Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 1, 2015

မျိုးတုန်းတော့မည့် အာရှကျားသစ် တစ်ကောင်၏ကိုယ်ပွားကို အာဂျင်တီးနား ပညာရှင်များက ပထမဆုံးအကြိမ် အောင်မြင်စွာဖန်တီး


ဗျူနိုအေးရီးစ် ၊ ၁-၉-၂၀၁၅

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ် တက္ကသိုလ်မှ သိပ္ပံပညာရှင် များသည် မျိုးသုဉ်း ပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေ ရသော အာရှကျားသစ် တစ်ကောင်၏ ကိုယ်ပွားကို ပထမဆုံး အကြိမ် အောင်မြင်စွာ ဖန်တီး နိုင်ခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြ ထားသည်။

ပညာရှင်များသည် အပြေးမြန်သည့် အဆိုပါ ချီတာကျားသစ် မျိုးစိတ်ကို မျိုးသုဉ်းခြင်းမှ ကာကွယ်နိုင်ရန် အတွက် ၄င်း၏ ကိုယ်ပွားကို ဖန်တီးရန် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်းက ယင်းကျားသစ် မျိုးစိတ်၏ ကိုယ်ပွားကို ဖန်တီးရန် အိန္ဒိယ သိပ္ပံ ပညာရှင် များက ကြိုးပမ်း ခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ယခုအကြိမ် ပြုလုပ်ခဲ့သည့် ကိုယ်ပွား ဖန်တီးမှုတွင် ဒေါက်တာ ဒန်းနီယယ် ဆယ်လ်မွန် ဦးဆောင်သော အဖွဲ့သည် အဆိုပါ အာရှကျားသစ် မျိုးစိတ်၏ အရေပြားဆဲလ် များကို ရယူနိုင် ခဲ့ပြီးနောက် အောင်မြင်စွာ ကိုယ်ပွားဖန်တီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment