Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 24, 2015

လႈိင္ၿမိဳ႕နယ္ အထက(၃)မွ နဝမတန္းေက်ာင္းသူ ၁၄ ဦးကုိ ဘုံေပ်ာက္ပရေလာကသားမ်ား ဝင္ပူးသည္ ဟုဆုိကာ ေနရာေတာင္းခံမႈျဖစ္ပြား

လႈိင္ၿမိဳ႕နယ္အမွတ္(၃)အေျခခံပညာအထက္တန္းေက်ာင္းတြင္ နဝမတန္းေက်ာင္းသူ ၁၄ ဦးကုိ ပရ ေလာကသားမ်ားဝင္ေရာက္ပူးကပ္ၿပီး ေနစရာေတာင္းခံမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သုိ႔ျဖစ္ပြားရျခင္းမွာ အမွတ္ (၃) အထက္တန္းေက်ာင္း၏ ေနာက္ေက်ာဘက္ရွိ ေက်ာင္းေဆာင္ အေဟာင္းကုိ ဖ်က္သိမ္းၿပီး အသစ္ျပန္လည္ေဆာက္လုပ္လ်က္ရွိရာ အဆုိပါေက်ာင္းေဆာင္ေဟာင္း တြင္ယခင္ေနထုိင္ခဲ့ေသာ ပရေလာကသားမ်ားသည္ ေနထုိင္စရာမရွိသျဖင့္ ေက်ာင္းသူမ်ားကုိ ဝင္ ေရာက္ပူးကပ္ၿပီး ေနရာထုိင္ခင္းႏွင့္ အစားအေသာက္မ်ားကုိ ေတာင္ခံခဲ့ျခင္းျဖစ္ေၾကာင္း အဆုိပါ ေက်ာင္းႏွင့္ ေက်ာင္းသားမိဘအခ်ဳိ႕ထံမွ သိရသည္။

“ဆရာမတုိ႔ေက်ာင္းအေနာက္က ေက်ာင္းေဆာင္အေဟာင္းက ျပန္ေဆာက္ဖုိ႔အတြက္ အထက္ကုိစာ တင္ၿပီး ေတာင္းထားခဲ့တယ္။ ဌာနကခြင့္ျပဳေတာ့ ဆရာမတုိ႔ကလဲ ျပန္ျပင္ၿပီးေတာ့ ေဆာက္တာေပါ့။ အဲဒီေက်ာင္းေဆာင္မွာေနတဲ့ ပရေလာကသားေတြက ေနစရာမရွိလုိ႔ ေက်ာင္းသူေတြကုိလာပူးၿပီး ေနစ ရာေတာင္းတာျဖစ္မွာပါ။ က်န္တာေတာ့ ဘာမွမျဖစ္ပါဘူး” ဟု အမွတ္(၃)အေျခခံပညာ အထက္တန္း ေက်ာင္းမွဆရာမတစ္ဦးက ေျပာသည္။

ျဖစ္စဥ္မွာ ယခုလ ၁၆ ရက္ နံနက္ ၁၀ နာရီခန္႔မွ စတင္ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ပထမဆုံးေသာပရေလာ ကသားတစ္ဦးသည္ ေက်ာင္းသူတစ္ဦးကုိ ဝင္ေရာက္ပူးကပ္ၿပီးေနာက္ ပရေလာကသား ေနာက္ထပ္ သုံးဦးသည္ ေက်ာင္းသူေနာက္ထပ္သုံးဦးအား ထပ္မံဝင္ေရာက္ပူးကပ္ခဲ့ေၾကာင္း၊ ယင္းအတြက္ ဘုန္း ႀကီးတစ္ပါးအား ပင့္ေဆာင္ၿပီးပူးကပ္ျခင္းမ်ားအား ဖယ္ရွားေသာ္လည္း မရခဲ့ေၾကာင္းသိရသည္။

