရိမ္ပူပန္မႈေတြ၊ အခက္အခဲေတြ၊ ေမွွ်ာ္လင့္ေတာင့္တ ခ်က္ေတြကို ၾကားသိခဲ့ရပါတယ္။

အဖြဲ႕ခ်ဳပ္ရဲ႕ လြတ္လပ္လံုျခံဳစြာ ဖြံ႕ျဖိဳးတိုးတက္ေရးက႑ ေအာက္မွာ စီးပြားေရး၊ ေတာင္သူ လယ္သမား၊ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း၊ အလုပ္သမား၊ ပညာေရး၊ က်န္းမာေရး၊ စသျဖင့္ အပိုင္း (၁၂) ပိုင္းပါ၀င္ပါတယ္။ ျပည္သူမ်ားရဲ႕ အဓိက လုိအပ္ခ်က္မ်ားကို ျဖည့္ဆည္းရန္ ဦးတည္တဲ့ မူ၀ါဒ၊ စီမံကိန္းမ်ား ျဖစ္ပါတယ္။ ယခု ႏို၀င္ဘာလ ေရြးေကာက္ပြဲမွာ ႏိုင္ငံေရးပါတီ (၉၀) ေက်ာ္ ၀င္ေရာက္ယွဥ္ျပိဳင္မွာ ျဖစ္ပါတယ္။ ပါတီတိုင္းဟာ မိမိတို႔ရဲ႕ သေဘာထားရည္ရြယ္ခ်က္ေတြကို ႏိုင္ငံသိ တင္ျပျပီး ျပည္သူေတြရဲ႕ ေထာက္ခံမႈကို ေတာင္းယူ ၾကမွာျဖစ္ပါတယ္။ ေထာက္ခံမႈ ေတာင္းဆိုတယ္ဆိုတာ ယံုၾကည္မႈကို ေတာင္းဆို တာပါပဲ။ ဘယ္ပါတီကို ယံုၾကည္ေထာက္ခံ ရမယ္ဆိုတာကို ျပည္သူေတြက ဆံုးျဖတ္ရမွာပါ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ျပည္သူေတြရဲ႕ စစ္ေဆး သံုးသပ္ခ်က္ကို ရဲရဲ ခံႏိုင္ပါတယ္။

အဖြဲ႕ခ်ဳပ္ဟာ မည္သည့္အခါကမွ တိုင္းျပည္နဲ႔ ျပည္သူ ထိခုိက္နစ္နာေအာင္ မလုပ္ခဲ့ပါ။ အဖြဲ႕ခ်ဳပ္ဟာ ႏုိင္ငံေရးအရ ယွဥ္ျပိဳင္တဲ့ ေနရာမွာ စဥ္းမ်ဥ္းစည္းကမ္းေဘာင္အတြင္းက အစဥ္လုပ္ေဆာင္ ခဲ့ပါတယ္။ အဖြဲ႕ခ်ဳပ္ဟာ မတရားမႈမ်ားကို ခုိင္ခုိင္မာမာ ဆန္႔က်င္ခဲ့ေသာ္လည္း မည္သည့္ ပုဂၢိဳလ္ အဖြဲ႕အစည္းကိုမွ လုပ္ငန္းပိုင္းဆုိင္ရာ ေဘာင္ကို ေက်ာ္လြန္ျပီး တိုက္ခိုက္ျခင္း မျပဳခဲ့ပါ။ အဖြဲ႕ခ်ဳပ္ဟာ ျပည္သူကို ေပးတဲ့ ကတိကဝတ္ေတြ မည္သည့္အခါကမွ မခ်ိဳးေဖာက္ခဲ့ပါ။ အဖြဲ႕ခ်ဳပ္ဟာ ျပည္သူကို လိမ္လည္လွည့္ျဖား၍ ေသာ္လည္းေကာင္း၊ ျခိမ္းေျခာက္၍ေသာ္ လည္းေကာင္း၊ စည္းရံုးဆြဲေဆာင္ျခင္း မျပဳခဲ့ပါ။

၁၉၈၈ ခုႏွစ္ စတင္ဖြဲ႕စည္းစဥ္က စျပီး ယခုတိုင္ ျပည္သူကိုေလးစား ပြင့္လင္းစြာ ဆက္ဆံခဲ့သည့္ အတိုင္း ဆက္လက္ျပီး လုပ္ေဆာင္သြားမည္မွာ အဖြဲ႕ခ်ဳပ္ရဲ႕ ခိုင္မာတဲ့ သႏၷိဌာန္ ျဖစ္ပါတယ္။ ျပည္သူေတြ အပ္ႏွင္းတဲ့ တာ၀န္ကို ေျဖာင့္မတ္စြာ အေကာင္းဆံုးထမ္းေဆာင္ ဖို႔က အဖြဲ႕ခ်ဳပ္ရဲ႕ ဂုဏ္သိကၡာနဲ႔ အသက္ပဲ ျဖစ္ပါတယ္။ ႏို၀င္ဘာလ (၈) ရက္ေန႔မွာ က်ေရာက္မဲ့ အေထြေထြေရြးေကာက္ပြဲၾကီးမွ တစ္ဆင့္ ျပည္သူမ်ားက အဖြဲ႕ခ်ဳပ္ကို အစိုးရတာဝန္ ထမ္းေဆာင္ႏိုင္ရန္ ျပတ္ျပတ္သားသား ဆံုးျဖတ္ခ်က္ ခ်ေပးေစ ခ်င္ပါတယ္။ ဒီလိုတာဝန္ ထမ္းေဆာင္ခြင့္ ရခဲ့လွ်င္၊ အမ်ိဳးသားရင္ၾကားေစ့ေရး၊ သဟဇာတ ျဖစ္ေရး၊ အာဃာတ ကင္းစင္ေရးမူမ်ားကို အစဥ္တစို္က္ ႏွလံုးသြင္းျပီး ဒီမိုကေရစီ ျပည္ေထာင္စုၾကီး ထြန္းကားေရး အတြက္၊ မည္သူ႔ကိုမွ ရန္သူသဖြယ္ မသတ္မွတ္၊ အျခားအဖြဲ႕အစည္းမ်ားကို လက္ကမ္း ၾကိဳဆိုကာ အတူလုပ္ေဆာင္သြားဖို႔ ခုိင္ခုိင္မာမာ ခံယူထားပါတယ္။ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ဟာ ျပည္သူမ်ားရဲ႕ ဆံုးျဖတ္ခ်က္ကို ေလးစား လိုက္နာမွာျဖစ္ပါတယ္။

ျပည္ေထာင္စုျမန္မာႏိုင္ငံတစ္၀ွမ္း ျပည္သူျပည္သားအားလံုး က်န္းမာခ်မ္းသာ ၾကပါေစ။ ေဘးအႏၱရာယ္ အေပါင္းမွ ကင္းေ၀းၾကပါေစ။ ႏွလံုးစိတ္၀မ္း ေအးခ်မ္းၾကပါေစ။ ေကာင္းက်ိဳးလိုရာ ဆႏၵ အ၀၀ႏွင့္ ျပည့္ႏိုင္ၾကပါေစ။

Aung San Suu Kyi
https://www.facebook.com/aungsansuukyi
.......................................................

 ပထမဦးစွာ တိုင်းသူပြည်သားအားလုံး ကျန်းမာရွှင်လန်းကြပါစေလို့ ဆုတောင်း လိုက်ပါတယ်။

 နို၀င်ဘာလ (၈) ရက်နေ့ကျရောက်မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံတစ်ဝှမ်း ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်တယ်ဆိုတာ ပြည်သူလူထုရဲ့ ထောက်ခံမဲတွေကို တောင်းခံတာ ဖြစ်တာကြောင့် ပြည်သူကို ကျွန်မတို့အဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားများ၊ နိုုင်ငံ့အတွက် မျှော်မှန်းချက်များနဲ့ သမိုင်းဖြစ်စဉ်အချို့ကို တင်ပြချင်ပါတယ်။

