Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

ရန္ကုန္တိုင္းမွာအမည္မပါသူတစ္သိန္းခဲြရိွ


 ရန္ကုန္တုိင္းေဒသႀကီးအတြင္း ၿမိဳ႕နယ္အားလံုးမွာ ၂ ပတ္ၾကာ ထုတ္ျပန္ေၾကညာခဲ့တဲ့ မဲဆႏၵရွင္စာရင္းမွာ နာမည္မပါလို႔ဆိုၿပီး ေကာ္မရွင္ရံုးခဲြအသီးသီးထံ ေလွ်ာက္ထားသူ ၁ သိန္းခဲြနီးပါး ရွိတယ္လို႔ တုိင္းေဒသႀကီး ေကာ္မရွင္ရံုးခဲြ တာဝန္ရွိသူေတြက ေျပာပါ တယ္။

အခုခ်ိန္ထိ စာရင္းမွာမပါလို႔ ေလွ်ာက္ထားသူ ၁ သိန္းခဲြနီးပါးရွိၿပီး အခ်က္အလက္ ျပင္ဆင္သူ ၁ သိန္း ၃ ေသာင္းေလာက္ ရွိတယ္လို႔ ရန္ကုန္တုိင္းေဒသႀကီး ေရြးေကာက္ပဲြ ေကာ္မရွင္ရံုးခဲြ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးတင္ဝင္းက ေျပာပါတယ္။

"မဲစာရင္းမွာ ပံုစံ ( ၃ )နဲ႔ ျဖည့္ေပးဖို႔ေျပာတာကေတာ့ ၁ သိန္း ၄ ေသာင္းေက်ာ္ပါတယ္၊ ပံုစံ ၄ က ၄ ေသာင္း ၄ ေထာင္ေက်ာ္၊ ပံုစံ ၄ ( ဂ )ကေတာ့ ၈ ေသာင္း ၇ ေထာင္ ေက်ာ္ပါတယ္"

ရန္ကုန္တုိင္းအတြင္း ၿမိဳ႕နယ္ ၄၅ ၿမိဳ႕နယ္မွာ ေနာက္ဆံုးထုတ္ျပန္ေၾကညာထားတဲ့ စာရင္းအရ မဲဆႏၵရွင္ ၅ သန္းေက်ာ္ ရွိပါတယ္။

အလားတူ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ၁၇ ခုမွာ ထုတ္ျပန္ခဲ့တဲ့ မဲဆႏၵရွင္စာရင္းထဲမွာ နာမည္မပါလို႔ဆုိၿပီး ေလွ်ာက္ထားလာသူ တစ္ေသာင္းနီးပါးေလာက္ရိွတယ္လို႔ ျပည္နယ္ေကာ္မရွင္ အရာရွိ ဦးသူရိန္ထြဋ္က ေျပာပါတယ္။

"က်ေနာ္တို႔လိုက္ၾကည့္ေတာ့ တစ္ၿမိဳ႕နယ္မွာ ရာဂဏန္းေလာက္ပဲရွိေတာ့တယ္၊ ထပ္ေလွ်ာက္ပါတယ္၊ အခုေနာက္ပိုင္းထပ္ေလွ်ာက္ပါတယ္၊ ၃ ( က )နဲ႔ေလွ်ာက္တဲ့ သူလည္း ေတာ္ေတာ္နည္းတယ္၊ တခ်ိဳ႕ကအရင္တစ္ေခါက္ကနာမည္စာရင္းမွာပါခဲ့ တာေပါ့၊ အခုျပန္ၾကည့္ေတာ့မပါဘူး၊ တခ်ိဳ႕က်ေတာ့လည္း လံုးဝမပါဘူးေပါ့ေနာ္"

ရခိုင္ျပည္နယ္မွာ လာမယ့္ ေရြးေကာက္ပြဲအတြက္ မဲေပးပိုင္ခြင့္ရွိသူ ၁ ဒသမ ၄ သန္းေက်ာ္ရိွၿပီး တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႔ဝင္ေတြထဲက မဲေပးႏိုင္သူဟာ ၃ ေသာင္း နီးပါးရွိပါတယ္။

စစ္ေတြၿမိဳ႕နယ္က မြတ္ဆလင္ဒုကၡသည္စခန္း ၁ဝ ခုေက်ာ္နဲ႔ မြတ္ဆလင္ ေက်းရြာ ၁၀ ရြာေလာက္မွာ ဆႏၵမဲေပးပိုင္ခြင့္ရိွသူ ၂၆ ဦးသာရိွၿပီး အဲဒီဒုကၡသည္စခန္း ၁ဝ ခု ေက်ာ္အတြက္ မွန္ဇီဒုကၡသည္စခန္း ကြပ္ကဲေရးရံုးမွာ မဲရံုတစ္ရံုထားေပးသြားမယ္လို႔ သိရပါတယ္။

လာမယ့္ ေရြးေကာက္ပဲြအတြက္ မဲေပးပိုင္ခြင့္ရွိသူစာရင္းေတြကို တုိင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ ၿပီးခဲ့တဲ့ စက္တင္ဘာလ ၁၄ ရက္ေန႔ကစၿပီး ၂၇ ရက္ေန႔အထိ ၂ ပတ္ၾကာ ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
....................................

 ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အားလုံးမှာ ၂ ပတ်ကြာ ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒရှင်စာရင်းမှာ နာမည်မပါလို့ဆိုပြီး ကော်မရှင်ရုံးခွဲအသီးသီးထံ လျှောက်ထားသူ ၁ သိန်းခွဲနီးပါး ရှိတယ်လို့ တိုင်းဒေသကြီး ကော်မရှင်ရုံးခွဲ တာဝန်ရှိသူတွေက ပြောပါ တယ်။

အခုချိန်ထိ စာရင်းမှာမပါလို့ လျှောက်ထားသူ ၁ သိန်းခွဲနီးပါးရှိပြီး အချက်အလက် ပြင်ဆင်သူ ၁ သိန်း ၃ သောင်းလောက် ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။

"မဲစာရင်းမှာ ပုံစံ ( ၃ )နဲ့ ဖြည့်ပေးဖို့ပြောတာကတော့ ၁ သိန်း ၄ သောင်းကျော်ပါတယ်၊ ပုံစံ ၄ က ၄ သောင်း ၄ ထောင်ကျော်၊ ပုံစံ ၄ ( ဂ )ကတော့ ၈ သောင်း ရ ထောင် ကျော်ပါတယ်"

ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၅ မြို့နယ်မှာ နောက်ဆုံးထုတ်ပြန်ကြေညာထားတဲ့ စာရင်းအရ မဲဆန္ဒရှင် ၅ သန်းကျော် ရှိပါတယ်။

အလားတူ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှာ ထုတ်ပြန်ခဲ့တဲ့ မဲဆန္ဒရှင်စာရင်းထဲမှာ နာမည်မပါလို့ဆိုပြီး လျှောက်ထားလာသူ တစ်သောင်းနီးပါးလောက်ရှိတယ်လို့ ပြည်နယ်ကော်မရှင် အရာရှိ ဦးသူရိန်ထွဋ်က ပြောပါတယ်။

"ကျနော်တို့လိုက်ကြည့်တော့ တစ်မြို့နယ်မှာ ရာဂဏန်းလောက်ပဲရှိတော့တယ်၊ ထပ်လျှောက်ပါတယ်၊ အခုနောက်ပိုင်းထပ်လျှောက်ပါတယ်၊ ၃ ( က )နဲ့လျှောက်တဲ့ သူလည်း တော်တော်နည်းတယ်၊ တချို့ကအရင်တစ်ခေါက်ကနာမည်စာရင်းမှာပါခဲ့ တာပေါ့၊ အခုပြန်ကြည့်တော့မပါဘူး၊ တချို့ကျတော့လည်း လုံးဝမပါဘူးပေါ့နော်"

ရခိုင်ပြည်နယ်မှာ လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ ၁ ဒသမ ၄ သန်းကျော်ရှိပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက မဲပေးနိုင်သူဟာ ၃ သောင်း နီးပါးရှိပါတယ်။

စစ်တွေမြို့နယ်က မွတ်ဆလင်ဒုက္ခသည်စခန်း ၁ဝ ခုကျော်နဲ့ မွတ်ဆလင် ကျေးရွာ ၁၀ ရွာလောက်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၆ ဦးသာရှိပြီး အဲဒီဒုက္ခသည်စခန်း ၁ဝ ခု ကျော်အတွက် မှန်ဇီဒုက္ခသည်စခန်း ကွပ်ကဲရေးရုံးမှာ မဲရုံတစ်ရုံထားပေးသွားမယ်လို့ သိရပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့ကစပြီး ၂၇ ရက်နေ့အထိ ၂ ပတ်ကြာ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment