Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 13, 2015

အမေရိကန်ကာလတိုပညာသင်ဆု လျှောက်ထားနိုင်

Byဇော်မျိုးလှိုင်
အမေရိကန်နိုင်ငံတွင် ကာလတို နေထိုင်၍ ပညာသင်ကြားခွင့်ရရှိမည့် အမေရိကန်- အာဆီယံ ပညာသင်ဆု အစီအစဉ် (USAS) ကို အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန် သည်။


အဆိုပါပညာသင်ဆုသည် သုတေသနပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ အမေရိကန်နိုင်ငံ တွင် ၂၀၁၆ နှစ်ကုန်ပိုင်း၌ သုံးလ မှ လေးလကြာ နေထိုင်၍ သုတေသနလုပ်ငန်းများ၊ ဟောပြောပွဲများ နိုင်ငံတကာညီလာခံများနှင့် သင်ကြားပို့ချချက်များ တက် ရောက်နိုင်မည်ဖြစ်သည်။

ပညာသင်ဆုကို တက္ကသိုလ် များမှ ဆရာ၊ ဆရာမများ၊ အစိုးရ ရုံးနှင့်ဝန်ကြီးဌာနများမှ ၀န်ထမ်း များ၊ အကြံပေးပညာရှင်များနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများလျှောက်ထား နိုင်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမေရိကန်နှင့် အာဆီယံဆက်ဆံ ရေးနှင့် သက်ဆိုင်သည့် ပညာ ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီးပွားရေး၊ စားနပ်ရိက္ခာနည်းပညာ၊ သတင်းအချက်အလက် ဆိုင်ရာ သိပ္ပံ၊သတင်းစာပညာ၊ ဥပဒေ၊ နိုင်ငံရေးသိပ္ပံ၊ ပြည်သူ့ ရေးရာစီမံခန့်ခွဲရေး၊ ကျန်းမာရေး၊ လူမှုရေး၊ လူမှုဗေဒ၊ စာရင်းအင်း၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအ၀င် ကဏ္ဍအသီးသီးအတွက် လျှောက်ထားနိုင်သည်။

လျှောက်ထားလိုသူများ သည် မြန်မာနိုင်ငံသားဖြစ်ပြီး အသက်(၅၅)နှစ်ထက် မကြီးသူ ဖြစ်ရမည်ဖြစ်သည်။ ဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ပြီး အင်္ဂလိပ်စာ ကျွမ်းကျင်မှု အနည်းဆုံး TOEFL ၅၅၀ ရရှိသူဖြစ်ရမည်။

လျှောက်ထားသည့် ဘာသာရပ်နှင့် သက်ဆိုင်သည့် ဘွဲ့တစ်ခု ခု ရရှိသူ(သို့မဟုတ်) လုပ်ငန်းအ တွေ့အကြုံရှိသူဖြစ်ရမည်။ သက် ဆိုင်ရာအဖွဲ့အစည်းမှ ခွင့်ပြု ချက်ရရှိသူဖြစ်ရမည်ဖြစ်သည်။

လျှောက်ထားလိုသူသည် လျှောက်လွှာနှင့်အတူဆောင်ရွက်မည့် သုတေသနလုပ်ငန်း၊ ကိုယ် ရေးအကျဉ်း၊ ဆောင်ရွက်ခဲ့သည့် သုတေသနလုပ်ငန်းများနှင့် ရရှိခဲ့ သည့်ဆုများ၊ ဘာသာရပ်နှင့် ရမှတ်မှတ်တမ်းများ၊ ထောက်ခံ စာ သုံးစောင်တို့ကို အောက်တို ဘာ ၁၅ ရက်နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်သည်။
http://www.7daydaily.com/story/46303

No comments:

Post a Comment