Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 23, 2015

ပုပ်ရဟန်းမင်းကြီး အမေရိကန်မှာ ပထမဦးဆုံး ၀တ်ပြုဆုတောင်းပွဲ ကျင်းပ


 ၆ ရက်ကြာခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စု ရောက်ရှိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ ပထမဆုံး ၀တ်ပြုဆုတောင်းပွဲကို ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ နိုင်ငံတော်ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့ပါတယ်။ မနက်ပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီးကို အမေရိကန်သမ္မတ Barack Obama က အိမ်ဖြူတော်မှာ မနေ့က နွေးထွေးစွာ ကြိုဆိုခဲ့ပါတယ်။ ခန့်မှန်းချေ လူပေါင်း ၁ သောင်းခွဲကျော်လောက် ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက်ခဲ့ကြတဲ့ ၀ါရှင်တန် ဒီစီမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Jeff Custer က သတင်းပေးပို့ထားပါတယ်။ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

အိမ်ဖြူတော် တောင်ဘက် မြက်ခင်းပြင်မှာ ဂုဏ်သရေရှိ ပုဂ္ဂိုလ်တွေနဲ့ ဧည့်သည်တော်တွေ စုဝေးခဲ့ကြချိန် - ပုပ်ရဟန်းမင်းကြီး Francis ကလည်း ၀ါရှင်တန်က ဗာတီကန်သံရုံး အပြင်ကို ထွက်လာပြီး - ကြိုဆိုဖို့ စောင့်ဆိုင်းနေသူတွေကို နှုတ်ဆက်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားတို့ ဇနီးမောင်နှံကလည်း ပုပ်ရဟန်းမင်းကြီးကို အိမ်ဖြူတော်မှာ တရားဝင် လက်ခံကြိုဆိုခဲ့ကြတာပါ။

ဒီနောက် သမ္မတ အိုဘားမားက ရဟန်းမင်းကြီး Francis ရဲ့ ပြိုင်ဘက်ကင်းလှတဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား က အခုလို မှတ်ချက်ပေး ပြောဆိုသွားပါတယ်။

“ဘုရားသခင်ရှေ့မှောက်မှာ တဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ်၊ လူ့အသိုင်းအ၀ိုင်းတခု အနေနဲ့ပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ အဆင့်အတန်းကို ချမ်းသာကြွယ်ဝမှု တွေ၊ အာဏာတွေ၊ အဆင့်အတန်းတွေ၊ ထင်ပေါ်မှုတွေနဲ့ မပိုင်းဖြတ်ဘဲ သမ္မာကျမ်းစာနဲ့အညီ ဆင်းရဲသားတွေ၊ ၀ိုင်းပယ်ခံရသူတွေကို ကူညီပေးဖို့ လိုတယ်ဆိုတာကို ရဟန်းမင်းကြီးက ကျနော်တို့ကို သတိပေးနေပါတယ်။”

ပုပ်ရဟန်းမင်းကြီးကလည်း သမ္မတလိုပဲ အခုလို မိန့်ကြားခဲ့ပါတယ်။

“အမှန်တကယ် သည်းခံပြီး ပြီးပြည့်စုံတဲ့ လူ့ဘောင်တခုကို တည်ဆောက်ဖို့၊ တဦးချင်းစီနဲ့ အသိုင်းအ၀ိုင်းတွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ဖို့၊ မတရားမှုမှန်သမျှနဲ့ ခွဲခြားဆက်ဆံမှုတွေကိုလည်း လက်မခံဖို့တွေကို အမေရိကန် ကက်သလစ် ဘာသာဝင်တွေ တစိုက်မတ်မတ် ကြိုးပမ်း ခဲ့ကြပါတယ်။”

ရာသီဥတုဖောက်ပြန်မှုနဲ့ ပတ်သက်လို့ အလေးထား ပြောကြားတဲ့အနေနဲ့ - လေထုညစ်ညမ်းမှု လျှော့ချဖို့ သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းချက်တွေကို အားရတဲ့အကြောင်းလည်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားသွားပါတယ်။

“ရာသီဥတုဖောက်ပြန်မှုဟာ - နောင်လာမယ့် မျိုးဆက်တွေအတွက် ချန်ထားရစ်လို့မရတဲ့ ပြဿနာတခု ဆိုတာကတော့ ရှင်းနေပါတယ်။”

ဒီနောက်မှာတော့ သမ္မတ အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Francis တို့ဟာ သမ္မတရုံးခန်းမှာ သီးသန့်တွေ့ဆုံပြီး၊ တန်ဖိုးထားတဲ့ ကိစ္စရပ်တွေကိုလည်း ၂ ဦးစလုံးက ဆွေးနွေးခဲ့ကြကြောင်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်အစောပိုင်းကတည်းက သူ့ကို ကြိုဆို နှုတ်ဆက်ဖို့ The Mall မြက်ခင်းပြင်ကြီးမှာ စောင့်ဆိုင်းနေကြတဲ့ လူ ၁ သောင်းခွဲကျော်ကို အိမ်ဖြူတော်ကနေ ထွက်လာပြီး နှုတ်ဆက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေကြသူတွေထဲမှာ တဦးပါဝင်တဲ့ ကိုသန်းထိုက်ဆု က - သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြခဲ့ပါတယ်။

“ဒီနေ့ သူ့ကို နှုတ်ဆက်တာနဲ့ ကြိုဖို့ဟာအတွက် လူတွေကို သတ်မှတ်ဧရိယာတွေ သူတို့လုပ်ထားပေးတယ်။ အဲဒီနေရာတွေအတွက် ကားလည်း ၀င်လို့မရဘူး။ ဒါ လူသွားဖို့အတွက် လမ်းပဲလုပ်ထားပေးတယ်။ တကယ် ပုပ်ရဟန်းမင်းကြီးဖြတ်တဲ့နေရာ၊ ကြိုမယ့်နေရာအတွက် သူတို့တွေက လုံခြုံရေးဂိတ် ၇ ခု စုစုပေါင်း ချထားတယ်။ အဲဒီဂိတ်ကနေမှတဆင့် လူတွေက အဲဒီထဲကိုဝင်ရတယ်။ ကြိုမယ့်နေရာကိုပေါ့နော်။ ကြိုမယ့်နေရာကို ၀င်ပြီးတော့မှ အထဲမှာ သူတို့နေရာယူရတာပေါ့။ ဂိတ်ကို မနက် ၄ နာရီကတည်းက စဖွင့်ထားတာပေါ့။ လူတွေက မနက် ၄ နာရီကတည်းက စပြီးတော့  အဲဒီထဲ ၀င်ကြတာ။ ပုပ်ရဟန်းမင်းရဲ့ လမ်းကြောင်းကတော့ သူက White House ကနေ ထွက်တယ်။ ပြီးလို့ရှိရင် ဒီလမ်းကြောင်းအတိုင်း ဒီ Mall ဘက်ကနေ သူ ပတ်တယ်ပေါ့နော်။ ပတ်ပြီးတော့မှ အဲဒီဘက်ထဲကို ပြန်ဝင်တာဆိုတော့ ကျနော်တို့တွေကတော့ သူ့ကို နှုတ်ဆက်ဖို့ဟာအတွက် ရတဲ့နေရာက ပတ်လမ်းရဲ့ လမ်းအဆုံးနားမှာပေါ့နော် ပြန်ဝင်တဲ့အပေါက်နားမှာ ရောက်နေတာဆိုတော့ ပြန်ဝင်တဲ့နေရာကနေ သူ့ကို တွေ့လိုက်ရတာ ပေါ့။ ဘယ်လောက်အထိ နီးနီးကပ်ကပ် တွေ့လိုက်ရလဲဆိုတော့ လမ်းတလမ်းလုံးကို သူက လုံခြုံရေး အပြည့်ယူထားလိုက်ပြီးတော့မှ လူတွေက လမ်းတလမ်းလုံး အပြည့်စာရဲ့ ဘယ်ဘက်နဲ့ညာဘက်အခြမ်းကနေပဲ သူ့ကို နှုတ်ဆက်ခွင့်ရတယ်ပေါ့။ လုံခြုံရေးအရ ကြည့်မယ်ဆိုရင်တော့ ပြီးခဲ့တဲ့ တခေါက် လာတဲ့ပုပ်တုန်းကတော့ သူ့ကို နီးနီးကပ်ကပ် နှုတ်ဆက်ခွင့်ရတယ်။ အရင်ပုပ်ပေါ့နော်။ ပုပ် Francis မှာကျတော့ သူ့ကို နှုတ်ဆက်ရတာ သူတို့သတ်မှတ်ထားတဲ့ ဧရိယာအကွာအဝေး တော်တော်လေးရှိပါတယ်။ အဲဒီနေရာကနေပဲ ကျနော်တို့တွေ နှုတ်ဆက်ခွင့်ရတယ်ပေါ့။ ဆုတောင်းပေး တာတွေ ဘာတွေကတော့ အလံလေးနဲ့ အဲဒီထဲဝင်လာတဲ့ ကလေးလေးတယောက်ကိုပဲ သူ ဆုတောင်းပေးတာကို တွေ့လိုက်တယ်ပေါ့။”

အဲဒီနောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ စိန့် မက်သရူး ဘုရားရှိခိုးကျောင်းမှာ သာသနာပိုင်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ အမေရိကန်မှာ ပထမဆုံးတရားပွဲကို ကျင်းပခဲ့သလို၊ ၁၈ ရာစုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ သာသနာပြုခဲ့တဲ့ စပိန်သာသနာပြုတဦးကို သူတော်စင်အဖြစ် တင်မြှောက်ပေးခဲ့ပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာတော့ ပူးတွဲလွှတ်တော်နှစ်ရပ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး၊ သောကြာနေ့ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာလည်း မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

သူ့ရဲ့ ၆ ရက်ကြာ အမေရိကန်ခရီးစဉ်ကို အဆုံးမသတ်ခင် စနေ၊ တနင်္ဂနွေမှာတော့ လူပေါင်း ၂ သန်းလောက် တက်ရောက်နိုင်တယ်လို့ ခန့်မှန်းထားတဲ့ Philadelphia ပြည်နယ်က ကမ္ဘာတ၀ှမ်း မိသားစုများ တွေ့ဆုံပွဲမှာ တရားဟောပြောမှာဖြစ်ပြီး၊ တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီတလီနိုင်ငံ ရောမမြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
...................................

 ၆ ရက်ကြာခရီးစဉ်အျဖစ် အေမရိကန်ျပည်ထောင္စု ရောက်ရွိလာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး Francis က သူ့ရဲ့ ပထမဆုံး ၀တ်ျပုဆုတောင်းပြဲကို ၀ါရွင္တန္ဒီစီမြို့တ္မေွာာရွိတဲ့ နိုင်ငံတ္ဘောုရားရွိခိုးကော်င်းမွာ က်င်းပခဲ့ပါတယ်။ မနက္ပိုင်းမွာတော့ ပုပ်ရဟန်းမင်းကြီးကို အေမရိကန်သမ္မတ Barack Obama က အိမ်ျဖူတ္မေွာာ မေန့က နြေးထြေးစြာ ကြိုဆိုခဲ့ပါတယ်။ ခန့်မွန်းခေ် လူပေါင်း ၁ သောင်းခြဲကော််လောက် ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ္ဆက္ခဲ့ကြတဲ့ ၀ါရွင္တန် ဒီစီမြို့တော်ကေန ဗြီအိုအေသတင်းထောက် Jeff Custer က သတင်းပေးပို့ထားပါတယ်။ မနန္ဒာခ်မ်းက ဆက်ျေပျာပပါမယ်။

အိမ်ျဖူတော် တောင္ဘက်ျမက္ခင်ျးပင္မွာ ဂုဏ်ေသရရွိ ပုဂ္ဂိုလ်တြေနဲ့ ဧည့်သည်တော်တြေ စုဝေးခဲ့ကြခိန် - ပုပ်ရဟန်းမင်းကြီး Francis ကလည်း ၀ါရွင္တန္က ဗာတီကန်သံရုံး အျပင္ကို ထြက္လာပြီး - ကြိုဆိုဖို့ စောင့္ဆိုင်းနေသူတြေကို နှုတ္ဆက္ခဲ့ပါတယ်။ အေမရိကန် သမ္မတ ဘရက္ခ် အိုဘားမားတို့ ဇနီးမောင်နွံကလည်း ပုပ်ရဟန်းမင်းကြီးကို အိမ်ျဖူတ္မေွာာ တရားဝင် လက္ခံကြိုဆိုခဲ့ကြတာပါ။

ဒီနောက် သမ္မတ အိုဘားမားက ရဟန်းမင်းကြီး Francis ရဲ့ ပြိုင္ဘက္ကင်းလွတဲ့ အရည်အခ်င်းတြေနဲ့ ပတ်သက်ပြီးတော့ သမ္မတ အိုဘားမား က အခုလို မွတ္ခ်က်ပေးျေပာဆိုသြားပါတယ်။

“ဘုရားသခင်ရွေ့မွောက္မွာ တဦးခ်င်းစီအေနနဲ့ပျဲဖစ်ျဖစ်၊ လူ့အသိုင်းအ၀ိုင်းတခု အေနနဲ့ပျဲဖစ်ျဖစ် က်န္တောို့ရဲ့ အဆင့်အတန်းကို ခ်မ်းသာကြယ်ဝမှု တြေ၊ အာဏာတြေ၊ အဆင့်အတန်းတြေ၊ ထင်ပေါ်မှုတြေနဲ့ မပိုင်ျးဖတ္ဘဲ သမ္မာက်မ်းစာနဲ့အညီ ဆင်းရဲသားတြေ၊ ၀ိုင်းပယ္ခံရသူတြေကို ကူညီပေးဖို့ လိုတယ္ဆိုတာကို ရဟန်းမင်းကြီးက က်န္တောို့ကို သတိပေးနေပါတယ်။”

ပုပ်ရဟန်းမင်းကြီးကလည်း သမ္မတလိုပဲ အခုလို မိန့်ကြားခဲ့ပါတယ်။

“အမွန္တကယ် သည်းခံပြီး ပြီျးပည့္စုံတဲ့ လူ့ဘောင္တခုကို တည်ဆောက္ဖို့၊ တဦးခ်င်းစီနဲ့ အသိုင်းအ၀ိုင်းတြေရဲ့ အခြင့်အေရးကို ကာကြယ်စောင့် ရွောက္ဖို့၊ မတရားမှုမွန်သမ်ွနဲ့ ချြဲခားဆက္ဆံမှုတြေကိုလည်း လက္မခံဖို့တြေကို အေမရိကန် ကက်သလစ် ဘာသာဝင်တြေ တစိုက္မတ္မတ် ကြိုးပမ်း ခဲ့ကြပါတယ်။”

ရာသီဥတုဖောက်ျပန္မှုနဲ့ ပတ်သက္လို့ အေလးထားျေပာကြားတဲ့အေနနဲ့ - လေထုညစ်ညမ်းမှု လွော့်ခ်ဖို့ သမ္မတ အိုဘားမားရဲ့ ကြိုးပမ်းခ်က်တြေကို အားရတဲ့အေကြာင်းလည်း ပုပ်ရဟန်းမင်းကြီး Francis က မိန့်ကြားသြားပါတယ်။

