ႀကံ့ခိုင္ေရး အမ်ိဳးသားလြွတ္ေတာ္အမတ္ေလာင္း က ေဒၚေအာင္ဆန္းစုၾကည္ အတြက္ မဲဆြယ္ေပး |
ေကာ့မႉးေဒသ ဘက္ကေန အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တေယာက္အျဖစ္ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မယ့္ ဦးခင္ေ႐ႊက ေဒၚေအာင္ဆန္းစုၾကည္ဟာ ေကာ့မႉးၿမိဳ႕နယ္ မဲဆႏၵနယ္ ျပည္သူ႕လႊတ္ေတာ္ အမတ္ေနရာအတြက္ သူ႕ကိုမီႏိုင္တဲ့ ၿပိဳင္ဘက္ ရွိမွာ မဟုတ္ဘူးလို႔ ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံအတြက္ အနစ္နာခံခဲ့တာ မ်ားလွၿပီမို႔ သူ႕အတြက္လည္း ႏိုင္ငံအတြက္ လုပ္စရာ ေနရာတခုေပးသင့္တယ္လို႔လည္း သူက ျမင္ပါတယ္။
ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ဝင္လာေအာင္ ေဒၚေအာင္ဆန္းစုၾကည္က လုပ္ေဆာင္ႏိုင္လိမ့္မယ္လို႔ သူ ထင္ျမင္ေၾကာင္းလည္း ဘီဘီစီကို ေျပာပါတယ္။
ဦးခင္ေ႐ႊ ကိုယ္တိုင္ကေတာ့ ေကာ့မႉးဘက္ေန အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္း တေယာက္ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္မွာျဖစ္ၿပီး သူလည္း ႏိုင္မွာလို႔ သူ႕ကိုယ္သူ ေမၽွာ္လင့္ထားပါတယ္။
BBC Burmese
http://www.bbc.com/burmese
..........................
ကြံ့ခိုင်ရေး အမျိုးသားလွှတ်တော်အမတ်လောင်း က ဒေါ်အောင်ဆန်းစုကြည် အတွက် မဲဆွယ်ပေး
ပြည်ထောင်စုကြံ့ခိုင်ရေးပါတီက ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြဖို့ တိုက်တွန်း လိုက်ပါတယ်။
ကော့မှူးဒေသ ဘက်ကနေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်အဖြစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ဦးခင်ရွှေက ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် သူ့ကိုမီနိုင်တဲ့ ပြိုင်ဘက် ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံအတွက် အနစ်နာခံခဲ့တာ များလှပြီမို့ သူ့အတွက်လည်း နိုင်ငံအတွက် လုပ်စရာ နေရာတခုပေးသင့်တယ်လို့လည်း သူက မြင်ပါတယ်။
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာအောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်လိမ့်မယ်လို့ သူ ထင်မြင်ကြောင်းလည်း ဘီဘီစီကို ပြောပါတယ်။
ဦးခင်ရွှေ ကိုယ်တိုင်ကတော့ ကော့မှူးဘက်နေ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တယောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာဖြစ်ပြီး သူလည်း နိုင်မှာလို့ သူ့ကိုယ်သူ မျှော်လင့်ထားပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment