Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 22, 2015

အသက္အာမခံေၾကး ေပါင္ ၂.၉ သန္းလုိခ်င္မွဳေၾကာင့္ ဇနီးျဖစ္သူကို ေခ်ာက္ကမ္းပါးေပၚက တြန္းခ်ခဲ့တဲ့ အမ်ိဳးသား

အမိ်ဳးသားတစ္ေယာက္ဟာ ဇနီးျဖစ္သူကို အိမ္ေထာင္သက္ ႏွစ္ပတ္လည္ေန ့မွာ လမ္းေလွ်ာက္ထြက္ေနတုန္း ေခ်ာက္ကမ္းပါးေပၚက တြန္းခ်သတ္ျဖတ္ခဲ့မွဳေၾကာင့္ ေထာင္ဒဏ္ တစ္သက္တစ္ကၽြန္း ခ်မွတ္ခံခဲ့ရပါတယ္။

Harold Henthorn ဆုိသူ အမ်ိဳးသားဟာ ဇနီး Toni ရဲ့ အသက္အာမခံေၾကး ေပါင္ ၂.၉ သန္းကို ထုတ္ယူဖုိ ့အတြက္ အခုလုိ သတ္ျဖတ္ခဲ့တာျဖစ္တယ္လုိ ့သိရပါတယ္။ ေကာ္လုိရာဒိုျပည္နယ္၊ ဒန္ဗာျမိဳ ့တရားရုံးမွာ အမွဳကို စစ္ေဆးၾကားနာခဲ့ျပီးေနာက္ အသက္ ၅၉ ႏွစ္အရြယ္ Harold Henthorn ကို အၾကံအစည္ရွိရွိ လုပ္ၾကံသတ္ျဖတ္မွဳေၾကာင့္ အျပင္းထန္ဆုံးျပစ္ဒဏ္ကို တနလာၤေန ့မွာ ခ်မွတ္ခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္၊ စက္တင္ဘာလက Rocky Mountain အမ်ိဳးသားပန္းျခံမွာ အိမ္ေထာင္သက္ ၁၂ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန ့ကို က်င္းပေနတုန္းမွာ Mrs Henthorn ဟာ ေပေပါင္း ၁၂၀ ျမင့္တဲ့ ေခ်ာက္ကမ္း ပါးေပၚကေန ေစာက္ထုိးျပဳတ္က် ေသဆုံးခဲ့ရတာျဖစ္ပါတယ္။ Mr Henthorn ဟာ လြန္ခဲ့တဲ့ႏွစ္ ၂၀ တုန္းကလည္း ပထမဇနီးျဖစ္သူကို လုပ္ၾကံသတ္ျဖတ္ခဲ့ဖူးျပီး အဆုိပါျပစ္မွဳ အတြက္ ျပစ္ဒဏ္ မက်ခံခဲ့ရဘူးလုိ ့အစိုးရေရွ ့ေနေတြက ေျပာၾကားခဲ့ပါတယ္။

ယခုအမွဳမွာေတာ့ Mr Henthorn ဟာ ျပစ္မွဳဆုိင္ရာဥပေဒအရ တစ္သက္တစ္ကၽြန္း ေထာင္ဒဏ္က်ခံရမွာျဖစ္ျပီး ျပစ္ဒဏ္ကာလအတြင္းမွာ ကတိခံ၀န္ခ်က္နဲ ့ျပန္လႊတ္ေပးခြင့္ကိုလည္း ခံစားရမွာမဟုတ္ဘူးလုိ ့သိရပါတယ္။Mr Henthorn ရဲ့ ပထမဇနီးျဖစ္သူ Sandra Henthorn ဟာလည္း ကားလမ္းေဘးမွာ တာယာလဲေနတုန္း ကားဂ်ိဳင့္ ေခ်ာ္ထြက္ကာ ကားပိေသဆုံးခဲ့ရျပီး Mr Henthorn ဟာ အဆုိပါမေတာ္တဆမွဳေၾကာင့္ အသက္အာမခံေၾကး ေဒၚလာ ငါးသိန္းနီးပါးထုတ္ယူခဲ့ပါတယ္။ ဖက္ဒရယ္ေရွ ့ေနေတြကေတာ့ အဆုိပါ မေတာ္တဆမွဳကို Mr Henthorn က လုပ္ၾကံခဲ့တာျဖစ္တယ္လုိ ့စြပ္စြဲထားပါတယ္။

trend myanmar
.....................................
အသက်အာမခံကြေး ပေါင် ၂.၉ သန်းလိုချင်မှုကြောင့် ဇနီးဖြစ်သူကို ချောက်ကမ်းပါးပေါ်က တွန်းချခဲ့တဲ့ အမျိုးသား

အမျိုးသားတစ်ယောက်ဟာ ဇနီးဖြစ်သူကို အိမ်ထောင်သက် နှစ်ပတ်လည်နေ ့မှာ လမ်းလျှောက်ထွက်နေတုန်း ချောက်ကမ်းပါးပေါ်က တွန်းချသတ်ဖြတ်ခဲ့မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပါတယ်။

Harold Henthorn ဆိုသူ အမျိုးသားဟာ ဇနီး Toni ရဲ့ အသက်အာမခံကြေး ပေါင် ၂.၉ သန်းကို ထုတ်ယူဖို ့အတွက် အခုလို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို ့သိရပါတယ်။ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို ့တရားရုံးမှာ အမှုကို စစ်ဆေးကြားနာခဲ့ပြီးနောက် အသက် ၅၉ နှစ်အရွယ် Harold Henthorn ကို အကြံအစည်ရှိရှိ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြင်းထန်ဆုံးပြစ်ဒဏ်ကို တနလာင်္နေ ့မှာ ချမှတ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလက Rocky Mountain အမျိုးသားပန်းခြံမှာ အိမ်ထောင်သက် ၁၂ နှစ်မြောက် နှစ်ပတ်လည်နေ ့ကို ကျင်းပနေတုန်းမှာ Mrs Henthorn ဟာ ပေပေါင်း ၁၂၀ မြင့်တဲ့ ချောက်ကမ်း ပါးပေါ်ကနေ စောက်ထိုးပြုတ်ကျ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ Mr Henthorn ဟာ လွန်ခဲ့တဲ့နှစ် ၂၀ တုန်းကလည်း ပထမဇနီးဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးပြီး အဆိုပါပြစ်မှု အတွက် ပြစ်ဒဏ် မကျခံခဲ့ရဘူးလို ့အစိုးရရှေ ့နေတွေက ပြောကြားခဲ့ပါတယ်။

ယခုအမှုမှာတော့ Mr Henthorn ဟာ ပြစ်မှုဆိုင်ရာဥပဒေအရ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျခံရမှာဖြစ်ပြီး ပြစ်ဒဏ်ကာလအတွင်းမှာ ကတိခံဝန်ချက်နဲ ့ပြန်လွှတ်ပေးခွင့်ကိုလည်း ခံစားရမှာမဟုတ်ဘူးလို ့သိရပါတယ်။Mr Henthorn ရဲ့ ပထမဇနီးဖြစ်သူ Sandra Henthorn ဟာလည်း ကားလမ်းဘေးမှာ တာယာလဲနေတုန်း ကားဂျိုင့် ချော်ထွက်ကာ ကားပိသေဆုံးခဲ့ရပြီး Mr Henthorn ဟာ အဆိုပါမတော်တဆမှုကြောင့် အသက်အာမခံကြေး ဒေါ်လာ ငါးသိန်းနီးပါးထုတ်ယူခဲ့ပါတယ်။ ဖက်ဒရယ်ရှေ ့နေတွေကတော့ အဆိုပါ မတော်တဆမှုကို Mr Henthorn က လုပ်ကြံခဲ့တာဖြစ်တယ်လို ့စွပ်စွဲထားပါတယ်။

trend myanmar

No comments:

Post a Comment