“ဦးသမီးကုိယ္တုိင္ အပူးခံခဲ့ရတာပါ။ ဦးကေရႊရင္ေက်ာ္ထုိးထားေတာ့ ရမလားဆုိၿပီးသြားၿပီးေတာ့ ကေလးေတြကုိ လုပ္ေပးတယ္။ ဒါေပမဲ့ကေလးတစ္ဦးဆီကုိ ထပ္ၿပီးသြားပူးတယ္။ ဦးသမီးက ဦးကုိလုံး ဝမမွတ္မိဘူး။ မ်က္လုံးကလဲ ျပဴးၾကည့္ေနတယ္။ ဆံပင္ေတြကလဲ ဖြာလန္က်ဲေနတယ္။ အဲဒါနဲ႔ဘုန္း ႀကီးပင့္မွရမယ္ဆုိၿပီး ဆရာေတာ္တစ္ပါးကုိ သြားပင့္တယ္။ အဲဒီဆရာေတာ္နဲ႔မရေတာ့ ဆရာႀကီးတစ္ပါး ကုိသြားပင့္ေတာ့မွ ဘာလုိ႔ပူးရတယ္ဆုိတဲ့ အေၾကာင္းကုိသိခဲ့ရတယ္” ဟု ဝင္ေရာက္ပူးကပ္ခံခဲ့ရေသာ ေက်ာင္းသူတစ္ဦး၏ ဖခင္ျဖစ္သူက ေျပာသည္။

ယင္းကဲ့သုိ႔ဝင္ေရာက္ပူးကပ္ေသာ ပရေလာကသားဆုိသူမ်ားမွာ လြန္ခဲ့ေသာ အႏွစ္ႏွစ္ဆယ္ခန္႔က ယင္းေက်ာင္းတြင္ တက္ေရာက္ေနေသာ ေက်ာင္းသူေလးဦးျဖစ္ၿပီး ယင္းတို႔သည္ အင္းလ်ားကန္တြင္ ေရနစ္ေသဆုံးခဲ့ၾကၿပီး ေက်ာင္းတြင္မကၽြတ္မလြတ္ဘဝျဖင့္ ေနထုိင္ေနၾကသူမ်ားျဖစ္ေၾကာင္း ပူးကပ္ ေနစဥ္ဆရာေတာ္ႀကီးအား ေျပာျပခဲ့သည္။

ဝင္ေရာက္ပူးကပ္ခံခဲ့ရေသာ ေက်ာင္းသူတစ္ဦး၏ ဖခင္ျဖစ္သူက “ဦးကျဖစ္ကတည္းက အစအဆုံး အဲဒီေနရာမွာရွိေနတာ။ ဆရာေတာ္ႀကီးေရာက္လာေတာ့ ပရေလာကသားေတြက သူတို႔ေနစရာမရွိတဲ့ အတြက္ ေနစရာေတာင္းတာ၊ စားစရာလဲေပးရမယ္ဆုိၿပီးေျပာတယ္။ ဒါေပမဲ့ ဆရာေတာ္ႀကီးက စားစ ရာကေတာ့ ကုိယ့္ဟာကုိယ္ရွာစားၾက ေနစရာကုိေတာ့ ေက်ာင္းထဲမွာရွိတဲ့ အပင္တစ္ပင္မွာ စီစဥ္ေပး တယ္။ ဒါေပမဲ့သူတို႔က အဲဒီ့အပင္မွာ တျခားပရေလာကသားေတြရွိတယ္။ မရဘူးဆုိၿပီးေျပာေတာ့ ဆရာေတာ္ႀကီးက ေနာက္အပင္တစ္ပင္မွာ ေတာင္းပန္ၿပီးေတာ့ သူတို႔ကုိေနရာစီစဥ္ေပးလုိက္တယ္။ အဲဒီ့ေနာက္ သူတို႔ျပန္ထြက္သြားၾကတာပါပဲ” ဟု ေျပာျပသည္။

“ကၽြန္ေတာ္က ဒီေက်ာင္းမွာ သရဲပူးတာျဖစ္ေနတဲ့အတြက္ မိဘေတြဝ႐ုန္းသုန္းကားမျဖစ္ေအာင္လုိ႔ ေက်ာင္းမွာလာေနေပးတာပါ” ဟု အဆုိပါေက်ာင္းတြင္လုံၿခံဳေရးယူခဲ့ေသာ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ေျပာ သည္။

ယင္းကဲ့သုိ႔ ျဖစ္ပြားျခင္းအား ရပ္ကြက္အတြင္းရွိ ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ားက ယင္းတို႔၏ သားသမီးမ်ားထပ္မံေႏွာင့္ယွက္ျခင္း မခံရေစရန္အတြက္ ၂၄ နာရီပ႒ာန္းရြတ္ဖတ္ျခင္းမ်ားကုိ ျပဳလုပ္ မည္ျဖစ္ေၾကာင္း သိရသည္။

ဝင္ေရာက္ပူးကပ္ျခင္းမ်ားျဖစ္ပြားသည္မွာ နံနက္ ၁၀ နာရီဝန္းက်င္မွ ၁၂ နာရီေက်ာ္အထိ ေက်ာင္းသူ တစ္ဦးၿပီးတစ္ဦး ကူးေျပာင္းပူးကပ္ျခင္းမ်ားျဖစ္ခဲ့ၿပီး ေက်ာင္းသူ ၁၄ ဦးအထိ ဝင္ေရာက္ပူးကပ္မႈခံခဲ့ရ ျခင္းျဖစ္ေၾကာင္း၊ မြန္းလြဲ ၁ နာရီခန္႔မွစတင္ၿပီး ေက်ာင္းသူေလးဦးတြင္သာ ပူးကပ္ေနခဲ့ေၾကာင္း အဆုိ ပါေက်ာင္းသူမ်ားကုိ ပူးကပ္ေနသည့္အခ်ိန္သည္ ၁ နာရီေက်ာ္ခန္႔ၾကာျမင့္ခဲ့ေၾကာင္း သိရသည္။

ရပ္ကြက္ေနျပည္သူတစ္ဦးက “ဒီေက်ာင္းက ကၽြန္ေတာ္တုိ႔ ငယ္ငယ္ကတည္းက ဖြင့္လာခဲ့တဲ့ေက်ာင္း ပါ။ တစ္ခါမွဒီလုိမျဖစ္ဖူးပါဘူး။ ဒါပထမဆံုးျဖစ္တာပါပဲ။ ဒီကိစၥမျဖစ္ခင္က ေက်ာင္းအိမ္သာမွာကေလး ေတြက လက္ႀကီးတစ္ခုေတြ႕တယ္ဆုိၿပီး ေျပာတယ္။ သတိေပးတဲ့သေဘာထင္ပါတယ္။ ဆရာမေတြ က ကေလးေတြေပါက္ကရေျပာတယ္ထင္တာေပါ့။ အခုေက်ာင္းကအပင္တစ္ပင္မွာ သူတို႔ကုိေနစရာ ေပးထားၿပီးေတာ့ ဒီေန႔အတြက္ စားစရာကုိလဲျပင္ေပးထားရတယ္။ ေနာက္ေန႔ေတြဘယ္လုိလာမလဲ ေတာ့မသိဘူး။ မိဘေတြကေတာ့ ေတာ္ေတာ္စုိးရိမ္ေနၾကမွာပါ” ဟု ေျပာသည္။

Democracy Today Daily

စက္တင္ဘာလ (၁၇) ရက္၊ ၂၀၁၅ ခုႏွစ္
...........................................
လှိုင်မြို့နယ် အထက(၃)မှ နဝမတန်းကျောင်းသူ ၁၄ ဦးကို ဘုံပျောက်ပရလောကသားများ ဝင်ပူးသည် ဟုဆိုကာ နေရာတောင်းခံမှုဖြစ်ပွား


လှိုင်မြို့နယ်အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် နဝမတန်းကျောင်းသူ ၁၄ ဦးကို ပရ လောကသားများဝင်ရောက်ပူးကပ်ပြီး နေစရာတောင်းခံမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဖြစ်ပွားရခြင်းမှာ အမှတ် (၃) အထက်တန်းကျောင်း၏ နောက်ကျောဘက်ရှိ ကျောင်းဆောင် အဟောင်းကို ဖျက်သိမ်းပြီး အသစ်ပြန်လည်ဆောက်လုပ်လျက်ရှိရာ အဆိုပါကျောင်းဆောင်ဟောင်း တွင်ယခင်နေထိုင်ခဲ့သော ပရလောကသားများသည် နေထိုင်စရာမရှိသဖြင့် ကျောင်းသူများကို ဝင် ရောက်ပူးကပ်ပြီး နေရာထိုင်ခင်းနှင့် အစားအသောက်များကို တောင်ခံခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကျောင်းနှင့် ကျောင်းသားမိဘအချို့ထံမှ သိရသည်။

