Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 16, 2015

ထိုင်းတွင် ဗုံးသီးတွေ့သည်ဆိုပြီး ဖမ်းဆီးခံရသော မြန်မာလုပ်သား ထောင်အတွင်းသေဆုံး

 ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် ဗုံးသီးတွေ့ရှိသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သော အသက် (၆၀)အရွယ် မြန်မာလုပ် သား ဦးခင်မောင်သည် ထောင် အတွင်း၌ သေဆုံးသွားကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၆ ရက် နံနက်တွင် ဦးခင်မောင်ကို ရုံးထုတ်စစ် ဆေးအပြီး မဟာချိုင်မြို့ရှိထောင် သို့ရောက်ရှိစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၄ ရက်က ထိုင်းနိုင်ငံ မဟာချိုင်မြို့ ထချလုံရပ် ကွက်တွင် ပန်းရောင်ကတ်ဖြင့်နေ ထိုင်သော ဦးခင်မောင်သည် နေ မကောင်းသဖြင့် သမီးဖြစ်သူ၏ နေအိမ်အတွင်း အိပ်နေစဉ် ထိုင်း ရဲတပ်ဖွဲ့က နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှ ဖောက်ခွဲရေးပစ္စည်း ဗုံးသီးတွေ့ရှိသည်ဟုဆိုပြီး ဖမ်း ဆီးသွားခဲ့ခြင်းဖြစ်သည်။
ထိုင်းရဲတပ်ဖွဲ့ရှာဖွေတွေ့ရှိထားသောအရာသည် ဖောက်ခွဲ ရေးပစ္စည်းဗုံးသီးမဟုတ်ဘဲ ခဲသီး တစ်လုံးသာဖြစ်ကြောင်း ဦးခင် မောင်၏အမှုကို ကူညီဆောင်ရွက် ပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)မှကိုအောင်မြတ်သူက ပြောသည်။
‘‘ထိုင်းရဲတွေ သက်သက် ညစ်ပြီး ဖမ်းဆီးတာပါ။ ဖောက်ခွဲ ရေးပစ္စည်းဗုံးမဟုတ်ပါဘူး။ ခဲသီး ကြီးပါ။ အဲဒါကို ဓာတ်ပုံတွေ လည်းပြထားပါတယ်။ ဒီနေ့ပဲ ရုံး ထုတ်စစ်ဆေးပြီး ထောင်ထဲမှာ ဆုံးသွားတာပါ။ သူ့ကို သံသယနဲ့ ဖမ်းဆီးထားတုန်းပဲ ရှိပါသေး တယ်။ အဲဒါကို မြန်မာသံရုံးကို လည်းတင်ပြပြီး နစ်နာကြေးရဖို့ တောင်းဆိုသွားမှာပါ’’ဟု ကိုအောင်မြတ်သူက ပြောသည်။
ဦးခင်မောင်သည် ထားဝယ် မြို့ ညောင်ဇင်ကျေးရွာဇာတိဖြစ် ကြောင်း သတင်းရရှိသည်။
ဘန်ကောက်မြို့ ဗုံးဖောက်ခွဲ မှုဖြစ်ပွားပြီးနောက် ထိုင်း- မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ အလုပ် ရုံများ၊ နေအိမ်များသို့ စက်တင်ဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင် ၂၀၀ ခန့်ဖြင့် ရှာဖွေဖမ်းဆီးရာ တရားမဝင်နေထိုင်သော မြန်မာ လုပ်သား ၁၀၀ ကျော်ဖမ်းဆီးခံ ခဲ့ရသည်။
ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ သည် စက်တင်ဘာ ၈ ရက်တွင် မယ်ဆိုင်မြို့၌ ရှာဖွေစစ်ဆေးရာ တရားမဝင်နေထိုင်သော မြန်မာ လုပ်သား ၈၁ ဦးဖမ်းဆီးခံရပြီး စက်တင်ဘာ ၉ ရက်က ထပ်မံရှာ ဖွေရာ တရားမဝင်မြန်မာလုပ်သား ၅၀ ကျော်ဖမ်းဆီးခံရကြောင်း မယ်ဆိုင်မြို့နေ မြန်မာလုပ်သား များက ပြောသည်။
7 Day

No comments:

Post a Comment