“ရာသီဥတုဖောက်ျပန္မှုဟာ - နောင္လာမယ့် မိုးဆက်တြေအတြက် ခ်န္ထားရစ္လို့မရတျဲ့ပဿနာတခု ဆိုတာကေတာ့ ရွင်းနေပါတယ်။”

ဒီနောက္မွာတော့ သမ္မတ အိုဘားမားနဲ့ ပုပ်ရဟန်းမင်းကြီး Francis တို့ဟာ သမ္မတရုံးခန်းမွာ သီးသန့်တြေ့ဆုံပြီး၊ တန္ဖိုးထားတဲ့ ကိစ္စရပ်တြေကိုလည်း ၂ ဦးစလုံးက ဆြေးနြေးခဲ့ကြေကြာင်း တာဝန်ရွိသူတြေကျေပာဆိုခဲ့ပါတယ်။ အိမ်ျဖူတ္မေွာာ သမ္မတ အိုဘားမားနဲ့ တြေ့ဆုံဆြေးနြေးပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ မနက်ေအစာပိုင်းကတည်းက သူ့ကို ကြိုဆို နှုတ္ဆက္ဖို့ The Mallျမက္ခင်ျးပင်ကြီးမွာ စောင့်ဆိုင်းနေကြတဲ့ လူ ၁ သောင်းခြဲကေ်္ကာို အိမ်ျဖူတော်ကေန ထြက္လာပြီး နှုတ္ဆက္ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုနှုတ္ဆက္ဖို့ စောင့်ဆိုင်းနေကြသူတြေထဲမွာ တဦးပါဝင္တဲ့ ကိုသန်းထိုက္ဆု က - သူ့ရဲ့အေတြ့အကြုံကို အခုလိုျေပျာပခဲ့ပါတယ်။

“ဒီနေ့ သူ့ကို နှုတ္ဆက္တာနဲ့ ကြိုဖို့ဟာအတြက် လူတြေကို သတ္မွတ်ဧရိယာတြေ သူတို့လုပ္ထားပေးတယ်။ အဲဒီနေရာတြေအတြက် ကားလည်း ၀င္လို့မရဘူး။ ဒါ လူသြားဖို့အတြက် လမ်းပဲလုပ္ထားပေးတယ်။ တကယ် ပုပ်ရဟန်းမင်းကြီျးဖတ္တဲ့နေရာ၊ ကြိုမယ့်နေရာအတြက် သူတို့တြေက လုံခြုံရေးဂိတ် ၇ ခု စုစုပေါင်း ခ်ထားတယ်။ အဲဒီဂိတ္ကေနမွတဆင့် လူတြေက အဲဒီထဲကိုဝင်ရတယ်။ ကြိုမယ့်နေရာကိုပေါ့နော်။ ကြိုမယ့်နေရာကို ၀င်ပြီးတော့မွ အထဲမွာ သူတို့နေရာယူရတာပေါ့။ ဂိတ္ကို မနက် ၄ နာရီကတည်းက စဖြင့်ထားတာပေါ့။ လူတြေက မနက် ၄ နာရီကတည်းက စပြီးတော့  အဲဒီထဲ ၀င်ကြတာ။ ပုပ်ရဟန်းမင်းရဲ့ လမ်းကြောင်းကေတာ့ သူက White House ကေန ထြက္တယ်။ ပြီးလို့ရွိရင် ဒီလမ်းကြောင်းအတိုင်း ဒီ Mall ဘက္ကေန သူ ပတ္တယ်ပေါ့နော်။ ပတ်ပြီးတော့မွ အဲဒီဘက္ထဲကျိုပန်ဝင္တာဆိုတော့ က်န္တောို့တြေကေတာ့ သူ့ကို နှုတ္ဆက္ဖို့ဟာအတြက် ရတဲ့နေရာက ပတ္လမ်းရဲ့ လမ်းအဆုံးနားမွာပေါ့နော်ျပန်ဝင္တဲ့အေပါက္နားမွာ ရောက်နေတာဆိုတေျာ့ပန်ဝင္တဲ့နေရာကေန သူ့ကို တြေ့လိုက်ရတာ ပေါ့။ ဘယ်လောက်အထိ နီးနီးကပ္ကပ် တြေ့လိုက်ရလဲဆိုတော့ လမ်းတလမ်းလုံးကို သူက လုံခြုံရေး အျပည့်ယူထားလိုက်ပြီးတော့မွ လူတြေက လမ်းတလမ်းလုံး အျပည့်စာရဲ့ ဘယ္ဘက္နဲ့ညာဘက်အျခမ်းကေနပဲ သူ့ကို နှုတ္ဆက္ခြင့်ရတယ်ပေါ့။ လုံခြုံရေးအရ ကြည့်မယ္ဆိုရင်တော့ ပြီးခဲ့တဲ့ တေခါက် လာတဲ့ပုပ္တုန်းကေတာ့ သူ့ကို နီးနီးကပ္ကပ် နှုတ္ဆက္ခြင့်ရတယ်။ အရင္ပုပ်ပေါ့နော်။ ပုပ် Francis မွာက်တော့ သူ့ကို နှုတ္ဆက်ရတာ သူတို့သတ္မွတ္ထားတဲ့ ဧရိယာအကြာအေ၀း တော်တော်လေးရွိပါတယ်။ အဲဒီနေရာကေနပဲ က်န္တောို့တြေ နှုတ္ဆက္ခြင့်ရတယ်ပေါ့။ ဆုတောင်းပေး တာတြေ ဘာတြေကေတာ့ အလံလေးနဲ့ အဲဒီထဲဝင္လာတဲ့ ကေလးလေးတေယာက္ကိုပဲ သူ ဆုတောင်းပေးတာကို တြေ့လိုက္တယ်ပေါ့။”

အဲဒီနောက် ပုပ်ရဟန်းမင်းကြီး Francis ဟာ စိန့် မက်သရူး ဘုရားရွိခိုးကော်င်းမွာ သာသနာပိုင်တြေနဲ့ တြေ့ဆုံပြီး သူ့ရဲ့ အေမရိကန္မွာ ပထမဆုံးတရားပြဲကို က်င်းပခဲ့သလို၊ ၁၈ ရာစုနွစ္က ကယ္လီဖိုးနီးယာျးပည္နယ္မွာ သာသနျာပုခဲ့တဲ့ စပိန်သာသနျာပုတဦးကို သူတ္စောင်အျဖစ် တင်ျေမှာက်ပေးခဲ့ပါတယ်။ ဒီကေန့ ကြာသပေတးနေ့မွာတော့ ပူးတြဲလွှတ်တော်နွစ်ရပ္မွာ မိန့်ခြန်ျးေပာကြားမျွာဖစ်ပြီး၊ သောကြာနေ့က်ရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ အေထြေထြ ညီလာခံကြီးမွာလည်း မိန့်ခြန်ျးေပာကြားမျွာဖစ္ပါတယ်။

သူ့ရဲ့ ၆ ရက်ကြာ အေမရိကန္ခရီးစဥ္ကို အဆုံးမသတ္ခင် စေန၊ တနင်္ဂနေမြွာတော့ လူပေါင်း ၂ သန်းလောက် တက်ရောက်နိုင္တယ္လို့ ခန့်မွန်းထားတဲ့ Philadelphiaျပည္နယ္က ကမ္ဘာတ၀ွမ်း မိသားစုမ်ား တြေ့ဆုံပြဲမွာ တရားဟေျာေပာမျွာဖစ်ပြီး၊ တနင်္ဂနေနြေ့ ညပိုင်းမွာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီတလီနိုင်ငံ ရောမမြို့ကျိုပန္လည္ထြက္ခြာမျွာဖစ္ပါတယ်ရွင်။

မနန္ဒာခ်မ်း / ဗြီအိုအေ (ျမန္မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment