Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

က်ေနာ္ မီလွ်ံနာ

(က) အခန္းတခါးဖြင့္ ၀င္လိုက္သည္ႏွင့္ တီဗီေရွ႕၊ အိပ္ယာေပၚ၊ ေရခ်ဳိးခန္္္္္္္းစာပဲြ စသည့္ ပုံမွန္သြားေနက် ေနရာေတြသို႔ အၾကည့္က ဆက္မသြားေတာ့ပဲ တီဗီေရွ႕မွာတင္ ရပ္သြားေတာ့၏။ “ဟိုက္ … ႏွစ္ရြက္ေတာင္ပါလား။ ေက်းဇူးပါဗ်ာ ….”
ႏွစ္ရြက္မွာမွ တရြက္က ျမင္ေနက် အေမရိကန္ ၅ ေဒၚလာတန္၊ ေနာက္တရြက္က တခါမွမျမင္ဖူးေသး။ ေဒၚလာေတာ့ ေဒၚလာ။ ၅၀ မီလွ်ံေဒၚလာ (FIFTY MILLION DOLLARS) ။ 50000000 RESERVE BANK OF ZIMBABWE ဟုေရးထားသည္။ ပိုက္ဆံ ႏွစ္ရြက္ကို လွမ္းယူလိုက္သည့္လက္က တုန္ေန၏။ Thank you. For Housekeeping ဆိုသည့္ စာေလး ေရးထားခဲ့တာ ေတြ႔သည္မို႔ က်န္ခဲ့တာမဟုတ္၊ မိမိအတြက္ ေပးခဲ့သည္မွာ ေသခ်ာၿပီမို႔ အိပ္ကပ္ထဲထည့္လိုက္ၿပီး အလုပ္ကိုဆက္လုပ္ေနေပမယ့္ ဒီကိစၥက ေခါင္းထဲက မထြက္။
ေဟာ္တယ္မွာလုပ္ခဲ့သည့္ ကာလတေလွ်ာက္ တရက္မွာ ေဒၚလာ ၄၀ ထက္ တစ္ တခါမွ (TIP) မရဖူးေသး။ ကေနဒါေဒၚလာ၊ ယူရိုေဒၚလာ၊ မကၠဆီကိုပိုက္ဆံ အစရွိသျဖင့္ ပိုက္ဆံမ်ဳိးစံု ရတတ္ေသာ္လည္း ၁၀ ေဒၚလာတန္ထက္ မပို။ ဇင္ဘာေဘြက ျမန္မာေငြထက္ေတာ့ ေငြလဲႏႈန္း သာမည္ထင္၏။ ျမန္မာေငြလဲႏႈန္းေလာက္ ဆိုရင္ေတာင္ မဆိုး။

ဒီတစ္မန္းနီးေလးက Housekeeping ဘ၀အတြက္ မက္ေမာစရာတခုပါ။ ကိုယ္တာ၀န္က်သည့္အခန္းထဲ ၀င္လိုက္သည္ႏွင့္ ပထမဆံုး စိတ္၀င္စားစရာ။ ဒီတစ္ေလး ျမင္လိုက္လွ်င္ပင္ အလုပ္လုပ္ရတာ ပိုသြက္လာ သလိုလို။ အားအင္ေတြ ျပည့္လာသလိုလို။ တစ္္ဆိုတာမ်ဳိးက ကံနဲ႔လည္းဆိုင္သည္ဟု ေျပာႏိုင္မည္ထင္၏။
အခန္းတိုင္းရတတ္တာမ်ဳိး မဟုတ္သလို ကိုယ္တာ၀န္က်တဲ့အခန္းမွာ ဧည့္သည္က တစ္ထားသြား ရိုးမွန္လွ်င္တာင္မွ ကိုယ္ရဖို႔က သိပ္ေသခ်ာလွ သည္လည္းမဟုတ္။ က်ေနာ္တို႔ သန္႔ရွင္းေရးလုပ္သည့္အခန္းေတြကို လိုက္စစ္ေဆးသည့္ အလုပ္ႀကီးၾကပ္သူ (Superviser) မ်ားက ခိုးခ်က္တတ္သည္။

အလုပ္အတူတဲြလုပ္သည့္ (Houseman) မ်ားကလည္း ခိုးခ်က္တတ္သည္။ ဘ၀တူ Housekeeping အခ်င္းခ်င္းေတြကိုလည္း ေၾကာက္ေနရသည္။ အခန္းထဲမွ ဧည့္သည္ထြက္သည္ကို ေခ်ာင္းေနသူအမ်ားသား။ သူတို႔ကိုယ္စီမွာလည္း အခန္းအားလံုး ဖြင့္ႏိုင္သည့္ ေသာ့ ကိုယ္စီရွိၾကသည္ကိုး။ ဒီတစ္ဆိုသည့္အရာကလည္း မက္ေမာစရာ ေငြ ျဖစ္ေနသည္ကိုး။

(ခ) အိမ္ျပန္ေရာက္သည္ႏွင့္ ကြန္ပ်ဴတာကို အရင္ဆံုး ေျပးဖြင့္မိ၏။ 50000000 RESERVE BANK OF ZIMBABWE ဆိုတာကို Google search bar တြင္ ရိုက္ထည့္လိုက္ၿပီး ရွာၾကည့္လိုက္သည္။ Image ကို ဖြင့္ၾကည့္ေတာ့ ေပၚလာသည့္ပံုက က်ေနာ္ရထားသည့္ေငြႏွင့္ တေထရာတည္း။ ၀မ္းသာလိုက္တာ …။
ေငြလဲႏႈန္းကိုၾကည့္ေတာ့လည္း ဇင္ဘာေဘြ ၁၀၀ ေဒၚလာကို အေမရိကန္ ၀.၃၁၀၂ ေဒၚလာ။ ဇင္ဘာေဘြ ၅၀ မီလွ်ံေဒၚလာကို အေမရိကန္ ၁၅၅၁၀၈ ေဒၚလာ ဆိုေတာ့ မနည္းေတာ့ၿပီ။ ၀မ္းသာလိုက္တာ …။ ရင္ေတြဘာေတြ ခုန္လို႔။

100 Zimbabwe Dollar = 0.3102 US Dollar 50000000 Zimbabwe Dollar = 155,108 US Dollar Western Union ႏွင့္ အြန္လိုင္းက ေငြပို႔စဥ္က ေငြလဲႏွဳန္း ေဖၚျပတာကိုသတိရၿပီး Zimbabwe ကို ေငြ ၁၀၀ ပို႔ဖို႔လုပ္ၾကည့္၏။
သို႔ေသာ္ အေမရိကန္ ၁၀၀ ပို႔လွ်င္ ဟိုမွာလည္း အေမရိကန္ေဒၚလာ ၁၀၀ ပဲ ျပန္ထုတ္ပံုေပၚသည္။ ျမန္မာျပည္ကို ေငြပို႔သလို ေငြလဲႏႈန္းမေပၚ။ ဒါႏွင့္ http://zimbabwedollars.net မွာ ရွာၾကည့္ျပန္၏။ ဒီေတာ့မွ တက္ေနသမွ် စိိ္တ္ဓါတ္ခြန္အားေလး စုန္းစုန္းျမဳပ္ေတာ့၏။ ဇင္ဘာေဘြ တဘီလွ်ံေဒၚလာကိုမွ အေမရိကန္ ၁၅ ေဒၚလာတဲ့။

“ဘာေတြ ျဖစ္ကုန္တာလဲ … ေငြလဲႏႈန္းက ဒီေလာက္ေတာင္ကြာလား” မေက်မနပ္စိတ္ႏွင့္ တက္ရွာေနက် (http://www.amazon.com ) အေမဇံုဆိုဒ္မွာ ၾကည့္လိုက္ေတာ့မွ အေျဖမွန္ကို ေတြ႔ေတာ့၏။ ထြက္လာတဲ့ရလဒ္က http://zimbabwedollars.net ေစ်းႏႈန္းနဲ႔ သိပ္မကြာ။ ထူးသည္က Toy& Game ဆိုသည့္ စာသား။ ေရာင္းသည့္ Department ကို ညႊန္ျပသည့္စာ။ “ေသၿပီေပါ့ … ဒါဆို ဒါ ကစားစရာ”။
လူဗိုလ္ ၂၃ ၊ ၉ ၊ ၂၀၁၅
.............................................
ကျနော် မီလျှံနာ

(က) အခန်းတခါးဖွင့် ၀င်လိုက်သည်နှင့် တီဗီရှေ့၊ အိပ်ယာပေါ်၊ ရေချိုးခန်််််််းစာပွဲ စသည့် ပုံမှန်သွားနေကျ နေရာတွေသို့ အကြည့်က ဆက်မသွားတော့ပဲ တီဗီရှေ့မှာတင် ရပ်သွားတော့၏။ “ဟိုက် … နှစ်ရွက်တောင်ပါလား။ ကျေးဇူးပါဗျာ ….”
နှစ်ရွက်မှာမှ တရွက်က မြင်နေကျ အမေရိကန် ၅ ဒေါ်လာတန်၊ နောက်တရွက်က တခါမှမမြင်ဖူးသေး။ ဒေါ်လာတော့ ဒေါ်လာ။ ၅၀ မီလျှံဒေါ်လာ (FIFTY MILLION DOLLARS) ။ 50000000 RESERVE BANK OF ZIMBABWE ဟုရေးထားသည်။ ပိုက်ဆံ နှစ်ရွက်ကို လှမ်းယူလိုက်သည့်လက်က တုန်နေ၏။ Thank you. For Housekeeping ဆိုသည့် စာလေး ရေးထားခဲ့တာ တွေ့သည်မို့ ကျန်ခဲ့တာမဟုတ်၊ မိမိအတွက် ပေးခဲ့သည်မှာ သေချာပြီမို့ အိပ်ကပ်ထဲထည့်လိုက်ပြီး အလုပ်ကိုဆက်လုပ်နေပေမယ့် ဒီကိစ္စက ခေါင်းထဲက မထွက်။
ဟော်တယ်မှာလုပ်ခဲ့သည့် ကာလတလျှောက် တရက်မှာ ဒေါ်လာ ၄၀ ထက် တစ် တခါမှ (TIP) မရဖူးသေး။ ကနေဒါဒေါ်လာ၊ ယူရိုဒေါ်လာ၊ မက္ကဆီကိုပိုက်ဆံ အစရှိသဖြင့် ပိုက်ဆံမျိုးစုံ ရတတ်သော်လည်း ၁၀ ဒေါ်လာတန်ထက် မပို။ ဇင်ဘာဘွေက မြန်မာငွေထက်တော့ ငွေလဲနှုန်း သာမည်ထင်၏။ မြန်မာငွေလဲနှုန်းလောက် ဆိုရင်တောင် မဆိုး။

ဒီတစ်မန်းနီးလေးက Housekeeping ဘဝအတွက် မက်မောစရာတခုပါ။ ကိုယ်တာဝန်ကျသည့်အခန်းထဲ ၀င်လိုက်သည်နှင့် ပထမဆုံး စိတ်ဝင်စားစရာ။ ဒီတစ်လေး မြင်လိုက်လျှင်ပင် အလုပ်လုပ်ရတာ ပိုသွက်လာ သလိုလို။ အားအင်တွေ ပြည့်လာသလိုလို။ တစ််ဆိုတာမျိုးက ကံနဲ့လည်းဆိုင်သည်ဟု ပြောနိုင်မည်ထင်၏။
အခန်းတိုင်းရတတ်တာမျိုး မဟုတ်သလို ကိုယ်တာဝန်ကျတဲ့အခန်းမှာ ဧည့်သည်က တစ်ထားသွား ရိုးမှန်လျှင်တာင်မှ ကိုယ်ရဖို့က သိပ်သေချာလှ သည်လည်းမဟုတ်။ ကျနော်တို့ သန့်ရှင်းရေးလုပ်သည့်အခန်းတွေကို လိုက်စစ်ဆေးသည့် အလုပ်ကြီးကြပ်သူ (Superviser) များက ခိုးချက်တတ်သည်။
အလုပ်အတူတွဲလုပ်သည့် (Houseman) များကလည်း ခိုးချက်တတ်သည်။ ဘဝတူ Housekeeping အချင်းချင်းတွေကိုလည်း ကြောက်နေရသည်။ အခန်းထဲမှ ဧည့်သည်ထွက်သည်ကို ချောင်းနေသူအများသား။ သူတို့ကိုယ်စီမှာလည်း အခန်းအားလုံး ဖွင့်နိုင်သည့် သော့ ကိုယ်စီရှိကြသည်ကိုး။ ဒီတစ်ဆိုသည့်အရာကလည်း မက်မောစရာ ငွေ ဖြစ်နေသည်ကိုး။

(ခ) အိမ်ပြန်ရောက်သည်နှင့် ကွန်ပျူတာကို အရင်ဆုံး ပြေးဖွင့်မိ၏။ 50000000 RESERVE BANK OF ZIMBABWE ဆိုတာကို Google search bar တွင် ရိုက်ထည့်လိုက်ပြီး ရှာကြည့်လိုက်သည်။ Image ကို ဖွင့်ကြည့်တော့ ပေါ်လာသည့်ပုံက ကျနော်ရထားသည့်ငွေနှင့် တထေရာတည်း။ ၀မ်းသာလိုက်တာ …။
ငွေလဲနှုန်းကိုကြည့်တော့လည်း ဇင်ဘာဘွေ ၁၀၀ ဒေါ်လာကို အမေရိကန် ၀.၃၁၀၂ ဒေါ်လာ။ ဇင်ဘာဘွေ ၅၀ မီလျှံဒေါ်လာကို အမေရိကန် ၁၅၅၁၀၈ ဒေါ်လာ ဆိုတော့ မနည်းတော့ပြီ။ ၀မ်းသာလိုက်တာ …။ ရင်တွေဘာတွေ ခုန်လို့။
100 Zimbabwe Dollar = 0.3102 US Dollar 50000000 Zimbabwe Dollar = 155,108 US Dollar Western Union နှင့် အွန်လိုင်းက ငွေပို့စဉ်က ငွေလဲနှုန်း ဖေါ်ပြတာကိုသတိရပြီး Zimbabwe ကို ငွေ ၁၀၀ ပို့ဖို့လုပ်ကြည့်၏။
သို့သော် အမေရိကန် ၁၀၀ ပို့လျှင် ဟိုမှာလည်း အမေရိကန်ဒေါ်လာ ၁၀၀ ပဲ ပြန်ထုတ်ပုံပေါ်သည်။ မြန်မာပြည်ကို ငွေပို့သလို ငွေလဲနှုန်းမပေါ်။ ဒါနှင့် http://zimbabwedollars.net မှာ ရှာကြည့်ပြန်၏။ ဒီတော့မှ တက်နေသမျှ စိိ်တ်ဓါတ်ခွန်အားလေး စုန်းစုန်းမြုပ်တော့၏။ ဇင်ဘာဘွေ တဘီလျှံဒေါ်လာကိုမှ အမေရိကန် ၁၅ ဒေါ်လာတဲ့။
“ဘာတွေ ဖြစ်ကုန်တာလဲ … ငွေလဲနှုန်းက ဒီလောက်တောင်ကွာလား” မကျေမနပ်စိတ်နှင့် တက်ရှာနေကျ (http://www.amazon.com ) အမေဇုံဆိုဒ်မှာ ကြည့်လိုက်တော့မှ အဖြေမှန်ကို တွေ့တော့၏။ ထွက်လာတဲ့ရလဒ်က http://zimbabwedollars.net စျေးနှုန်းနဲ့ သိပ်မကွာ။ ထူးသည်က Toy& Game ဆိုသည့် စာသား။ ရောင်းသည့် Department ကို ညွှန်ပြသည့်စာ။ “သေပြီပေါ့ … ဒါဆို ဒါ ကစားစရာ”။
လူဗိုလ် ၂၃ ၊ ၉ ၊ ၂၀၁၅

No comments:

Post a Comment