ဒီအရိုးစုတွေကို ဓာတ်ခွဲခြေရာခံကြည့်တဲ့အခါမှာ အဲဒီ့မှာတွေ့ ရတဲ့ကြောင်တွေဟာ စိုက်ပျိုးမြေထဲမှာ ရှင်သန်နေတဲ့ ကြွက်လို သားကောင်တွေကို အမဲလိုက်နေခဲ့တယ်လို့ တွေ့ ရှိရပါတယ်။ ဒီသက်သေအထောက် အထားကို ကြည့်ရင် အဲ့အချိန်ကလူတွေဟာ ကြွက်ပြသနာနဲ့ ကြုံတွေခဲ့ရပြီး စားနပ်ရိက္ခာသိုလှောင်တဲ့နေရာ တွေမှာ ကြွက်တွင်းနဲ့ ကြွက်တွေကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။ ကြောင်တွေရဲ့ ဇီဝအကြွင်းအကျန် တွေမှာလည်း သူတို့ ရဲ့ပုံမှန်အစား အစာမဟုတ်တဲ့ ကောက်ပဲသီးနှံအကြွင်းအကျန်တွေ တွေ့ ရှိခဲ့ပါတယ်။ ဒီအချက်ကိုကြည့်ရင် ဒီကြောင်တွေကို လူတွေက အစာကျွေးထားခဲ့ပြီး ကြွက်ပြသနာကို ဖြေရှင်းဖို့  အသုံးပြုခဲ့ကြတယ်လို့ ယူဆနိုင်ပါတယ်။ ဒီလိုနဲ့ ကြောင်တွေဟာ ကိုယ်ပိုင်အမဲလိုက်သူအဖြစ်ကနေ ရွေ့  လျောပြီး လူတွေရဲ့ အိမ်မွေးကျေးကျွန်ဖြစ်လာတယ်လို့ ဆိုပါတယ်။
နောက်ထပ်လေ့လာရှာဖွေစမ်းသပ်ချက်တွေကို တရုတ်နဲ့ ပြင်သစ်နိုင်ငံတို့ မှာ ပြုလုပ်နေပြီး ရှေးဦး အရှေ့ တိုင်း ကကြောင်ရိုင်းတွေရဲ့ မျိုးရိုးဆင်းသက်လာမှုနဲ့ လူသားတွေနဲ့ ဆက်နွယ်နေမှုကို အဖြေရှာနေကြပါတယ်။ အခုခေတ် ကမ္ဘာတစ်လွှားမှာရှိတဲ့ သန်းပေါင်း ၆၀၀ နီးပါးကြောင်တွေရဲ့ ဘိုးဘွားဘီဘင်တွေလို့ ယူဆရတဲ့ အရှေ့ တိုင်းကြောင်ရိုင်းတွေရဲ့ ကူးပြောင်းဖြစ်စဉ်ကို အမေရိကန်နိုင်ငံ ၊ ၀ါရှင်တန်တက္ကသိုလ်က ဦးဆောင် လေ့လာလျက်ရှိပါတယ်။
Ref:bbc
http://www.trend.com.mm/2015/08/27/news-7517
No comments:
Post a Comment