Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

ဗြိတိန် နိုင်ငံ ရဲ့ ကပ်စေးအနည်းဆုံး မြို့ဟာ ရောဘင်ဟုဒ် နေထိုင်ခဲ့တဲ့ မြို့ဖြစ်နေ

ဗြိတိန် နိုင်ငံရဲ့ ကပ်စေးအနည်းဆုံး အိမ်နီးနားချင်းတွေဟာ Nottingham မြို့မှာ ရှိနေတယ်လို့ စစ်တမ်းကောက်ယူမှု တစ်ခုကဖော်ပြလိုက်ပါတယ်။

Nottingham မြို့မှာနေထိုင်သူ ၂၇ ရာခိုင်နှုန်းဟာ ဘေးချင်းကပ်ရပ် အိမ်မှာ နေထိုင်သူ တွေကို ဘာပစ္စည်းမှ ငှားရမ်းလေ့မရှိကြပါဘူး။ ထို ရလဒ်ဟာ ချမ်းသာတဲ့ လူတွေဆီက ရတဲ့ငွေတွေကို ဆင်းရဲသားတွေ အား ပြန်လည်ဝေမျှပေးကမ်းခဲ့တဲ့ Nottingham မြို့သား မြှားသမား ရောဘင်ဟုဒ် ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့ပါပြီ။

Leeds မြို့ကတော့ ဗြိတိန်နိုင်ငံရဲ့ ဒုတိယ မြောက် ကပ်စေးအနည်းဆုံး မြို့ပါ။ Leeds မြို့ရဲ့ ၂၆ ရာခိုင်နှုန်းခန့်ဟာ သကြား ၊ လှေကား စတဲ့ အိမ်သုံး ပစ္စည်းတွေကို အိမ်နီးနားချင်းတွေ လာရောက်ငှားရမ်းရင် တံခါးပိတ်ထားတတ်တယ်လို့ သိရပါတယ်။ Liverpool မြို့ကတော့ တတိယမြောက် ကပ်စေးအနည်းဆုံးဖြစ်ပြီး မြို့ရဲ့ ၂၄ ရာခိုင်နှုန်း ဟာ တွန့်တိုတတ်ကြတယ်လို့ သိရပါတယ်။

ရက်ရောမှု အရှိဆုံး မြို့ကတော့ Newcastle ဖြစ်ပြီး မြို့ရဲ့ ၈၅ ရာခိုင်နှုန်းသော ပြည်သူတွေဟာ အိမ်နီးနားချင်းတွေကို လိုအပ်တာမှန်သမျှ ငှားရမ်းလေ့ရှိတယ်လို့ သိရပြီး Glasgow မြို့ကတော့ ဒုတိယ မြောက် ရက်ရောမှု အရှိဆုံးပါ။ မြို့ရဲ့ ၈၂ ရာခိုင်နှုန်းသော ပြည်သူတွေကတော့ အိမ်နီးနားချင်းတွေအပေါ်မှာ သနားကြင်နာမှု ရှိကြပါတယ်။

ထို စစ်တမ်းကောက်ယူမှုကတစ်ဆင့် ဖော်ပြခဲ့တာကတော့ ငယ်ရွယ်သူ မျိုးဆက်တွေဟာ အသက်ကြီးပိုင်း အိမ်ပိုင်ရှင်တွေထက် အိမ်နီးနားချင်း ဆန်တာ နည်းတယ်လို့လည်း သိရပါတယ်။ အသက် ၁၈ ကနေ ၂၄ နှစ်ကြားလူငယ်တွေရဲ့ ၅ ရာခိုင်နှုန်းသာ အိမ်နီးနားချင်းတွေကို ယဉ်ယဉ်ကျေးကျေး စကားပြောလေ့ရှိပြီး အသက် ၆၅ နှစ်အထက်ရဲ့ ၃၇ ရာခိုင်နှုန်းကတော့ အိမ်နီးနားချင်းတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိတယ်လို့လည်း သိရပါတယ်။
Thithtoolwin

No comments:

Post a Comment