Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

ဆံသားတွေ ပြန်လည် ညိုမည်းသွားစေမယ့် အစွမ်းထက်ဖျော်ရည်



ခုပြောပြပေးမယ့် ဖျော်ရည်မှာ ဖြူနေတဲ့ဆံပင်တွေကို သူ့မူလ အရောင်အတိုင်း ပြန်လည်မည်းနက်လာစေမယ့် သတ္တိပါရှိပါတယ်။ အဲ့ဒါကတော့ ၄င်းမှာ ပါဝင်အစွမ်းထက် ပါဝင်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ထို့အပြင် အမြင်အာရုံ ချွတ်ယွင်းမှုရှိသူတွေအတွက် အလွန်ပင် အကျိုးဖြစ်ထွန်းစေပါတယ်။
ပါဝင်ပစ္စည်းများ
နှမ်းကြတ်ဆီ (၂၀၀) ဂရမ်
ကြက်သွန်ဖြူ (၃) စိတ် (အသေး)
ပျားရည် (၁) ကီလိုဂရမ်
သံပုရာယို (၄) လုံး
လမ်းညွန်ချက်
သံပုယိုနဲ့ ကြက်သွန်ဖြူကို မွှေစက်တစ်ခုထဲထည့်ပြီး သေချာစွာ ရောသမမွှေပါ။ ထို့နောက် နှမ်းကြတ်ဆီနဲ့ ပျားရည် ထပ်ရောပေးရပါမယ်။ အဲဒီ အရောနှောလေးကို ဖန်ခွက်တစ်ခုထဲ ပြောင်းထည့်၊ အဖုံးနဲ့ သေချာ ဖုံးပြီး ရေခဲသေတ္တာထဲ သိမ်းထားရပါမယ်။
အသုံးပြုပုံ
ရရှိလာတဲ့ အဲဒီအရောအနှောကို ထမင်းမစားမီ နာရီဝက်အလိုတိုင်း ထမင်းစားဇွန်း (၁) ဇွန်းသောက်ပေးပါ။ တစ်ရက် (၃) ကြိမ်သောက်ရမှာဖြစ်တယ်။ ဇွန်းကို သစ်သားဇွန်းသာ အသုံးပြုစေချင်တယ်။
Ref:healthyfoodteam 
http://www.trend.com.mm/2015/09/11/beauty-7630

No comments:

Post a Comment