“ဆရာမတို့ကျောင်းအနောက်က ကျောင်းဆောင်အဟောင်းက ပြန်ဆောက်ဖို့အတွက် အထက်ကိုစာ တင်ပြီး တောင်းထားခဲ့တယ်။ ဌာနကခွင့်ပြုတော့ ဆရာမတို့ကလဲ ပြန်ပြင်ပြီးတော့ ဆောက်တာပေါ့။ အဲဒီကျောင်းဆောင်မှာနေတဲ့ ပရလောကသားတွေက နေစရာမရှိလို့ ကျောင်းသူတွေကိုလာပူးပြီး နေစ ရာတောင်းတာဖြစ်မှာပါ။ ကျန်တာတော့ ဘာမှမဖြစ်ပါဘူး” ဟု အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းမှဆရာမတစ်ဦးက ပြောသည်။

ဖြစ်စဉ်မှာ ယခုလ ၁၆ ရက် နံနက် ၁၀ နာရီခန့်မှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပထမဆုံးသောပရလော ကသားတစ်ဦးသည် ကျောင်းသူတစ်ဦးကို ဝင်ရောက်ပူးကပ်ပြီးနောက် ပရလောကသား နောက်ထပ် သုံးဦးသည် ကျောင်းသူနောက်ထပ်သုံးဦးအား ထပ်မံဝင်ရောက်ပူးကပ်ခဲ့ကြောင်း၊ ယင်းအတွက် ဘုန်း ကြီးတစ်ပါးအား ပင့်ဆောင်ပြီးပူးကပ်ခြင်းများအား ဖယ်ရှားသော်လည်း မရခဲ့ကြောင်းသိရသည်။

“ဦးသမီးကိုယ်တိုင် အပူးခံခဲ့ရတာပါ။ ဦးကရွှေရင်ကျော်ထိုးထားတော့ ရမလားဆိုပြီးသွားပြီးတော့ ကလေးတွေကို လုပ်ပေးတယ်။ ဒါပေမဲ့ကလေးတစ်ဦးဆီကို ထပ်ပြီးသွားပူးတယ်။ ဦးသမီးက ဦးကိုလုံး ဝမမှတ်မိဘူး။ မျက်လုံးကလဲ ပြူးကြည့်နေတယ်။ ဆံပင်တွေကလဲ ဖွာလန်ကျဲနေတယ်။ အဲဒါနဲ့ဘုန်း ကြီးပင့်မှရမယ်ဆိုပြီး ဆရာတော်တစ်ပါးကို သွားပင့်တယ်။ အဲဒီဆရာတော်နဲ့မရတော့ ဆရာကြီးတစ်ပါး ကိုသွားပင့်တော့မှ ဘာလို့ပူးရတယ်ဆိုတဲ့ အကြောင်းကိုသိခဲ့ရတယ်” ဟု ဝင်ရောက်ပူးကပ်ခံခဲ့ရသော ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

ယင်းကဲ့သို့ဝင်ရောက်ပူးကပ်သော ပရလောကသားဆိုသူများမှာ လွန်ခဲ့သော အနှစ်နှစ်ဆယ်ခန့်က ယင်းကျောင်းတွင် တက်ရောက်နေသော ကျောင်းသူလေးဦးဖြစ်ပြီး ယင်းတို့သည် အင်းလျားကန်တွင် ရေနစ်သေဆုံးခဲ့ကြပြီး ကျောင်းတွင်မကျွတ်မလွတ်ဘဝဖြင့် နေထိုင်နေကြသူများဖြစ်ကြောင်း ပူးကပ် နေစဉ်ဆရာတော်ကြီးအား ပြောပြခဲ့သည်။

