Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 18, 2015

ကိုယ်ပိုင်အမှတ် ၃၇၆ ဆိုတဲ့ကားလေးကို ရိုက်ဖို့အတွက် ဇွန်သဉ္ဖာတို့အပြင် အခြားသူ မရှိကြောင်း ဒါရိုက်တာညိုမင်းလွင်က ဖွင့်ဟ




မကြာခင်မှာ ဖန်တီးချပြတော့မယ့် အနန္ဒ ရုပ်ရှင်ကားကြီးရဲ့ ဖန်တီးရှင် ဒါရိုက်တာ ညိုမင်းလွင်ကို လက်ရှိ ဖေ့စ်ဘုတ်လူမှုကွန်ယက်ပေါ်မှာခေတ်စားနေတဲ့ ဇွန်သဉ္ဖာတို့ ပါဝင်ရိုက်ကူးမယ့် ကိုယ်ပိုင်အမှတ် ၃၇၆ ဗီဒီယိုကားလေးအကြောင်းအပြင် လက်ရှိမှာရိုက်ကူးနေတဲ့ လူသတ်တမ်း ကစားကြသူများ ကားလေးနဲ့ပတ်သက်ပြီးသွားရောက်မေးမြန်းကြည့်ဖြစ်တဲ့အခါ
-အခုရိုက်နေတဲ့ ကားလေး အကြောင်းကို အရင်ပြောပြပေးပါဦး။
 လူသတ်တမ်း ကစားကြသူများတဲ့။ ကိုလူမင်းရယ်၊ မင်းဦးရယ်၊ ပိုးအိအိခန့်ရယ် သတ္တိရယ်ပါ။
-ပိုးအိအိခန့်က အရင်က ဒုတိယမင်းသမီးနေရာကနေ ရိုက်တာများတယ်။ အခုသူကို ခေါင်းဆောင်မင်းသမီးအနေနဲ့ တင်ရိုက်တဲ့အခါမှာ ဘယ်လိုမြင်မိလဲ။
အရင်က မကြည်ဖြူသျှင်တို့နဲ့ ရိုက်ထားတာတွေရှိတယ်။ အခု ကျွန်တော်နဲ့က တော့ ပထမဆုံး စဆုံတာပေါ့။ အခုရိုက်ထားပြီးသမျှမှာ သူ့ကို ကြည့်ရတာ သရုပ်ဆောင် အသစ်တစ်ယောက်အနေနဲ့ ဆိုရင် လုပ်နိုင်တယ် ဆိုတဲ့နေရာမှာ ရှိပါတယ်။ နည်းနည်းအသစ်ဆိုတဲ့ အတိုင်းအတွေ့အကြုံကတော့ ကြိုးစားပြီး ယူရမှာပေါ့။ ပြောတာကို ချက်ချင်းသဘောပေါက်တယ်။ ကျွန်တော်သတိထားမိတာ တစ်ခုရှိတာက သူကိုယ်တိုင် ဇာတ်လမ်းလေးတွေ ရေးထားတာကိုတွေ့တယ်။ သူကိုယ်တိုင် ဇာတ်လမ်းလေးတွေရေးတဲ့သူဖြစ်တဲ့အတွက် သရုပ်ဆောင်တဲ့အခါမှာ mood ကို သိပ်ပြောစရာမလိုဘူး။ အဲ့ဒါလေးတစ်ခုတော့ သတိထားမိပါတယ်။
-အစ်ကို့အနေနဲ့ အသစ်လေးတွေဆိုလဲ ခေါင်းဆောင်မင်းသမီးအနေနဲ့တင်ရိုက်ပေးတာမျိုးလေးတွေတွေ့ရတယ်။ ( ဥပမာ - ဆုမြတ်နိုးဦး ) ပေါ့။
-အသစ်ဆိုတာကတော့ ဘယ်သူမဆို လက်တွဲခေါ်သင့်တဲ့ကိစ္စပါ။ အသစ်တွေများများ ရရှိလာလေလေ ဒီလောကက ရွေးစရာတွေ များလာလေလေ ပရိသတ်အတွက်လဲ ကြည့်ရတာရွေးချယ်စရာတွေ ရှိလာတယ်။ နောက်တစ်ခုက ဖန်တီးတဲ့ သူတွေအနေနဲ့လဲ အသစ်နဲ့အဟောင်းကို ပေါင်းပြီး လုပ်ခြင်းအားဖြင့် ဖန်တီးတဲ့နေရာမှာ ကိုယ့်စိတ်ကို အသစ်ဖြစ်စေတယ်။
-ကိုယ်ပိုင်အမှတ် ၃၇၆ ကားလေးနဲ့ပတ်သက်ပြီးတော့လဲ ရိုက်ဖြစ်တဲ့ စိတ်ကူးလေးကိုသိချင်ပါတယ်။
ကျွန်တော်အရင်တုန်းက ကိုယ်ပိုင်အမှတ် ၄၂၀ ဆိုပြီးတော့ ကိုနန္ဒရယ်၊ ကိုချစ်ကောင်းရယ်၊ မခိုင်ကြီးရယ် နဲ့လူလိမ်တွေအကြောင်း ရိုက်ခဲ့ဖူးတယ်။ အခုကိုယ်ပိုင်အမှတ် ၃၇၆ ကကျတော့ ယောကျာ်းလေး တစ်ယောက်ကို မုဒိန်းကျင့်ပါတယ်လို့ စွပ်စွဲခံထားရတဲ့ မိန်းကလေး ၃ ယောက်အကြောင်းကို ရိုက်ထားတာပါ။
-အစ်ကို့အနေနဲ့ သရုပ်ဆောင်သုံးတဲ့နေရာမှာ အသစ်အဆန်းလေးတွေသုံးတာတွေ့ရတယ်။ အရင်ကဆို ဗီဗာဟိန်းကို သရုပ်ဆောင်အနေနဲ့သုံးတယ်။ အခုလဲ ဇွန်သဉ္ဖာတို့ကို သုံးထားတာမျိုးရှိတော့ အဲ့ဒီအပိုင်းလေးနဲ့လဲသိချင်ပါတယ်။
အဓိကကတော့ ကျွန်တော်က ပရိသတ်အတွက် ဦးစားပေးပြီး စဉ်းစားတာပေါ့။ ပရိသတ်အတွက် အသစ်အဆန်းတစ်ခုဖြစ်အောင်၊ ပရိသတ်နေရာကနေကြည့်တယ်။ ကိုယ်သာဆိုရင်ရော ဒါတွေကိုကြည့်မလားဆိုတဲ့ အတွေးနဲ့ပဲ ဇာတ်ကားပေါင်းများစွာကို ရိုက်ခဲ့ဖူးတယ်။ ကျွန်တော်က အနုပညာသမားဆိုတာထက် ဖျော်ဖြေရေးသမား ပိုဆန်ပါတယ်။ ပြီးတော့ ဒီဇာတ်လမ်းကို စဉ်းစားမယ်ဆိုရင် သူတို့နေရာမှာ အခုသုံးထားတဲ့ ဇွန်သဉ္ဖာတို့ကလွဲပြီး တခြားသူမရှိနိုင်ဘူး။
-အခုဒီကားလေးက မထွက်သေးပေမဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အရမ်းနာမည်ကြီးနေတာကိုတွေ့ရတယ်။ အဲ့ဒီအပေါ်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့ဘယ်လိုမြင်မိလဲ။
သေချာတာ တစ်ခုကတော့ ဇွန်သဉ္ဖာကို ပရိသတ်မျှော်လင့်ထားတဲ့ ပုံစံထဲကနေ နည်းနည်းလေးတော့ ခွဲထွက်ချင်တယ်။ အဓိကက ဘယ်လိုလဲဆိုတော့ မိန်းကလေးတစ်ယောက်က သူ့ဟာသူနဲ့ မည်သည့်နည်းနဲ့ ဘယ်လိုပဲဝတ်ဝတ်၊ ဘယ်လိုပဲချွတ်ချွတ် ဒါသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တယ်။ ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ကိုတော့ မြင်အောင်ကြည့်ပြီး တော့ လူတစ်ယောက်လိုပဲ တန်ဖိုးထားသင့်ပါတယ်။ ဒါလေးတစ်ခုတော့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော် ဇွန်သဉ္ဖာကို လူချင်းတစ်ခါမှလဲ အပြင်မှာ မမြင်ဖူးခဲ့ဘူး။ ဖုန်းလဲ တစ်ခါမှမပြောခဲ့ဖူး။ အလုပ်ကိစ္စရှိတာတောင်မှပဲ ကျွန်တော့မန်နေဂျာနဲ့ပဲ စပြောခဲ့တာပါ။ အဓိကကတော့ သူ့ရဲ့အင်တာဗျူးတွေကိုစောင့်ဖတ်ကြည့်တဲ့အချိန်မှာ သူ့ရဲ့ ရိုးသားမှုတစ်ခုကိုတွေ့ရတယ်။ ဒီလိုမျိုးဖော်တဲ့ ချွတ်တဲ့ပုံတွေကို ဘာလို့ရိုက်တာလဲဆိုတော့ သူဖြေတဲ့ အဖြေကရှင်းတယ်။ နာမည်ကြီးချင်လို့ပါတဲ့။ ဒါက သူရိုးရိုးသားသားဖြေတာပဲ။ သူနာမည်ကြီးချင်လို့ ရိုက်တယ်။ အဲ့ဒီအတွက် နာမည်ကြီးလာတယ်။ လူကဘယ်လိုပဲဖြစ်ဖြစ် သူ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်တယ်လို့ အဓိပ္ပါယ်ရတယ်။ သူနာမည်ကြီးချင်လို့ လုပ်တယ်။ သူနာမည်ကြီးလာတယ်။ ဒါသည် တစ်နည်းတစ်ဖုံအားဖြင့် သူ့ရည်ရွယ်ချက်ကို အောင်မြင်အောင်လုပ်နိုင်တဲ့သူ တစ်ယောက်အနေနဲ့လေးစားလို့ရတယ်။ အဲ့ဒီသဘောပါပဲ။
-သူနဲ့ကားရိုက်တဲ့အခါမှာရော အဆင်ပြေလား။ ဘယ်လိုအခက်အခဲတွေနဲ့ရောတွေ့ရသေးလဲ။
အဆင်ပြေပါတယ်။ ကောင်းပါတယ်။ လူတွေထင်ထားကြသလိုမျိုးမဟုတ်ပါဘူး။ သူ့မှာပြောင်းလဲချင်စိတ်ရှိတယ်။ သူ့မှာဒီလိုမျိုး ပုံမှန် သာမန်တစ်ယောက်အနေနဲ့သူ့ကိုယ်သူပြောင်းလဲချင်စိတ်ရှိတယ်။ ဒီအပေါ်မှာသူဒါကိုရည်ရွယ်ချက်တစ်ခုအနေနဲ့အသုံးချခဲ့တယ်။ ဖော်တဲ့ချွတ်တဲ့ပုံတွေရိုက်တာကို သူနာမည်ကြီးအောင် နာမည်ကြီးချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုအနေနဲ့အသုံးချခဲ့တယ်။ ဒါပေမဲ့ သူနာမည်တစ်ခု လူသိလာပြီဆိုတဲ့ အချိန်မှာ ပြောင်းလဲခွင့်သာ ရမယ်ဆိုရင် သူ့မှာပြောင်းလဲချင်စိတ်ရှိတယ်။ အဲ့ဒါသေချာတယ်။
-အဲ့ဒီကားနဲ့ပတ်သက်ပြီး ဆင်ဆာပိုင်းမှာ အခက်အခဲဖြစ်မယ်လို့ရောထင်လား။
အဲ့ဒီလိုအခန်းမျိုးတွေ နည်းနည်းတော့ပါတယ်။ ဒါပေမဲ့ အဲ့ဒါဆိုရင်ကျွန်တော်ကပြန်မေးရမှာပေါ့။ ဆင်ဆာပိတ်မယ်ဆိုရင်ဖေ့စ်ဘုတ်ကြည့်တဲ့လူဦးရေနဲ့ ဗီဒီယိုကြည်တဲ့ လူဦးရေဘယ်ဟာ ပိုများလဲ။ ဖေ့စ်ဘုတ်ပေါ်မှာမပိတ်ရင် ဗီဒီယိုပေါ်မှာလဲမပိတ်နဲ့။ ဖေ့စ်ဘုတ်ပေါ်မှာ မပိတ်ပဲ ဗီဒီယိုပေါ်မှာပိတ်တယ်ဆိုရင် ဒါဟာဖေ့စ်ဘုတ်ကြည့်တဲ့ လူဦးရေလောက်တောင် မရှိတဲ့ ဗီဒီယိုကြည့်တဲ့လူဦးရေကို ဗီဒီယိုကားမှာလာပိတ်တယ်ဆိုတော့ မတရားဘူးလို့ ထင်ပါတယ်။ အခုအဲ့ဒီကားလေးကို ကားဆက်နေပါပြီ။
-အနန္ဒကားနဲ့ပတ်သက်ပြီးတော့ရော ဘယ်တော့လောက်စလှုပ်ရှားဖြစ်မလဲ။
၂၁ ရက်နေ့ကင်မရာမြန်မာပြည်ကိုရောက်မယ်။ ရောက်ပြီးရင် နည်းနည်းစမ်းသပ်ပြီးတော့ သုံးလေးခန်းလောက် ရိုက်ကြည့်မယ်။ အဲ့ဒါပြီးရင်တော့ တကယ်စရိုက်ပါပြီ။ ဒီကားပြီးရင် ကျွန်တော်အနန္ဒကိုပြင်ဆင်မယ်။ အခုလောလောဆယ်မှာ မင်းသမီးအသစ်ကို ဘာထရိန်နင်မှတော့ မရှိသေးဘူး။ ဒါပေမဲ့ နောက်တစ်ပတ် ဆယ်ရက်လောက်ဆိုရင်တော့ ရှိပါပြီ။ ပြီးတော့ အောက်တိုဘာထဲမှာကားကြီး တစ်ကားထပ်ရိုက်မယ်။
http://www.trend.com.mm/2015/09/17/interviews-7671

No comments:

Post a Comment