Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

ႏုိင္ငံေရးအိပ္မက္မ်ားထက္ ပိုမိုအားေကာင္းေနတဲ့ နတ္ကိုးကြယ္မႈ


စက္တင္ဘာ ၉ ရက္တြင္ က်င္းပခဲ့သည့္ ဘိုုးမင္းေခါင္ပြဲ၌ ရေသ့မကဲ့သိုု႔ အသြင္ရွိေသာ အမ်ဳိးသမီးတစ္ဦးအား ပြဲလာေရာက္သူမ်ားက ေငြမ်ားလွဴဒါန္းေနစဥ္/ဓာတ္ပံု − သက္ထူး/Myanmar Now
စက္တင္ဘာ ၉ ရက္ မိုးမ်ားက တဖြဲဖြဲရြာက်ေနသည္။ ရန္ကုန္ၿမိဳ႕ ဆင္ေျခဖံုးအရပ္တစ္ခုရွိ ၿခံတစ္ၿခံအတြင္းရွိ ေခတ္ေပၚပံုစံႏွစ္ထပ္အိမ္တစ္လံုးဆီသို႔ အမ်ိဳးသမီးမ်ားႏွင့္ ကေလးအမ်ားစုပါသည့္ ေထာင္ဂဏန္းမွ်ရွိေသာ လူအုပ္ႀကီးသည္ မိုးကိုဂ႐ုမထားဘဲ သူ႔ ထက္ငါအရင္ဦးေအာင္ သြားေန ၾကသည္။


သူ႔ေရွ႕မတိုင္ခင္ တစ္ရက္က ဆုိလွ်င္ ႏိုဝင္ဘာ ၈ ရက္တြင္ က်င္းပမည့္ လႊတ္ေတာ္ေရြးေကာက္ပြဲမ်ားအတြက္ မဲဆြယ္စည္း႐ံုးမႈမ်ားကို စတင္ခဲ့ၿပီျဖစ္သည္။ သို႔ေသာ္ ေခြၽးမ်ား၊ မိုးေရမ်ားစိုေနသည့္ ယင္းလူစုသည္ ႏုိင္ငံေရးကို စိတ္ဝင္စားပံုမရ။ ေရြးေကာက္ပြဲအၿပီး တက္လာမည့္ အစိုးရထက္ တန္ခိုးရွင္တစ္ဦးထံမွ ေစာင့္ေရွာက္မစမႈကိုသာ အားကိုးေနပံုရသည္။

အိမ္ထဲမွ ဘုရားခန္း စင္အျမင့္တစ္ခုေပၚတြင္ ပကတိလူတစ္ေယာက္ အရြယ္အစားခန္႔ရွိၿပီး ေျခခ်ိတ္ထုိင္ေနပံု ထုလုပ္ထားသည့္ ျမန္မာအမ်ိဳးသားႀကီးတစ္ဦး၏ ဖေယာင္း႐ုပ္တုႀကီးတစ္ခုကို ေတြ႕ေနရသည္။ ယင္း႐ုပ္တုႀကီး ၏ ေရွ႕မွာေတာ့ ေစာေစာက လူအုပ္သည္ မိမိအလွည့္ပူေဇာ္ကန္ ေတာ့ခြင့္ရေအာင္ ေစာင့္ေနၾက သည္။

အိမ္အေပၚထပ္ ေလသာေဆာင္တြင္ အလံမ်ား၊ ေရာင္စံု ပူေဖာင္းမ်ားခ်ိတ္ထားသည့္ ယာယီစင္ျမင့္တစ္ခု ေဆာက္ထားၿပီး အျပာေရာင္ ဘေလာက္အက်ႌႏွင့္ ေရႊျခည္ေငြျခည္ ထိုးထားသည့္ ထဘီတုိ႔ကို ဝတ္ဆင္ထားေသာ အမ်ိဳးသမီးတစ္ဦးသည္ ဆုိင္းဝိုင္းမွ ထြက္ေပၚလာသည့္ တီးလံုးႏွင့္ အညီ ကခုန္ေနသည္။

‘‘ရတနာမိုးရြာေစ.. ေငြမိုးရြာ ေစ။ .. တုိင္းျပည္အတြက္ ေအာင္အတိတ္ ေအာင္နိမိတ္ေဆာင္ပါေစ’’ဟူေသာ သူ၏ သီခ်င္းသံသည္ အသံခ်ဲ႕စက္မ်ားမွ တစ္ဆင့္ သဃၤန္းကြၽန္းၿမိဳ႕နယ္ ေဝဇယႏၲာ လမ္းမႀကီးေပၚတြင္ ပ်ံ႕လြင့္ေန သည္။

