Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ဒီချုပ်အမတ်လောင်းများ မဲစာရင်းများစစ်ဆေးပေးရန် ပါတီက ညွှန်ကြား

Byမင်းဟိန်းကျော်ရန်မျိုးနိုင်
မဲစာရင်းများမှားယွင်းမှု ဖြစ်ပေါ်နေသဖြင့် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲ ဆန္ဒနယ်များတွင် မဲစာရင်းများစစ် ဆေးကြရန် ပါတီဗဟိုက ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အဆိုပါညွှန်ကြားချက်ကို ထုတ် ပြန်ထားခြင်းဖြစ်သည်။

မဲစာရင်းမှန်ကန်ရေးသည် ရွေးကောက်ပွဲအောင်နိုင်ရေးအ တွက် အထောက်အကူ ဖြစ်စေ သောကြောင့် လွှတ်တော်ကိုယ် စားလှယ်လောင်းများကိုလည်း မိမိတို့ဝင်ရောက်ယှဉ်ပြိုင်မည့် မဲ ဆန္ဒနယ်များတွင် တာဝန်ယူစစ် ဆေးကြရန် ညွှန်ကြားချက်ထုတ် ပြန်ရခြင်းဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ပါတီ ဗဟိုမဲ စာရင်းစစ်ဆေးရေးအဖွဲ့ခေါင်း ဆောင် ဦးထွန်းထွန်းဟိန်က ပြော သည်။

လွှတ်တော်ကိုယ်စားလှယ် လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်အတွင်းရှိ ကော်မရှင်အ ဖွဲ့ခွဲများထံမှ မဲစာရင်း Soft Copy ကို တောင်းယူကာ ယင်းစာရင်း များအား ဗဟိုမဲစာရင်းစိစစ်ရေး အဖွဲ့ရုံးသို့ အမြန်ဆုံးပေးပို့ရေး၊ မဲစာရင်းများကို စစ်ဆေးရာတွင် မဲစာရင်းရွှေ့ပြောင်းသူများ မဲပေး နိုင်ရေး၊ စာရင်းတွင် မပါဝင်သူများ မဲပေးနိုင်ရေးဆောင်ရွက်ပေးကြ ရန် မဲဆန္ဒရှင်အမည်ပါမှသာ မဲ ပေးနိုင်မည်ဖြစ်သဖြင့် အမည်နှင့် မဲစာရင်းအမှတ် ပါရှိရေးတို့ကို အဓိကထား လုပ်ဆောင်ရန်နှင့် မှတ်ပုံတင်အမှတ်၊ အဖအမည် အစရှိသည့် အခြားအချက်အ လက်များပါရှိရေးကိုမူ အချိန်ပိုမှ သာ ဆောင်ရွက်ကြရန် ပါတီဗဟို က ညွှန်ကြားထားသည်။

မဲစာရင်း စစ်ဆေးရေးအ တွက် လွှတ်တော်ကိုယ်စားလှယ် လောင်းများအပြင် ပါတီ၏မဲစာ ရင်းစစ်ဆေးရေးအဖွဲ့များ၊ မြို့ နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် များ၊ မြို့နယ်အောင်နိုင်ရေးအဖွဲ့ များကပါ မဲစာရင်းမှန်ကန်ရေး ပါ ဝင်ဆောင်ရွက်ကြရန် ပါတီဗဟို က ညွှန်ကြားထားသည်။

‘‘အရင် မဲစာရင်းစစ်ဆေး တုန်းကလည်း အားနည်းချက်တွေ ကို ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြခဲ့တယ်။ အခုတစ်ခေါက် လည်း အမှားတွေ အရမ်းများတယ်လို့ တင်ပြလာတာတွေရှိတော့ စိစစ်မယ်။ ပြီးရင် ရွေးကောက်ပွဲ ကော်မရှင်နဲ့ မဲစာရင်းအားနည်းမှု တွေအတွက် တွေ့ဖို့ရှိတယ်’’ဟု ဦးထွန်းထွန်းဟိန်က ဆိုသည်။

‘‘တစ်နိုင်ငံလုံး လူဦးရေနဲ့ သန်းခေါင်စာရင်းလည်းကောက် ထားတယ်။ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကလည်း လူဦးရေ စာရင်းတွေ ကောက်ထား တယ်။ ဒီအပေါ်မှာ အခြေခံရင် တောင် ဒီလောက်မှားမှာ မဟုတ် ဘူး။ ဒီလို မှားယွင်းမှုတွေအတွက် ပြည်သူတွေက တော်တော်စိတ် ပျက်နေကြပြီ။ ပြည်သူတွေက ကော်မရှင်အပေါ်မှာ သံသယဝင် တာတွေတောင် ဖြစ်နေတဲ့ သ ဘောရှိတယ်’’ဟု ဖျာပုံနှင့် ဒေးဒရဲ မြို့နယ်တို့ပါဝင်သည့် အမျိုးသား လွှတ်တော်မဲဆန္ဒနယ်မှ ဝင် ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသိန်း ဆွေက ပြောသည်။

မဲစာရင်းစိစစ်ရေးနှင့်ပတ် သက်၍ မိမိတို့မဲဆန္ဒနယ်အတွင်း တစ်အိမ်တက်ဆင်း ဆောင်ရွက် မည်ဖြစ်ကာ မြေပြင်တွင် အမှန်တ ကယ်နေထိုင်သည့် လူဦးရေစာ ရင်းအချက်အလက်များကောက် ယူရေးကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း လှည်းကူးမဲဆန္ဒနယ် မှ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဖြိုးမင်းသိန်းက ပြောသည်။

မဲစာရင်းများ စစ်ဆေးရာ တွင် မဲစာရင်းရွှေ့ပြောင်းသူများ မဲပေးနိုင်ရေး၊ စာရင်းတွင် မပါဝင် သူများ မဲပေးနိုင်ရေးကို ဆောင် ရွက်ပေးကြရန် ညွှန်ကြားချက် တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီသည် နိုင်ငံတစ်ဝန်းရှိ မဲ ဆန္ဒနယ် ၁,၁၇၁ နေရာရှိသည့်အ နက် မဲဆန္ဒနယ် ၁,၁၃၀ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။
http://www.7daydaily.com/story/46691

No comments:

Post a Comment