Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

မင္းေနျပည္ေတာ္က အစိမ္းေရာင္ တုိက္တန္းလ်ားမ်ား


ျမန္မာ့လႊတ္ေတာ္မွ အတုိက္အခံအမတ္တစ္ဦးျဖစ္သူ ဦးအုန္းႀကဳိင္သည္ ေနျပည္ေတာ္တြင္ လႊတ္ေတာ္တက္စဥ္ သူေနထုိင္ရမည့္ အခန္းက်ဥ္းေလးကုိၾကည့္ရင္း တစ္ခ်ိန္က ႏုိင္ငံေရး အက်ဥ္းသားအျဖစ္ ေနထုိင္ခဲ့ရသည့္ အက်ဥ္းခန္းကုိ ျပန္လည္အမွတ္ရမိေနသည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ NLD မွ အမတ္တစ္ဦးျဖစ္ေသာ အသက္ ၇၂ ႏွစ္အရြယ္ ဦးအုန္းႀကဳိင္က “ကၽြန္ေတာ္ ေထာင္ထဲမွာ ၁၇ ႏွစ္ ေနခဲ့ရပါတယ္။ ဒီအခန္းက အက်ဥ္းခန္း လုိပါပဲ။ အခု ကၽြန္ေတာ့္မိသားစုပါေနရတာက လြဲရင္ေပါ့” ဟု ေျပာၾကားခဲ့သည္။

၂၀၁၁ တြင္ အရပ္သားတစ္ပုိင္း အစုိးရတက္လာၿပီးေနာက္ ေနျပည္ေတာ္၌ ျပဳလုပ္သည့္ လႊတ္ေတာ္အစည္းအေ၀းမ်ားသို႔တက္ရန္ ေရာက္ရွိလာေသာ ႏုိင္ငံအႏွံ႔မွ လႊတ္ေတာ္ ကုိယ္စားလွယ္မ်ားသည္ လႊတ္ေတာ္က်င္းပခ်ိန္အတြင္း ေနျပည္ေတာ္၌ ေနထုိင္ရသည္။ ခ်မ္းသာသည့္ အမတ္အခ်ဳိ႕က ဟုိတယ္မ်ားတြင္ ရက္ရွည္ေနထုိင္ရန္ တတ္ႏုိင္ၾကေသာ္လည္း အတုိက္အခံအမတ္အမ်ားစုမွာ အစုိးရကစီစဥ္ေပးထားသည့္ အစိမ္းေရာင္ တုိက္တန္းလ်ားမ်ား တြင္ က်ဥ္းက်ဥ္းက်ဳတ္က်ဳတ္ ေနထုိင္ရန္ မွအပ ေရြးစရာ မ်ားမ်ားစားစားမရွိေပ။

ယခုအခါတြင္ ေရြးေကာက္ပြဲနီးကပ္လာၿပီျဖစ္သျဖင့္ လႊတ္ေတာ္မ်ား အဆုံးသတ္ ရပ္နားခ်ိန္ တြင္ အမတ္မ်ားမွာ ယင္းတုိ႔၏ စစ္တန္းလ်ားပံုစံ အခန္းမ်ားမွ ျပန္လည္ထြက္ခြာရန္ မေစာင့္ႏုိင္ဘဲ ျဖစ္ေနသည္။ ဦးအုန္းႀကဳိင္၏ ဇနီးျဖစ္သူ အသက္ ၇၁ ႏွစ္ အရြယ္ ေဒၚသန္းသန္းက အိမ္ျပန္ခ်င္ေနၿပီဟုဆုိသည္။ ေဒၚသန္းသန္းသည္ ဦးအုန္းႀကဳိင္ကုိ ျပဳစုေစာင့္ေရွာက္ရန္အတြက္ သမီးႏွင့္အတူ ေနျပည္ေတာ္တြင္ လုိက္လံေနထုိင္ခဲ့ျခင္းျဖစ္သည္။

ႏုိင္ငံ၏အႀကီးဆံုးၿမဳိ႕ႏွင့္ ၿမဳိ႕ေတာ္ေဟာင္းျဖစ္သည့္ ရန္ကုန္တြင္ ေနအိမ္ရွိသည့္ ဦးအုန္းႀကဳိင္ တုိ႔ မိသားစုမွာ ေနျပည္ေတာ္တြင္ တစ္ဦးစာအခန္းက်ဥ္းေလး၌ အခန္းေထာင့္တြင္ ယာယီ မီးဖုိျဖင့္ ခ်က္ျပဳတ္ရၿပီး အိပ္ရာခင္းမ်ားကုိ လူသြားလမ္းသာခ်န္၍ အျပည့္ခင္းကာ အိပ္စက္ၾကရသည္။