သဃၤန္းကြၽန္းၿမိဳ႕နယ္ရွိ ဆင္ေျခဖံုးရပ္ကြက္တစ္ခုတြင္ ျပဳလုပ္ေသာ ယခုပြဲသည္ အဆင့္ျမင့္ေသာ နာမ္ေလာကသို႔ လက္ရွိဘဝခႏၶာ ကိုယ္မေသဆံုးဘဲ ကူးေျပာင္းသြားသည္ဟု လူသိမ်ားေသာ အဘဘိုးမင္းေခါင္၏ (၆၃)ႏွစ္ေျမာက္ ‘‘အရွင္ထြက္ပြဲ’’အထိမ္းအမွတ္ က်င္းပေနျခင္းျဖစ္သည္။ ဘိုးမင္းေခါင္သည္ လြန္ခဲ့သည့္ႏွစ္ေပါင္း ၆၀ ေက်ာ္က ျမန္မာႏုိင္ငံအလယ္ပိုင္း ပုပၸားေတာင္တြင္ ထြက္ရပ္ေပါက္က်င့္စဥ္ကို ေအာင္ျမင္သြားသည္ဟု ကိုးကြယ္သူမ်ားက ယံုၾကည္ၾကသည္။ ဘိုးမင္းေခါင္သည္ ပံုစံအမ်ိဳးမ်ိဳးျဖင့္ ေပၚလာတတ္ၿပီး ၎အား ကိုးကြယ္သူမ်ား အခက္အခဲအက်ပ္အတည္းမ်ား ႀကံဳလာပါက ကူညီတတ္ေၾကာင္း ယံုၾကည္ကိုးကြယ္သူမ်ားက ဆုိသည္။

‘‘ကြၽန္မအလုပ္ထဲမွာ စိတ္ညစ္စရာေတြႀကံဳလာရင္ ကြၽန္မကို အဘက နည္းအမ်ိဳးမ်ိဳးနဲ႔ ကူညီပါတယ္’’ဟု ပရိသတ္ထဲေရာက္ ေနသည့္ အသက္ (၂၆)ႏွစ္အရြယ္ မပိုးပိုးက ေျပာသည္။

‘‘အဘ တကယ္ရွိတယ္ဆုိ တာ ကြၽန္မကို တစ္ႀကိမ္ထင္ထင္ရွားရွားျပဖူးပါတယ္။ အရမ္းထူးျခားပါတယ္’’ဟု ၎က စိတ္လႈပ္ရွားၿပီး က်ေနသည့္ မ်က္ရည္မ်ား ျဖင့္ေျပာသည္။

မပိုးပုိးသည္ မေလးရွားႏုိင္ငံ ပီနန္ကြၽန္းရွိ စက္႐ံုတစ္႐ံုတြင္ အလုပ္လုပ္ေနသူျဖစ္ၿပီး ယခု အဘထြက္ပြဲအတြက္ တကူးတက ျပန္လာျခင္းျဖစ္သည္။ မပိုးပိုးအတြက္ကေတာ့ ႏုိင္ငံေရးအေျခအေနထက္ တန္ခိုးရွင္မ်ားကသာ သူ႔အနာဂတ္အတြက္ ပိုမိုအက်ိဳးရွိ ပံုရသည္။

‘‘အဘ (ဘိုးမင္းေခါင္)လမ္း ၫႊန္ခ်က္အတုိင္း ကြၽန္မ ဥပုသ္ေစာင့္တယ္။ ပုတီးစိပ္တယ္။ အက်ိဳးေပးပါတယ္’’ဟု မပိုးပိုးက ေျပာသည္။ ‘‘ကြၽန္မႏုိင္ငံေရးဆုိတာေတာ့ နားမလည္ဘူး’’

နတ္ႏွင့္ ထြက္ရပ္ေပါက္ ဘိုးေတာ္မ်ား ကိုးကြယ္မႈအေလ့အထသည္ ဗုဒၶဘာသာအမ်ားစု ကိုး ကြယ္သည့္ ျမန္မာႏုိင္ငံတြင္ ဗုဒၶ ဘာသာသမုိင္းႏွင့္အၿပိဳင္ နက္နက္ ႐ိႈင္း႐ိႈင္း အျမစ္တြယ္လ်က္ရွိသည္။ ျမန္မာႏုိင္ငံသည္ ၂၀၁၁ ခုႏွစ္ကတည္းကစၿပီး ႏုိင္ငံတကာ ႏွင့္ ထိေတြ႕ဆက္ဆံမႈရွိလာၿပီး အရပ္သားတစ္ပိုင္း အစိုးရကလည္း ရာစုႏွစ္ထက္ဝက္နီးပါး စစ္အုပ္ခ်ဳပ္ေရးစနစ္မွ ခြဲထြက္ကာ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးကို အတုိင္းအတာတစ္ခုအထိ လုပ္ ေဆာင္လ်က္ရွိသည္။ သို႔ေသာ္ နတ္ကိုးကြယ္မႈသည္ ဆက္လက္ ခုိင္ၿမဲလ်က္ပင္ရွိသည္။

အဓိက ႏုိင္ငံေရးပါတီအား လံုး ပထမဆံုးအႀကိမ္ ဝင္ၿပိဳင္ၾက မည့္ ႏုိဝင္ဘာ ၈ ရက္ လႊတ္ေတာ္ ေရြးေကာက္ပြဲမ်ားသည္ အခက္ အခဲမ်ားႀကံဳေတြ႕ေနရသည့္ ျမန္မာႏုိင္ငံအတြက္ အေျပာင္းအလဲတြင္ အေရးႀကီးသည့္ ေနာက္ထပ္ေျခ လွမ္းတစ္ရပ္ျဖစ္သည္။ သို႔ေသာ္ ဆႏၵမဲေပးရမည့္ သူမ်ားကေတာ့ သူတို႔၏ အနာဂတ္အတြက္ ႏုိင္ငံ ေရးထက္ တန္ခုိုးျဖင့္ကူညီေစာင္မမည့္သူမ်ားကို ေမွ်ာ္လင့္ထားၾက သည္။

နတ္၊ ဘိုးေတာ္ အားကိုးမႈ

ဗုဒၶဘာသာဝင္ ျမန္မာျပည္ သူမ်ား၏အိမ္တြင္ ႐ိုးရာနတ္စင္ ကိုလည္း အိမ္တုိင္းနီးပါး၌ေတြ႕ ရတတ္ၿပီး နတ္ကိုးကြယ္မႈႏွင့္ ဗုဒၶ ဘာသာဝင္တို႔၏ ထံုးတမ္းစဥ္လာ မ်ားသည္ ေရာေထြးလ်က္ရွိသည္။ နတ္ကိုးကြယ္သူတုိ႔သည္ နတ္မ်ား ကို ပံုမွန္ပူေဇာ္ပသၾကသည္။ လံု ေလာက္သည့္ ေငြေၾကးမရွိပါက လည္း ရွာေဖြေခ်းငွားၿပီး ပူေဇာ္ ပသၾကသည္။

ယခုပြဲတြင္ ေယာဂီေရာင္ အဝတ္မ်ားႏွင့္ အေရာင္တူ ေခါင္းေပါင္းကို ေပါင္းထားသည့္ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသမီးတစ္ဦးကို လူအမ်ားက ျမန္မာက်ပ္ေငြမ်ား အထပ္လိုက္ႏွင့္ အေမရိကန္ေဒၚလာမ်ား ေပးလွဴေနသည္။

အဆိုပါအမ်ိဳးသမီးသည္ စိပ္ပုတီးတစ္ကံုးကို ဘယ္ဘက္လက္တြင္ ပတ္ထားၿပီး မ်က္လံုးမ်ားကလည္း နတ္ဝင္ပူးေနသလို မ်က္ႏွာၾကက္ကို ေလွ်ာက္ၾကည့္ၿပီး သူ႔ေရွ႕သို႔ ေရာက္လာသူမ်ား၏ ဦးေခါင္းကို ပြတ္သပ္ဆုေတာင္းေပး ေနသည္။

ပရိသတ္ထဲတြင္ အိမ္ၿခံေျမ ပြဲစား အသက္ (၇၁) ႏွစ္အရြယ္ ေဒၚႏွင္းခုိင္လည္းပါသည္။ ‘‘ကြၽန္မကို ေငြေၾကးေျပလည္ေအာင္ ကူညီမစဖို႔နဲ႔ က်န္တဲ့သူေတြလည္း အားလံုးအဆင္ေျပေအာင္ ေစာင့္ေရွာက္ဖို႔ အဘဆီမွာ ဆုေတာင္းခဲ့ပါတယ္’’လို႔ သူက ဆုိသည္။

သူ႔အေနျဖင့္ အလုပ္ကိစၥ စကားေျပာဆုိခါနီးတြင္ နတ္မ်ား၊ ပုဂၢိဳလ္မ်ားကို တုိင္တည္ၿပီးမွ ေျပာဆိုလုပ္ကိုင္ေလ့ရွိေၾကာင္း ေျပာသည္။ ‘‘တကယ္ကို ယံုယံုၾကည္ၾကည္လုပ္ၾကည့္ပါ။ အက်ိဳးေပးပါတယ္’’ဟု ေဒၚႏွင္းခုိင္ကေျပာ သည္။

အဆုိပါ အဘဘုိးမင္းေခါင္ထြက္ပြဲကို ျမန္မာႏုိင္ငံမွ ထင္ရွားသည့္ အစိုးရႏွင့္နီးစပ္ေသာ စီးပြားေရး လုပ္ငန္းရွင္ႀကီးတစ္ဦးျဖစ္သည့္ ေရႊသံလြင္ မာလ္တီမီဒီယာ ကုမၸဏီပိုင္ရွင္ ဦးေက်ာ္ဝင္းက ကမကထျပဳျခင္းျဖစ္သည္။ ၎အေနျဖင့္ မၾကာေသးမီက ရွင္အပါး ၇,၀၀၀ ရွင္သာမေဏျပဳပြဲကို ျမန္မာႏုိင္ငံအလယ္ပိုင္း ၿမိဳ႕တစ္ၿမိဳ႕၌ က်င္းပေပးခဲ့ၿပီး အဆုိပါပြဲသို႔ ႏုိင္ငံေတာ္သမၼတ ဦးသိန္းစိန္ လည္း တက္ေရာက္ခဲ့သည္။

ယခုထြက္ပြဲကို အေနာက္ တုိင္းျပကၡဒိန္၏ ၉ လပိုင္းျဖစ္သည့္ စက္တင္ဘာ ၉ ရက္တြင္ က်င္းပ ခဲ့ျခင္းျဖစ္ၿပီး ၉ ဂဏန္းသည္ ကံ ေကာင္းေစေသာ ကိန္းဂဏန္းတစ္ခုအျဖစ္ အစြဲထားသည့္ ျမန္မာႏုိင္ငံ၌ က်င္းပေလ့ရွိသည့္ အ ထင္ကရ ပြဲတစ္ပြဲလည္းျဖစ္သည္။

ထိုေန႔ နံနက္ ၉ နာရီက ေန ျပည္ေတာ္၌ အစိုးရဘက္မွ ကိုယ္ စားလွယ္ကိုးဦးႏွင့္ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားမွ ကိုယ္ စားလွယ္ကိုးဦးတို႔အၾကား ၿငိမ္း ခ်မ္းေရးေဆြးေႏြးပြဲ ေနာက္ဆံုး အဆင့္ကို ေဆြးေႏြးက်င္းပခဲ့ျခင္း ျဖစ္ၿပီး အဆိုပါပြဲႏွစ္ခု ၉ ဂဏန္း က်သည့္ တစ္ေန႔တည္း၊ တစ္ခ်ိန္ တည္းတြင္ က်င္းပျခင္းမွာလည္း ထူးျခားသည္။

‘‘၉ ဂဏန္းဟာ တန္ခုိးရွိၿပီး ကံေကာင္းတဲ့ နံပါတ္ပါ။ မေသဂဏန္းလို႔လည္း ေခၚပါတယ္’’ဟု ရန္ကုန္ၿမိဳ႕လယ္တြင္ ေဗဒင္ေဟာခန္းဖြင့္လွစ္ထားသည့္ ေဗဒင္ဆရာ ဦးမင္းသူက ေျပာသည္။

ႏုိင္ငံေရးအေပၚ စိတ္အားသိပ္မထက္သန္

စက္တင္ဘာ ၈ ရက္မွစတင္ ၿပီး ႏုိင္ငံေရးပါတီ ၉၂ ခုအား မဲဆြယ္စည္း႐ံုးခြင့္ တရားဝင္စတင္ခြင့္ျပဳ ခဲ့ရာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ သြားေရာက္မဲဆြယ္ စည္း႐ံုးခဲ့သည့္ေနရာမ်ားမွလြဲၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ႏွင့္ အျခားပါတီမ်ား၏ မဲဆြယ္စည္း႐ံုး ေရးမ်ားအေပၚ လူထု၏ စိတ္ဝင္စားမႈနည္းပါးေနသည္။

Asia Barometer Survey က မၾကာေသးမီတြင္ ျမန္မာျပည္သူ ၁,၆၀၀ အား ေမးျမန္းျပဳလုပ္သည့္ စစ္တမ္းတစ္ရပ္တြင္ ၅၃ ရာခိုင္ ႏႈန္းေက်ာ္က စီးပြားေရးဖြံ႕ၿဖိဳးမႈ သည္ ဒီမိုကေရစီထက္ ပိုအေရး ႀကီးသည္ဟု ေျဖၾကားခဲ့သည္။

ယခုနတ္ပြဲသည္လည္း သိသာထင္ရွားသည့္ သာဓကတစ္ခု ျဖစ္သည္။ ေနမဝင္မီကပင္ အဆုိ ပါလူအုပ္သည္ တျဖည္းျဖည္းမ်ား ျပားလာၿပီး အိမ္တြင္းေရာ ၿခံဝင္းအ တြင္းမွာပင္ ျပည့္က်ပ္သြားကာ အမ်ိဳးသမီးအခ်ိဳ႕ လဲက်သည္အထိ ျဖစ္သြားခဲ့သည္။ ေရာက္လာသူ မ်ားကို ကမကထျပဳသည့္ အလွဴ ရွင္က ေစာင္ႏွင့္ ထမင္းအိုးအပါ အဝင္ ပစၥည္းကိုးမ်ိဳးလက္ေဆာင္ ေပးျခင္းကလည္း ယခုလို လူအမ်ားအျပားလာရသည့္အေၾကာင္း တစ္ခုျဖစ္ေနႏုိင္သည္။

လူအုပ္ထဲတြင္ တန္းစီေန သည့္ အသက္ (၅၁)ႏွစ္အရြယ္ ေဒၚျမင့္ျမင့္စန္းက နတ္မ်ားကို ကိုး ကြယ္ေနသည္မွာ ၾကာၿပီျဖစ္ ေၾကာင္းႏွင့္ ဘိုးမင္းေခါင္အပါ အဝင္ အျခားနတ္မ်ား သူ႔ဆီကုိ အိပ္မက္ထဲတြင္လာၿပီး ထီဂဏန္း၊ ခ်ဲဂဏန္းမ်ားေပးေၾကာင္း ေျပာ သည္။

‘‘ပုဂၢိဳလ္ေတြရဲ႕ ကူညီေစာင့္ ေရွာက္မႈနဲ႔ ခ်ဲေတြ၊ ထီေတြ မၾကာ ခဏေပါက္တယ္။ သာသနာျပဳခြင့္ ရဖို႔ အခုလာၿပီး ဆုေတာင္းတာပါ’’ ဟု သူက ေျပာသည္။ ဘုရားမ်ား၊ ဘုန္းႀကီးေက်ာင္းမ်ားတြင္ ပိုၿပီး လွဴဒါန္းႏုိင္ရန္ ေငြေတြထပ္ဝင္ခ်င္ ပါေသးသည္ဟု သူက ဆက္လက္ ၍ ေျပာသည္။

ျမန္မာႏုိင္ငံတြင္ ဒီမိုကေရစီ ရရန္ႏွင့္ ၎မဲေပးမည့္ ပါတီအႏုိင္ ရရန္ ဆုေတာင္းမွာလားဟု ေမးသည့္အခ်ိန္တြင္မူ ေဒၚျမင့္ျမင့္စန္းက မႏွစ္ၿမိဳ႕ေသာအမူအရာျဖင့္ ‘‘ဒီမိုကေရစီဆုိတာက မေန႔တစ္ေန႔ကမွ ေပၚလာတာေလ’’ဟု ေျပာလိုက္သည္။

7daydaily
http://www.7daydaily.com/story/47006
....................................
နိုင်ငံရေးအိပ်မက်များထက် ပိုမိုအားကောင်းနေတဲ့ နတ်ကိုးကွယ်မှု

စက်တင်ဘာ ၉ ရက် မိုးများက တဖွဲဖွဲရွာကျနေသည်။ ရန်ကုန်မြို့ ဆင်ခြေဖုံးအရပ်တစ်ခုရှိ ခြံတစ်ခြံအတွင်းရှိ ခေတ်ပေါ်ပုံစံနှစ်ထပ်အိမ်တစ်လုံးဆီသို့ အမျိုးသမီးများနှင့် ကလေးအများစုပါသည့် ထောင်ဂဏန်းမျှရှိသော လူအုပ်ကြီးသည် မိုးကိုဂရုမထားဘဲ သူ့ ထက်ငါအရင်ဦးအောင် သွားနေ ကြသည်။


သူ့ရှေ့မတိုင်ခင် တစ်ရက်က ဆိုလျှင် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးမှုများကို စတင်ခဲ့ပြီဖြစ်သည်။ သို့သော် ချွေးများ၊ မိုးရေများစိုနေသည့် ယင်းလူစုသည် နိုင်ငံရေးကို စိတ်ဝင်စားပုံမရ။ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရထက် တန်ခိုးရှင်တစ်ဦးထံမှ စောင့်ရှောက်မစမှုကိုသာ အားကိုးနေပုံရသည်။

အိမ်ထဲမှ ဘုရားခန်း စင်အမြင့်တစ်ခုပေါ်တွင် ပကတိလူတစ်ယောက် အရွယ်အစားခန့်ရှိပြီး ခြေချိတ်ထိုင်နေပုံ ထုလုပ်ထားသည့် မြန်မာအမျိုးသားကြီးတစ်ဦး၏ ဖယောင်းရုပ်တုကြီးတစ်ခုကို တွေ့နေရသည်။ ယင်းရုပ်တုကြီး ၏ ရှေ့မှာတော့ စောစောက လူအုပ်သည် မိမိအလှည့်ပူဇော်ကန် တော့ခွင့်ရအောင် စောင့်နေကြ သည်။

အိမ်အပေါ်ထပ် လေသာဆောင်တွင် အလံများ၊ ရောင်စုံ ပူဖောင်းများချိတ်ထားသည့် ယာယီစင်မြင့်တစ်ခု ဆောက်ထားပြီး အပြာရောင် ဘလောက်အကျႌနှင့် ရွှေခြည်ငွေခြည် ထိုးထားသည့် ထဘီတို့ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဆိုင်းဝိုင်းမှ ထွက်ပေါ်လာသည့် တီးလုံးနှင့် အညီ ကခုန်နေသည်။

