Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 29, 2015

စူပါတုိင္ဖုန္း ဒူဂ်ဴအန္ တ႐ုတ္ႏိုင္ငံအနီးခ်ဥ္းကပ္လာလိေမၼာ္ေရာင္အဆင့္ မုန္တိုင္းသတိေပးခ်က္ထုတ္ျပန္



 ေပက်င္း စက္တင္ဘာ ၂၈

 ဒူဂ်ဴအန္ဟုအမည္ေပးထားသည့္ စူပါတုိင္ဖုန္းသည္ တ႐ုတ္ႏိုင္ငံအနီးသို႔ ခ်ဥ္းကပ္လာေနျခင္းေၾကာင့္ တ႐ုတ္ အမ်ဳိးသားမိုးေလဝသဌာနက စက္တင္ဘာ ၂၇ ရက္တြင္ ေဘးအႏၲရာယ္က်ေရာက္ႏိုင္မႈ လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ေၾကညာထားသည္။ အဆိုပါ တုိင္ဖုန္းမုန္တိုင္း သည္ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းေဒသမ်ားသို႔ ဝင္ေရာက္ တိုက္ခတ္ႏိုင္မည္ဟု ခန္႔မွန္းထားသည္။

အဆိုပါမုန္တိုင္းသည္ စက္တင္ဘာ၂၉ရက္ နံနက္ ပိုင္းတြင္ တ႐ုတ္(တိုင္ေပ)ကိုေက်ာ္ျဖတ္ၿပီးေနာက္ တ႐ုတ္ႏိုင္ငံ ကမ္း႐ုိးတန္းေဒသ ျပည္နယ္ျဖစ္သည့္ ဖူဂ်ီယန္ ျပည္နယ္ ကုန္းတြင္းပိုင္းသို႔ ဝင္ေရာက္ဖြယ္ရွိသည္။

မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ မိုးအဆက္မျပတ္သည္းထန္စြာရြာသြန္းျခင္း၊ ပင္လယ္ျပင္၌ လိႈင္းလံုးမ်ားျမင့္မားစြာျဖစ္ေပၚျခင္းတုိ႔ ျဖစ္ဖြယ္ရွိေၾကာင္း တ႐ုတ္အမ်ိဳးသား မိုးေလဝသဌာနက ခန္႔မွန္းထားသည္။

ဇီက်န္ျပည္နယ္မွအာဏာပိုင္မ်ားက ေလျပင္းတိုက္ခတ္မႈမ်ား၊ မိုးသည္းထန္စြာရြာသြန္းမႈမ်ားႏွင့္ ေရႀကီးေရလွ်ံမႈမ်ားစသည့္ အဆိုပါမုန္တိုင္းတိုက္ခတ္မႈေၾကာင့္ ျဖစ္ပြားလာဖြယ္ရွိသည့္ ကိစၥရပ္မ်ားအတြက္ အျပည့္အဝႀကိဳတင္ျပင္ဆင္မႈမ်ားျပဳလုပ္ထားရန္ ၿမိဳ႕ေတာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕ကုိ ႏိႈးေဆာ္ထားသည္။

တ႐ုတ္ႏိုင္ငံ၏ အႀကီးဆံုးေလေၾကာင္း ကုမၸဏီျဖစ္ေသာ ခ်ဳိင္းနားေဆာက္သန္းက စက္တင္ဘာ ၂၈ ရက္တြင္ တိုင္ေပၿမိဳ႕ေတာ္သို႔ အသြားအျပန္ပ်ံသန္းမည့္ ေလေၾကာင္း ခရီးစဥ္ ၁၈ ခုကုိ ဖ်က္သိမ္းရန္ စီစဥ္ထားသည္။