“ဘုရင္မင္းျမတ္မ်ားေနထုိင္ရာ” ဟု အဓိပၸာယ္ရသည့္ ေနျပည္ေတာ္မွာ သာမာန္ လႊတ္ေတာ္ အမတ္မ်ား အတြက္မူ သီးျခားအဓိပၸာယ္ေဆာင္လ်က္ရွိသည္။

ယခင္အစုိးရသည္ ျမန္မာအလယ္ပုိင္း အပူပုိင္းေဒသတြင္ ေနျပည္ေတာ္ကုိ လြန္ခဲ့ေသာ ဆယ္စုႏွစ္က တည္ေဆာက္ကာ ႏုိင္ငံၿမဳိ႕ေတာ္အျဖစ္ ႐ုတ္တရက္ေၾကညာခဲ့သည္။ ထုိသုိ႔ ၿမဳိ႕ေတာ္သစ္တည္ေဆာက္ေျပာင္းေရႊ႕ရသည့္ အေၾကာင္းရင္းမွာမူ ယခုအထိ ပေဟဠိျဖစ္ေနဆဲျဖစ္သည္။

ေနရာအသံုးျပဳမႈႏွင့္ပတ္သက္သည့္ အစဥ္အလာအယူအဆ ကန္႔သတ္မႈမ်ားျဖင့္ တည္ေဆာက္ထားသည့္ ေနျပည္ေတာ္မွာ လူရွင္းေနသည့္ အပန္းေျဖဥယ်ာဥ္ႀကီးႏွင့္ တူေနသည္။ ခမ္းခမ္းနားနား တည္ေဆာက္ထားေသာ လႊတ္ေတာ္ အေဆာက္အအံုႏွင့္ ၿမဳိ႕၏ အဓိကဆြဲေဆာင္မႈေနရာမ်ား ျဖစ္ေသာ ႀကီးမားက်ယ္ျပန္႔သည့္ ဟုိတယ္ဇုန္၊ ေစတီႏွင့္ ဆင္ျဖဴေတာ္မ်ား ထားရွိရာေနရာတုိ႔ကုိ ယာဥ္ေၾကာမ်ားစြာပါၿပီး လူသူကင္းမဲ့ေနသည့္ လမ္းက်ယ္ႀကီးမ်ားျဖင့္ ဆက္သြယ္ေပးထားသည္။

ေဒၚေအာင္ဆန္းစုၾကည္က ေနျပည္ေတာ္တြင္ လႊတ္ေတာ္တက္စဥ္ ႏွစ္ထပ္အိမ္ တစ္လံုး၌ ငွားရမ္း ေနထုိင္ႏုိင္ေသာ္လည္း အျခား NLD ႏွင့္ အတုိက္အခံ အမတ္အမ်ားစုမွာမူ အစုိးရက စီစဥ္ေပးေသာဧည့္ေဂဟာမ်ားတြင္ တစ္ရက္လွ်င္ ႏွစ္ေထာင္က်ပ္ျဖင့္ ငွားရမ္းေနထုိင္ရသည္။ လႊတ္ေတာ္ႏွင့္ ဧည့္ေဂဟာမ်ား အျပန္အလွန္သြားလာရန္ မီနီဘက္စ္မ်ားျဖင့္ ပုိ႔ေဆာင္ေပးၿပီး လက္နက္ကုိင္ အေစာင့္ဂိတ္တစ္ခုကုိ ျဖတ္သန္း သြားရသည္။

လႊတ္ေတာ္အမတ္မ်ား ေနထုိင္ရသည့္ ဧည့္ေဂဟာမ်ားမွာ စစ္တန္းလ်ားႏွင့္ တူသည္ ဟု ေနျပည္ေတာ္ NLD ေျပာခြင့္ရပုဂိ္ၢဳလ္ ဦး၀င္းထိန္က ဆုိသည္။ ေနျပည္ေတာ္ရွိ ေနထုိင္ရာ အခန္းတြင္ ဧည့္သည္မျပတ္ရွိေနတတ္သည့္ အသက္ ၇၄ ႏွစ္အရြယ္ ဦး၀င္းထိန္က “ဒါဟာ စစ္စခန္းေတြမွာ ဗုိလ္ေလာင္းေတြကုိ ထားတဲ့အတုိင္းပါပဲ” ဟု ေျပာသည္။

သုိ႔ေသာ္ ထုိသုိ႔ နီးနီးကပ္ကပ္ေနရျခင္းက ရဲေဘာ္ရဲဘက္စိတ္ကုိ အေထာက္အကူျပဳသည္ ဟု ဦး၀င္းထိန္ကဆုိသည္။ ညေနခင္းအခ်ိန္မ်ားတြင္ အမတ္မ်ား စုေပါင္းကာ ျခင္းလံုး ကစားေလ့ရွိၿပီး သက္ႀကီးပုိင္း NLD အမတ္မ်ားက အနားရွိ လက္ဖက္ရည္ဆုိင္တြင္ထုိင္ကာ စကားေျပာေလ့ရွိသည္။

သုိ႔ေသာ္ ထုိသုိ႔လက္ဖက္ရည္ဆုိင္ စကား၀ုိင္းမွာ ၾကာရွည္မခံဘဲ ဧည့္ေဂဟာ၀င္း အတြင္း ႏုိင္ငံေရးမေဆြးေႏြးရဟု ဒီဇင္ဘာလတြင္ အာဏာပုိင္မ်ားက အမိန္႔ထုတ္ခဲ့သည္။

လႊတ္ေတာ္အမတ္ေနရာ ၄ ပံု ၁ ပံုရယူထားသည့္ တပ္မေတာသား ကုိယ္စားလွယ္မ်ား ကလည္း ယင္းတုိ႔ ေနထုိင္ရသည့္ေနရာကုိ ႏွစ္ၿခဳိက္မႈမရွိေပ။ အမည္မေဖာ္လုိသူ တပ္မေတာ္သား ကုိယ္စားလွယ္တစ္ဦးက “ကၽြန္ေတာ္တုိ႔ေနရတဲ့ ၀င္းအတြင္း ဆုိင္တစ္ဆုိင္မွမ ရွိပါဘူး။ မိတ္ေဆြေတြနဲ႔ လက္ဖက္ရည္တစ္ခြက္ေသာက္ရဖုိ႔ မိနစ္ ၃၀ ေလာက္ ကားေမာင္းသြားရပါတယ္” ဟု AFP သုိ႔ေျပာၾကားခဲ့သည္။

အာဏာရ ႀကံ႕ခုိင္ေရးပါတီမွ အမတ္မ်ားစြာမွာမူ ႀကီးမားခမ္းနားသည့္ ပါတီဌာနခ်ဳပ္တြင္ ပုိမုိေကာင္းမြန္သည့္ အေထာက္အပံ့မ်ားႏွင့္ ေနထုိင္ခြင့္ရသည္။ ေနျပည္ေတာ္ ပါတီဌာနခ်ဳပ္ရွိ ပုိမုိျပည့္စံုေကာင္းမြန္ေသာ အခန္းမ်ားတြင္ အခမဲ့ေနထုိင္ခြင့္ရရွိၾကသည္။

လက္ရွိ လႊတ္ေတာ္တြင္ ႀကံ႕ခိုင္ေရးအမတ္ ၃၃၁ ဦးႏွင့္ ႏိႈင္းယွဥ္ပါက NLD အမတ္ဦးေရ ၄၅ ဦးမွာ အလြန္ နည္းပါးလ်က္ရွိသည္။ NLD လႊတ္ေတာ္အမတ္ အမ်ားစုမွာ ေဒၚေအာင္ဆန္းစုၾကည္ ပါ၀င္ေရြးေကာက္ခံခဲ့သည့္ ၂၀၁၂ ၾကားျဖတ္ေရြးေကာက္ပြဲ တြင္ အႏုိင္ရရွိခဲ့သူမ်ားျဖစ္သည္။ သုိ႔ ေသာ္ ထုိသုိ႔အေရအတြက္ ကြာျခားေနျခင္းမွာ ႏုိ၀င္ဘာ ၈ ေရြးေကာက္ပြဲအၿပီးတြင္ ေျပာင္းျပန္ေျပာင္းလဲသြားဖြယ္ရွိၿပီး လႊတ္ေတာ္အတြင္း NLD အမတ္ အမ်ားအျပား ေရာက္ရွိလာဖြယ္ရွိသည္။

