Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 10, 2015

ကျောက်တောင်ပေါ်မှ ကြိုးချိတ်ပြီး ခုန်ချသူ အောက်ခြေ ကျောက်ဆောင်နှင့် ရိုက်မိသေဆုံး

သြစတြေးလျနိုင်ငံမှ နာမည်ကျော် ကျောက်တောင် နေရာတစ်ခုတွင် လူတစ်ဦးသည် ကိုယ်ကို ကြိုး
တွဲလောင်းဆွဲပြီး ခုန်ချရာ အောက်ရှိ ကျောက်ဆောင်စွန်းနှင့် ရိုက်မိပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ထိုလူမှာ ဆစ်ဒနီ အနောက်ဘက်တွင်ရှိသည့် ဘလူးမောင်တိန်တောင်မှ ဘလက်ဟိသ်
 ကျောက်ဆောင်ပေါ်မှ ကြိုးခုန်ချတန်း ကစားရာတွင် အောက်ခြေရှိ ကျောက်စွန်းနှင့် ရိုက်မိပြီး သေဆုံးခြင်း
 ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ကျောက် တောင်မှာ အောက်ခြေတွင် ကျောက်စွန်း များပြားစွာရှိနေပြီး
 သေမင်းတမန် ကျောက်ကွင်းဟု အမည်ပေးထားကာ တိုးရစ်များ၊ ရင်လှပ်လှပ်ခုန် ခံစားချက် ရလိုသူများ
လည်ပတ်ရာ ဖြစ်သည်။

ရဲတပ်ဖွဲ့ က ထိုကျောက်ဆောင်မှ အစွန်းတွင် ကြိုးချိတ်ထားရာမှ ပြတ်ကျမှုကြောင့် လွတ်ကျကာ သေဆုံး
ခဲ့ရခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ဒေသခံမီဒီယာများက ယခင်ကလည်း ထိုကျောက်တောင်နေရာတွင် အမြင့်ခုန်သမားတစ်ဦးမှာ လေထီး
မပွင့်၍ သေဆုံးမှု ဖြစ်ခဲ့ကြောင်း ဆိုထားသည်။
messenger news journal

No comments:

Post a Comment