Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 23, 2015

ဗီဇာေၾကာင့္ ေလဆိပ္ထဲမွာ ၁ ႏွစ္ေက်ာ္ေလာက္ေနထိုင္ခဲ့ရတဲ့ အမ်ိဳးသမီး ၂ ဦး

အမ်ိဳးသမီး ၂ ေယာက္ဟာ ေလဆိပ္ ၁ ခု အတြင္းမွာ ေနထိုင္ေနတာကို ရွာေဖြေတြ႕ရွိခဲ့ၿပီး သူတို႔ဟာ ေလဆိပ္ထဲမွာ ေနထို္င္ေနတာ ၁ ႏွစ္ ပတ္လံုးနီးပါး ရွိေနၿပီျဖစ္တယ္လို႔ အခိုင္အမာဆိုလိုက္ပါတယ္။

ဂ်ာမနီ လူမ်ိဳး မိခင္ တစ္ဦးနဲ႔ သူမရဲ႕ သမီး ျဖစ္သူ တို႔ဟာ Cyprus ႏိုင္ငံက Larnaca ေလဆိပ္အတြင္းမွာ ေနထိုင္ေနခဲ့တာ ေတာ္ေတ္ာၾကာေနခဲ့ၿပီျဖစ္ၿပီး သူမတို႔ ၂ ဦးဟာ ေဟာလီး၀ုဒ္ရုပ္ရွင္ Terminal ထဲကလိုမ်ိဳး ျဖစ္ေနခဲ့တာ ျဖစ္ပါတယ္။

ထို ေဟာလီး၀ုဒ္ ရုပ္ရွင္ထဲမွာေတ့ာ မင္းသားႀကီး Tom Hank ဟာ Viktor Navorski ဆိုသူအျဖစ္သရုပ္ေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ Viktor Navorski ဟာ နယူးေယာ့ခ္ၿမိဳ႕ေတာ္မွာရွိတဲ့ JFK အျပည္ျပည္ဆိုင္ရာ ေလဆိပ္ထဲမွာေနထိုင္ခဲ့ရတာပါ။ သူဟာ အေမရိကန္ ႏိုင္ငံအတြင္းကိုလည္း ၀င္ေရာက္ခြင့္မရသလို သူ႔ရဲ႕ မိခင္ႏိုင္ငံကိုလည္းေတာ္လွန္ေရး အေျခအေနေတြေၾကာင့္ ျပန္လိုမရျဖစ္ခဲ့တဲ့အတြက္ ထို ေလဆိပ္အတြင္းမွာပဲ ေနထိုင္ခဲ့ရတာပါ။

ထို ရုပ္ရွင္ဟာ အီရန္ ဒုကၡသည္ Mehran Karimi Nasseri ရဲ႕ ျပင္သစ္ေလဆိပ္မွာ ပိတ္မိေနတဲ့ ျဖစ္ရပ္မွန္ကို အေျခခံၿပီး ရိုက္ကူးျဖစ္ခဲ့တာ ျဖစ္တယ္လုိ႔ သိရပါတယ္။

အခု Cyprus ႏိုင္ငံအတြင္းက ျဖစ္ရပ္မွာလည္း ထို အမ်ိဳးသမီး ၂ ဦးဟာ အစၥေရးႏိုင္ငံအတြင္းကေန ဗီဇာ သက္တမ္း ကုန္ဆံုးသြားတဲ့ အတြက္ ႏွင္ထုတ္ခံလိုက္ရၿပီး Cyprus ႏိုင္ငံအတြင္းလည္း ၀င္ေရာက္ခြင့္မရ ျဖစ္ေနတဲ့အတြက္ ေလဆိပ္မွာရွိတဲ့ Wi-Fi ၊ ေရခ်ိဳးခန္း ၊ စားေသာက္ဆိုင္ တို႔ကို အသံုးျပဳၿပီး ေနထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ဂ်ာမနီ သံရံုးကေတာ့ အကူအညီေပးႏိုင္ဖို႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း ဥေရာပ ဥပေဒအရ ဥေရာပမွာရွိတဲ့ ႏိုင္ငံသားတစ္ဦးကို ျပစ္မႈ က်ဴးလြန္ျခင္းမရွိပဲ ႏိုင္ငံအတြင္းက ႏွင္ထုတ္ႏိုင္တဲ့ ဥပေဒက မရွိဘူးျဖစ္ေနပါတယ္။

( Mario )
#သစ္ထူးလြင္(ဗဟုသုတႏွင့္ထူးဆန္းေထြလာ)
#knowledge.thithtoolwin.com
.......................................
ဗီဇာကြောင့် လေဆိပ်ထဲမှာ ၁ နှစ်ကျော်လောက်နေထိုင်ခဲ့ရတဲ့ အမျိုးသမီး ၂ ဦး

အမျိုးသမီး ၂ ယောက်ဟာ လေဆိပ် ၁ ခု အတွင်းမှာ နေထိုင်နေတာကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ဟာ လေဆိပ်ထဲမှာ နေထို်င်နေတာ ၁ နှစ် ပတ်လုံးနီးပါး ရှိနေပြီဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။

ဂျာမနီ လူမျိုး မိခင် တစ်ဦးနဲ့ သူမရဲ့ သမီး ဖြစ်သူ တို့ဟာ Cyprus နိုင်ငံက Larnaca လေဆိပ်အတွင်းမှာ နေထိုင်နေခဲ့တာ တော်တေ်ာကြာနေခဲ့ပြီဖြစ်ပြီး သူမတို့ ၂ ဦးဟာ ဟောလီးဝုဒ်ရုပ်ရှင် Terminal ထဲကလိုမျိုး ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

ထို ဟောလီးဝုဒ် ရုပ်ရှင်ထဲမှာတေ့ာ မင်းသားကြီး Tom Hank ဟာ Viktor Navorski ဆိုသူအဖြစ်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ Viktor Navorski ဟာ နယူးယော့ခ်မြို့တော်မှာရှိတဲ့ JFK အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲမှာနေထိုင်ခဲ့ရတာပါ။ သူဟာ အမေရိကန် နိုင်ငံအတွင်းကိုလည်း ၀င်ရောက်ခွင့်မရသလို သူ့ရဲ့ မိခင်နိုင်ငံကိုလည်းတော်လှန်ရေး အခြေအနေတွေကြောင့် ပြန်လိုမရဖြစ်ခဲ့တဲ့အတွက် ထို လေဆိပ်အတွင်းမှာပဲ နေထိုင်ခဲ့ရတာပါ။

ထို ရုပ်ရှင်ဟာ အီရန် ဒုက္ခသည် Mehran Karimi Nasseri ရဲ့ ပြင်သစ်လေဆိပ်မှာ ပိတ်မိနေတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးဖြစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အခု Cyprus နိုင်ငံအတွင်းက ဖြစ်ရပ်မှာလည်း ထို အမျိုးသမီး ၂ ဦးဟာ အစ္စရေးနိုင်ငံအတွင်းကနေ ဗီဇာ သက်တမ်း ကုန်ဆုံးသွားတဲ့ အတွက် နှင်ထုတ်ခံလိုက်ရပြီး Cyprus နိုင်ငံအတွင်းလည်း ၀င်ရောက်ခွင့်မရ ဖြစ်နေတဲ့အတွက် လေဆိပ်မှာရှိတဲ့ Wi-Fi ၊ ရေချိုးခန်း ၊ စားသောက်ဆိုင် တို့ကို အသုံးပြုပြီး နေထိုင်နေခဲ့ရတာဖြစ်ပါတယ်။

ဂျာမနီ သံရုံးကတော့ အကူအညီပေးနိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဥရောပ ဥပဒေအရ ဥရောပမှာရှိတဲ့ နိုင်ငံသားတစ်ဦးကို ပြစ်မှု ကျူးလွန်ခြင်းမရှိပဲ နိုင်ငံအတွင်းက နှင်ထုတ်နိုင်တဲ့ ဥပဒေက မရှိဘူးဖြစ်နေပါတယ်။

( Mario )
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

No comments:

Post a Comment