‘‘ရတနာမိုးရွာစေ.. ငွေမိုးရွာ စေ။ .. တိုင်းပြည်အတွက် အောင်အတိတ် အောင်နိမိတ်ဆောင်ပါစေ’’ဟူသော သူ၏ သီချင်းသံသည် အသံချဲ့စက်များမှ တစ်ဆင့် သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာ လမ်းမကြီးပေါ်တွင် ပျံ့လွင့်နေ သည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ပြုလုပ်သော ယခုပွဲသည် အဆင့်မြင့်သော နာမ်လောကသို့ လက်ရှိဘဝခန္ဓာ ကိုယ်မသေဆုံးဘဲ ကူးပြောင်းသွားသည်ဟု လူသိများသော အဘဘိုးမင်းခေါင်၏ (၆၃)နှစ်မြောက် ‘‘အရှင်ထွက်ပွဲ’’အထိမ်းအမှတ် ကျင်းပနေခြင်းဖြစ်သည်။ ဘိုးမင်းခေါင်သည် လွန်ခဲ့သည့်နှစ်ပေါင်း ၆၀ ကျော်က မြန်မာနိုင်ငံအလယ်ပိုင်း ပုပ္ပားတောင်တွင် ထွက်ရပ်ပေါက်ကျင့်စဉ်ကို အောင်မြင်သွားသည်ဟု ကိုးကွယ်သူများက ယုံကြည်ကြသည်။ ဘိုးမင်းခေါင်သည် ပုံစံအမျိုးမျိုးဖြင့် ပေါ်လာတတ်ပြီး ၎င်းအား ကိုးကွယ်သူများ အခက်အခဲအကျပ်အတည်းများ ကြုံလာပါက ကူညီတတ်ကြောင်း ယုံကြည်ကိုးကွယ်သူများက ဆိုသည်။

‘‘ကျွန်မအလုပ်ထဲမှာ စိတ်ညစ်စရာတွေကြံုလာရင် ကျွန်မကို အဘက နည်းအမျိုးမျိုးနဲ့ ကူညီပါတယ်’’ဟု ပရိသတ်ထဲရောက် နေသည့် အသက် (၂၆)နှစ်အရွယ် မပိုးပိုးက ပြောသည်။

‘‘အဘ တကယ်ရှိတယ်ဆို တာ ကျွန်မကို တစ်ကြိမ်ထင်ထင်ရှားရှားပြဖူးပါတယ်။ အရမ်းထူးခြားပါတယ်’’ဟု ၎င်းက စိတ်လှုပ်ရှားပြီး ကျနေသည့် မျက်ရည်များ ဖြင့်ပြောသည်။

မပိုးပိုးသည် မလေးရှားနိုင်ငံ ပီနန်ကျွန်းရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်နေသူဖြစ်ပြီး ယခု အဘထွက်ပွဲအတွက် တကူးတက ပြန်လာခြင်းဖြစ်သည်။ မပိုးပိုးအတွက်ကတော့ နိုင်ငံရေးအခြေအနေထက် တန်ခိုးရှင်များကသာ သူ့အနာဂတ်အတွက် ပိုမိုအကျိုးရှိ ပုံရသည်။

‘‘အဘ (ဘိုးမင်းခေါင်)လမ်း ညွှန်ချက်အတိုင်း ကျွန်မ ဥပုသ်စောင့်တယ်။ ပုတီးစိပ်တယ်။ အကျိုးပေးပါတယ်’’ဟု မပိုးပိုးက ပြောသည်။ ‘‘ကျွန်မနိုင်ငံရေးဆိုတာတော့ နားမလည်ဘူး’’

နတ်နှင့် ထွက်ရပ်ပေါက် ဘိုးတော်များ ကိုးကွယ်မှုအလေ့အထသည် ဗုဒ္ဓဘာသာအများစု ကိုး ကွယ်သည့် မြန်မာနိုင်ငံတွင် ဗုဒ္ဓ ဘာသာသမိုင်းနှင့်အပြိုင် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်ကတည်းကစပြီး နိုင်ငံတကာ နှင့် ထိတွေ့ဆက်ဆံမှုရှိလာပြီး အရပ်သားတစ်ပိုင်း အစိုးရကလည်း ရာစုနှစ်ထက်ဝက်နီးပါး စစ်အုပ်ချုပ်ရေးစနစ်မှ ခွဲထွက်ကာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အတိုင်းအတာတစ်ခုအထိ လုပ် ဆောင်လျက်ရှိသည်။ သို့သော် နတ်ကိုးကွယ်မှုသည် ဆက်လက် ခိုင်မြဲလျက်ပင်ရှိသည်။

အဓိက နိုင်ငံရေးပါတီအား လုံး ပထမဆုံးအကြိမ် ဝင်ပြိုင်ကြ မည့် နိုဝင်ဘာ ၈ ရက် လွှတ်တော် ရွေးကောက်ပွဲများသည် အခက် အခဲများကြံုတွေ့နေရသည့် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွင် အရေးကြီးသည့် နောက်ထပ်ခြေ လှမ်းတစ်ရပ်ဖြစ်သည်။ သို့သော် ဆန္ဒမဲပေးရမည့် သူများကတော့ သူတို့၏ အနာဂတ်အတွက် နိုင်ငံ ရေးထက် တန်ခိုုးဖြင့်ကူညီစောင်မမည့်သူများကို မျှော်လင့်ထားကြ သည်။

နတ်၊ ဘိုးတော် အားကိုးမှု

ဗုဒ္ဓဘာသာဝင် မြန်မာပြည် သူများ၏အိမ်တွင် ရိုးရာနတ်စင် ကိုလည်း အိမ်တိုင်းနီးပါး၌တွေ့ ရတတ်ပြီး နတ်ကိုးကွယ်မှုနှင့် ဗုဒ္ဓ ဘာသာဝင်တို့၏ ထုံးတမ်းစဉ်လာ များသည် ရောထွေးလျက်ရှိသည်။ နတ်ကိုးကွယ်သူတို့သည် နတ်များ ကို ပုံမှန်ပူဇော်ပသကြသည်။ လုံ လောက်သည့် ငွေကြေးမရှိပါက လည်း ရှာဖွေချေးငှားပြီး ပူဇော် ပသကြသည်။

ယခုပွဲတွင် ယောဂီရောင် အဝတ်များနှင့် အရောင်တူ ခေါင်းပေါင်းကို ပေါင်းထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးကို လူအများက မြန်မာကျပ်ငွေများ အထပ်လိုက်နှင့် အမေရိကန်ဒေါ်လာများ ပေးလှူနေသည်။

အဆိုပါအမျိုးသမီးသည် စိပ်ပုတီးတစ်ကုံးကို ဘယ်ဘက်လက်တွင် ပတ်ထားပြီး မျက်လုံးများကလည်း နတ်ဝင်ပူးနေသလို မျက်နှာကြက်ကို လျှောက်ကြည့်ပြီး သူ့ရှေ့သို့ ရောက်လာသူများ၏ ဦးခေါင်းကို ပွတ်သပ်ဆုတောင်းပေး နေသည်။

ပရိသတ်ထဲတွင် အိမ်ခြံမြေ ပွဲစား အသက် (၇၁) နှစ်အရွယ် ဒေါ်နှင်းခိုင်လည်းပါသည်။ ‘‘ကျွန်မကို ငွေကြေးပြေလည်အောင် ကူညီမစဖို့နဲ့ ကျန်တဲ့သူတွေလည်း အားလုံးအဆင်ပြေအောင် စောင့်ရှောက်ဖို့ အဘဆီမှာ ဆုတောင်းခဲ့ပါတယ်’’လို့ သူက ဆိုသည်။

သူ့အနေဖြင့် အလုပ်ကိစ္စ စကားပြောဆိုခါနီးတွင် နတ်များ၊ ပုဂ္ဂိုလ်များကို တိုင်တည်ပြီးမှ ပြောဆိုလုပ်ကိုင်လေ့ရှိကြောင်း ပြောသည်။ ‘‘တကယ်ကို ယုံယုံကြည်ကြည်လုပ်ကြည့်ပါ။ အကျိုးပေးပါတယ်’’ဟု ဒေါ်နှင်းခိုင်ကပြော သည်။

အဆိုပါ အဘဘိုးမင်းခေါင်ထွက်ပွဲကို မြန်မာနိုင်ငံမှ ထင်ရှားသည့် အစိုးရနှင့်နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးဖြစ်သည့် ရွှေသံလွင် မာလ်တီမီဒီယာ ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်းက ကမကထပြုခြင်းဖြစ်သည်။ ၎င်းအနေဖြင့် မကြာသေးမီက ရှင်အပါး ရ,၀၀၀ ရှင်သာမဏေပြုပွဲကို မြန်မာနိုင်ငံအလယ်ပိုင်း မြို့တစ်မြို့၌ ကျင်းပပေးခဲ့ပြီး အဆိုပါပွဲသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လည်း တက်ရောက်ခဲ့သည်။

ယခုထွက်ပွဲကို အနောက် တိုင်းပြက္ခဒိန်၏ ၉ လပိုင်းဖြစ်သည့် စက်တင်ဘာ ၉ ရက်တွင် ကျင်းပ ခဲ့ခြင်းဖြစ်ပြီး ၉ ဂဏန်းသည် ကံ ကောင်းစေသော ကိန်းဂဏန်းတစ်ခုအဖြစ် အစွဲထားသည့် မြန်မာနိုင်ငံ၌ ကျင်းပလေ့ရှိသည့် အ ထင်ကရ ပွဲတစ်ပွဲလည်းဖြစ်သည်။

ထိုနေ့ နံနက် ၉ နာရီက နေ ပြည်တော်၌ အစိုးရဘက်မှ ကိုယ် စားလှယ်ကိုးဦးနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ် စားလှယ်ကိုးဦးတို့အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲ နောက်ဆုံး အဆင့်ကို ဆွေးနွေးကျင်းပခဲ့ခြင်း ဖြစ်ပြီး အဆိုပါပွဲနှစ်ခု ၉ ဂဏန်း ကျသည့် တစ်နေ့တည်း၊ တစ်ချိန် တည်းတွင် ကျင်းပခြင်းမှာလည်း ထူးခြားသည်။

‘‘၉ ဂဏန်းဟာ တန်ခိုးရှိပြီး ကံကောင်းတဲ့ နံပါတ်ပါ။ မသေဂဏန်းလို့လည်း ခေါ်ပါတယ်’’ဟု ရန်ကုန်မြို့လယ်တွင် ဗေဒင်ဟောခန်းဖွင့်လှစ်ထားသည့် ဗေဒင်ဆရာ ဦးမင်းသူက ပြောသည်။

နိုင်ငံရေးအပေါ် စိတ်အားသိပ်မထက်သန်

စက်တင်ဘာ ၈ ရက်မှစတင် ပြီး နိုင်ငံရေးပါတီ ၉၂ ခုအား မဲဆွယ်စည်းရုံးခွင့် တရားဝင်စတင်ခွင့်ပြု ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်မဲဆွယ် စည်းရုံးခဲ့သည့်နေရာများမှလွဲပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြားပါတီများ၏ မဲဆွယ်စည်းရုံး ရေးများအပေါ် လူထု၏ စိတ်ဝင်စားမှုနည်းပါးနေသည်။

Asia Barometer Survey က မကြာသေးမီတွင် မြန်မာပြည်သူ ၁,၆၀၀ အား မေးမြန်းပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ၅၃ ရာခိုင် နှုန်းကျော်က စီးပွားရေးဖွံ့ဖြိုးမှု သည် ဒီမိုကရေစီထက် ပိုအရေး ကြီးသည်ဟု ဖြေကြားခဲ့သည်။

ယခုနတ်ပွဲသည်လည်း သိသာထင်ရှားသည့် သာဓကတစ်ခု ဖြစ်သည်။ နေမဝင်မီကပင် အဆို ပါလူအုပ်သည် တဖြည်းဖြည်းများ ပြားလာပြီး အိမ်တွင်းရော ခြံဝင်းအ တွင်းမှာပင် ပြည့်ကျပ်သွားကာ အမျိုးသမီးအချို့ လဲကျသည်အထိ ဖြစ်သွားခဲ့သည်။ ရောက်လာသူ များကို ကမကထပြုသည့် အလှူ ရှင်က စောင်နှင့် ထမင်းအိုးအပါ အဝင် ပစ္စည်းကိုးမျိုးလက်ဆောင် ပေးခြင်းကလည်း ယခုလို လူအများအပြားလာရသည့်အကြောင်း တစ်ခုဖြစ်နေနိုင်သည်။

လူအုပ်ထဲတွင် တန်းစီနေ သည့် အသက် (၅၁)နှစ်အရွယ် ဒေါ်မြင့်မြင့်စန်းက နတ်များကို ကိုး ကွယ်နေသည်မှာ ကြာပြီဖြစ် ကြောင်းနှင့် ဘိုးမင်းခေါင်အပါ အဝင် အခြားနတ်များ သူ့ဆီကို အိပ်မက်ထဲတွင်လာပြီး ထီဂဏန်း၊ ချဲဂဏန်းများပေးကြောင်း ပြော သည်။

‘‘ပုဂ္ဂိုလ်တွေရဲ့ ကူညီစောင့် ရှောက်မှုနဲ့ ချဲတွေ၊ ထီတွေ မကြာ ခဏပေါက်တယ်။ သာသနာပြုခွင့် ရဖို့ အခုလာပြီး ဆုတောင်းတာပါ’’ ဟု သူက ပြောသည်။ ဘုရားများ၊ ဘုန်းကြီးကျောင်းများတွင် ပိုပြီး လှူဒါန်းနိုင်ရန် ငွေတွေထပ်ဝင်ချင် ပါသေးသည်ဟု သူက ဆက်လက် ၍ ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရရန်နှင့် ၎င်းမဲပေးမည့် ပါတီအနိုင် ရရန် ဆုတောင်းမှာလားဟု မေးသည့်အချိန်တွင်မူ ဒေါ်မြင့်မြင့်စန်းက မနှစ်မြို့သောအမူအရာဖြင့် ‘‘ဒီမိုကရေစီဆိုတာက မနေ့တစ်နေ့ကမှ ပေါ်လာတာလေ’’ဟု ပြောလိုက်သည်။

7daydaily

No comments:

Post a Comment