ျမန္မာႏုိင္ငံ၏ ႏုိင္ငံေရးအခင္းအက်င္းမ်ား ဆယ္စုႏွစ္မ်ားအတြင္း အႀကီးမားဆံုး အလွည့္ အေျပာင္း ျပဳလုပ္ရန္ ျပင္ဆင္ေနခ်ိန္တြင္ အစုိးရက အမတ္မ်ားအတြက္ ပုိမုိေကာင္းမြန္ေသာ အေဆာင္မ်ားတည္ေဆာက္ေပးရန္ အခ်ိန္ယူ စဥ္းစားလ်က္ရွိသည္။

၀ါရင့္ႏုိင္ငံေရးသမားမ်ားျဖစ္ေသာ ဦး၀င္းထိန္ႏွင့္ ဦးအုန္းႀကဳိင္တုိ႔မွာ ယင္းတုိ႔၏ ႐ုိး႐ုိး ရွင္းရွင္း အခန္းမ်ားမွ ထြက္ခြာကာ လႊတ္ေတာ္ကုိယ္စားလွယ္ေနရာ တာ၀န္ႏွင့္ ၀တၱရားမ်ား ကုိ မ်ဳိးဆက္သစ္မ်ားထံ လက္ဆင့္ကမ္းခဲ့ၿပီးပါက ေနျပည္ေတာ္တြင္ က်ပ္က်ပ္တည္းတည္း ခက္ခဲစြာ ေနထုိင္ခဲ့ရသည့္ အေတြ႕အႀကဳံမ်ားမွာ အတိတ္ေဟာင္းမ်ားသာ ျဖစ္သြားမည္ ျဖစ္သည္။

KHTun
Ref : Asiaone
The Ladies News Journal
https://www.facebook.com/News.TheLadies
..........................................

မြန်မာ့လွှတ်တော်မှ အတိုက်အခံအမတ်တစ်ဦးဖြစ်သူ ဦးအုန်းကြိုင်သည် နေပြည်တော်တွင် လွှတ်တော်တက်စဉ် သူနေထိုင်ရမည့် အခန်းကျဉ်းလေးကိုကြည့်ရင်း တစ်ချိန်က နိုင်ငံရေး အကျဉ်းသားအဖြစ် နေထိုင်ခဲ့ရသည့် အကျဉ်းခန်းကို ပြန်လည်အမှတ်ရမိနေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အမတ်တစ်ဦးဖြစ်သော အသက် ရ၂ နှစ်အရွယ် ဦးအုန်းကြိုင်က “ကျွန်တော် ထောင်ထဲမှာ ၁၇ နှစ် နေခဲ့ရပါတယ်။ ဒီအခန်းက အကျဉ်းခန်း လိုပါပဲ။ အခု ကျွန်တော့်မိသားစုပါနေရတာက လွဲရင်ပေါ့” ဟု ပြောကြားခဲ့သည်။

၂၀၁၁ တွင် အရပ်သားတစ်ပိုင်း အစိုးရတက်လာပြီးနောက် နေပြည်တော်၌ ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများသို့တက်ရန် ရောက်ရှိလာသော နိုင်ငံအနှံ့မှ လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်ကျင်းပချိန်အတွင်း နေပြည်တော်၌ နေထိုင်ရသည်။ ချမ်းသာသည့် အမတ်အချို့က ဟိုတယ်များတွင် ရက်ရှည်နေထိုင်ရန် တတ်နိုင်ကြသော်လည်း အတိုက်အခံအမတ်အများစုမှာ အစိုးရကစီစဉ်ပေးထားသည့် အစိမ်းရောင် တိုက်တန်းလျားများ တွင် ကျဉ်းကျဉ်းကျုတ်ကျုတ် နေထိုင်ရန် မှအပ ရွေးစရာ များများစားစားမရှိပေ။

ယခုအခါတွင် ရွေးကောက်ပွဲနီးကပ်လာပြီဖြစ်သဖြင့် လွှတ်တော်များ အဆုံးသတ် ရပ်နားချိန် တွင် အမတ်များမှာ ယင်းတို့၏ စစ်တန်းလျားပုံစံ အခန်းများမှ ပြန်လည်ထွက်ခွာရန် မစောင့်နိုင်ဘဲ ဖြစ်နေသည်။ ဦးအုန်းကြိုင်၏ ဇနီးဖြစ်သူ အသက် ရ၁ နှစ် အရွယ် ဒေါ်သန်းသန်းက အိမ်ပြန်ချင်နေပြီဟုဆိုသည်။ ဒေါ်သန်းသန်းသည် ဦးအုန်းကြိုင်ကို ပြုစုစောင့်ရှောက်ရန်အတွက် သမီးနှင့်အတူ နေပြည်တော်တွင် လိုက်လံနေထိုင်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံ၏အကြီးဆုံးမြို့နှင့် မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်တွင် နေအိမ်ရှိသည့် ဦးအုန်းကြိုင် တို့ မိသားစုမှာ နေပြည်တော်တွင် တစ်ဦးစာအခန်းကျဉ်းလေး၌ အခန်းထောင့်တွင် ယာယီ မီးဖိုဖြင့် ချက်ပြုတ်ရပြီး အိပ်ရာခင်းများကို လူသွားလမ်းသာချန်၍ အပြည့်ခင်းကာ အိပ်စက်ကြရသည်။