ဒီမိုကရေစီစနစ်ထူထောင်ရာမှာ ပြည်သူလူထုရဲ့ကဏ္ဍဟာ အဓိကပါပဲ။ ပြည်သူလူထုရဲ့ ဆန္ဒ၊ သြဇာ၊ အာဏာအပေါ်အခြေခံတဲ့စနစ်ဖြစ်တာကြောင့် ပြည်သူတွေ တက်တက်ကြွကြွ ပါ၀င်ကြမှ အောင်မြင်နိုင်မှာပါ။ ပြည်သူတွေရဲ့ပါ၀င်ပတ်သက်မှုလိုအပ်သလို၊ ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ဟာ အင်မတန်အရေးကြီးပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပွင့်လင်း ထင်ရှားတဲ့၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမှတဆင့် ဖေါ်ထုတ်လိုက်တဲ့ ပြည်သူ့ ဆန္ဒကို လေးစားလိုက်နာပါ့မယ်လိုု့ အာမခံပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို (၁၉၈၈) ခုနှစ်မှာ၊ လူ့အခွင့်အရေးများကို ကာကွယ် ထိန်းသိမ်းမယ့် စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ရည်မှန်းချက်များနဲ့ ထူထောင်ခဲ့တာဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ ပန်းတိုင်ရောက်အောင် ကြိုးပမ်းရာမှာ အကြမ်းမဖက်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ သဟဇာတဖြစ်ရေး၊ အာဃာတကင်းစင်ရေး စတဲ့ သဘောတရားများကို ခိုင်ခိုင်မာမာစွဲကိုင်ခဲ့ပါတယ်။ (၂၇) နှစ်အတွင်း အခက်အခဲပေါင်းစုံကို အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ဝင်များ ပြင်းပြင်းထန်ထန်ခံခဲ့ရပေမယ့် ဒီမူဝါဒ သဘောတရားတွေကို လုံးဝလက်မလွှတ်ခဲ့ပါဘူး။ အခုလည်း ကျွန်မတို့နိုင်ငံတည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနိုင်ရေး အတွက် ဒီမူဝါဒသဘောတရားတွေအရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုင်းပြည်မထိ၊ ပြည်သူမနာတဲ့ နည်းလမ်းတွေနဲ့သာ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီးကို ပြည်ထောင်စုသားအားလုံးနဲ့အတူ ပူးပေါင်းလက်တွဲ အကောင်အထည် ဖော်လိုတဲ့ဆန္ဒနဲ့အညီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လူထုရဲ့ တစ်ခဲနက်ထောက်ခံမှုကို ရရှိခဲ့ပေမယ့် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခွင့်မရခဲ့ဘူး ဆိုတာ အများသိပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း (၁၉၉၀) ခုနှစ် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံသူ နိုင်ငံသားများရဲ့ ပြင်းပြတဲ့ ဒီမိုကရေစီရရှိရေးဆန္ဒကို ဖေါ်ထုတ် လိုက်တာကြောင့် ကျွန်မတို့နိုင်ငံ ဒီမိုကရေစီအရေးနဲ့အတူ အဖွဲ့ချုပ်ပါ ဆက်လက် ရှင်သန်နိုင်ခဲ့ ပါတယ်။ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကျေးဇူးကို မမေ့မလျော့ တန်ဖိုးထားလျက်ပါ။

(၂၀၁၂) ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာကလည်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နိုင်ငံအတွက် မျှော်မှန်းချက်တွေကို တတ်အားသရွေ့ အေးချမ်းစွာ ဥပဒေဘောင် အတွင်းက ဖော်ဆောင်ဖို့ရာ ကြိုးပမ်းချက်ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်းငြိ်မ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတို့ကို၊ အဖွဲ့ချုပ်ရဲ့ ဦးတည်ချက်များအဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ပြည်သူရဲ့ ယုံကြည်ထောက်ခံမှု ကျေးဇူးကြောင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ် (၄၄) နေရာ အနက် (၄၃) နေရာမှာ အနိုင်ရရှိ ခဲ့ပါတယ်။ ကိုယ်စားလှယ် (၆၀၀) ကျော်ပါ၀င်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ (၄၀) ကျော်မျှသော ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်နိုင်အားဟာ အကန့်အသတ်နဲ့သာ ရှိနိုင်မယ်ဆိုတာ ပြည်သူများ နားလည်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ဒီမိုကရေစီအကျိုး၊ ပြည်ထောင်စု အကျိုးအတွက် လွှတ်တော်အတွင်း သာမက၊ လွှတ်တော်ပြင်ပမှာပါ အဖွဲ့ချုပ်ရဲ့ ကြိုးပမ်းခဲ့မှု များကြောင့် ပြည်သူပြည်သားများ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ဘာကြောင့် လိုအပ်တယ် ဆိုတာကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ခဲ့ကြတယ်လို့ ယုံကြည်ပါတယ်။ ဒါပေမဲ့ (၂၀၁၂) ကြားဖြတ် ရွေးကောက်ပွဲရဲ့ ဦးတည်ချက်များကို ထိထိ ရောက်ရောက် အကောင် အထည်ဖော်နိုုင်ဖိုု့ကတော့ အစိုးရ တာဝန်တွေ ထမ်းဆောင်ပိုင်ခွင့် လိုအပ်ပါတယ်။ ဒီတာဝန်ကို ပြည်သူလူထုက အပ်နှင်းပေးစေ လိုတာကြောင့် ယခု (၂၀၁၅) ခုနှစ် နို၀င်ဘာလ (၈) ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပါ၀င်ယှဉ်ပြိုင်မှာပါ။
တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ ဆက်နွယ်နေပါတယ်။ ဥပဒေများဟာ တရားပြီး အများပြည်သူတွေရဲ့ဘဝ လုံခြုံရေးအတွက်ဖြစ်ရပါမယ်။ ဒါကြောင့် ဖျက်တန်ရာဖျက်၊ ပြင်တန်ရာပြင်၊ အသစ်ပြဌာန်းတန်ရာ ပြဌာန်းဖို့လိုပါတယ်။ တရားဥပဒေများ ထိရောက်မှု ရှိစေရေးအတွက် လုပ်ဆောင်ပိုင်ခွင့်အာဏာကတော့ အုပ်ချုပ်ရေးဆိုင်ရာနဲ့ တရားစီရင်ရေး ဆိုင်ရာ တို့မှာသာရှိတာ ဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေး ထိရောက်စွာ အကောင်အထည် ဖော်နိုင်တာက အစိုးရသာဖြစ်ပါတယ်။ ဒါကြောင့် အစိုးရဖွဲ့နိုင်ရေးဟာ တရားဥပဒေစိုးမိုးရေး ဦးတည်ချက် အောင်မြင်ဖို့အတွက် အဓိကကျ ပါတယ်။

(၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဦးတည်ချက်များကိုတင်ပြ ခဲ့ပါတယ်။ ပြည်တွင်း စစ်ရပ်စဲသွားဖို့ အတွက် အဆင့် (၃) ဆင့်နဲ့ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပထမအဆင့်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအဆင့်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပပြီး ညှိုနှိုင်းအဖြေရှာရေး၊ တတိယအဆင့်မှာတော့ ပင်လုံအခြေခံမူဖြစ်တဲ့ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စသည်များကို ဖွဲ့စည်းပုံ အခြေခံဥပဒေက အာမခံရေးပဲဖြစ်ပါတယ်။ အခုအချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်စေရန်အတွက် သဘောတူညီစာချုပ်ကို သက်ဆိုင်ရာအဖွဲ့ အစည်းများ မကြာမီကာလအတွင်း လက်မှတ်ရေးထိုးနိုင်မဲ့ အလားအလာရှိနေတာကြောင့် ပြည်သူပြည်သားတွေ ၀မ်းသာစွာ စောင့်မျှော်နေကြပါတယ်။ ဒီအပစ်အခတ် ရပ်စဲရေးစာချုပ်ဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားယုံကြည်မှု တို့ပေါ်မှာ အခြေခံတဲ့၊ တည်တံ့ခိုင်မြဲမဲ့ သဘောတူညီချက်ဖြစ်ဖို့ရာက အဓိကဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေးစာချုပ် အောင်မြင်စွာသဘောတူ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းစေဖို့ မဖြစ်မနေလိုအပ်နေတဲ့ ထာဝရ ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ် ချခြင်းဖြစ်တဲ့ ဒုတိယအဆင့်နဲ့ တတိယအဆင့်တို့ကို အကောင်အထည်ဖော်ရပါမယ်။ တကယ်တော့ ဒီအဆင့်နှစ်ဆင့်ကို တစ်ပြိုင်တည်းလုပ်သွားဖို့ လိုပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တာဝန်ယူဆောင်ရွက်ရမှာကတော့ နို၀င်ဘာလ အထွေထွေရွေးကောက်ပွဲမှ ထွက်ပေါ်လာမဲ့ အစိုးရပဲ ဖြစ်ပါတယ်။ ပြည်သူကလိုလား ထောက်ခံခဲ့ရင် ဒီတာဝန်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထမ်းဆောင်ဖို့ အသင့်ဖြစ်ပါတယ်။

ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး ရည်မှန်းချက်ကို လွန်ခဲ့တဲ့ (၂၇) နှစ် အတွင်း အန္တရာယ်အခက်အခဲမျိုးစုံနဲ့ ကြံုတွေ့ရပေမယ့် လုံးဝလက်မလွှတ်ခဲ့ပါ။ (၂၀၁၀) က စပြီး ကျွန်မတို့ အဖွဲ့ချုပ်က ဒုတိယပင်လုံ ညီလာခံကျင်းပရေးကို ဦးတည်ခဲ့တာဖြစ်ပါတယ်။ `ဒုတိယပင်လုံ´ ဆိုတာ ကတော့ ပင်လုံစိတ်ဓါတ်ရဲ့ အနှစ်သာရဖြစ်တဲ့၊ တိုင်းရင်းသားများ ဗမာများအပါအဝင် အားလုံး ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့်သာ ဘုံမျှော်မှန်းချက်များကို အောင်မြင် အေးချမ်းစွာ အကောင်အထည်ဖော်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေး၊ ပြည်ထောင်စုရေး ဆွေးနွေးပွဲကို ဆိုလိုတာပါ။
ယခုတစ်နိုင်ငံလုံး၊ တိုင်းနဲ့ပြည်နယ်အားလုံးမကျန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် လောင်းများ ၀င်ရောက်အရွေးခံတာဟာ စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ပေါ်လာရေး အတွက်၊ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ပြည်ထောင်စုညီညွတ်မှုကို ကိုယ်စားပြုနိုင်မယ့် ဗဟိုအစိုးရ ဖွဲ့စည်းနိုင်ဖို့ဖြစ်ပါတယ်။ ဗဟိုအစိုးရဟာ အမှန်တကယ် ဒီမိုကရေစီစံနှုန်းစံထားများနဲ့ ကိုက်ညီမှုရှိပြီး၊ တိုင်း၊ ပြည်နယ်အစိုးရများနဲ့ ဟန်ချက်ညီညီ ကြိုးပမ်းဆောင်ရွက်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကို တည်ထောင်နို်င်မှာပါ။ မတူကွဲပြားမှုကို အင်အားဖြစ်အောင်လုပ်ပြီး၊ ညီညွတ်မှု ကြိုးစားဖော်ဆောင် နိုင်ခွင့်ကို အဖွဲ့ချုပ်က ပြည်ထောင်စုသား အားလုံးထံက တောင်းခံခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အချိန်ကြာနိုင်ပါတယ်။ နိုင်ငံ့ရဲ့ အနာဂတ်တစ်ခုလုံး အတွက် ရည်ရွယ်တဲ့ သဘောတူညီမှုများကို အဆောတလျင် မရယူပဲ၊ အသေအချာတိုင်ပင် ဆွေးနွေး အဖြေရှာတာဟာ မှန်ကန်တဲ့လုပ်ရပ်ပါ။ သို့သော်လည်း အကန့်အသတ်မရှိ အချိန်ဆွဲနိုင်တဲ့ အနေအထားမဖြစ်ဖို့လည်း အင်မတန် အရေးကြီးပါတယ်။ ဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ သဘောတူညီမှုတွေကို အမြန်ဆုံး အကောင်အထည် ဖော်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဒုတိယအဆင့်လို့ သတ်မှတ်တဲ့ ဆွေးနွေးပွဲများနဲ့ တစ်ပြိုင်နက် တတိယအဆင့်လို့ သတ်မှတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ပြောင်းလဲရေးကိုလည်း လုပ်ကို်င်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရာမှာ တပ်မတော်ရဲ့ကဏ္ဍက အဓိကဖြစ်တယ် ဆိုတာ ကျွန်မတို့ ပြည်သူပြည်သားများ အသိဖြစ်ပါတယ်။ ပြင်ဆင်ပြောင်းလဲရေးနဲ့ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမြင်နဲ့ တပ်မတော်ရဲ့အမြင်ဟာ တစ်ထပ်တည်း မဟုတ်ဖူးဆိုုတာလည်း ပြည်သူ ပြည်သားများ အသိဖြစ်ပါတယ်။ သို့သော်လည်း ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုကြီးရဲ့ အနာဂတ် တည်ငြိမ်တောက်ပရေးကို လိုလားတဲ့ နေရာမှာ တပ်မတော်နဲ့ ကျွန်မတို့အကြား လုံးဝကွဲပြားမှု မရှိဘူးလို့ ယုံကြည်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူတွေနဲ့ ထူထောင်ခဲ့တဲ့ ပြည်သူ့ တပ်မတော်ကို ပြည်သူ့ အကျိုးကိုသာ ဦးတည် ဆောင်ရွက်တဲ့ ပြည်သူချစ် အဖွဲ့အစည်းအဖြစ် ပြည်သူပြည်သားများက ပြင်းပြစွာ မြင်လို နေကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ လာမယ့် ရွေးကောက်ပွဲတွေမှာ ထွက်ပေါ် လာမယ့် ပြည်သူ့ဆန္ဒကို လေးစားကာကွယ်ရေးများ အပါအဝင် နိုင်ငံရဲ့ကံကြမ္မာ ဖန်တီးရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝမှာ ပြည်သူနဲ့ တပ်မတော် တစ်သားတည်းရှိဖို့ကို လေးလေးနက်နက် လိုလား နေကြပါတယ်။

အဖွဲ့ချုပ်ဟာ မြန်မာ့တပ်မတော်ကို ဒီမိုကရေစီစံနှုန်း စံထားများနဲ့ အညီ၊ တိုးတက်ခေတ်မီ ပြည့်စုံစွာ ပြည်သူတွေလေးစားချစ်ခင်မှုကြောင့် ကမ္ဘာ့အလယ် တင့်တယ်တဲ့၊ နိုင်ငံနဲ့ပြည်သူ လွတ်လပ်၊ လုံခြံု၊ အေးချမ်းရေးတို့ကို အခိုင်အမာ ကာကွယ်ပေးမယ့်၊ နိုင်ငံက အားကိုးရတဲ့ အဖွဲ့အစည်း ဖြစ်စေလိုပါတယ်။ အဖွဲ့ချုပ်နဲ့ တပ်မတော်အကြား သံသယတွေ ဖယ်ရှားပြီး ပြည်ထောင်စုအရေး၊ ဒီမိုကရေစီအရေးအတွက် အပြန်အလှန် ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ချင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ပြောင်းလဲရေးမှာလည်း နိုင်ငံရဲ့ တည်ငြိမ်မှု၊ ပြည်သူတွေရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းမှုတိုု့ကို မထိခိုက်စေပဲ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီစွာ အတူလုပ်ဆောင်ချင်ပါတယ်။

အဖွဲ့ချုပ်ဟာ ပြည်သူပြည်သားအားလုံး အေးချမ်းတည်ငြိမ်စွာ ရှင်သန်ပြီး၊ လွတ်လပ် လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်နိုင်မယ့် လူ့အဖွဲ့အစည်းကို ထူထောင်ချင်ပါတယ်။ (၂၇) နှစ်ကျော် အတိုက်အခံ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရုန်းကန်ခဲ့ရတဲ့ပါတီဟာ၊ နိုင်ငံ့ အစိုးရတာဝန်တွေကို ထမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိနိုင်ပါ့မလားလို့ အချို့က စောဒက တက်ပါတယ်။ ရှိနိုင်ရုံမက၊ ရှိကိုရှိပါတယ်လို့ ကျွန်မ ရဲရဲကြီးပြောဝံ့ပါတယ်။ တာဝန်တစ်ရပ်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ အတွက် အသိနှစ်ရပ်လိုအပ် ပါတယ်။ ဘာကိုမလုပ်သင့်၊ ဘာကိုလုပ်သင့်ဆိုတဲ့ အသိနှစ်ရပ်ပါပဲ။ ဘာကိုမလုပ်သင့်နဲ့ ပတ်သက်လို့တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) အတွင်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှရဲ့ အတောက်ပဆုံး ကြယ်အဆင့်မှ မှေးမှိန် သေးသိမ်တဲ့ မထင်မရှား ဂြိုလ်လေးအဖြစ် ရောက်ရှိသွားစေတဲ့ ဖြစ်ရပ်တွေကိုလေ့လာပြီး သင်ခန်းစာတွေ အများကြီးရနေပါပြီ။ ဘာတွေလုပ်သင့်တယ်ဆိုတာကတော့ ပြည်သူတွေက သင်ကြား ပေးလို့ သိနေရတာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ (၂၀၁၅) ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပြည်သူလူထုရဲ့ ဘဝတွေ ကောင်းမွန်မှန်ကန်စွာ ပြောင်းလဲနိုင်ဖို့အတွက် လုပ်ဆောင်ရန် ရည်မှန်းချက်များကို ကဏ္ဍလေးရပ် ခွဲပြီးတင်ပြထားပါတယ်။
(၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
(၂) တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြံုစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး
(၃) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ် တစ်ရပ်ပေါ်ပေါက်လာရေး
(၄) လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေး
တို့ဖြစ်ပါတယ်။

ဒီရည်မှန်းချက်အားလုံးကို သတ်မှတ်ရာမှာ ပြည်သူတွေရဲ့ အသံတွေနားထောင်၊ ပြည်သူတွေရဲ့ မျက်နှာတွေကြည့်ပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွေအပေါ် အခြေခံထားတာ ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း ပြည်သူတွေနဲ့ ဆွေးနွေးခွင့် ရခဲ့ရာမှ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အခက်အခဲတွေ၊ မျှှော်လင့်တောင့်တ ချက်တွေကို ကြားသိခဲ့ရပါတယ်။

အဖွဲ့ချုပ်ရဲ့ လွတ်လပ်လုံခြံုစွာ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ အောက်မှာ စီးပွားရေး၊ တောင်သူ လယ်သမား၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ စသဖြင့် အပိုင်း (၁၂) ပိုင်းပါ၀င်ပါတယ်။ ပြည်သူများရဲ့ အဓိက လိုအပ်ချက်များကို ဖြည့်ဆည်းရန် ဦးတည်တဲ့ မူဝါဒ၊ စီမံကိန်းများ ဖြစ်ပါတယ်။ ယခု နိုဝင်ဘာလ ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၀) ကျော် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပါတီတိုင်းဟာ မိမိတို့ရဲ့ သဘောထားရည်ရွယ်ချက်တွေကို နိုင်ငံသိ တင်ပြပြီး ပြည်သူတွေရဲ့ ထောက်ခံမှုကို တောင်းယူ ကြမှာဖြစ်ပါတယ်။ ထောက်ခံမှု တောင်းဆိုတယ်ဆိုတာ ယုံကြည်မှုကို တောင်းဆို တာပါပဲ။ ဘယ်ပါတီကို ယုံကြည်ထောက်ခံ ရမယ်ဆိုတာကို ပြည်သူတွေက ဆုံးဖြတ်ရမှာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူတွေရဲ့ စစ်ဆေး သုံးသပ်ချက်ကို ရဲရဲ ခံနိုင်ပါတယ်။

အဖွဲ့ချုပ်ဟာ မည်သည့်အခါကမှ တိုင်းပြည်နဲ့ ပြည်သူ ထိခိုက်နစ်နာအောင် မလုပ်ခဲ့ပါ။ အဖွဲ့ချုပ်ဟာ နိုင်ငံရေးအရ ယှဉ်ပြိုင်တဲ့ နေရာမှာ စဉ်းမျဉ်းစည်းကမ်းဘောင်အတွင်းက အစဉ်လုပ်ဆောင် ခဲ့ပါတယ်။ အဖွဲ့ချုပ်ဟာ မတရားမှုများကို ခိုင်ခိုင်မာမာ ဆန့်ကျင်ခဲ့သော်လည်း မည်သည့် ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမှ လုပ်ငန်းပိုင်းဆိုင်ရာ ဘောင်ကို ကျော်လွန်ပြီး တိုက်ခိုက်ခြင်း မပြုခဲ့ပါ။ အဖွဲ့ချုပ်ဟာ ပြည်သူကို ပေးတဲ့ ကတိကဝတ်တွေ မည်သည့်အခါကမှ မချိုးဖောက်ခဲ့ပါ။ အဖွဲ့ချုပ်ဟာ ပြည်သူကို လိမ်လည်လှည့်ဖြား၍ သော်လည်းကောင်း၊ ခြိမ်းခြောက်၍သော် လည်းကောင်း၊ စည်းရုံးဆွဲဆောင်ခြင်း မပြုခဲ့ပါ။

၁၉၈၈ ခုနှစ် စတင်ဖွဲ့စည်းစဉ်က စပြီး ယခုတိုင် ပြည်သူကိုလေးစား ပွင့်လင်းစွာ ဆက်ဆံခဲ့သည့် အတိုင်း ဆက်လက်ပြီး လုပ်ဆောင်သွားမည်မှာ အဖွဲ့ချုပ်ရဲ့ ခိုင်မာတဲ့ သန္နိဌာန် ဖြစ်ပါတယ်။ ပြည်သူတွေ အပ်နှင်းတဲ့ တာဝန်ကို ဖြောင့်မတ်စွာ အကောင်းဆုံးထမ်းဆောင် ဖို့က အဖွဲ့ချုပ်ရဲ့ ဂုဏ်သိက္ခာနဲ့ အသက်ပဲ ဖြစ်ပါတယ်။ နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျရောက်မဲ့ အထွေထွေရွေးကောက်ပွဲကြီးမှ တစ်ဆင့် ပြည်သူများက အဖွဲ့ချုပ်ကို အစိုးရတာဝန် ထမ်းဆောင်နိုင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချပေးစေ ချင်ပါတယ်။ ဒီလိုတာဝန် ထမ်းဆောင်ခွင့် ရခဲ့လျှင်၊ အမျိုးသားရင်ကြားစေ့ရေး၊ သဟဇာတ ဖြစ်ရေး၊ အာဃာတ ကင်းစင်ရေးမူများကို အစဉ်တစို်က် နှလုံးသွင်းပြီး ဒီမိုကရေစီ ပြည်ထောင်စုကြီး ထွန်းကားရေး အတွက်၊ မည်သူ့ကိုမှ ရန်သူသဖွယ် မသတ်မှတ်၊ အခြားအဖွဲ့အစည်းများကို လက်ကမ်း ကြိုဆိုကာ အတူလုပ်ဆောင်သွားဖို့ ခိုင်ခိုင်မာမာ ခံယူထားပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို လေးစား လိုက်နာမှာဖြစ်ပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်း ပြည်သူပြည်သားအားလုံး ကျန်းမာချမ်းသာ ကြပါစေ။ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။ ကောင်းကျိုးလိုရာ ဆန္ဒ အဝဝနှင့် ပြည့်နိုင်ကြပါစေ။

Aung San Suu Kyi
https://www.facebook.com/aungsansuukyi

No comments:

Post a Comment