ဝင်ရောက်ပူးကပ်ခံခဲ့ရသော ကျောင်းသူတစ်ဦး၏ ဖခင်ဖြစ်သူက “ဦးကဖြစ်ကတည်းက အစအဆုံး အဲဒီနေရာမှာရှိနေတာ။ ဆရာတော်ကြီးရောက်လာတော့ ပရလောကသားတွေက သူတို့နေစရာမရှိတဲ့ အတွက် နေစရာတောင်းတာ၊ စားစရာလဲပေးရမယ်ဆိုပြီးပြောတယ်။ ဒါပေမဲ့ ဆရာတော်ကြီးက စားစ ရာကတော့ ကိုယ့်ဟာကိုယ်ရှာစားကြ နေစရာကိုတော့ ကျောင်းထဲမှာရှိတဲ့ အပင်တစ်ပင်မှာ စီစဉ်ပေး တယ်။ ဒါပေမဲ့သူတို့က အဲဒီ့အပင်မှာ တခြားပရလောကသားတွေရှိတယ်။ မရဘူးဆိုပြီးပြောတော့ ဆရာတော်ကြီးက နောက်အပင်တစ်ပင်မှာ တောင်းပန်ပြီးတော့ သူတို့ကိုနေရာစီစဉ်ပေးလိုက်တယ်။ အဲဒီ့နောက် သူတို့ပြန်ထွက်သွားကြတာပါပဲ” ဟု ပြောပြသည်။

“ကျွန်တော်က ဒီကျောင်းမှာ သရဲပူးတာဖြစ်နေတဲ့အတွက် မိဘတွေဝရုန်းသုန်းကားမဖြစ်အောင်လို့ ကျောင်းမှာလာနေပေးတာပါ” ဟု အဆိုပါကျောင်းတွင်လုံခြုံရေးယူခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

ယင်းကဲ့သို့ ဖြစ်ပွားခြင်းအား ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူဟောင်းများက ယင်းတို့၏ သားသမီးများထပ်မံနှောင့်ယှက်ခြင်း မခံရစေရန်အတွက် ၂၄ နာရီပဋ္ဌာန်းရွတ်ဖတ်ခြင်းများကို ပြုလုပ် မည်ဖြစ်ကြောင်း သိရသည်။

ဝင်ရောက်ပူးကပ်ခြင်းများဖြစ်ပွားသည်မှာ နံနက် ၁၀ နာရီဝန်းကျင်မှ ၁၂ နာရီကျော်အထိ ကျောင်းသူ တစ်ဦးပြီးတစ်ဦး ကူးပြောင်းပူးကပ်ခြင်းများဖြစ်ခဲ့ပြီး ကျောင်းသူ ၁၄ ဦးအထိ ဝင်ရောက်ပူးကပ်မှုခံခဲ့ရ ခြင်းဖြစ်ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်မှစတင်ပြီး ကျောင်းသူလေးဦးတွင်သာ ပူးကပ်နေခဲ့ကြောင်း အဆို ပါကျောင်းသူများကို ပူးကပ်နေသည့်အချိန်သည် ၁ နာရီကျော်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်နေပြည်သူတစ်ဦးက “ဒီကျောင်းက ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဖွင့်လာခဲ့တဲ့ကျောင်း ပါ။ တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး။ ဒါပထမဆုံးဖြစ်တာပါပဲ။ ဒီကိစ္စမဖြစ်ခင်က ကျောင်းအိမ်သာမှာကလေး တွေက လက်ကြီးတစ်ခုတွေ့တယ်ဆိုပြီး ပြောတယ်။ သတိပေးတဲ့သဘောထင်ပါတယ်။ ဆရာမတွေ က ကလေးတွေပေါက်ကရပြောတယ်ထင်တာပေါ့။ အခုကျောင်းကအပင်တစ်ပင်မှာ သူတို့ကိုနေစရာ ပေးထားပြီးတော့ ဒီနေ့အတွက် စားစရာကိုလဲပြင်ပေးထားရတယ်။ နောက်နေ့တွေဘယ်လိုလာမလဲ တော့မသိဘူး။ မိဘတွေကတော့ တော်တော်စိုးရိမ်နေကြမှာပါ” ဟု ပြောသည်။

Democracy Today Daily

စက်တင်ဘာလ (၁၇) ရက်၊ ၂၀၁၅ ခုနှစ်

No comments:

Post a Comment