“ဘုရင်မင်းမြတ်များနေထိုင်ရာ” ဟု အဓိပ္ပာယ်ရသည့် နေပြည်တော်မှာ သာမာန် လွှတ်တော် အမတ်များ အတွက်မူ သီးခြားအဓိပ္ပာယ်ဆောင်လျက်ရှိသည်။

ယခင်အစိုးရသည် မြန်မာအလယ်ပိုင်း အပူပိုင်းဒေသတွင် နေပြည်တော်ကို လွန်ခဲ့သော ဆယ်စုနှစ်က တည်ဆောက်ကာ နိုင်ငံမြို့တော်အဖြစ် ရုတ်တရက်ကြေညာခဲ့သည်။ ထိုသို့ မြို့တော်သစ်တည်ဆောက်ပြောင်းရွှေ့ရသည့် အကြောင်းရင်းမှာမူ ယခုအထိ ပဟေဠိဖြစ်နေဆဲဖြစ်သည်။

နေရာအသုံးပြုမှုနှင့်ပတ်သက်သည့် အစဉ်အလာအယူအဆ ကန့်သတ်မှုများဖြင့် တည်ဆောက်ထားသည့် နေပြည်တော်မှာ လူရှင်းနေသည့် အပန်းဖြေဥယျာဉ်ကြီးနှင့် တူနေသည်။ ခမ်းခမ်းနားနား တည်ဆောက်ထားသော လွှတ်တော် အဆောက်အအုံနှင့် မြို့၏ အဓိကဆွဲဆောင်မှုနေရာများ ဖြစ်သော ကြီးမားကျယ်ပြန့်သည့် ဟိုတယ်ဇုန်၊ စေတီနှင့် ဆင်ဖြူတော်များ ထားရှိရာနေရာတို့ကို ယာဉ်ကြောများစွာပါပြီး လူသူကင်းမဲ့နေသည့် လမ်းကျယ်ကြီးများဖြင့် ဆက်သွယ်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်တွင် လွှတ်တော်တက်စဉ် နှစ်ထပ်အိမ် တစ်လုံး၌ ငှားရမ်း နေထိုင်နိုင်သော်လည်း အခြား NLD နှင့် အတိုက်အခံ အမတ်အများစုမှာမူ အစိုးရက စီစဉ်ပေးသောဧည့်ဂေဟာများတွင် တစ်ရက်လျှင် နှစ်ထောင်ကျပ်ဖြင့် ငှားရမ်းနေထိုင်ရသည်။ လွှတ်တော်နှင့် ဧည့်ဂေဟာများ အပြန်အလှန်သွားလာရန် မီနီဘက်စ်များဖြင့် ပို့ဆောင်ပေးပြီး လက်နက်ကိုင် အစောင့်ဂိတ်တစ်ခုကို ဖြတ်သန်း သွားရသည်။

လွှတ်တော်အမတ်များ နေထိုင်ရသည့် ဧည့်ဂေဟာများမှာ စစ်တန်းလျားနှင့် တူသည် ဟု နေပြည်တော် NLD ပြောခွင့်ရပုဂိ်္ဂုလ် ဦးဝင်းထိန်က ဆိုသည်။ နေပြည်တော်ရှိ နေထိုင်ရာ အခန်းတွင် ဧည့်သည်မပြတ်ရှိနေတတ်သည့် အသက် ရ၄ နှစ်အရွယ် ဦးဝင်းထိန်က “ဒါဟာ စစ်စခန်းတွေမှာ ဗိုလ်လောင်းတွေကို ထားတဲ့အတိုင်းပါပဲ” ဟု ပြောသည်။

သို့သော် ထိုသို့ နီးနီးကပ်ကပ်နေရခြင်းက ရဲဘော်ရဲဘက်စိတ်ကို အထောက်အကူပြုသည် ဟု ဦးဝင်းထိန်ကဆိုသည်။ ညနေခင်းအချိန်များတွင် အမတ်များ စုပေါင်းကာ ခြင်းလုံး ကစားလေ့ရှိပြီး သက်ကြီးပိုင်း NLD အမတ်များက အနားရှိ လက်ဖက်ရည်ဆိုင်တွင်ထိုင်ကာ စကားပြောလေ့ရှိသည်။

သို့သော် ထိုသို့လက်ဖက်ရည်ဆိုင် စကားဝိုင်းမှာ ကြာရှည်မခံဘဲ ဧည့်ဂေဟာဝင်း အတွင်း နိုင်ငံရေးမဆွေးနွေးရဟု ဒီဇင်ဘာလတွင် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။

လွှတ်တော်အမတ်နေရာ ၄ ပုံ ၁ ပုံရယူထားသည့် တပ်မတောသား ကိုယ်စားလှယ်များ ကလည်း ယင်းတို့ နေထိုင်ရသည့်နေရာကို နှစ်ခြိုက်မှုမရှိပေ။ အမည်မဖော်လိုသူ တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးက “ကျွန်တော်တို့နေရတဲ့ ၀င်းအတွင်း ဆိုင်တစ်ဆိုင်မှမ ရှိပါဘူး။ မိတ်ဆွေတွေနဲ့ လက်ဖက်ရည်တစ်ခွက်သောက်ရဖို့ မိနစ် ၃၀ လောက် ကားမောင်းသွားရပါတယ်” ဟု AFP သို့ပြောကြားခဲ့သည်။

အာဏာရ ကြံ့ခိုင်ရေးပါတီမှ အမတ်များစွာမှာမူ ကြီးမားခမ်းနားသည့် ပါတီဌာနချုပ်တွင် ပိုမိုကောင်းမွန်သည့် အထောက်အပံ့များနှင့် နေထိုင်ခွင့်ရသည်။ နေပြည်တော် ပါတီဌာနချုပ်ရှိ ပိုမိုပြည့်စုံကောင်းမွန်သော အခန်းများတွင် အခမဲ့နေထိုင်ခွင့်ရရှိကြသည်။

လက်ရှိ လွှတ်တော်တွင် ကြံ့ခိုင်ရေးအမတ် ၃၃၁ ဦးနှင့် နှိုင်းယှဉ်ပါက NLD အမတ်ဦးရေ ၄၅ ဦးမှာ အလွန် နည်းပါးလျက်ရှိသည်။ NLD လွှတ်တော်အမတ် အများစုမှာ ဒေါ်အောင်ဆန်းစုကြည် ပါ၀င်ရွေးကောက်ခံခဲ့သည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ တွင် အနိုင်ရရှိခဲ့သူများဖြစ်သည်။ သို့ သော် ထိုသို့အရေအတွက် ကွာခြားနေခြင်းမှာ နို၀င်ဘာ ၈ ရွေးကောက်ပွဲအပြီးတွင် ပြောင်းပြန်ပြောင်းလဲသွားဖွယ်ရှိပြီး လွှတ်တော်အတွင်း NLD အမတ် အများအပြား ရောက်ရှိလာဖွယ်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းများ ဆယ်စုနှစ်များအတွင်း အကြီးမားဆုံး အလှည့် အပြောင်း ပြုလုပ်ရန် ပြင်ဆင်နေချိန်တွင် အစိုးရက အမတ်များအတွက် ပိုမိုကောင်းမွန်သော အဆောင်များတည်ဆောက်ပေးရန် အချိန်ယူ စဉ်းစားလျက်ရှိသည်။

၀ါရင့်နိုင်ငံရေးသမားများဖြစ်သော ဦးဝင်းထိန်နှင့် ဦးအုန်းကြိုင်တို့မှာ ယင်းတို့၏ ရိုးရိုး ရှင်းရှင်း အခန်းများမှ ထွက်ခွာကာ လွှတ်တော်ကိုယ်စားလှယ်နေရာ တာဝန်နှင့် ၀တ္တရားများ ကို မျိုးဆက်သစ်များထံ လက်ဆင့်ကမ်းခဲ့ပြီးပါက နေပြည်တော်တွင် ကျပ်ကျပ်တည်းတည်း ခက်ခဲစွာ နေထိုင်ခဲ့ရသည့် အတွေ့အကြုံများမှာ အတိတ်ဟောင်းများသာ ဖြစ်သွားမည် ဖြစ်သည်။

KHTun
Ref : Asiaone
The Ladies News Journal
https://www.facebook.com/News.TheLadies

No comments:

Post a Comment