တ႐ုတ္အမ်ဳိးသားမိုးေလဝသဌာနက ေလွ၊ သေဘၤာမ်ားအား ဆိပ္ကမ္းမ်ားသို႔ ျပန္လာၾကရန္အႀကံျပဳထားၿပီး ေဒသဆိုင္ရာအာဏာပိုင္မ်ားက ေရႀကီးေရလွ်ံမႈမ်ားႏွင့္ ဘူမိေဗဒဆိုင္ရာ ေဘးဒုကၡမ်ားအတြက္ အသင့္ျပင္ထားရန္ ႏိႈးေဆာ္ထားသည္။ ေဒသခံမ်ားအေနျဖင့္လည္း မုန္တိုင္းတိုက္ခတ္ေနစဥ္အတြင္း မိမိတို႔၏ေနအိမ္မ်ားအတြင္း၌ ေနထိုင္ၾကရန္ သတိေပးထားသည္။

ဆင္ဟြာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
......................................



 ပေကျင်း စက်တင်ဘာ ၂၈

 ဒူဂျူအန်ဟုအမည်ပေးထားသည့် စူပါတိုင်ဖုန်းသည် တရုတ်နိုင်ငံအနီးသို့ ချဉ်းကပ်လာနေခြင်းကြောင့် တရုတ် အမျိုးသားမိုးလေဝသဌာနက စက်တင်ဘာ ၂၇ ရက်တွင် ဘေးအန္တရာယ်ကျရောက်နိုင်မှု လိမ္မော်ရောင်အဆင့် သတ်မှတ်ကြေညာထားသည်။ အဆိုပါ တိုင်ဖုန်းမုန်တိုင်း သည် တရုတ်နိုင်ငံတောင်ပိုင်းဒေသများသို့ ဝင်ရောက် တိုက်ခတ်နိုင်မည်ဟု ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းသည် စက်တင်ဘာ၂၉ရက် နံနက် ပိုင်းတွင် တရုတ်(တိုင်ပေ)ကိုကျော်ဖြတ်ပြီးနောက် တရုတ်နိုင်ငံ ကမ်းရိုးတန်းဒေသ ပြည်နယ်ဖြစ်သည့် ဖူဂျီယန် ပြည်နယ် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ဖွယ်ရှိသည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းခြင်း၊ ပင်လယ်ပြင်၌ လှိုင်းလုံးများမြင့်မားစွာဖြစ်ပေါ်ခြင်းတို့ ဖြစ်ဖွယ်ရှိကြောင်း တရုတ်အမျိုးသား မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ဇီကျန်ပြည်နယ်မှအာဏာပိုင်များက လေပြင်းတိုက်ခတ်မှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများနှင့် ရေကြီးရေလျှံမှုများစသည့် အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားလာဖွယ်ရှိသည့် ကိစ္စရပ်များအတွက် အပြည့်အဝကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် မြို့တော် အုပ်ချုပ်ရေးအဖွဲ့ကို နှိုးဆော်ထားသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးလေကြောင်း ကုမ္ပဏီဖြစ်သော ချိုင်းနားဆောက်သန်းက စက်တင်ဘာ ၂၈ ရက်တွင် တိုင်ပေမြို့တော်သို့ အသွားအပြန်ပျံသန်းမည့် လေကြောင်း ခရီးစဉ် ၁၈ ခုကို ဖျက်သိမ်းရန် စီစဉ်ထားသည်။

တရုတ်အမျိုးသားမိုးလေဝသဌာနက လှေ၊ သင်္ဘောများအား ဆိပ်ကမ်းများသို့ ပြန်လာကြရန်အကြံပြုထားပြီး ဒေသဆိုင်ရာအာဏာပိုင်များက ရေကြီးရေလျှံမှုများနှင့် ဘူမိဗေဒဆိုင်ရာ ဘေးဒုက္ခများအတွက် အသင့်ပြင်ထားရန် နှိုးဆော်ထားသည်။ ဒေသခံများအနေဖြင့်လည်း မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း မိမိတို့၏နေအိမ်များအတွင်း၌ နေထိုင်ကြရန် သတိပေးထားသည်။

ဆင်ဟွာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily

No comments:

Post a Comment