Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, September 25, 2015

ႏွလံုးေရာဂါသည္ေတြ ခ်စ္တင္းေႏွာ တဲ့အခါ ႏွလံုးထေဖာက္မွာကို စိုးရိမ္စရာမလို



ႏွလံုးေရာဂါကို ခံစားေနရသူေတြအတြက္ေတာ့ ခ်စ္တင္းေႏွာျခင္း လႈပ္ရွားမႈ ေၾကာင့္ အႏၱရာယ္ျဖစ္လာမွာ ကို စိတ္ပူစရာမလိုဘူးလို႔ သုေတသီေတြက ဆိုလိုက္ပါတယ္။

အတိအက် ေျပာရမယ္ဆိုရင္ေတာ့ ခ်စ္တင္းေႏွာျခင္းဆိုင္ရာ လႈပ္ရွားမႈေတြဟာ သိမ္ေမြ႕တဲ့ ေအးရိုးဘစ္ ေလ့က်င့္ခန္း တစ္မ်ိဳးလိုျဖစ္ေနၿပီး ခ်စ္တင္းေႏွာျခင္းလႈပ္ရွားမႈဟာႏွလံုးေရာဂါ ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးႏိုင္မယ့္ နည္းလမ္းလည္းျဖစ္သလို ႏွလံုးေရာဂါ ျဖစ္ေနသူေတြအတြက္လည္း သက္သာလာေစႏိုင္မယ့္ နည္းလမ္းတစ္ခုျဖစ္တယ္လို႔ ကၽြမ္းက်င္သူေတြ ေထာက္ခံေျပာၾကားလိုက္ပါတယ္။

ထို အေၾကာင္းအရာကို တင္ျပေဆြးေႏြးခဲ့သူကေတာ့ ခ်စ္တင္းေႏွာျခင္းဟာ သာမန္အားျဖင့္ေတာ့ ေလွကား ၂ ထစ္ တက္ျခင္း (သို႕) နံရံ႕တစ္ခုေပၚကို တက္ျခင္း စတဲ့ ရုပ္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြနဲ႔ အာနိသင္ျခင္း ဆင္တူတယ္လို႔ဆိုပါတယ္။

ထို ေလ့လာေရး အဖြဲ႕ဟာ အသက္ ၃၀ ကေန ၇၀ ၾကားရွိတဲ့ ႏွလံုးေရာဂါသည္ ၅၃၆ ေယာက္ကို ေလ့လာၾကည့္ခဲ့ၾကပါတယ္။ ထို ႏွလံုးေရာဂါသည္ေတြရဲ႕ ကိုယ္တိုင္ ေမးခြန္းထုတ္ ကိုယ္တိုင္ေျဖၾကားရတဲ့ အခ်က္အလက္ေတြကို စုစည္းလိုက္တဲ့အခါမွာေတာ့ ၁၂ လ အတြင္း ခ်စ္တင္းေႏွာျခင္း ေတြရဲ႕ ႏွလံုးေရာဂါ အေမာ ထေဖာက္မႈ ျဖစ္ႏိုင္ေခ် ေတြဟာ အခုလို ရလဒ္ထြက္ေပၚလာပါတယ္။

လံုး၀ ခ်စ္တင္းေႏွာျခင္းမရွိသူေတြဟာ ႏွလံုး ထ ေဖာက္ဖို႔ ျဖစ္ႏိုင္ေခ်ဟာ ၁၄.၉ ရာခိုင္ႏႈန္း ျဖစ္ၿပီး ၊ တစ္လမွာ တစ္ႀကိမ္ခန္႔ ခ်စ္တင္းေႏွာျခင္း ဟာ ၄.၇ ရာခိုင္ႏႈန္း ႏွလံုးထေဖာက္ဖို႔ ျဖစ္ႏိုင္ေခ်ရွိပါတယ္။ တစ္ပတ္ မွာ တစ္ႀကိမ္ခန္႔ေတာင္ ခ်စ္တင္း မေႏွာတဲ့သူေတြဟာ ႏွလံုး ထေဖာက္ႏိုင္ေခ် ၂၅.၄ ရာခိုင္ႏႈန္း ရွိၿပီး တစ္ပတ္ကို တစ္ႀကိမ္ (သို႔) အႀကိမ္ေရမ်ားစြာ ခ်စ္တင္းေႏွာသူေတြကေတာ့ ၅၅ ရာခိုင္ႏႈန္းအထိ ျဖစ္ႏိုင္ေခ်ရွိေနပါတယ္။

ဒါ့အျပင္ ထို ႏွလံုးေရာဂါသည္ ေတြရဲ႕ ခ်စ္တင္းေႏွာျခင္းနဲ႔ ႏွလံုးထေဖာက္ျခင္းၾကားက အခ်ိန္ကိုက္ျဖစ္စဥ္ေတြကို ေလ့လာခဲ့ရာမွာေတာ့ ႏွလံုးေရာဂါ သည္ ၇၈ ရာခိုင္ႏႈန္းဟာ သူတို႔ ႏွလံုးထေဖာက္တဲ့အခ်ိန္ဟာ ခ်စ္တင္းေႏွာတဲ့ အခ်ိန္နဲ႔ ၂၄ နာရီမက ကြာျခားတယ္လို႔ ဆိုထားၿပီး ၀.၇ ရာခိုင္ႏႈန္းသာ ႏွလံုးမေဖာက္ခင္ ၁ နာရီ အတြင္း ခ်စ္တင္းေႏွာမိခဲ့ၾကတယ္လို႔ ဆိုထားတာကိုလည္းေတြ႕ခဲ့ရပါတယ္။

( Mario )

#သစ္ထူးလြင္(က်န္းမာေရး)
#health.thithtoolwin.com

Ref : Medical News Today
.............................................................................


နှလုံးရောဂါကို ခံစားနေရသူတွေအတွက်တော့ ချစ်တင်းနှောခြင်း လှုပ်ရှားမှု ကြောင့် အန္တရာယ်ဖြစ်လာမှာ ကို စိတ်ပူစရာမလိုဘူးလို့ သုတေသီတွေက ဆိုလိုက်ပါတယ်။

အတိအကျ ပြောရမယ်ဆိုရင်တော့ ချစ်တင်းနှောခြင်းဆိုင်ရာ လှုပ်ရှားမှုတွေဟာ သိမ်မွေ့တဲ့ အေးရိုးဘစ် လေ့ကျင့်ခန်း တစ်မျိုးလိုဖြစ်နေပြီး ချစ်တင်းနှောခြင်းလှုပ်ရှားမှုဟာနှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်းလည်းဖြစ်သလို နှလုံးရောဂါ ဖြစ်နေသူတွေအတွက်လည်း သက်သာလာစေနိုင်မယ့် နည်းလမ်းတစ်ခုဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ ထောက်ခံပြောကြားလိုက်ပါတယ်။

ထို အကြောင်းအရာကို တင်ပြဆွေးနွေးခဲ့သူကတော့ ချစ်တင်းနှောခြင်းဟာ သာမန်အားဖြင့်တော့ လှေကား ၂ ထစ် တက်ခြင်း (သို့) နံရံ့တစ်ခုပေါ်ကို တက်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေနဲ့ အာနိသင်ခြင်း ဆင်တူတယ်လို့ဆိုပါတယ်။

ထို လေ့လာရေး အဖွဲ့ဟာ အသက် ၃၀ ကနေ ရ၀ ကြားရှိတဲ့ နှလုံးရောဂါသည် ၅၃၆ ယောက်ကို လေ့လာကြည့်ခဲ့ကြပါတယ်။ ထို နှလုံးရောဂါသည်တွေရဲ့ ကိုယ်တိုင် မေးခွန်းထုတ် ကိုယ်တိုင်ဖြေကြားရတဲ့ အချက်အလက်တွေကို စုစည်းလိုက်တဲ့အခါမှာတော့ ၁၂ လ အတွင်း ချစ်တင်းနှောခြင်း တွေရဲ့ နှလုံးရောဂါ အမော ထဖောက်မှု ဖြစ်နိုင်ချေ တွေဟာ အခုလို ရလဒ်ထွက်ပေါ်လာပါတယ်။

လုံးဝ ချစ်တင်းနှောခြင်းမရှိသူတွေဟာ နှလုံး ထ ဖောက်ဖို့ ဖြစ်နိုင်ချေဟာ ၁၄.၉ ရာခိုင်နှုန်း ဖြစ်ပြီး ၊ တစ်လမှာ တစ်ကြိမ်ခန့် ချစ်တင်းနှောခြင်း ဟာ ၄.၇ ရာခိုင်နှုန်း နှလုံးထဖောက်ဖို့ ဖြစ်နိုင်ချေရှိပါတယ်။ တစ်ပတ် မှာ တစ်ကြိမ်ခန့်တောင် ချစ်တင်း မနှောတဲ့သူတွေဟာ နှလုံး ထဖောက်နိုင်ချေ ၂၅.၄ ရာခိုင်နှုန်း ရှိပြီး တစ်ပတ်ကို တစ်ကြိမ် (သို့) အကြိမ်ရေများစွာ ချစ်တင်းနှောသူတွေကတော့ ၅၅ ရာခိုင်နှုန်းအထိ ဖြစ်နိုင်ချေရှိနေပါတယ်။

ဒါ့အပြင် ထို နှလုံးရောဂါသည် တွေရဲ့ ချစ်တင်းနှောခြင်းနဲ့ နှလုံးထဖောက်ခြင်းကြားက အချိန်ကိုက်ဖြစ်စဉ်တွေကို လေ့လာခဲ့ရာမှာတော့ နှလုံးရောဂါ သည် ရ၈ ရာခိုင်နှုန်းဟာ သူတို့ နှလုံးထဖောက်တဲ့အချိန်ဟာ ချစ်တင်းနှောတဲ့ အချိန်နဲ့ ၂၄ နာရီမက ကွာခြားတယ်လို့ ဆိုထားပြီး ၀.၇ ရာခိုင်နှုန်းသာ နှလုံးမဖောက်ခင် ၁ နာရီ အတွင်း ချစ်တင်းနှောမိခဲ့ကြတယ်လို့ ဆိုထားတာကိုလည်းတွေ့ခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Medical News Today

No comments:

Post a Comment